မနေ့က ….. ကျွန်တော် သူတို့နဲ့သွားတွေ့ဖြစ်တယ် .......
သူတို့လေးတွေကို စားသောက်ဆိုင်တစ်ဆိုင်မှာ တူတူတန်တန် အရသာရှိတဲ့ ညစာလေးလဲ ကျွေးမွေးချင်စိတ်ရှိနေလို့ ပါ။ တစ်ခါတစ်ရံ သူတို့ဆီကို ဖုန်းဆက်မိလို့ “ဘာချက်လဲ” မေးလိုက်တိုင်း၊ “ကန်စွန်းရွက်ကြော်စားတယ် … ဦး” “ကြက်ဥကြော်စားတယ် … ဦး” “ပဲပင်ပေါက်ကြော်စားတယ် … ဦးရဲ့” ဆိုတဲ့ အသံလေးတွေ နားထဲက မထွက်နိုင်တာလည်း ပါတာပေါ့လေ။ သူတို့လေးတွေ ဟင်းတစ်ခွက်နဲ့ အဆင်ပြေအောင် စားနေကြတာပါ။ သူတို့လေးတွေ အတတ်နိုင်ဆုံး ချွေတာပြီး စားနေကြတဲ့ ရည်ရွယ်ချက်ကတော့ …………..
“ကျန်ရစ်ခဲ့သူ မိသားစုရှိရာကို လကုန်တိုင်း ငွေပို့နိုင်ရေးအတွက်ပေါ့”
“သူတို့လေးတွေ” ဆိုတာ ကျွန်တော့် အဆက်အသွယ်နဲ့ မလေးရှားမှာ အလုပ်လာလုပ်နေကြတဲ့ မြန်မာပြည်က မိန်းကလေး ရှစ်ယောက်ပါ။ သူတို့တွေ အီလက်ထရောနစ် စက်ရုံတစ်ရုံမှာ အလုပ်လုပ်ကြရပါတယ်။ လစာကလည်း သိပ်အမြင့်ကြီး မဟုတ်ပေမယ့် တစ်လကို မလေးရှား ရင်းဂစ် ၇၀၀ ကနေ ၉၀၀ ကျော်လောက်ဆိုတော့ အဆိုးကြီးတော့ မဟုတ်ဘူးပေါ့။ ရောက်ခါစကတော့ သူတို့လေးတွေ အစစ အရာရာ ကျွန်တော့်ကိုဘဲ အားကိုးကြတာပေါ့လေ။ သူတို့ထဲက တတ်နိုင်သူတစ်ယောက်ဆီမှာ ဖုန်းလေး တစ်လုံးလည်း ပါလာတာတွေ့ရတယ်၊ သူတို့လေးတွေ စရောက်တုန်းကတော့ ကျွန်တော်ဝယ်ပေးတဲ့ နံပါတ်အသစ်နဲ့ မြန်မာပြည်ကိုလည်းပြန်ဆက်ကြ ၊ ဒီမှာရောက်နေတဲ့ ဆွေမျိုးသားချင်းတွေဆီလည်း ဆက်ကြပေါ့။ ဒီဖုန်းလေး တစ်လုံးကိုပဲ အားလုံးက ဘုံသုံးစနစ်လေးလုပ်နေကြတာ။
ဒါပေမယ့် မနေ့က ကျွန်တော်တွေ့တော့ အားလုံးဘဲ ဖုန်းကိုယ်စီဖြစ်နေကြလို့။ တစ်ခုသတိထားမိတာက သူတို့ဖုန်းလေးတွေ ကိုယ်စီကိုယ်စီခေါ်သံလေးတွေညံနေလို့ … စီးပွားရေးလုပ်ငန်းရှင်ပေါက်စလေးတွေနဲ့တောင် တူသေးတော့ရဲ့ ….. တစ်ယောက်ဖုန်းလာရင် ကျန်သူတွေကလည်း အဓိပ္ပါယ်ပါတဲ့ အပြုံးလေးတွေနဲ့ ၀ိုင်းကြည့်ကြရဲ့၊ ကျွန်တော်လည်း သူတို့လေးတွေကိုကြည့်ပြီး ပြုံးမိပါရဲ့။ လူ့သဘာဝ၊ ဖိုမသဘာဝပဲ မဟုတ်ပါလား။
ပြီးတော့ သူတို့လေးတွေက ရှိလှမှ အသက် ၂၀ ၊ ၂၀ ကျော်ဝန်းကျင်လေးတွေ။
ဆိုင်ကမှာထားတဲ့ အစားသောက်တွေ ရောက်မလာခင် သူတို့အကြောင်းတွေတွေးရင်းနဲ့ သူတို့တွေဆီဖုန်းဆက်နေတဲ့ သူတို့မိတ်ဆွေအမျိုးသားလေးေ တွအကြောင်း ဆက်စပ်တွေးမိလေရဲ့။ ဒီအမျိုးသားလေးတွေလည်း ဖုန်းဖိုးလေးတွေ အကုန်ခံကြ၊ ပိုးကြေးပန်းကြေးလေးတွေလည်း ပေးကြကမ်းကြ၊ တစ်ချို့ကျတာ့လည်း တစ်မြို့တစ်ရွာတည်းသားချင်း မို့ သွေးရိုးသားရိုး ကူညီကြတာလည်း ဖြစ်နိုင်ရဲ့၊ အလုပ်ပိတ်ရက်နဲ့ လစာထုတ်ရက်ကြုံတော့လည်း အနီးအဝေးကနေ တစ်ကူးတစ်ကလာတွေ့ကြ။ စားသောက်ဆိုင်လေးတွေ ခေါ်သွားပြီး ကျွေးကြမွေးကြ။ မြင်ရတွေ့ရလည်း မင်္ဂလာရှိပါရဲ့လို့ ……..
အတွေးဆိုတာကလည်း ဟိုရောက်ဒီရောက်ဖြစ်တတ်တာဆိုတော့ ကိုယ့်အကြောင်းလည်း ကိုယ်ပြန်တွေးမိပြီး ရှက်ပြုံးလေးတောင် ကျိတ်ပြုံးလိုက်မိသေး၊ ကိုယ်လည်းတစ်ချိန်က အင်ဒိုနီးရှား ကောင်မလေးတွေရဲ့ ကယ်တင်ရှင်၊ ကျေးဇူးရှင်ဖြစ်ဘူးသေးတာကိုး။ ကိုယ့်အိမ်အတွက် လကုန်ရင်ငွေပို့ရမယ့် ကိစ္စတွေတောင် ပျက်ကွက်လို့၊ မြန်မာပြည်ကထွက်လာပြီး မလေးရှားမှာ အောက်ခြေသိမ်း အလုပ်လုပ်တွေလုပ်၊ ခြိုးခြိုးခြုံခြုံစားပြီး အင်ဒိုနီးရှားကို ပိုက်ဆံပို့ဘူးတဲ့ လူစွမ်းကောင်းလုပ်ခဲ့ဘူးသူ ကျွန်တော့်ထက်စာရင် ဒီအမျိုးသားလေးတွေကမှ တော်သေးတယ်ပေါ့ ……..
ဒီလိုနဲ့ အတွေးတွေဆက်နေတုန်း မှာထားတဲ့ အစားသောက်တွေရောက်လာတော့ စားကြ၊ သောက်ကြ၊ စကားတွေပြောကြ၊ ပြောင်ကြ နောက်ကြနဲ့ သူတို့လေးတွေ ပျော်နေတာကြည့်ရင်းကဘဲ စိုးရိမ်စိတ်က၀င်လာတာနဲ့ စားသောက်ပြီးချိန်မှာ ကိုယ်တွေ့ဘူး ကြုံဘူးတာတွေကို အရင်းခံလို့ တတ်သလောက် မှတ်သလောက် ဆုံးမစကားလေးတွေ ပြောမိသေးရဲ့။
“သမီးတို့ …….. ညည်းတို့တစ်တွေကို ဦး ပြောစရာလေးတွေရှိတယ် … အဲဒါကတော့ သမီးတို့ ဒီမှာ အပေါင်းအသင်းပေါင်းတဲ့ ကိစ္စဘဲ၊ လူဆိုတာဘယ်သူဘဲဖြစ်ဖြစ် အပေါင်းအသင်း မိတ်ဆွေဆိုတာ မရှိမဖြစ်လိုအပ်ပါတယ်။ ဒီလိုတိုင်းတစ်ပါး ရေခြားမြေခြားမှာ ပိုပြီးလိုအပ်တာပေါ့၊ ဒါပေမယ့် ကိုယ်မိဖ၊ မောင်နှမတွေနဲ့ ဝေးတဲ့နေရာမျိုးမှာ ရောက်နေတဲ့အတွက် အစအစအရာရာ သတိရှိရှိနဲ့ ပေါင်းဖို့သင်းဖို့လိုတယ်၊ သမီးတို့က မိန်းကလေးလည်းဖြစ်ပြန်၊ အရွယ်လေးတွေကလည်းငယ်ဆိုတော့ အပေါင်းအသင်းဖြစ်ချင်သူ၊ နီးစပ်ချင်သူ၊ ချစ်ချင် ကြိုက်ချင်သူတွေ သေချာပေါက်ရှိမှာပါဘဲ။ ဆိုတော့ကာ ….. သမီးတို့ဘက်က သတိရော အသိပါ ရှေ့ထားပြီး ပေါင်းသင်းတတ်ဖို့လိုပါတယ် ……
နောက်တစ်ခုက ကိုယ့်ကိုချဉ်းကပ်သူ၊ နီးစပ်ချင်သူရဲ့ ရှေ့ကြောင်း နောက်ကြောင်း ကောင်းကောင်းသိဖို့လိုပါတယ် ၊ တစ်ဖက်ကချဉ်းကပ်လာတဲ့သူမှာ အိမ်ထောင်ရှိပြီး၊ သားမယားကို မြန်မာပြည်မှာထားခဲ့၊ သူက ဒီမှာ မိသားစုအတွက် ရုန်းကန်နေရသူမျိုးဆို ဝေးဝေးကရှောင်ကြပါ၊ သမီးတို့ကြောင့် ကျန်ရစ်သူ သူ့ရဲ့ မိသားစုဘ၀လေးမပျက်ဆီးပါစေနဲ့ ၊ ယောကျာ်းလေးဆိုတာကတော့ လက်တည့်စမ်းချင်သူများတတ်ပါ တယ်၊ ဒါပေမယ့် တာဝန်ယူနိုင်သူ၊ တာဝန်ယူချင်သူဆိုတာရှားပါတယ်၊ ဘ၀ရှေ့ရေးအတွက် လက်တွဲဖော်ရှာမယ်ဆိုရင်လည်း ကိုယ့်ပြည်ကိုယ့်ရွာရောက်မှ ရှာကြစေချင်တယ်။
သမီးတို့လည်း ကြားဘူးကြမှာပါ၊ မိန်းကလေးဆိုတာက ဖက်ရွက်လိုဘဲ၊ ဆူးပေါ်ဖက်ကျလည်း ဖက်ပေါက်၊ ဖက်ပေါ်ဆူးကျလည်း ဖက်ပေါက်တယ်ဆိုတာမျိုးပေါ့၊ အေး …. ဒါပေမယ့် အိမ်ထောင်ရှိနေတဲ့ သူနဲ့ အကြောင်းပါလို့ကတော့ ဖက်လည်းပေါက်၊ ဆူးလည်းကျိုးအဖြစ်မျိုးတွေနဲ့ ကြုံရနိုင်ပါတယ်၊ ကိုယ့်ဖက်ရွက်လည်း အလွယ်တကူ အပေါက်မခံပါနဲ့ ၊ သူများဆူးလည်း ကိုယ့်ကြောင့် မကျိုးကြပါစေနဲ့။”
ကျွန်တော်က ဒီလိုစကားရှည်ကြီးပြောပြီးလို့အဆုံးမှာ သူတို့လေးတွေ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လို့ ရှက်ပြုံးနွမ်းနွမ်းလေးတွေ ကိုယ်စီနဲ့ပါ …….
ကျွန်တော်ပြောတဲ့ ရည်ရွယ်ချက်ကို သူတို့လေးတွေ နားလည်နိုင်ကြပါစေလို့ ဆုတောင်းရင်းနဲ့ဘဲ သူတို့လေးတွေကိုလည်း ကျွန်တော်နားလည်ပေးနေမိပါရဲ့ ။ တစ်ချို့ကျတော့လည်း မိမိကို ကူညီသူရဲ့ အထောက်အပံ့ကိုယူပြီး နောက်ပိုင်းကို ထောက်ပံ့နိုင်လေမလားဆိုတဲ့ အမှားအားကိုးစိတ်လေးတွေကို ဖက်တွယ်မိတာတွေ ကျွန်တော် ကြုံခဲ့ဆုံခဲ့ဘူးသည်ဘဲ။
ကျွန်တော် ဆရာလုပ်ပြီး စကားကြောရှည်သွားလို့လား၊ သို့တည်းမဟုတ် ကျွန်တော် သူတို့ကို ဆူနေတယ်ထင်သွားကြလို့လားမသိ ၊ သူတို့လေးတွေ နည်းနည်းငြိမ်သွားတာ သတိထားမိလိုက်တယ်၊ ကျွန်တော်တို့ဝိုင်းလေး စောစောကလို ရယ်သံလွင်လွင်လေးတွေ ဆိတ်သုဉ်းသွားတယ် .......
ဒါနဲ့ဘဲ ကျွန်တော်ဖတ်ခဲ့ဘူးတဲ့ နွယ်နီမဂ္ဂဇင်း အတွဲ (၂၀) အမှတ် (၃) ဇူလိုင်လ ၂၀၁၀ ထုတ်၊ အတွေးအမြင်အခန်းမှာ စာရေးဆရာမ မယ်လေးရေးတဲ့ “မိသားစုဘယ်မှာလဲ” ဆိုတဲ့ ဆောင်းပါးထဲက ဟာသဆန်ဆန် သတိပေးထားတာလေးတစ်ခုအကြောင်း ဆက်ပြောဖြစ်လိုက်တယ်၊ ဒီအကြောင်းအရာလေးက ရုတ်တရက် ပြုံးချင်စရာ ရသလေးကို ပေးပေမယ့် လေးလေးနက်နက်လေးဆက်တွေးကြည့် တဲ့အခါ ရင်လေးစရာရသကို ကျွန်တော်ခံစားလိုက်ရလို့ပါ ၊ ကလေးတွေကို ကျွန်တော်အနီးစပ်ဆုံး ကိုယ်ပြောတတ်သလို ပြောပြလိုက်တာပါ။
စကားဆုံးတော့ သူတို့လေးတွေ လှိုက်လှိုက်လှဲလှဲရယ်ကြပါတယ် ။ ကျွန်တော်ကတော့ ဒီအကြောင်းလေးကို သူတို့ဆက်ပြီး သူတို့ရဲ့အမျိုးသားမိတ်ဆွေေ လးတွေကိုလည်း လက်ဆင့်ကမ်းပြောပြစေချင်ပါတ ယ်။
ကျွန်တော်သူတို့ကို ပြောသလိုရေးရင် မူရင်းအရသာလေးပျက်ဆီးသွားမှာစိုးရိမ်လို့ ဆရာမ မယ်လေးရေးတဲ့ မူရင်းအတိုင်းကူးရေးပေးလိုက်ပါတယ်။
ဆရာမ ရေးထားတာက ……
“ကျွန်မကိုပြည်ပက မိတ်ဆွေတစ်ယောက်ပို့ပေးဘူးတဲ့ အီးလ်မေးကို သတိရမိပါတယ်။ တစ်မြို့တစ်ရွာမှာ တာဝန်ကျနေတဲ့ ခင်ပွန်းက သူ့အသုံးစရိတ်များသွားလို့ ဇနီးဖြစ်သူထံကို စာတစ်စောင်ရေးပို့လိုက်ပါတယ်။ ဒီလတော့ ငွေမပို့နိုင်တော့လို့ ဒီစာနဲ့အတူ အနမ်းတစ်ရာကို ပေးပို့လိုက်ပါတယ်တဲ့။ ဇနီးလုပ်သူကလည်း ပေးပို့လိုက်တဲ့ အနမ်းတစ်ရာကို ဘယ်သို့ဘယ်ပုံသုံးစွဲထားကြောင်း ခင်ပွန်းထံကို ပြန်စာပို့လိုက်ပါတယ်။
အိမ်လခအတွက် အိမ်ရှင်ကို အနမ်း ၃၅ ခါ၊ လျှပ်စစ်မီးအတွက် မီတာဖတ်သူကို အနမ်း ၁၅ ခါ၊ ရေပိုက်ပြင်သမားကို အနမ်း ၁၀ ခါ၊ ကုန်စုံဆိုင်ပိုင်ရှင်ကတော့ သူ့ကုန်ကြွေးတွေအတွက် အနမ်း ၁၅ ခါနဲ့ မလုံလောက်လို့ သူအလိုရှိရာတစ်ချို့ကို ပေးလိုက်ရပါတယ်၊ ပေးပို့လိုက်တဲ့ အနမ်း ၁၀၀ ထဲက အနမ်း ၇၅ ခါကို သုံးစွဲပြီးကြောင်း၊ ကျန်တဲ့ အနမ်း ၂၅ ခါကို လကုန်သည်အထိ လောက်အောင်သုံးစွဲနိုင်မည်ထ င်ကြောင်းနဲ့ နောက်လတွေမှာ အနမ်းဘယ်လောက်ပို့ပြီး ဘယ်လိုသုံးစွဲရမည်ဆိုတာကိုပါ ထည့်ရေးပေးစေလိုကြောင်း စာပြန်လိုက်ပါသတဲ့။”
ကျွန်တော် သူတို့ကိုပြောလိုက်တာ ဒီအထက်က အကြောင်းအရာလေးပါ။
ကျွန်တော် မလေးရှားကို ၁၉၉၃ မှာရောက်ပါတယ်။ ရောက်ခါစက လစဉ် မိန်းမနဲ့ သမီးဆီကို ငွေပို့ခဲ့ပါတယ်။ ၁၉၉၇ ခုနှစ်လောက်မှာ ကျွန်တော်အသုံးအစွဲများလာပြီး ငွေလစဉ် မပို့နိုင်တော့ပါဘူး။ ငွေ့မပို့နိုင်တဲ့အခါ အနမ်းတွေကို တယ်လီဖုန်းကတဆင့် ပို့ဘူးပါတယ်။ ကျွန်တော့် မိန်းမကတော့ ကျွန်တော်ပို့တဲ့ အနမ်းတွေကို မသုံးတတ်ပါဘူး။ ဒါပေမယ့် သုံးစရာငွေလည်း မရှိတော့ တစ်ကယ်အားကိုရမယ့် တစ်ကယ့် အနမ်းအစစ်တွေပေးမယ့်သူတစ်ယောက်နဲ့ ဘ၀သစ်တစ်ခုကို တည်ဆောက်လိုက်ပါတယ်။
ကျွန်တော်ကတော့ ယ္ခုချိန်ထိ မလေးရှားမှာ မောင်ကြီး မပြန်နိုင်ဖြစ်နေရပါတော့တယ် ......
ဒီတော့ ကျွန်တော့ရဲ့ ညီလေးအရွယ်တွေ၊ သူငယ်ချင်းတွေ၊ တူလေးအရွယ်တွေ၊ တူမလေးအရွယ်တွေ၊ ညီမလေးအရွယ်တွေကို သတိလေးတစ်ခုလောက်ပေးချင်တာက တော့ ဆူးတွေလည်းမကျိုးကြပါစေနဲ့၊ ဖက်တွေလည်း မပေါက်ကြပါစေနဲ့။
အိမ်ထောင်သည် ညီအကို သူငယ်ချင်းတွေလည်း အနမ်းတွေမပို့ဘဲ ငွေများများပို့နိုင်ကြပါစေ ဆိုတာပါဘဲ …….
စကားကြီး စကားကျယ်တွေပြောနေရင်းကဘဲ ဒီနေ့ညနေ အင်ဒိုနီးရှားကောင်မလေးတစ်ေ ယာက် အထုတ်အပိုးတွေနဲ့ ကိုယ့်ရှေ့ကဖြတ်လျောက်သွားတာတွေ့လိုက်တော့ ကူညီချင်စိတ်က ပြောင်နေတဲ့ထိပ်ပေါ်ကို ဖြတ်ခနဲ့ ခုန်တက်သွားလိုက်သေးရဲ့ …….
(၇-၁၂-၂၀၁၀ တွင်ရေးသားပြီး ၂၀၁၁ ခုနှစ် ဇန်န၀ါရီလလောက်က လမ်းသစ်ဂျာနယ် (မလေးရှား) မှာ ဖော်ပြခံရတဲ့ ကျွန်တော့်စာမူလေးပါ၊ ကျွန်တော့်ရဲ့ ဖေ့ဘွတ်သူငယ်ချင်းတွေ ဖတ်စေချင်လို့ တင်ပေးလိုက်ပါတယ်ဗျာ .... ခေါင်းစဉ်အတိအကျတော့ မေ့နေပြီ "ပွင့်သောပန်းတိုင်းမွှေးပါေ စ" လို့တော့ ထင်ပါတယ်။)
စိတ်ချမ်းသာ လူကျန်းမာနဲ့ ရှာနိုင်ဖွေနိုင်ကြပါစေ။
အောင် (နီလိုင်း)
သူတို့လေးတွေကို စားသောက်ဆိုင်တစ်ဆိုင်မှာ တူတူတန်တန် အရသာရှိတဲ့ ညစာလေးလဲ ကျွေးမွေးချင်စိတ်ရှိနေလို့
“ကျန်ရစ်ခဲ့သူ မိသားစုရှိရာကို လကုန်တိုင်း ငွေပို့နိုင်ရေးအတွက်ပေါ့”
“သူတို့လေးတွေ” ဆိုတာ ကျွန်တော့် အဆက်အသွယ်နဲ့ မလေးရှားမှာ အလုပ်လာလုပ်နေကြတဲ့ မြန်မာပြည်က မိန်းကလေး ရှစ်ယောက်ပါ။ သူတို့တွေ အီလက်ထရောနစ် စက်ရုံတစ်ရုံမှာ အလုပ်လုပ်ကြရပါတယ်။ လစာကလည်း သိပ်အမြင့်ကြီး မဟုတ်ပေမယ့် တစ်လကို မလေးရှား ရင်းဂစ် ၇၀၀ ကနေ ၉၀၀ ကျော်လောက်ဆိုတော့ အဆိုးကြီးတော့ မဟုတ်ဘူးပေါ့။ ရောက်ခါစကတော့ သူတို့လေးတွေ အစစ အရာရာ ကျွန်တော့်ကိုဘဲ အားကိုးကြတာပေါ့လေ။ သူတို့ထဲက တတ်နိုင်သူတစ်ယောက်ဆီမှာ ဖုန်းလေး တစ်လုံးလည်း ပါလာတာတွေ့ရတယ်၊ သူတို့လေးတွေ စရောက်တုန်းကတော့ ကျွန်တော်ဝယ်ပေးတဲ့ နံပါတ်အသစ်နဲ့ မြန်မာပြည်ကိုလည်းပြန်ဆက်ကြ
ဒါပေမယ့် မနေ့က ကျွန်တော်တွေ့တော့ အားလုံးဘဲ ဖုန်းကိုယ်စီဖြစ်နေကြလို့။ တစ်ခုသတိထားမိတာက သူတို့ဖုန်းလေးတွေ ကိုယ်စီကိုယ်စီခေါ်သံလေးတွေည
ပြီးတော့ သူတို့လေးတွေက ရှိလှမှ အသက် ၂၀ ၊ ၂၀ ကျော်ဝန်းကျင်လေးတွေ။
ဆိုင်ကမှာထားတဲ့ အစားသောက်တွေ ရောက်မလာခင် သူတို့အကြောင်းတွေတွေးရင်းန
အတွေးဆိုတာကလည်း ဟိုရောက်ဒီရောက်ဖြစ်တတ်တာဆိ
ဒီလိုနဲ့ အတွေးတွေဆက်နေတုန်း မှာထားတဲ့ အစားသောက်တွေရောက်လာတော့ စားကြ၊ သောက်ကြ၊ စကားတွေပြောကြ၊ ပြောင်ကြ နောက်ကြနဲ့ သူတို့လေးတွေ ပျော်နေတာကြည့်ရင်းကဘဲ စိုးရိမ်စိတ်က၀င်လာတာနဲ့ စားသောက်ပြီးချိန်မှာ ကိုယ်တွေ့ဘူး ကြုံဘူးတာတွေကို အရင်းခံလို့ တတ်သလောက် မှတ်သလောက် ဆုံးမစကားလေးတွေ ပြောမိသေးရဲ့။
“သမီးတို့ …….. ညည်းတို့တစ်တွေကို ဦး ပြောစရာလေးတွေရှိတယ် … အဲဒါကတော့ သမီးတို့ ဒီမှာ အပေါင်းအသင်းပေါင်းတဲ့ ကိစ္စဘဲ၊ လူဆိုတာဘယ်သူဘဲဖြစ်ဖြစ် အပေါင်းအသင်း မိတ်ဆွေဆိုတာ မရှိမဖြစ်လိုအပ်ပါတယ်။ ဒီလိုတိုင်းတစ်ပါး ရေခြားမြေခြားမှာ ပိုပြီးလိုအပ်တာပေါ့၊ ဒါပေမယ့် ကိုယ်မိဖ၊ မောင်နှမတွေနဲ့ ဝေးတဲ့နေရာမျိုးမှာ ရောက်နေတဲ့အတွက် အစအစအရာရာ သတိရှိရှိနဲ့ ပေါင်းဖို့သင်းဖို့လိုတယ်၊ သမီးတို့က မိန်းကလေးလည်းဖြစ်ပြန်၊ အရွယ်လေးတွေကလည်းငယ်ဆိုတော့
နောက်တစ်ခုက ကိုယ့်ကိုချဉ်းကပ်သူ၊ နီးစပ်ချင်သူရဲ့ ရှေ့ကြောင်း နောက်ကြောင်း ကောင်းကောင်းသိဖို့လိုပါတယ်
သမီးတို့လည်း ကြားဘူးကြမှာပါ၊ မိန်းကလေးဆိုတာက ဖက်ရွက်လိုဘဲ၊ ဆူးပေါ်ဖက်ကျလည်း ဖက်ပေါက်၊ ဖက်ပေါ်ဆူးကျလည်း ဖက်ပေါက်တယ်ဆိုတာမျိုးပေါ့၊
ကျွန်တော်က ဒီလိုစကားရှည်ကြီးပြောပြီးလ
ကျွန်တော်ပြောတဲ့ ရည်ရွယ်ချက်ကို သူတို့လေးတွေ နားလည်နိုင်ကြပါစေလို့ ဆုတောင်းရင်းနဲ့ဘဲ သူတို့လေးတွေကိုလည်း ကျွန်တော်နားလည်ပေးနေမိပါရဲ
ကျွန်တော် ဆရာလုပ်ပြီး စကားကြောရှည်သွားလို့လား၊ သို့တည်းမဟုတ် ကျွန်တော် သူတို့ကို ဆူနေတယ်ထင်သွားကြလို့လားမသိ
ဒါနဲ့ဘဲ ကျွန်တော်ဖတ်ခဲ့ဘူးတဲ့ နွယ်နီမဂ္ဂဇင်း အတွဲ (၂၀) အမှတ် (၃) ဇူလိုင်လ ၂၀၁၀ ထုတ်၊ အတွေးအမြင်အခန်းမှာ စာရေးဆရာမ မယ်လေးရေးတဲ့ “မိသားစုဘယ်မှာလဲ” ဆိုတဲ့ ဆောင်းပါးထဲက ဟာသဆန်ဆန် သတိပေးထားတာလေးတစ်ခုအကြောင်
စကားဆုံးတော့ သူတို့လေးတွေ လှိုက်လှိုက်လှဲလှဲရယ်ကြပါတယ်
ကျွန်တော်သူတို့ကို ပြောသလိုရေးရင် မူရင်းအရသာလေးပျက်ဆီးသွားမှ
ဆရာမ ရေးထားတာက ……
“ကျွန်မကိုပြည်ပက မိတ်ဆွေတစ်ယောက်ပို့ပေးဘူးတ
အိမ်လခအတွက် အိမ်ရှင်ကို အနမ်း ၃၅ ခါ၊ လျှပ်စစ်မီးအတွက် မီတာဖတ်သူကို အနမ်း ၁၅ ခါ၊ ရေပိုက်ပြင်သမားကို အနမ်း ၁၀ ခါ၊ ကုန်စုံဆိုင်ပိုင်ရှင်ကတော့
ကျွန်တော် သူတို့ကိုပြောလိုက်တာ ဒီအထက်က အကြောင်းအရာလေးပါ။
ကျွန်တော် မလေးရှားကို ၁၉၉၃ မှာရောက်ပါတယ်။ ရောက်ခါစက လစဉ် မိန်းမနဲ့ သမီးဆီကို ငွေပို့ခဲ့ပါတယ်။ ၁၉၉၇ ခုနှစ်လောက်မှာ ကျွန်တော်အသုံးအစွဲများလာပြ
ကျွန်တော်ကတော့ ယ္ခုချိန်ထိ မလေးရှားမှာ မောင်ကြီး မပြန်နိုင်ဖြစ်နေရပါတော့တယ်
ဒီတော့ ကျွန်တော့ရဲ့ ညီလေးအရွယ်တွေ၊ သူငယ်ချင်းတွေ၊ တူလေးအရွယ်တွေ၊ တူမလေးအရွယ်တွေ၊ ညီမလေးအရွယ်တွေကို သတိလေးတစ်ခုလောက်ပေးချင်တာက
အိမ်ထောင်သည် ညီအကို သူငယ်ချင်းတွေလည်း အနမ်းတွေမပို့ဘဲ ငွေများများပို့နိုင်ကြပါစေ
စကားကြီး စကားကျယ်တွေပြောနေရင်းကဘဲ ဒီနေ့ညနေ အင်ဒိုနီးရှားကောင်မလေးတစ်ေ
(၇-၁၂-၂၀၁၀ တွင်ရေးသားပြီး ၂၀၁၁ ခုနှစ် ဇန်န၀ါရီလလောက်က လမ်းသစ်ဂျာနယ် (မလေးရှား) မှာ ဖော်ပြခံရတဲ့ ကျွန်တော့်စာမူလေးပါ၊ ကျွန်တော့်ရဲ့ ဖေ့ဘွတ်သူငယ်ချင်းတွေ ဖတ်စေချင်လို့ တင်ပေးလိုက်ပါတယ်ဗျာ .... ခေါင်းစဉ်အတိအကျတော့ မေ့နေပြီ "ပွင့်သောပန်းတိုင်းမွှေးပါေ
စိတ်ချမ်းသာ လူကျန်းမာနဲ့ ရှာနိုင်ဖွေနိုင်ကြပါစေ။
အောင် (နီလိုင်း)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။