Ko Nyo
လမ်းဘေးမြောင်းထဲကစကား
အတိုက်အခံတွေနဲ့တွေ့ရင်
တော်တော်များများက
ထောင်ထွက်တွေဆိုတော့
ထောင်ထဲကအကြောင်းတွေထည့်ထည့်ပြောကြတယ်။
တော်တော်များများက
ထောင်ထွက်တွေဆိုတော့
ထောင်ထဲကအကြောင်းတွေထည့်ထည့်ပြောကြတယ်။
ဝန်ကြီးတွေနဲ့တွေတဲ့အခါကျတော့လည်း
တပ်ထွက်တွေဆိုတော့
တပ်ထဲကအကြောင်းမပါမဖြစ်ပြောကြပြန်တယ်။
တပ်ထွက်တွေဆိုတော့
တပ်ထဲကအကြောင်းမပါမဖြစ်ပြောကြပြန်တယ်။
ကျနော်တို့လူငယ်ခပ်များများကတော့
လမ်းဘေးမြောင်းထဲကန်ချခံခဲ့ရတဲ့ကောင်တွေဆိုတော့
မြောင်းထဲကအကြောင်းတွေ ထည့်ပြောရမယ်။
လမ်းဘေးမြောင်းထဲကန်ချခံခဲ့ရတဲ့ကောင်တွေဆိုတော့
မြောင်းထဲကအကြောင်းတွေ ထည့်ပြောရမယ်။
ကျနော်တို့ပြုတ်ကျခဲ့တဲ့မြောင်းထဲမှာ ဇယားလေးတွေပေါတယ်။
မင်္ဂလာဈေးမှာ သိမ်ကြီးဈေးမှာ။ ကလပ်တွေမှာ။
တော်ကီညက်ရင် ဖရီးကစ်ရတယ်။
ကျနော်တို့လမ်းဘေးမြောင်းထဲမှာ မာရှီပေါတယ်။
ကြယ်သီးလည်း ပေါတယ်။
ရှပ်ကီကတော့ လက်ညှိုးထိုးမလွဲဘူး။
ကော်ရှုတယ်ဆိုတာ ဂျူနီယာတွေအလုပ်။
စီနီယာတွေက ဒုတ်တင်တယ်။

ကျနော်တို့လမ်းဘေးမြောင်းတွေက
ရေစီးရေလာသိပ်မကောင်းတော့ ခြင်ပေါတယ်
ဗွက်စော်နံတယ်။
အေအိုင်ဒီအက်စ်လည်း ဒီမြောင်းတွေထဲကပဲဖြတ်စီးခဲ့ရတာပေါ့
အဲ့လိုဂုဏ်ယူချင်ရင်လည်းရတယ်။
လမ်းဘေးမြောင်းဆိုတော့ အလင်းရောင်လည်း မရှိသလောက်
ကျနော်တို့တွေ အမှောင်ကိုမကြောက်ဘူး။
အလင်းထဲရောက်ရင်တော့ မျက်စိကျိန်းတယ်။
ကျနော်တို့မှာရှိတဲ့ မရှိမဲ့ရှိမဲ့ အတွေ့အကြုံလေးတွေပေါ့ဗျာ။
ဒါနဲ့ ခင်ဗျားရောမြောင်းထဲရောက်ခဲ့ဖူးသလား။

မိုဃ်းသွေး
Feb 24th 2014
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။