MM Social Sky
ကိုယ်ပြုတဲ့ကံ ပဲ့တင်သံ ကိုယ်ထံပြန်လာကြ လိမ့်မည်
အဖေနှင့် သားဟာ တောင်ပေါ်သို့ လမ်းလျှောက်ထွက်ခဲ့ ကြတယ်။ ရုတ်တရက် သားဖြစ်သူမှာ လိမ့်ကျသွားခဲ့ပြီး အနာတရဖြစ်သွား ပါတယ်။
ဒါ့ကြောင့် ကောင်လေးဟာ အားးးးးးးးးးးးးးးးး လို့ အကျယ်ကြီး အော်လိုက်ပါတယ်။
ထိုအချိန်မှာပဲ တောင်၏ တစ်နေရာမှ သူရဲ့ အသံမျိုး အားးးးးးးးးး လို့ ပြန်ကြားရပါတယ်။
ကောင်လေးဟာ စူစမ်းချင်တာနဲ့ " မင်းဘယ်သူလဲ " လို့ အကျယ်ကြီး အော်လိုက်ပါတယ်။
ထို့နောက် တောင်ရဲ့ တစ်နေရာမှာ " မင်းဘယ်သူလဲ " ဆိုပြီး ပြန်လည် ပြောဆိုသံကို ကြားရပါတယ်။
ထပ်မံ၍ ကောင်လေးဟာ အာကောင်ခြစ်ပြီး အော်လိုက်တယ် " ငါ စိတ်တိုလာပြီနော် " ထိုအသံနည်းတး အာခေါင်ခြစ်ပြီး အော်ပြောတဲ့အသံ " ငါစိတ်တိုလာပြီနော် " လို့ ကောင်လေး ပြန်လည် ကြားရပါတယ်။
ကောင်လေးဟာ အလွန်ဒေါသ ဖြစ်သွားပြီး " မင်းသရဲဘော ကြောင်မနေနဲ့ သတ္တိရှိရင် ထွက်လာခဲ့ "
ထိုကဲ့သို့ပင် အလွန်ဒေါသ ထွက်သော အသံပြန်ကို ကောင်လေးဟာ လည်ကြားရပြန်ပါတယ်။
အဖေဖြစ်သူဟာ ပြုံးလိုက်ပြီး " ငါ့သား စိတ်ကိုလျော့ "
အဖေဖြစ်သူ အာခေါင်ခြစ်ပြီး အော်လိုက်တယ် " မင်းက ဘယ်သူလဲ ကွ "
အသံ ပြန်ပြီး ကြားရပြန် တယ် " မင်းက ဘယ်သူလဲ ကွ "
အသံ ပြန်ပြီး ကြားရပြန် တယ် " မင်းက ဘယ်သူလဲ ကွ "
သားဖြစ်သူဟာ အံ့သြသွား ပါတယ်။ ဒါ့ပေမယ့် ကောင်လေးဟာ နားမည်ဘူး။ ထို့နောက် အဖေဖြစ် သူက ရှင်းပြတယ် " လူတွေက အဲဒီအသံကို ပဲ့တင်သံလို့ ခေါ်တယ်။
အမှန်တကယ်တော့ အဲဒါဟာ ဘဝဖြစ်တယ် "
အဲဒါဟာ ငါတို့လုပ်သမျှ အရာအားလုံးကို တန့်ပြန် သက်ရောက်တယ်။
အဲဒါဟာ ငါတို့လုပ်သမျှ အရာအားလုံးကို တန့်ပြန် သက်ရောက်တယ်။
ငါတို့ပြုံးမယ်ဆိုရင် ငါ့တို့ထံကို အပြုံးတွေသာ ပြန်လာလိမ့်မယ်။ ဒါ့ကြောင့် ငါ့သားဟာ လူတွေကို ချစ်မယ်ဆိုရင် ငါ့သားကိုလည်း လူတွေက ပြန်ပြီး ချစ်လိမ့်မယ်။
ဘယ်အရာမဆို မိမိလုပ်သမျှဟာ မိမိထံကိုပဲ ပြန်လည်ရောက် ရှိလာလမ့်မယ် ငါ့သား။
ကျော်လင်းနိုင်
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။