ရိုးသားသည့်ဂုဏ်
တစ်ခါတုန်းက တက္ကသိုလ်ပြည်က ဆရာကြီးရဲ့ သမီးဟာ အလွန်ချောမောလှပသတဲ့။ အဲဒီလိုချောမောလွန်းလို့ ကြိုက်တဲ့သူတွေကလဲ များတာပေါ့။ တစ်နေ့တစ်နေ့ သူဌေးသားတွေ၊မုးမတ်သားတွေနဲ့ ကုန်သည်သားတွေ လာလာတင်တောင်းကြတာ မနည်းဘူးပေါ့။
တစ်နေ့တော့ ဆရာကြီးဟာ သူ့သမီးကို လိုချင်တဲ့သူတွေအားလုံးကို စုစည်းဖို့ခေါ်လိုက်တယ်။ ပြီးတော့ အားလုံးဆုံတာနဲ့ ဆရာကြီးက လူတိုင်းကို သစ်စေ့လေးတစ်စေ့စီ ပေးပါတယ်။
" ဒီသစ်စေ့တွေကို အိမ်ပြန်ရောက်တာနဲ့ စိုက်ပျိုးပြီး နေ့တိုင်းပြုစုရမယ် တစ်နှစ်ကြာရင် အဲဒီအပင်တွေနဲ့ ပြန်လာရမယ်။ အပင်တွေ အကြီးဆုံးနဲ့ အကောင်းဆုံးပြုစုနိုင်မယ့်သူကို ငါ့သမီးနဲ့ပေးစားမယ်" လို့ဆိုသတဲ့။
သူဌေးသားတွေ မူးမတ်သားတွေလဲ အလုအယက် အစေ့တွေကို ယူကြတယ်။ သူတို့အထဲမှာ ဆရာကြီးသမီးကို ချစ်မြတ်နိုးတဲ့ သူဌေးသားလေးတစ်ဦးလဲ ပါသတဲ့။ သူဟာ သာမန်သူဌေးတစ်ယောက်ဖြစ်တြာေ ကာင့် အခြားသူဌေးသားတွေကြားမှာတော့  မထင်မရှားတစ်ယောက်ပေါ့။
သူလဲအိမ်ကိုပြန်လာပြီးတော့ အပင်လေးကို ရေလောင်း၊ မြေသြဇာတွေကျွေးရင်း စိတ်ထဲမှာတော့ ဆရာကြီးရဲ့ သမီးလေးကို မြင်ယောင်နေတာပေါ့။ နှစ်ပတ်လောက်အထိ သူ့အပင်ဟာ အညှောင့်တောင် မထွက်သေးပါဘူး။ သူက တခြားသူဌေးသားတွေနဲ့မေးကြည့်တော့ တခြားသူဌေးသားတွေလဲ အပင်မထွက်သေးဘူးလို့သိရတယ်။ သူလဲစိတ်အေးအေးနဲ့ ဆက်လက်ပြုစုပေမယ့် သုံးလကြာတာတောင် အပင်က အညှောင့်တောင် မထွက်ပါဘူး။ အဲဒီအချိန်မှာတော့ တခြားသူဌေးသားတွေရဲ့ အပင်တွေဟာ အတန်အသင့် အရွယ်ရောက်နေကြပြီ။
ဒီတော့ သူသိလိုက်တယ်။ သူ့အစေ့ဟာ သေသွားပြီပေါ့။ ဒါနဲ့ပဲ သူအကြံတစ်ခုရတယ်။ မြို့ထဲက အစေ့ဆိုင်မှာ ပန်းပင်အစေ့တစ်ခုကို ယူပြီးတော့ အိမ်ကို အမြန်ပြန်ခဲ့တယ်။ အိမ်ရောက်တော့ သူ့အမေက သူပန်းအိုးထဲကို ပန်းစေ့ထည့်ဖို့ပြင်နေတာမြင်တာနဲ့ မေးတာပေါ့။ သူကလဲ အကြံအတိုင်းပြောလိုက်တယ်။ သူ့အမေကတော့ " သားရယ် မင်းကိုပေးလိုက်တဲ့အပင်မပေါ က်တာ မပေါက်ပါစေ ဒီလိုမရိုးမသားတော့ မလုပ်ပါနဲ့" လို့ပြောသတဲ့။သူလဲ မလုပ်တော့ဘဲ အစေ့တွေကို လွင့်ပစ်လိုက်တယ်။
တစ်နှစ်ပြည့်လို့ ဆရာကြီးက ပြန်ခေါ်တဲ့နေ့ကိုရောက်ပြီ။ သူကတော့ ပန်းအိုးထဲမှာ မြေကြီးကလွဲလို့ မြက်ပင်တောင်မရှိဘူး။ သူမသွားဖို့ဆုံးဖြတ်လိုက်တယ်။ ဒါပေမယ့် သူ့အမေက " သွားလိုက်ပါကွယ် မပေါက်ရင် မပေါက်ဖူးဆိုတဲ့အကြောင်း ပြောလိုက်ပေါ့တဲ့" သူလဲ ပန်းအိုးအလွတ်ကိုကိုင်ပြီးေ တာ့ လာခဲ့တယ်။
ဆရာကြီးအိမ်ရှေ့မှာ ပန်းအိုးတွေ တန်းစီနေတယ်။ လှပပြီး သန်မာတဲ့ ပန်းပင်တွေ တစ်ပုံကြီးပဲ။ အားလုံးကလဲ ပန်းတွေပွင့်နေကြပြီးတော့ အရောင်စုံနဲ့ ပန်းပြပွဲထဲ ရောက်နေသလိုခံစားရတယ်။ အဲဒီအချိန်မှာ သူက ပန်းအိုးအလွတ်ကို ချလိုက်တော့ ကျန်တဲ့လူတွေ အကုန်ဝိုင်းရယ်ကြတယ်။ လှောင်ပြောင်ကြတယ်။ သူလဲ မျက်နှာလွှဲပြီး မသိချင်ယောင်ဆောင်ထားလိုက်တ ယ်။
မကြာဘူး။ ဆရာကြီးက ပန်းပင်တွေကို လိုက်ကြည့်တယ်။ ပြီးတော့ အိုးအလွတ်ကိုတွေ့တော့ ဒါဘယ်သူ့အိုးလဲပေါ့။ သူကထွက်လာပြီး ကျွန်တော့်အိုးပါ လို့ပြန်ဖြေတယ်။ အားလုံးကလဲ ၀ိုင်းရယ်ကြတယ်။အဲဒီအချိန်မှာပဲ ဆရာကြီးက
" ကျွန်ုပ်သမီးအတွက် ကြင်ယာကို ရှာတွေ့ပြီ ထိုသူကားတခြားမဟုတ် ဒီသူငယ်ပဲ" ဆိုပြီး သူ့ကိုလက်ညိုးထိုးတယ်။ သူလဲ ကြောင်သွားတယ်။ အဲဒီအချိန်မှာပဲ ဆရာကြီးက " ကိုယ့်အကြောင်းကိုယ်သိကြတယ် မလား " ဟုလူအများကို လှည့်ပြောတယ်။
" တကယ်တော့ ငါပေးလိုက်တဲ့ အစေ့တွေဟာ ပြုတ်ပြီးသား ဖုတ်ပြီးသား အစေ့တွေပဲ လုံးဝကို အပင်မပေါက်နိုင်ဘူး မင်းတို့က ငါပေးလိုက်တဲ့ အစေ့တွေသေကုန်လို့ အစေ့အသစ်ဝယ်ပြီး ငါ့ကိုလှည့်စားဖို့ ကြိုးစားကြတယ် ငါက ရိုးသားဖြောင့်မတ်တဲ့လူကို လိုချင်လို့ ဒီလိုမျိုးစမ်းသပ်ခဲ့တာပဲ "
နောက်တော့ သူဌေးသားတွေလဲ ခေါင်းငိုက်စိုက်ပြီးတော့ ကိုယ့်အိုးတောင် ကိုယ်ပြန်မသယ်နိုင်ပဲ ပြန်ထွက်သွားကြတယ်။ သူများဖြစ်တုန်းက ၀ိုင်းရယ်ခဲ့တဲ့လူတွေ အခုတော့ ပြုံးတောင်မပြုံးနိုင်ကြတော့ ပါဘူး။ ဒီအချိန်မှာ ၀မ်းသာအားရနဲ့ ထရယ်လိုက်တဲ့သူရှိတယ်။ သူကတော့ ဘယ်သူဖြစ်မယ်ထင်လဲ. . .
သေချာတယ် . . .သူပဲပေါ့
မောင်စိုင်း
www.kanaung.net
တစ်ခါတုန်းက တက္ကသိုလ်ပြည်က ဆရာကြီးရဲ့ သမီးဟာ အလွန်ချောမောလှပသတဲ့။ အဲဒီလိုချောမောလွန်းလို့ ကြိုက်တဲ့သူတွေကလဲ များတာပေါ့။ တစ်နေ့တစ်နေ့ သူဌေးသားတွေ၊မုးမတ်သားတွေန
တစ်နေ့တော့ ဆရာကြီးဟာ သူ့သမီးကို လိုချင်တဲ့သူတွေအားလုံးကို စုစည်းဖို့ခေါ်လိုက်တယ်။ ပြီးတော့ အားလုံးဆုံတာနဲ့ ဆရာကြီးက လူတိုင်းကို သစ်စေ့လေးတစ်စေ့စီ ပေးပါတယ်။
" ဒီသစ်စေ့တွေကို အိမ်ပြန်ရောက်တာနဲ့ စိုက်ပျိုးပြီး နေ့တိုင်းပြုစုရမယ် တစ်နှစ်ကြာရင် အဲဒီအပင်တွေနဲ့ ပြန်လာရမယ်။ အပင်တွေ အကြီးဆုံးနဲ့ အကောင်းဆုံးပြုစုနိုင်မယ့်သ
သူဌေးသားတွေ မူးမတ်သားတွေလဲ အလုအယက် အစေ့တွေကို ယူကြတယ်။ သူတို့အထဲမှာ ဆရာကြီးသမီးကို ချစ်မြတ်နိုးတဲ့ သူဌေးသားလေးတစ်ဦးလဲ ပါသတဲ့။ သူဟာ သာမန်သူဌေးတစ်ယောက်ဖြစ်တြာေ
သူလဲအိမ်ကိုပြန်လာပြီးတော့ အပင်လေးကို ရေလောင်း၊ မြေသြဇာတွေကျွေးရင်း စိတ်ထဲမှာတော့ ဆရာကြီးရဲ့ သမီးလေးကို မြင်ယောင်နေတာပေါ့။ နှစ်ပတ်လောက်အထိ သူ့အပင်ဟာ အညှောင့်တောင် မထွက်သေးပါဘူး။ သူက တခြားသူဌေးသားတွေနဲ့မေးကြည့
ဒီတော့ သူသိလိုက်တယ်။ သူ့အစေ့ဟာ သေသွားပြီပေါ့။ ဒါနဲ့ပဲ သူအကြံတစ်ခုရတယ်။ မြို့ထဲက အစေ့ဆိုင်မှာ ပန်းပင်အစေ့တစ်ခုကို ယူပြီးတော့ အိမ်ကို အမြန်ပြန်ခဲ့တယ်။ အိမ်ရောက်တော့ သူ့အမေက သူပန်းအိုးထဲကို ပန်းစေ့ထည့်ဖို့ပြင်နေတာမြင
တစ်နှစ်ပြည့်လို့ ဆရာကြီးက ပြန်ခေါ်တဲ့နေ့ကိုရောက်ပြီ။ သူကတော့ ပန်းအိုးထဲမှာ မြေကြီးကလွဲလို့ မြက်ပင်တောင်မရှိဘူး။ သူမသွားဖို့ဆုံးဖြတ်လိုက်တယ
ဆရာကြီးအိမ်ရှေ့မှာ ပန်းအိုးတွေ တန်းစီနေတယ်။ လှပပြီး သန်မာတဲ့ ပန်းပင်တွေ တစ်ပုံကြီးပဲ။ အားလုံးကလဲ ပန်းတွေပွင့်နေကြပြီးတော့ အရောင်စုံနဲ့ ပန်းပြပွဲထဲ ရောက်နေသလိုခံစားရတယ်။ အဲဒီအချိန်မှာ သူက ပန်းအိုးအလွတ်ကို ချလိုက်တော့ ကျန်တဲ့လူတွေ အကုန်ဝိုင်းရယ်ကြတယ်။ လှောင်ပြောင်ကြတယ်။ သူလဲ မျက်နှာလွှဲပြီး မသိချင်ယောင်ဆောင်ထားလိုက်တ
မကြာဘူး။ ဆရာကြီးက ပန်းပင်တွေကို လိုက်ကြည့်တယ်။ ပြီးတော့ အိုးအလွတ်ကိုတွေ့တော့ ဒါဘယ်သူ့အိုးလဲပေါ့။ သူကထွက်လာပြီး ကျွန်တော့်အိုးပါ လို့ပြန်ဖြေတယ်။ အားလုံးကလဲ ၀ိုင်းရယ်ကြတယ်။အဲဒီအချိန်မ
" ကျွန်ုပ်သမီးအတွက် ကြင်ယာကို ရှာတွေ့ပြီ ထိုသူကားတခြားမဟုတ် ဒီသူငယ်ပဲ" ဆိုပြီး သူ့ကိုလက်ညိုးထိုးတယ်။ သူလဲ ကြောင်သွားတယ်။ အဲဒီအချိန်မှာပဲ ဆရာကြီးက " ကိုယ့်အကြောင်းကိုယ်သိကြတယ်
" တကယ်တော့ ငါပေးလိုက်တဲ့ အစေ့တွေဟာ ပြုတ်ပြီးသား ဖုတ်ပြီးသား အစေ့တွေပဲ လုံးဝကို အပင်မပေါက်နိုင်ဘူး မင်းတို့က ငါပေးလိုက်တဲ့ အစေ့တွေသေကုန်လို့ အစေ့အသစ်ဝယ်ပြီး ငါ့ကိုလှည့်စားဖို့ ကြိုးစားကြတယ် ငါက ရိုးသားဖြောင့်မတ်တဲ့လူကို လိုချင်လို့ ဒီလိုမျိုးစမ်းသပ်ခဲ့တာပဲ "
နောက်တော့ သူဌေးသားတွေလဲ ခေါင်းငိုက်စိုက်ပြီးတော့ ကိုယ့်အိုးတောင် ကိုယ်ပြန်မသယ်နိုင်ပဲ ပြန်ထွက်သွားကြတယ်။ သူများဖြစ်တုန်းက ၀ိုင်းရယ်ခဲ့တဲ့လူတွေ အခုတော့ ပြုံးတောင်မပြုံးနိုင်ကြတော
သေချာတယ် . . .သူပဲပေါ့
မောင်စိုင်း
www.kanaung.net
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။