Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, February 19, 2014

Breast Benign Lumps ကင်ဆာမဟုတ်တဲ့ ရင်သားအကျိတ်များ


Tint Swe
Breast Benign Lumps ကင်ဆာမဟုတ်တဲ့ ရင်သားအကျိတ်များ

(၁) ဆရာ ကျမနာမည်က့၊ အသက် ၃၁၊ အပျိုပါ၊ ကျမအခု့မှာပါ။ ကျမဘယ်ဖက်နို့ဘေး ချိုင်းအောက်မှာ အလုံးတစ်လုံး ကော်လီးလုံးအရွယ်ရှိတယ်။ သုံးနစ်လောက်ကြာပြီ။ အလုံးကမာပြီး ရွေ့လို့ရတယ်၊ ဆရာဝန် တစ်ခါပြဖူတယ်၊ ဘာမှာမဖြစ်ဘူးဆိုပြီး ဒီတိုင်ထားတယ်တယ်။ အခုရာသီလာချိန် နည်းနည်းကိုက်သလိုခံစားရတယ်။ ရင်သားကင်ဆာ ဖြစ်နိင်ပါသလား။ ခွဲစိတ်ဖို့ လိုမလားလို့ဆရာကို လှမ်းမေးကြည့်တာ၊ မျိုးရိုးမှာလဲ ကင်ဆာတော့ မရှိဘူးဆရာ။
(၂) သမီး 18 March က Breast Ultrasound ရိုက်ပြီးပါပြီဆရာ။ Attachment နဲ့ပို့ပေးလိုက်ပါတယ်။ သွားပြန်ပြတော့ အကျိတ်ကသေးတယ်၊ ခွဲစရာမလိုဘူး၊ မစိုးရိမ်ရဘူးပြောပါတယ်။ အမြဲတော့ကိုယ်ဖာသာကို သတိထားပြီးကြည့်၊ တစ်နှစ်တစ်ခါ Ultrasound ပြန်ရိုက်ကြည့်လို့ပဲ ပြောပါတယ်။ ဘာဆေးမှမပေးလိုက်ပါဘူးဆရာ။ ဆေးခန်းပြပြီး တစ်ပတ်လောက်နေတော့ မာမာအမြောင်းလိုလို အလုံးလိုလိုအကျိတ်က သေးလဲမသေးသွားတော့ စိတ်ပြန်ပူလာတယ်၊ စိုးရိမ်စိတ်လဲဖြစ်လာတယ်။ မေးစရာမေးခွန်းနဲ့ သိချင်တာတွေလဲရှိလာလို့ ဆရာ့ကို Email ထပ်ပို့လိုက်ရတာပါ။ ဘာဆေးသောက်ရင် ပျောက်နိုင်လဲ။ စိုးရိမ်ရလားဆရာ။

မေးခွန်း (၁) မှာ ချိုင်းအောက်ဆိုရင် (၁) တက်စေ့ Lymph node ဖြစ်နိုင်တယ်။ ဒါပေမဲ့ (၂) ရာသီရက်နဲ့ဆက်စပ်မှုရှိလို့ ချိုင်းဘက်ဆီကိုသွားနေတဲ့ Tail of breast ရင်သားရဲ့ အစိတ်အပိုင်းကဖြစ်တာဖြစ်နိုင်ပါတယ်။

မိန်းကလေးတိုင်း အမျိုးသမီးကြီးငယ်တိုင်း ကိုယ့်ရင်သာကိုယ် စမ်းသပ်ပြီး၊ သံသယရှိရင် ချက်ချင်းဆရာဝန်ကို ပြသင့်တာ သိနေကြပါပြီ။ ကင်ဆာဆိုရင် ကြောက်စရာမှန်ပေမဲ့ စောစောသိလို့ စနစ်တကျကုသရင် အများကြီး ကောင်းစေတဲ့ ကင်ဆာထဲမှာ ရင်သားကင်ဆာက ထိပ်ကနေတယ်။ ကင်ဆာမဟုတ်တဲ့ ရင်သားအကျိတ်တွေက ၈ဝ% ရှိတယ်။ အမျိုးအစားကတော့ များပါတယ်။ ယေဘုယျပြောရရင် အကျိတ်နခမ်းသားက ချောမွေ့နေမယ်၊ ရွေ့ရှားလို့လဲ လွယ်တယ်။ အကျိတ်ရယ်လို့မဟုတ်ဘဲ ထိခိုက်မိလို့။ လစဉ်နဲ့ အသက်ကြောင့် ဟော်မုန်းအပြောင်းအလဲ၊ ဆေးဝါးတွေကနေလည်း ရင်သားမှာ အရင်လိုမဟုတ်ာမျိုး ဖြစ်လာစေနိုင်ပါတယ်။ ကုန်ကုန်ပြောရရှု ရင်သားနှစ်ဘက်ဟာ တသက်လုံး ပြောင်းလဲနေတာ ဖြစ်ပါတယ်။

ကင်ဆာမဟုတ်တဲ့ ရင်သားအကျိတ်တွေကတော့ -
(၁) Fibroadenomas (ဖိုက်ဘရိုအဒီနိုးမား)။ အများဆုံးတွေ့ရတဲ့ အမျိုးအစားဖြစ်တယ်။ အစိုင်အခဲဖြစ်နေမယ်။ စမ်းကြည့်ရင် ရင်သားအတွင်းထဲမှာ ရွေ့တာသိပ်လွယ်ကူတယ်။ ဒါကြောင့် Breast mouse နို့ထဲကကြွက်လို့ တင်စားခေါ်ကြတယ်။ ခွဲစိတ်ပေးရတာများတယ်။ အသက် ၂ဝ-၃ဝ အတွင်း အများဆုံးဖြစ်တယ်။ ဆရာခွဲပေးရဘူးတာ ရာဂဏန်းနီးမလားဘဲ။
(၂) Fibrocystic changes (ဖိုက်ဘရိုဆစ်စတစ်) အပြောင်းအလဲ။ ဟော်မုန်းမြောင်းလဲနေတာကနေ ဖြစ်စေတယ်။ နှစ်ဘက်လုံးမှာ ဖြစ်တာများတယ်။ ဥပမာ ရာသီမလာခင် တင်းပြီးနာချင်တာမျိုး။ တခါတလေ နို့သီးအဖျားကိုညှစ်ကြည့်ရင် အရည်လိုပါ ထွက်နိုင်သေးတယ်။ အကျိတ်လိုဖြစ်နေတာ အချောင်းလိုက်၊ မြောင်းလိုက်နေမယ်။ စမ်းကြည့်ရင် ခပ်မာမာ ရာဘာနဲ့တူတယ်။ အသက် ၄ဝ အောက်မှာသာ အဖြစ်များတယ်။
(၃) Simple Cysts ရိုးရိုး (ဆစ်)။ အရည်ပြည့်နေတဲ့ အိတ်လေးမျိုးဖြစ်တယ်။ တခုတည်းရော တခုမကပါဖြစ်နိုင်တယ်။ အရွယ်အစားလဲ အမျိုးမျိုးရှိနိုင်တယ်။ နာနိုင်တယ်။ နာတာကလည်း ရာသီခွင်နဲ့အမျှပြောင်းတယ်။
(၄) Intraductal papillomas နို့ပြွန်တွင်းက (ပက်ပလိုမား)။ သေးတယ်၊ အသေအချာကြည့်ရင် ကြွက်နို့လိုတူတယ်။ နို့သီးအနားတဝှိုက်မှာ တွေ့ရတယ်။ အသက် ၄ဝ-၅ဝ တွေမှာပိုဖြစ်ပြီး နို့သီးအဖျားကနေ သွေးထွက်နိုင်တယ်။
(၅) Traumatic fat necrosis ထိခိုက်မလို့ အဆီခဲတွေပျက်စီးခြင်းဖြစ်တယ်။ ခပ်ဝိုင်းဝိုင်း။ ခပ်တင်းမာမာ၊ တခုတည်းရှိပြီး၊ မနာဘူး။
(၆) Mastitis (Breast Infection) နို့နာ။ နို့ပိုးဝင်ခြင်းလည်းဖြစ်နိုင်တယ်။ အကျိတ်ဖြစ်မယ်၊ နာမယ်၊ အပေါ်ယံအရေပြား နီမြန်းနေမယ်။ အနာက အရေပြားနဲ့နီးမှသာ နီတာမြင်ရမယ်။ အပူချိန်စမ်းရင် ပိုပူနေမယ်။
(၇) Breast Pseudolumps အကျိတ်မဟုတ်တဲ့ အကျိတ်။ ရင်သားအတုထဲက (စီလီကွန်) တနေရာကထူပျစ်လာတာ၊ အဆီခဲတချို့သေတာ၊ အောက်ကနံရိုး။ Breast cancer ကင်ဆာ၊ Lipoma အဆီအကျိတ် နဲ့ Milk cyst (galactocele) နို့ရည်ခဲတွေလည်း ထည့်စဉ်းစားရမယ်။

ဘယ်လိုကုသမလဲ
(၁) Fibroadenomas နဲ့ intraductal papillomas တွေကို ခွဲစိတ်ကုသရမယ်။ lumpectomy အကျိတ်ခွဲထုတ်နည်းက သမားရိုးကျနည်းဖြစ်တယ်။ laser ablation, or cryoablation တခြားနည်းတွေလဲ ခုခေတ်မှာ စမ်းသုံးပါတယ်။
(၂) Fibrocystic breast changes ဆိုတာ ကုစရာမလိုပါ။ နာတာရောင်တာအတွက် အနေရခက်ရင် အနာ-အကိုက်သက်သာဆေးသောက်နိုင်ပါတယ်။
(၃) Simple cysts ဆိုရင် ဆေးထိုးအပ်သုံးပြီး စုပ်ထုတ်နိုင်တယ်။ ကင်ဆာမဟုတ်ဆာသေခြာဘို့လုပ်တာလည်း ဒီလိုမျိုးလုပ်တာပါဘဲ။
(၄) Mastitis နို့နာကို အပူကပ်ရေးရမယ်။ ပိုးသေဆေးနဲ့ အနာသက်သာဆေးပေးပြီး ပြည်တည်ရင်တော့ ပြည်ကို ခွဲစိတ်နည်းနဲ့ထုတ်ရမယ်။

1. Breast Abscess and Mastitis နို့နာ http://dts-medicaleducation-adult.blogspot.in/2012/07/breast-abscess-and-mastitis.html
2. Breast Beauty ရင်သားအလှ http://dts-medicaleducation-adult.blogspot.in/2012/04/beauty-of-breast.html
3. Breast Cancer Chemotherapy ရင်သား-ကင်ဆာကို ဆေးပေးကုသခြင်းhttp://dts-medicaleducation-adult.blogspot.in/2012/07/breast-cancer-chemotherapy.html
4. Breast Cancer Today ရင်သား-ကင်ဆာ အရင်ကနဲ့မတူပါ http://dts-medicaleducation-adult.blogspot.in/2012/07/breast-cancer-today.html
5. Breast Cancer Treatment regimes ရင်သား-ကင်ဆာ ကုထုံးများ http://dts-medicaleducation-adult.blogspot.in/2012/07/breast-cancer-treatment-regimes.html
6. Breast Cancer ရင်သား-ကင်ဆာ http://dts-medicaleducation-adult.blogspot.in/2012/07/breast-cancer.html
7. Breast Conditions ရင်သား ကျန်းမာရေး http://dts-medicaleducation-adult.blogspot.in/2013/09/1030am-sep-11-2013-pectoral-muscles.html
8. Breast Enlargement ကလေးအတွက်မို့ မသေးချင်တာ ရင်သားပါ http://dts-medicaleducation-adult.blogspot.in/2012/03/breast-enlargement.html
9. Breast Fibroadenosis (ဖိုက်ဘရို-အဒီနိုးဆစ်) ရင်သားရောဂါ http://dts-medicaleducation-adult.blogspot.in/2012/07/fibroadenosis.html
10. Breast Implant ရင်သားအတု http://dts-medicaleducation-adult.blogspot.in/2012/07/breast-implant.html
11. Breast Inverted nipples နို့ပါးစပ် http://dts-medicaleducation-adult.blogspot.in/2012/07/breast-inverted-nipples.html
12. Breast Itching ရင်သား ယားခြင်း http://dts-medicaleducation-adult.blogspot.in/2012/07/breast-itchiness.html
13. Breast Lumps ကင်ဆာမဟုတ်တဲ့ ရင်သားအကျိတ်များ http://dts-medicaleducation-adult.blogspot.in/2013/04/benign-breast-lumps.html
14. Breast Massage ရင်သား နှိပ်နယ်ခြင်း http://dts-medicaleducation-adult.blogspot.in/2012/03/breast-massage.html
15. Breast Milk Supply နို့ထွက်နည်းနေရင် http://dts-medicaleducation-adult.blogspot.in/2012/07/milk-supply.html
16. Breast Pain ရင်သားနာတာ ဘာလို့ပါလဲ http://dts-medicaleducation-adult.blogspot.in/2012/07/breast-pain.html
17. Breast Reconstruction ရင်သား အသစ်တပ်ပေးခြင်း http://dts-medicaleducation-adult.blogspot.in/2012/07/breast-reconstruction.html
18. Breast reduction ရင်သား သေးအောင်လုပ်ခြင်း http://dts-medicaleducation-adult.blogspot.in/2013/09/breast-reduction.html<br>
19. Breast self examination ရင်သားအား မိမိဖါသာ စမ်းသပ်နည်း http://dts-medicaleducation-adult.blogspot.in/2012/07/breast-self-examination.html
20. Intraductal papillomas ရင်သားကနေ သွေးထွက်တဲ့ရောဂါ http://dts-medicaleducation-adult.blogspot.in/2014/02/intraductal-papillomas_10.html

ဒေါက်တာတင့်ဆွေ
၎-၃-၂ဝ၁၃
၁၉-၂-၂ဝ၁၄

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။