Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, February 20, 2014

စာမေးပွဲကာလ ကျန်းမာနေစေရန် ရှောင်သင့်၊ ဆောင်သင့်သော အစာအာဟာရ


ပိုပိုဇော်(သဘာဝအားအင်)
စာမေးပွဲကာလ ကျန်းမာနေစေရန် ရှောင်သင့်၊ ဆောင်သင့်သော အစာအာဟာရ
•••••••••••••••••••••••••••••••••••••••••••••••••••••••
by ‪#‎ပိုပိုဇော်‬(သဘာဝအားအင်)February 19, 2014 at 6:28pm

အခုဆိုရင် ကျောင်းသား၊ ကျောင်းသူ အများစုအတွက် အတန်းတင် စာမေးပွဲ ဖြေဆိုဖို့ နီးကပ်လာပါပြီ။ စာမေးပွဲမှာ ကောင်းကောင်း ဖြေဆိုနိုင်ဖို့ဆိုရင် သင် ခန်းစာတွေကို ကြေညက်အောင် လေ့လာထားဖို့ လိုသလို ကျန်းမာရေးလည်း ကောင်းမွန်နေဖို့ လိုပါတယ်။ ကျောင်းသား၊ ကျောင်းသူတွေ ကျန်းမာဖို့ ရာအတွက် အာဟာရ ပြည့်ဝနေသင့်ပါတယ်။ စာမေး ပွဲကာလ တစ်လျှောက်လုံးရော သင်ခန်းစာတွေကို အပြင်းအထန် မှတ်သားနေ သူတွေအနေနဲ့ပါ ကျန်းမာနေစေဖို့ စားသင့်၊ ရှောင်သင့်တဲ့ အစား အသောက်တွေကို ရေးသားလိုက် ရပါတယ်။ 

ဥအမျိုးမျိုး
ဘာကြောင့် စားသင့်တာလဲ

ဘဲဥ၊ ကြက်ဥစားရင် စာမေးပွဲမှာ သုညပဲ ရလိမ့်မယ် ဆိုပြီး စနောက်ကာ ဥအမျိုးမျိုးကို တချို့က ရှောင်လေ့ ရှိပါတယ်။ တကယ်တော့ ဥအမျိုးမျိုးမှာ မရှိ မဖြစ် ဖော့စ်ဖိုလစ်ပစ်၊ ကိုလင်း၊ သံဓာတ် နဲ့ အရည်အသွေးမြင့် ပရိုတင်းဓာတ်တို့ ပါဝင်တာကြောင့် ဦးနှောက်အတွက် အ ကောင်းဆုံး အစာဖြစ်ကာ စာမေးပွဲကာ လအတွင်း စားသင့်ပါတယ်။

ဗီတာမင်စီပါသော အစားအစာ
ဘာကြောင့် စားသင့်တာလဲ

ဗီတာမင်စီပါတဲ့ အစာကို တစ်နေ့ နှစ်ကြိမ်-သုံးကြိမ် စားတာကြောင့် ကိုယ် ခံစွမ်းအားကို မြင့်တက်စေပြီး ခန္ဓာကိုယ် ကနေ သံဓာတ်စုပ်ယူမှုကို အားကောင်း စေကာ ဦးနှောက်ဆီသို့ အောက်ဆီဂျင် ရောက်ရှိမှု များစေပါတယ်။ ဒါကြောင့် ဉာဏ်ရွှင်လန်းစေဖို့ ချဉ်တဲ့အသီးတွေ၊ ခရမ်း ချဉ်သီး၊ အစိမ်းရင့်ရောင် ဟင်းသီးဟင်း ရက်ွတွေ၊ ငရုတ်သီးစိမ်း၊ ငရုတ်သီးမှည့်၊ မာလကာသီးနဲ့ ကညွတ်တို့လို ဗီတာမင်စီ ပါတဲ့ အစာတွေကို စားပေးသင့်ပါတယ်။

ငါး
ဘာကြောင့် စားသင့်တာလဲ

တစ်ပတ်မှာ အနည်းဆုံး ငါး သုံး ကြိမ်စားပေးပါ။ ဆာဒင်းနဲ့ ဆယ်လ်မွန်တို့ လို အဆီများတဲ့ ငါးတွေမှာ မှတ်Óဏ် အားကောင်းစေတဲ့ အိုမီဂါ ၃ ဖက်တီး အက်စစ်များစွာ ပါဝင်ပါတယ်။

ထောပတ်သီး
ဘာကြောင့် စားသင့်တာလဲ

ထောပတ်သီး၊ အခွံမာတဲ့ အစေ့အ ဆန် လက်တစ်ဆုပ်စာနဲ့ သံလွင်ဆီတို့ ဟာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီတွေ ဖြစ်တာကြောင့် ဦးနှောက်ကို ကျန်းမာစေ ပါတယ်။

ဟင်းသီးဟင်းရွက်များ
ဘာကြောင့် စားသင့်တာလဲ

ဗီတာမင်အေနဲ့ ဘီတာကယ်ရိုတင်း အများအပြား ပါဝင်တဲ့ လိမ္မော်ရောင်နဲ့ အဝါရောင်ရင့် ဟင်းသီးဟင်းရွက်တွေက ကိုယ်ခံစွမ်းအားစနစ်ကို ကောင်းမွန်စေ သလို မျက်စိအမြင်အာရုံကို ကောင်းမွန် စေတာကြောင့် သင်ခန်းစာတွေကို ဖတ် ရှုလေ့လာနေရသူတွေ စားသင့်ပါတယ်။

အမျှင်ပါသော ကောက်နှံစာ
ဘာကြောင့် စားသင့်တာလဲ

အခွံချွတ်မထားတဲ့ ကောက်နှံစာမှာ အမျှင်ဓာတ်အများအပြား ပါဝင်တာ ကြောင့် အူလှုပ်ရှားမှုကို ကောင်းစေကာ သွေးတွင်း သကြားဓာတ်ကို တည်ငြိမ်စေ ပါတယ်။ စိတ်ဖိစီးမှု တွန်းလှန်ပေးနိုင်တဲ့ ဗီတာမင်ဘီလည်း များစွာ ပါဝင်တာကြောင့် စိတ် တည်ငြိမ်စေပြီး အရာရာကို ရှင်းရှင်းလင်းလင်း၊ ကြည်ကြည်လင်လင် တွေးခေါ်နိုင်စေပါတယ်။ ဗီတာမင်ဘီက သင်ခန်းစာတွေကို လေ့လာမှတ်သားနေ ချိန်အတွင်း စွမ်းအင်တိုးစေပါတယ်။ ဗီတာမင်ဘီများစွာ ပါဝင်တဲ့ ပဲအမျိုးမျိုးမှာ ပရိုတင်းဓာတ်လည်း ပါဝင်တာကြောင့် အသားများများ မစားဖြစ်တဲ့ ကျောင်းသား၊ ကျောင်းသူတွေ အဓိက စားသင့်ပါတယ်။

ဒိန်ချဉ်
ဘာကြောင့် စားသင့်တာလဲ

ဒိန်ချဉ်အလွတ်ကို စားတာက အစာ ကြေညက်စေပြီး အူထဲမှာ အကျိုးပြု ဘက်တီးရီးယားကို တိုးစေတာကြောင့် ကျောင်းသား၊ ကျောင်းသူတွေအတွက် သင့်တော်ပါတယ်။

အချိုရည်နှင့် သကြားပါသော ဖျော်ရည်များ
ဘာကြောင့် ရှောင်သင့်တာလဲ

သွေးတွင်း သကြားဓာတ်ကို မြင့် တက်စေနိုင်တဲ့ အချိုရည်နဲ့ သကြားပါတဲ့ အရည်တွေက အာရုံစူးစိုက်နိုင်ဖို့ ခက်ခဲ တတ်ပါတယ်။ ဒါကြောင့် အချိုစားချင် စိတ်ပြင်းပြနေရင် အစာစားပြီး အနည်းငယ်ပဲ သောက်ပါ။ ဒါဆိုရင် စားတဲ့ အစာနဲ့ ရောပြီး အစာကြေ နှုန်းနှေးကာ သွေးကြောထဲ ရောက်ရှိနှုန်း လျော့နည်းသွား နိုင်ပါတယ်။

ကော်ဖီပြင်းပြင်း
ဘာကြောင့် ရှောင်သင့်တာလဲ

တစ်နေ့တာအတွင်း ကော်ဖီအနည်းငယ် သောက်တာနဲ့ အိပ်ရာမဝင်ခင် အချိန် လေးနာရီအတွင်း ကော်ဖီ မသောက်ဘဲနေတာက အဆင်ပြေပေမယ့် ကော်ဖီပြင်းပြင်းကိုတော့ မသောက်မိဖို့ လိုပါတယ်။ အကြောင်းကတော့ ကဖင်းဓာတ်က ဦးနှောက်ကို တက်ကြွလွန် အောင် လှုံ့ဆော်ပေးနိုင်ပြီး အိပ်မပျော် ဖြစ်စေလို့ပါ။ တစ်နေ့တာ လေ့လာသင် ယူခဲ့သမျှ မှတ်မိနေစေဖို့ ညဘက်မှာ နှစ် နှစ်ခြိုက်ခြိုက် အိပ်မောကျဖို့ လိုပါတယ်။

ဆီကြော်ထားသော အမြန်စာများ
ဘာကြောင့် ရှောင်သင့်တာလဲ

ဆီကြော်ထားတဲ့ အမြန်စာထဲမှာပါတဲ့ ထရန့်စ်ဖတ်စ်တွေက ဦးနှောက်ထဲမှာ လိုအပ်တဲ့ အိုမီဂါ ၃ ဖက်တီးအက်စစ်ကို အစားပြန်မထိုးနိုင်တဲ့အပြင် စိတ်ဓာတ် ကျတာလို စိတ်ဝေဒနာကို ဖြစ်စေနိုင်ပါ တယ်။ အဆီများတဲ့ အစာတွေမှာ ကယ်လိုရီပါဝင်မှု လွန်ကဲပြီး အာဟာရဓာတ် နည်းတာကြောင့် တစ်နေ့လုံး ပင်ပန်းနေ နိုင်ပါတယ်။ အဲဒီအခါ ကိုယ်တွင်းရှိ အောက်ဆီဂျင်တွေကို ဦးနှောက်က အာ ရုံစူးစိုက်နိုင်ဖို့ မသုံးနိုင်တော့ဘဲ အစာ ချေ ဖျက်ဖို့အတွက် သုံးနေရတာကြောင့် လေ့ လာသင်ယူနိုင်စွမ်း လျော့ကျတတ်ပါတယ်။

ဇွန်ခိုင်ဦး(ဆေးဝါးတက္ကသိုလ်)
photo copy from google search
originally posted by Good Health
source >>>http://natureenergycares.blogspot.com/2014/02/blog-post_19.html#more

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။