အာကာသ နှင့် စကြာဝဠာ
>>> အာကာသ သမိုင်းကြောင်း <<<
ဖေဖောဝါရီလ ၁၉ ရက်နေ့
ဒီနေ့ဟာ ပိုလန်နိုင်ငံသား အာကာသပညာရှင် နစ်ကိုးလပ်စ် ကိုပါနီးကပ်စ် (Nicolaus Copernicus) ရဲ့ မွေးနေ့ဖြစ်ပါတယ်။ ၁၄၇၃ ခုနှစ် ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှာ မွေးဖွားခဲ့ပြီး ၁၅၄၃ ခုနှစ် မေလ ၂၄ ရက်နေ့မှာ ကွယ်လွန်ခဲ့ပါတယ်။
သူဟာ comprehensive heliocentric cosmology လို့ခေါ်တဲ့ အယူအဆကို စတင်ဖော်ထုတ်ခဲ့သူဖြစ်ပါတယ်။ ထိုအယူအဆဟာ ကမ္ဘာက စကြ၀ဠာရဲ့ ဗဟိုဆိုတဲ့ ခေတ်ဟောင်းအယူအဆများကို ပယ်ဖျက်ခဲ့ပါတယ်။ မားစ်ဂြိုဟ် နဲ့ စေတန်ဂြိုဟ်တိုကို ရှာဖွေတွေ့ရှိခဲ့ပြီး နေရဲ့ ပြောင်းလဲမှု များနဲ့ ဆက်စပ်ကာ ကမ္ဘာ နဲ့ အခြားဂြိုဟ်များရဲ့ နေကို စက်ဝိုင်းပုံစံ လှည်ပတ်မှု စတဲ့ ရှာဖွေတွေ့ရှိမှုများကို ၁၅၁၅ ခုနှစ်မှ ၁၅၁၉ ခုနှစ်အတွင်း တစိုက်မတ်မတ် လုပ်ဆောင်ခဲ့ပါတယ်။
ထိုတွေ့ရှိချက်များကို အခြေခံပြီး သူ၏ ကိုယ်ပိုင်အမြင်ဖြင့် On the Revolutions of the Celestial Spheres (အာကာသ စက်ဝန်းများ ပြောင်းလဲမှု ပုံစံ) ဆိုတဲ့ စာအုပ်ကို သူမသေဆုံးခင်လေးမှာဘဲ ထုတ်ဝေနိုင်ခဲ့ပါတယ်။ ၁၅၄၃ ခုနှစ်ဦးပိုင်းကပေါ့..။
သူ့ရဲ့ စာအုပ်ဟာ ခေတ်သစ် အကာသပညာ၊ သိပံ္ပပညာတို့ရဲ့ စမှတ်လို့ ဆိုရမှာပါဘဲ။ သူ့ရဲ့ လုပ်ဆောင်ချက်များဟာ နောင်လာနောက်သား သိပံ္ပပညာရှင်များအတွက် ဆက်လက်လုပ်ဆောင်ရမယ့် လမ်းစကို ရှာဖွေတွေ့ရှိခဲ့စေတဲ့အတွက် သူ၏အမည်ကို တင်စားပြီး "ကိုပါနီးကပ် ပြောင်းလဲမှု" လို့တောင် ခေါ်ဆိုခဲ့ကြပါတယ်။ နောက်ပြီး လ ပေါ်က အကြီးဆုံး ချိုင့်ခွက်ကြီးကို lunar crater Copernicus (ကိုပါနီးကပ်စ် ချိုင့်ဝှမ်း) ၊ အင်္ဂါဂြိုဟ်ပေါ်က ကြီးမားတဲ့ မီးတောင်ဝ ကြီးကိုလည်း Mars crater Copernicus (ကိုပါနီးကပ်စ် မီးတောင်ဝ) လို့ ခေါ်ဆိုကြပါတယ်။
ပုံအညွှန်း။ ။ ကိုပါနီးကပ်စ်၊ ကိုပါနီးကပ်စ် ချိုင့်ဝှမ်း၊ ကိုပါနီးကပ်စ် မီးတောင်ဝ
အာကာသနှင့် စကြ၀ဠာ
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။