Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, February 24, 2014

တန်ဖိုးထားအပ်သောအရာများ(ဖေမြင့်)


Fireflies
အားလုံးဖတ်ဖူးပြီးသားလို့ ထင်ပါတယ်။နောက်တစ်ခေါက်ပြန်ဖတ်ကြည့်ကြပါ။
------------ ( Fireflies )
----------------
တန်ဖိုးထားအပ်သောအရာများ(ဖေမြင့်)
-------------------------
အေဒီ-၇၉ ခုနှစ်တွင် အီတလီကျွန်းဆွယ် တောင်ပိုင်း နေပဲလ်(စ) ပင်လယ်ကွေ့အနီးရှိ ဗီဆူး ဗီးယပ်(စ) မီးတောင်ကြီး ပေါက်ကွဲသည်။ မီးတောင်မှ ထွက်လာသည့် ချော်ရည်ချော်မြှုပ် တို့ကြောင့် အနီးရှိပွန်ပီမြို့ကြီး ပျက်စီးခဲ့သည်။ မီးတောင်ပေါက်၍ တစ်မြို့လုံးဘေးလွတ်ရာ
ပြေးလွှားတိမ်းရှောင်ကြစဉ်အစောင့်စစ်သည် တစ် ဦးသည် ဘယ်သို့မှ မထွက်ခွာ ၊ မိမိတာဝန် ကျရာ နေရာမှာပင် လုံခြုံရေးတာဝန်ကိုဆက်၍ ထမ်းဆောင် နေ သည်။

တစ်မြို့လုံး ချော်ရည်တွေ ဖုံးသွားသည့် အခါ၌ မြို့စောင့် စစ်သားသည် သူ့နေရာ၌ပင် ကျဆုံး ကျန်ရစ် သည်။စစ်သည်၏ ခန္ဓာကိုယ်
အသွေးအသားတို့မှာ သူ့အား ဖုံးလွှမ်းခဲ့သည့် ချော်ရည်ချော်ခဲများ ပြာမှုန်ပြာစ များနှင့် ရောနှော ပျောက်ကွယ်ခဲ့ပြီ ဖြစ်သော်လည်း ထိုစဉ်ကာလ လွန်ခဲ့သော နှစ်ပေါင်း ၁၉၀၀ကျော်က သူ ဆင်ယင် ခဲ့သည့် သံခမောက်၊ ချပ်ဝတ်အင်္ကျီနှင့် သူစွဲကိုင်သည့် လှံရှည်တို့မှာ နေပဲလ်(စ) မြို့ရှိ ပြတိုက် တစ်ခုတွင် ပြသထားဆဲ ဖြစ်ရာ သည်အမှတ်တရ ပစ္စည်းများ နှင့်အတူ သူ၏ ဝိညာဉ်သူ၏စိတ်ဓာတ်တို့တို့ ဆက်လက် ရှင်သန်လျက် ရှိသည်ဟု
ဆိုရပါမည်။ ပွန်ပီမြို့စောင့် စစ်သား၏ လုပ်ရပ်ကို စူးစမ်းဆင်ခြင်သည့်အခါ သူ၌ အဓိက ချီးကျူးရမည့် အရာသည် သူ၏ တာဝန်သိစိတ်
ဖြစ်ကြောင်းတွေ့ရှိရသည်။

ပွန်ပီစစ်သား၏ ရဲစွမ်းသတ္တိကိုလည်း အများသိမှတ် ကြပါသည်။ သို့သော် ယခုကိစ္စ၌ သတ္တိ ရှိမရှိထက် တာဝန် သိမသိက ပို၍ ပဓာန ကျပါသည်။ အကြောင်းကား သူ့ထက် သတ္တိရှိသူ၊ တိုက်ရဲခိုက်ရဲ သေရဲသတ်ရဲသူ
ဖြစ်သော်လည်း တာဝန်သိစိတ်သာ မရှိက ထိုနေရာမှ အဆောတလျင် ထွက်ခွာသွားမှာ သေချာသောကြောင့် ဖြစ်သည်။
ယခု စစ်သည်ကမူ တာဝန်သိစိတ် စွဲမြဲခိုင်မာသူ ဖြစ်သည်။သူသည် သတ္တိမည်မျှ ကောင်းသည်ဆိုစေ၊ လူသဘာဝ အလျောက် သူ၌ အသက်ဘေးအတွက် တွေးကြောက်သည့် စိတ်လည်း ရှိရပါလိမ့်မည်။
သို့သော် တာဝန်မကျေမှာ ကြောက်သည့်စိတ်က အသက်သေမှာ
ကြောက်သည့် စိတ်ထက်ပိုခဲ့၊ လွှမ်းမိုးခဲ့လိမ့်မည်ဟု မှတ်ယူပါသည်။

ဂရိတွေးခေါ်ရှင်ကြီး ဆော့ခရေတ္တိ (Socrates ဘီစီ ၄၆၉-၃၉၉) အား သူနေထိုင်ရာ အက်သင်းမြို့ပြ နိုင်ငံ၏ နတ်ဘုရားများကို မကြည်ညို မကိုးကွယ်သူ၊ လူငယ်များအား လွဲမှားသော အယူအဆများ ရိုက်သွင်း ဖျက်ဆီးသူ ဟူသော စွပ်စွဲချက်များဖြင့်ရုံးတင်စစ်ဆေးကာ
အက်သင်းတရားရုံးက သေဒဏ်အမိန့် ချမှတ်ခဲ့ သည်။
အမိန့်ချပြီးနောက် အကြောင်း တစ်ခုကြောင့် သူ့အား မြန်မြန်ဆန်ဆန် မစီရင်နိုင်ဘဲ အကျဉ်းထောင်တွင် တစ်လခန့်မျှ ချုပ်နှောင်ထားရသည်။

သည်အတွင်း သူ၏တပည့် တပန်းများ၊ သူ့အား လေးစားခင်မင်သည့် မိတ်ဆွေများနှင့် တွေ့ဆုံနှီးနှောခွင့် ရသည်၊ သည်တွင် “ခရီတို” အမည်ရှိ ပုဂ္ဂိုလ် ဦးဆောင်သည့် မိတ်ဆွေတစ်စုက ထောင် အမှုထမ်းအား တံစိုး လက်ဆောင် အမြောက်အမြား ပေးပြီး သူ့အား ခိုးထုတ်ယူရန် ကြံစည်ကြသည်။ သည်အကြံကို ဆော့ခရေတ္တိ အား တင်ပြသည့်အခါ သူလက်မခံ။ အကြောင်းကား တရားရုံး၏ စီရင်ချက်သည်
မှန်ကန်သည်ဟု သူမယူဆ။ သို့သော် သူတပါးအမှားကို မိမိအမှားဖြင့် ပြန်ထေတာမျိုး သူမလုပ်နိုင်။
သူသည် လူပရိသတ် ကြီးငယ်တို့ အလည်၌ သူရသတ္တိ အကြောင်း၊ လူ၏ ဂုဏ်သိက္ခာ အကြောင်း၊နိုင် ငံသားကောင်း တို့၏ တာဝန်ဝတ္တရားများ အကြောင်းနှင့် တရားဥပဒေကို လေးစား လိုက်နာအပ်သည့်အကြောင်းများ အစဉ် ဟောပြော ပို့ချခဲ့သည်။ ယခု အသက်ဘေး ကြုံသည့်အခါမှ တံစိုးလက်ဆောင် ပေး၍ထွက်ပြေးဖို့မှာ သူ့အတွက် မဖြစ်နိုင်။
သူ့အား တရားရုံးတွင် အမှုစစ်ဆေးစဉ်က စွဲချက်များကို လက်ခံ နားထောင်ခဲ့ပြီး ကိုယ်တိုင်လည်းပြန်လည် ချေပ လျှောက်လဲခဲ့သည်။ ထိုစဉ်က သူ့ဘက်က အနိုင် ရအောင်သော် လည်းကောင်း၊ အနိုင်မရသည့်တိုင် သေဒဏ်အစား သက်သာသည့် ပြစ်ဒဏ်ရရှိရန်
သော်လည်းကောင်း၊ သူလျှောက်လဲ တောင်းခံနိုင်သော
အနေအထား ရှိခဲ့သည်။ သို့သော် အပြစ်ဒဏ် လျော့ပါးလိုမှုအတွက် သူလေးစား တန်ဖိုးထားသည့်အရာများကို မစွန့်ပယ်ခဲ့။ သေဒဏ်ကို မထေမဲ့မြင်ပြုကာ သူ့ယုံကြည်ချက် သူ့အတွေးအမြင်များကို ပို၍ခိုင်မာ ပြတ်သားစွာပင် တင်ပြ ပြောဆိုခဲ့သည်။ ထိုသို့ ပြုခဲ့ပြီး နောက်တွင်မှ အကျဉ်းထောင်မှ ထွက်ပြေး
တိမ်းရှောင်ဖို့မှာ လုံးဝ မလျော်ကန်သော အရာသာ ဖြစ်သည်။ သို့ဖြင့် ဆော့ခရေတ္တိသည် ငိုကြွေးသူ၊ တောင်းပန်သူ၊ ဖျောင်းဖျနားချ သူများကို ရှင်းလင်းဖြေသိမ့်ကာ ထွက်ပြေးရန် အကြံအစဉ်ကို ငြင်းဆန် ပယ်
ဖျက်ခဲ့ပြီး စီရင်သည့် နေ့၌ ထောင် အ မှုထမ်း ကမ်းသည့် အဆိပ်ခွက်ကို တည်ငြိမ်စွာ လက်ခံခဲ့သည်။

မိမိ ဂုဏ်သိက္ခာ၊ မိမိ ဟောကြားခဲ့သည့် အတွေးအခေါ် စကား စသည့် သူတန်ဖိုးထားသော အရာများ မသိမ်ဖျင်း မပွန်းပဲ့စေရန် အလို့ငှာ အသက်ကို သူပေးအပ်ခဲ့ခြင်း ဖြစ်သည်ဟု မှတ်ယူရပါမည်။
ပွန်ပီ မြို့စောင့်စစ်သားနှင့် ဂရိပညာရှိ ဆော့ခရေတ္တိ။
အခြားအရာများမှာ တူစရာ သိပ်မရှိ သော်လည်း မိမိတန်ဖိုးထားသော အရာအတွက် အသက်ကိုပေးအပ် ရာ၌ကား သူတု့နှိစ်ဦး တူညီကြပါသည်။
စင်စစ် သူတို့ကဲ့သို့ လေးစားလောက်သော အတိုင်းအတာထိ မရောက်သည့်တိုင် ကျွန်တော်တို့အားလုံးမှာပင် မိမိ တန်ဖိုးထားသောအရာ မိမိ သစ္စာစောင့်သိ ရမည်ဟု ယုံမှတ်ထားသည့် အရာ၊ မိမိလုပ်ဆောင် ရမည့် တာဝန်ဟု မိမိဘာသာ ပြဋ္ဌာန်းမိသည့် အရာများ ရှိပါသည်။
ဒါတွေကို ကျေပွန်အောင် ထမ်းရွက်ဖို့ ကျွန်တော်တို့ ကြိုးစားမြဲ ဖြစ်ပါသည်။ ကျေပွန်အောင်ထမ်းရွက် နိုင်သော် ကျွန်တော်တို့ ဝမ်းသာပီတိ ဖြစ်ကြသည်။ ကျေပွန်ခဲ့သော မိမိကိုယ်တိုင် အတွက်လည်းဂုဏ်ယူ မိကြသည်။ တာဝန် မကျေပွန်ခဲ့လျှင်၊ သို့မဟုတ် သစ္စာဖျောက်ဖျက် ဆန့်ကျင်ဘက် အလုပ်ကို
လုပ်မိခဲ့လျှင်ကား အကြီးအကျယ် စိတ်မချမ်းမြေ့ခြင်း ဖြစ်ပါသည်။ မိမိအတွင်းစိတ်၏ ကဲ့ရဲ့ ရှုတ်ချခြင်းကိုလည်း မိမိဘာသာ အပြင်းအထန် ခံရတတ်ပါသည်။

ဗြိတိသျှ စာရေးဆရာ ဆာဝေါ်လတာစကော့( Sir Walter Scott 1771-1832)က သူသည်သူ့ခေတ် အခါက စာအများဆုံး ရေးသူဟု ဆိုရလောက်အောင် အထိ အမြောက်အမြား ရေးသားခဲ့ကြောင်း၊သည်စာများ ထဲတွင် ကိုယ်မသေမီ ကိုယ့်ဘာသာ ပြန်ဖျက်ပစ်ခဲ့ချင်သည့် စာမျိုး မပါဝင်ခဲ့တာ တွေးမိသဖြင့်အလွန် စိတ် သက်သာရာ ရမိသည့်
အကြောင်း ပြောကြားခဲ့သည်။

အလားတူ ကဗျာဆရာကြီး ဝါ့ဒ်စဝပ်(သ) (William Wordsworth 1770-1850) ကလည်းဘဝနှောင်းပိုင်း အချိန် မိတ်ဆွေတစ်ဦးနှင့် တွေ့ဆုံသည့်အခါ “အခုချိန်မှာတော့ ကျုပ်ကို လူတွေဘယ်လိုသဘောထားတယ်၊ ကျုပ်ကဗျာတွေကို ဘယ်လိုသတ်မှတ်ကြတယ် ဆိုတာတွေက ဘာမှ အရေးမပါတော့
ပါဘူး။ ဒါပေမယ့် အခုလို အိုမင်း မစွမ်းအချိန် ကျုပ်မှာ စိတ်သာရတဲ့ အချက် တစ်ခုတော့ ရှိတယ်။ ကျုပ်အသက် ငယ်ရွယ်စဉ် ကာလကတည်းက ရေးခဲ့တဲ့ စာတွေထဲမှာ မတော်မတည့် စိတ်ခံစားမှုတွေ စေပါးရာ
လိုက်ပြီး ရေးခဲ့မိလို့ ကိုယ့် ဘာသာ ပြန်ဖျက်လိုက်ချင်မယ့် စာမျိုး တစ်ကြောင်းတလေမှ မပါတဲ့ ကိစ္စပဲ။
ကျုပ်သေပြီးတဲ့နောက် ကျန်ခဲ့မယ့် ကျုပ်စာတွေကြောင့် ဆိုးကျိုးတစ်စုံတစ်ရာ ဖြစ်စရာ မရှိဘူးပေါ့ဗျာ၊
အဲဒီအတွက် သိပ်ကို ဝမ်းသာတယ်ဗျာ” ဟူ၍ ဖွင့်ဟပြောဆိုခဲ့သည်။

သြတ္တပစိတ်(ဝါ) မှန်မှာသိစိတ် (Consience) ၏ ချောက်လန့်မှုကို ခံရမှာ ကြောက်တတ်ကြသောသဘော၊ လိပ်ပြာသန့်စွာ အသက်ရှင်သန် ရသည့်အခါမှ စိတ်ရွှင်လန်း ပေါ့ပါးနိုင်ကြသည့် သဘောကို
စာဆိုနှစ်ဦးတို့ တညီတညွတ်တည်း ဖော်ပြခဲ့ကြခြင်း ဖြစ်သည်။
သို့သော် ကျွန်တော်တို့မှာ တန်ဖိုးထားရမည့် အရာ၊ သစ္စာစောင့်သိရမည့် အရာ၊ တာဝန်ယူရမည့်အရာတွေက တစ်ကြိမ်မှာ တစ်ခုဆိုလျှင် အကြောင်းမဟုတ်ပါ။ ကိုယ့်သတ္တိ ကိုယ့်စွမ်းအား အလျောက်လုပ်ကြ ကိုင်ကြ ရုံသာ ရှိပါသည်။

ထိုသို့မဟုတ်ဘဲ တစ်ခါတစ်ရံ၌ တန်ဖိုးတွေ၊ သစ္စာတွေ ပြဋ္ဌာန်းချက်တွေက
ထွေးရောယှက်တင်ရှိလာတတ် ပါသည်။ ကိုယ်တန်ဖိုးထားသော ကိုယ့်တာဝန်ဟု ယူဆသော အရာ အချင်းချင်း ဆန့်ကျင်ငြိစွန်း နေတာမျိုးလည်း ကြုံရတတ်ပါသည်။
အဲသည်အခါမျိုးမှာ ရွေးချယ်ရ၊ ဆုံးဖြတ်ရ အလွန်ခက်လှသည့် အနေထားတွေ ပေါ်လာပါသည်။

အများ သိကြသည့် အကြောင်းကိုပင် ဥပမာပြပါမည်။
မြန်မာရာဇဝင်ထဲက သူရဲကောင်း ငခင်ညို။
ငယ်စဉ်က မြန်မာ့သမိုင်း သင်သောအခါ ငါးစီးရှင် ကျော်စွာ၏ ကျွန်ယုံတော် ငခင်ညို အကြောင်းဖတ်ရသည်။ အဲသည်တုန်းက ခေါင်းထဲတွင် မရှင်းခဲ့တာ အမှတ်ရသည်။ ပြန်စဉ်းစား ကြည့်သည့်အခါငခင်ညိုရဲ့ လုပ်ရပ်က ကလေးတစ်ယောက်အတွက် အတော် မျက်စိ လည်စေသောကြောင့်
ဖြစ်သည်ဟုသဘောပေါက်သည်။

ငခင်ညိုသည် ဘယ်သို့သောသူ ဟူ၍ ကျွန်တော်တို့အား သင်ကြားခဲ့သလဲ။ သမိုင်းစာအုပ်ထဲ(မှန်နန်းရာဇဝင်) ပြန်ကြည့်သည့်အခါ ငခင်ညိုကို “ကျေးဇူးသိတတ်သော သူရဲကောင်း”ဟု ခေါင်းစဉ်တပ်ပြီး ဖော်ပြ ထားတာ တွေ့ရသည်။ ၄င်း ဖော်ပြချက်ကို အနည်းငယ်ချုပ်၍ ပြောရသော်၊
ပင်လယ်မြို့စား ငါးစီးရှင်ကျော်စွာက စစ်ကိုင်းမင်း အသင်ခယာစောယွမ်းကို လုပ်ကြံရန် သူ့လူတစ်ဦး ဖြစ်သူ ငခင်ညိုအား စေလွှတ်သည်။ ငခင်ညိုသည် စစ်ကိုင်းတွင် ပုန်းအောင်း ချောင်းမြောင်းရင်းသုံးရက် ကြာသည်။ သုံးရက်လုံး ထမင်းငတ်သည်။ အခွင့်သာ၍ နန်းတွင်းသို့ ဝင်သည့်အခါ စစ်ကိုင်းမင်း
နတ်တင်ထားသော ထမင်းပွဲကို အရင်တွေ့သည်။
ထမင်းကို ဝအောင်စားပြီးနောက် အိပ်ဆောင်သို့ ဝင်၍ဘုရင့်အား ဓားနှင့် ခုတ်မည့်အခါ ချီတုံချတုံ ဖြစ်သည်။ သူ့ထမင်းကို ခုဘဲစားခဲ့သည်၊ ယခုသူ့ကို သတ်မည်ဆိုလျှင် ထမင်းရှင်ကို သတ် သည့် အမှုအတွက် တမလွန်၌ အပြစ်ကြီးစွာ ခံရတော့မည်ဟု တွေးတောထိတ်လန့်သည်။ တစ်ဘက်တွင် သူ့ သခင် ငါးစီးရှင် ကျော်စွာ ပေးအပ်လိုက်သည့် တာဝန်ကလည်း ရှိနေ
သည်။ စစ်ကိုင်းမင်း ခေါင်းရင်းတွင် ဓားကို အကြိမ်ကြိမ် ချွတ်လိုက်စွပ်လိုက် လုပ်နေမိပြီးနောက်စစ်ကိုင်းမင်းကို သတ်နိုင်သည့် အနေအထားထိ
ရောက်ရှိကြောင်း အထောက်အထားအဖြစ် စစ်ကိုင်းမင်း၏
ပတ္တမြားဓားကို ယူပြီး ပြန်ခဲ့သည်။

ပင်လယ်သို့ ရောက်၍ သူ့သခင်အား ဖြစ်ပျက်ပုံ အလုံးစုံ တင်လျှောက်ပြီး ပတ္တမြားဓားကို ဆက်သည့်အခါ ငါးစီးရှင်က ထမင်းတပွဲ စားရရုံဖြင့် ဤမျှကျေးဇူးသိက အစဉ်ကျွေးမွေးသော ငါ၏ ကျေးဇူးကား
ဆိုဖွယ် ရှိ မည် မဟုတ်ဟု ဝမ်းမြောက်ချီးကျူးကာ ငခင်ညိုအား ဆုလာဘ်ချီးမြှင့်သည်ဟု ဆိုပါသည်။
အဲသည်မှာ ကျွန်တော်တို့ စဉ်းစားမရခဲ့သည်ကရှင်ဘုရင်ကရော
သူခိုင်းလိုက်သည့် အလုပ်ကို မေ့သွားသည်လား။ လုပ်ကြံရန် တာဝန်ကို ကျေပွန်စွာ မထမ်းရွက်၊ ဓားတစ်လက်သာ ခိုးပြီး ပြန်လာသည့် ငခင်ညိုအား ဝတ္တရား ပျက်ကွက်မှုဖြင့် မသုတ်သင်မစီရင် ဘူးလား။ ကျန်သည့် အမှုထမ်းတွေပါ သူ့ပုံစံလိုက်ကာ ခိုင်းတာတခြား လုပ်တာတလွဲ ဖြစ်လာခဲ့လျှင်
ရှင်ဘုရင် ဘယ်လို စခန်းသွားမည်လဲ၊ စသဖြင့်၊ သို့သော် သူတို့ အချင်းချင်းက အထက်မှာ ဆိုခဲ့ သည့်အတိုင်း အေးအေးဆေးဆေး ကိစ္စပြီးသွားခဲ့သည်။

သည်ကနေ့ ကျွန်တော်တို့ ခွဲခြမ်းစိတ်ဖြာ ကြည့်သည့် အခါမှာတော့
ငခင်ညိုမှာ တန်ဖိုးထားရမည့် အရာနှစ်ခု လာတိုက်နေတာ၊ ပြဋ္ဌာန်းချက်နှစ်ခု အပြိုင်ဖြစ်နေတာသွားတွေ့ရသည်။ “တာဝန်နှင့် ကျေးဇူး” ။
ပေးအပ်သော တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ဖို့နှင့် သူ့ကျေးဇူးကို သိခြင်း တည်းဟူသောအခြေခံ ကိုယ်ကျင့်သီလကို စောင့်ထိန်းဖို့။ နှစ်ခုလုံး လုပ်၍ မရ၊ တစ်ခုလုပ်လျှင် တစ်ခုပျက်ရမည်။

အဲသည်တွင် ကျေး ဇူးရှင်ကို ပြစ်မှားရမှာ အကြီးအကျယ် ထိတ်လန့်မိသော ငခင်ညိုက ကိုယ်ကျင့်သီလကိုရွေးပြီး တာဝန် အပိုင်းကို လျှော့ခဲ့ခြင်း ဖြစ်သည်။
ငခင်ညိုနှင့် ဆင်တူယိုးမှား အနေအထားမျိုး ကြုံခဲ့ရသည့် ပုဂ္ဂိုလ်တွေ သမိုင်းတစ်လျှောက်အမြောက် အများ ရှိပါလိမ့်မည်။ သူတို့တွေကော ဘာကိုဘယ်သို့ ရွေးချယ်ခဲ့ကြ ပါသလဲ။

စာဖတ်သူအတွက် နှိုင်းယှဉ် စဉ်းစား စရာ ပုဂ္ဂိုလ်နှစ်ဦး ထုတ်ပြပါမည်။ တစ်ဦးက ဂရိခေါင်းဆောင် တစ်ဦးဖြစ်သူဆူး(စ) (Sous)။
ဆူး(စ)သည် ရှေးဂရိဒေသ စပါတာပြည်မှ ထင်ရှားသော
ခေါင်းဆောင်တစ်ဦး ဖြစ်သည်။ စပါတာ၏အနီး ဝန်းကျင် နယ်မြေဒေသ အများအပြားကို သူဦးဆောင် သိမ်းပိုက်ခဲ့သည်။

တစ်ခါ၌ ဆူး(စ)၏တပ်မသည် စစ်မြေ တစ်နေရာ၌ ရန်သူက လိုက်တိုးရီးယန်းတို့၏ ဝိုင်းဝန်းပိတ်ဆို့ထားခြင်း ခံရသည်။
ရေအိုင် ချောင်းမြောင်း လုံးဝမရှိသည့် နေရာတစ်ခုဖြစ်ရာ မကြာမီပင် သူတို့လူစု သောက်စရာ ရေတစ်ပေါက်မျှ မရှိ ဖြစ်သွားကြသည်။ သည်တွင် ဆူး(စ)က တစ်ဘက်လူတို့နှင့် ဆွေးနွေး အပေးအယူ ပြုသည်။
မိမိနှင့်တကွ တပ်ဖွဲ့တစ်ခုလုံး လောလောဆယ် ရန်သူ့လက်တွင်းရှိ စမ်းချောင်းမှရေကို တစ်ယောက်မကျန်သောက်သုံးရလျှင် မိမိတို့ သိမ်းပိုက် ထားပြီးသည့် နယ်မြေအားလုံးကို စွန့်လွှတ် ဆုတ်ခွာ ပေးပါမည် ဟူ၍။
ရန်သူတို့ သဘောတူသဖြင့် ၄င်းအတိုင်း ဆောင်ရွက်ရန် နှစ်ဦးနှစ်ဖက် ကတိသစ္စာ ပြုပြီးသည့်အခါဆူး(စ)က သူ့လူများကို ခေါ်ယူစုဝေးပြီး ၄င်းတို့အထဲတွင် ယခုဆက်၍ ရေမသောက်ဘဲ နေနိုင်သေးသူရှိသလော၊ ရှိခဲ့လျှင် ထိုသူအား တိုင်းပြည်ကို အပ်နှင်းမည် ဟူ၍ မေးမြန်းသည်။ မည်သူမျှ မနေနိုင်၊ အားလုံး ရေငတ်၍ သေလုမျောပါး ရှိနေကြပြီ။

လောလောဆယ် ရေသောက်ချင် နေတာကလွဲ၍ ဘာစိတ် ဘာဆန္ဒမျှ မရှိကြ။
သို့နှင့် သူ့တပ်သားတွေ တစ်ယောက်ပြီး တစ်ယောက် ရန်သူ့ စမ်းချောင်းထဲက ရေကို ဆင်း၍သောက်စေသည်။ အားလုံး သောက်ပြီးကြပြီ ဆိုတော့မှ သူကိုယ်တိုင် စမ်းချောင်းထဲ ဆင်းသည်။ သူလည်းအများနည်းတူ အကြီးအကျယ် ရေငတ်နေသူ တစ်ယောက် ဖြစ်သည်။ သို့သော် စမ်းချောင်းထဲ ရောက်ပြီးသည့်တိုင် ရေကို မသောက်မိအောင် အောင့်အည်း သည်းခံသည်။ ရန်သူများ ရှေ့တွင် မျက်နှာကို ရေတစ်ပေါက် နှစ်ပေါက်
တောက်ရုံမျှ တောက်ခဲ့ပြီး မိမိတပ်စခန်း ဘက်သို့ ပြန်လှည့် တက်ခဲ့သည်။

ထို့နောက် ကတိပြုစဉ်က မိမိတို့ဘက်မှ လူတွေအားလုံး ရေသောက်ပြီးလျှင် ဆုတ်ခွာပေးမည်ဟုဆိုခဲ့သည်။ ယခု မိမိတစ်ယောက် ရေမသောက်ဘဲ ကျန်နေသည်။ ထို့ကြောင့် သည်နေရာမှ မခွာနိုင်ဟုဆိုကာ ရေသောက်ရ၍ ခွန်အားပြည့်လာသည့် သူ့တပ်မဖြင့် နယ်မြေကို ဆက်လက် သိမ်းပိုက်ခဲ့သည်။
အဲသည်လို ရွပ်ရွပ် ချံချွံ စွမ်းဆောင်ကာ အောင်ပွဲရယူ ပေးခဲ့သည့် အတွက် ဆူး(စ)အား စပါတာတို့ချီးကျူးဂုဏ်ပြု ခဲ့ကြသည်ဟု ဆိုပါသည်။
သို့သော် တစ်ဘက်၌မူ လေးနက်တည်ကြည်စွာ ပြုပြီးသည့် ကတိစကားကို လွယ်လင့်တကူချိုးဖောက်သူ၊ လက်တစ်လုံးခြား လှည့်ဖြားသူ၊ ဗြောင်လိမ်ဗြောင်စား လုပ်သူတစ်ဦးအဖြစ် အကြီးအကျယ်သိက္ခာ ကျဆင်း ခဲ့သည်။ စစ်ရေးစစ်ရာလို အရေးကြီးသည့် ကိစ္စမျိုးမှာပင် ကတိတစ်လုံးဖြင့် ဆုံးဖြတ်လုပ်ကိုင်ကြသည့် အဲသည် ခေတ်ကာလ၌ ကတိသစ္စာ ဖျောက်ဖျက်ခြင်း၏ ကြီးလေးမှုကို ဆူး(စ) မုချသိမည်သာ ဖြစ်သည်။ သို့သော် ကတိ မပျက်ရေးနှင့် စစ်အနိုင်ရရေး တည်းဟူသော ကိစ္စနှစ်ခု ယှဉ်ပြိုင်လာသည့် အခါ မိမိတို့ စပါတာ တွေ အနိုင်ရရေး ဘက်ကို သူ ရွေးချယ်ခဲ့သည်။

သည်ရွေးချယ်မှု၏ ရလာဒ်အဖြစ် ကတိဖျက်သူ ဟူသော နာမည်တစ်လုံး၏ နှိပ်စက်မှုဒဏ်ကို မျိုးရိုးစဉ်ဆက် ခံကြရသည်။ နောင်တွင် သူမှ ပေါက်ဖွားသည့် သူ့သား သူ့မြေးများသည် သူ၏ အမည်ကို မဆက်ခံဘဲ မျိုးရိုးအမည် တစ်ခုလုံးပင် ပြောင်းလဲပစ်ခဲ့ကြသည်။
ဒုတိယ ပုဂ္ဂိုလ်က ရောမခေါင်းဆောင် တစ်ဦးဖြစ်သူ ရက်ဂျူးလပ်(စ) (Marcus Regulus ဘီစီ၃ရာစု)။ရောမနှင့် ကာသေ့ခ်ျတို့ကြား ဖြစ်ပွားသည့် ပထမ ပျူးနစ် စစ်ပွဲအတွင်း ရက်ဂျူးလပ်(စ)သည်အာဖရိက စစ်မြေ ၌ ရန်သူကာသေ့ခ်ျတို့၏ ဖမ်းဆီးခြင်း ခံရသည်။
ကာသေ့ခ်ျတို့က သူ့အား စစ်ရပ်စဲရေးနှင့် စစ်သုံ့ပန်း ဖလှယ်ရေး ကိစ္စများ သွားရောက် ဆွေးနွေးမည့် ကာသေ့ခ်ျ ကိုယ်စားလှယ်ဖွဲ့ နှင့်အတူ ရောမမြို့သို့ စေလွှတ်သည်။ ငြိမ်းချမ်းရေးစကား ဆိုရာ၌အဆင်ချောမွေ့အောင် ဆောင်ရွက်ပေးရန် သူ့အား ထည့်လိုက်ခြင်း ဖြစ်ပြီး အကယ်၍ မအောင်မြင်လျှင်မူကာသေ့ခ်ျ ကိုယ်စား လှယ် များနှင့်အတူ ပြန်လည် လိုက်ပါကာ မူလအပြစ်ဒဏ် ဆက်လက် ကျခံပါမည်ဟုကျမ်းသစ္စာ ကျိန်ဆို၍ ကတိ ပြုခဲ့ရသည်။
ရောမ ရောက်သည့်အခါ ရောမခေါင်းဆောင်များအား စစ်ရပ်စဲရေး စကား သူမပြော၊ လောလောဆယ် အနေအထားအရ စစ်ကိုဆက်တိုက်လျှင် မိမိတို့ဘက်က အနိုင်ရနိုင်ကြောင်းသာ တိုက်တွန်းပြောဆိုသည်။ သို့နှင့် ဆွေးနွေးပွဲပျက်၊ သုံ့ပန်းဖလှယ်ရေးလည်း ပျက်သည့်အခါ သူလည်း ကာသေ့ခ်ျကိုယ်စားလှယ်များနှင့် ပြန် လိုက်ဖို့ ပြင်ရသည်။ သည်အခါ ရောမခေါင်းဆောင်များ၊ ဘာသာရေး အကြီးအကဲများ အားလုံးက ဝိုင်း၍ တား ကြသည်။ ပြန်မလိုက်နှင့် လိုက်လျှင် သတ်လိမ့်မည်။ သူတို့ကို ပေးခဲ့သော ကတိစကားသည် အကျဉ်းခံ ဘဝ တွင် ပေးရသော ကတိသာဖြစ်သည်။ တည်စရာ မလိုဟူ၍ ဆိုကြ
သည်။ ရက်ဂျူးလပ်(စ) က လက်မခံ။

“ကျွန်တော့်ကို ကတိပျက်တဲ့ လူတစ်ယောက်အဖြစ် အရှက်ရအောင် မလုပ်ကြပါနဲ့၊ဟိုရောက်ရင်ဒီလူတွေကျွန်တော့်ကို နှိပ်စက်ညှဉ်းဆဲမယ်၊ သေဒဏ်စီရင်ကြမယ် ဆိုတာ ကျွန်တော်သိပါတယ်။ ဒါပေမယ့် ကတိ
သစ္စာ ဖောက်ဖျက်ခဲ့တဲ့ အမှုအတွက် တစ်သက်လုံး ကိုယ့်လိပ်ပြာကိုယ် လန့်နေရမှာနဲ့ စာရင် သေတာကမြတ်ပါသေးတယ်။ လောလောဆယ် ကာသေ့ခ်ျ ရဲ့ ကျွန် ဖြစ်နေပေမယ့် ကျွန်တော့်မှာ ရောမသား စိတ်ဓာတ် အပြည့်အဝ ရှိနေဆဲပါ။ ကျွန်တော် ပြန်လာပါ့မယ်လို့ သူတို့ကို ကတိပေးခဲ့တယ်။ အဲဒီတော့ ပြန်သွားဖို့ဟာ ကျွန်တော့် တာဝန်ပဲ။
ကျန်တဲ့အပိုင်းကတော့ နတ်ဘုရားတွေ အလိုအတိုင်း ရှိပါစေ။”ဟူ၍ ဆိုခဲ့သည်။

စကားအတိုင်းပင် ရက်ဂျူးလပ်(စ)သည် ကာသေ့ခ်ျသို့ ပြန်လည် လိုက်ပါသွားခဲ့သည်။ ကာသေ့ခ်ျတို့ လက်တွင် နှိပ်စက်ညှဉ်းဆဲခံရပြီး အသက်ဆုံးရှုံးခဲ့သည်ဟု ဆိုပါသည်။
ရက်ဂျူးလပ်(စ)သည် ရောမအကျိုးအတွက်လည်း ဆောင်ရွက်ခဲ့သည်။ ကတိသစ္စာလည်း မပျက်ခဲ့။ သည်နှစ်ရပ်လုံး ကျေပွန်ဖို့ အတွက် သူ့အသက်ကို ပေးခဲ့သည်။ ချီးကျူးဖွယ် ဆောင်ရွက်ချက်ပါပေ။
ရက်ဂျူးလပ်(စ) လို ပုဂ္ဂိုလ်မျိုး အတွက် ရည်ညွန်းခဲ့ရာ ရောက်သည့် ထင်ရှားသော စကားတစ်ခွန်းရှိခဲ့သည်။ ပြောသူက ရောမခေါင်းဆောင် တစ်ဦးပင် ဖြစ်သူ ဆာတိုးရီးယပ်(စ) (Sertorius ဘီစီ ၁ရာစု)ဖြစ်သည်။
“ကိုယ်ကျင့်တရားကို လေးစားသော ပုဂ္ဂိုလ်ဟူသည် အောင်ပွဲကိုလည်း သိက္ခာရှိသော နည်းဖြင့်သာ ရယူရာသည်။ သိမ်ဖျင်းယုတ်ညံ့သော နည်းလမ်းမျိုး ကိုကား မိမိအသက်ကို ကယ်ဆယ်ရန် အတွက်ပင် အသုံး မပြုသင့်” ဟူ၍။
------------------------------
credit to ဆရာဖေမြင့်

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။