Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, February 25, 2014

" ဂီတာတစ်လက်နှင့်ဘဝကို ဖော်ကြူးခဲ့သူတို့၏စကားသံ "


Myanmaalinn
" ဂီတာတစ်လက်နှင့်ဘဝကို ဖော်ကြူးခဲ့သူတို့၏စကားသံ "

ဂီတအနုပညာဟူသည် ရေး၊ဆို၊တီး သုံးရပ်လုံးလှပစွာ ပေါင်းစပ်ပါမှ လက်ရာမြောက်သီချင်းတစ်ပုဒ်ဖြစ်ပေါ်နိုင်သည်။ ဂီတသံစဉ်များဖြင့် ပုံဖော်ခြင်းဖြင့် လက်ရာမြောက်သီချင်းတစ်ပုဒ် ဖြစ်ပေါ်နိုင်သလို တူရိယာသီးသန့်အတီးသက်သက်တီးခတ်မှုက လည်းလူသားတို့၏ စိတ်သဏ္ဍာန် ကို ခံစားမှုရသပေးနိုင်သည်။ 

အတီးပညာ၏ အခန်းကဏ အပေါ် ပရိတ်သတ်၏ စိတ်ဝင်စားမှုကို ဇန်နဝါ၇ီလ၂၆ ရက်နေ့ က ပြုလုပ်ခဲ့သော instrumental Show ပွဲ၏ ရလဒ်က သက်သေခံလျှက်၇ှိသည်။အောင်မြင်စွာကျင်းပပြုလုပ်နိုင်ခဲ့သော ထိုပွဲကြီးအပြီး ဂစ်တာသမားများကိုပရိသတ်စိတ်ဝင်စားမှုပိုမိုမြင့်တက်
လာသောကြောင့်မြန်မာပြည်ရှိဂစ်တာသမားအချို့ ၏ လက်ရှိအတီးလောက အပေါ်အမြင်ကိုလည်း တင်ဆက်လိုက်ရပါသည်။

တိုးတိုး( Heaven born)

" ဇန်နဝါရီ ၂၆ရက်နေ့က instrumental Show လုပ်ဖြစ်သွားတာက ပိုပြီး ပရိသတ်တွေကို သတိထားမိစေတယ်။ အတီးတွေက ဒီလိုလည်း လုပ်လို့ရပါလားပေါ့။

နောက်တစ်ခုကကျတော့ အတီးသမားတွေကအရင်ကထက်ပိုပြီး အားတက်လာတယ်။ ငါတို့မှာလည်း ဒီလိုအခွင့်အရေးရှိတယ်ဆိုတာမျိုးပေါ့။ အဲဒီလို မြင်တယ်။ ပြီးတော့ လာကြည့်တဲ့အတီးဝါသနာပါတဲ့ ပရိသတ်တွေလာကြည့်ကြတယ်။ ပရိသတ်တွေ စိတ်ထဲက ဂစ်တာသမားတစ်ယောက် ကို သတ်မှတ်ထားတဲ့ပုံစံရှိတယ်။ ဘယ်သူက
ဘယ်လိုတီးတတ်တယ်ဆိုတာမျိုး သတ်မှတ်တယ်။ အကြိုက်တွေမတူကြဘူးပေါ့။ ဒီမှာဘာသွား တွေ့သလဲဆိုတော့ သူတို့မထင်ထားတဲ့သူတွေက ဒီလိုလည်းတီးပြနိုင်ပါလားဆိုတာ သွားတွေ့တယ်။ တချို့ဆိုစီးရီးတွေမှာ တီးတဲ့ပုံစံမျိုးနဲ့ တကယ်တီးတဲ့အခါမှာ ပုံစံနဲ့မတူဘူး။ ပိုကောင်း သွားတယ်။စီးရီးတွေက လက်သံလောက်နဲ့ အတီးသမားတစ်ယောက်ဟာ ဘယ်လောက်လေ့ကျင့်ထားလဲဆိုတာ ဆုံးဖြတ်လို့ မရဘူးဆိုတာ သိရတယ်။တကယ်တီးလုံး
သက်သက်ပဲတီးရတဲ့အခါကျတော့ ထင်ထားတာထက်ပိုကောင်းတဲ့ လက်သံမျိုးတွေ တွေ့ရတယ်။ တစ်ချိန်တုန်းက အတီးသမားတွေကို ဒီလူကတော့ ဘာပဲရတယ်ဆိုပြီး သတ်မှတ်တာမျိုး ရှိတယ်။

ဒီလိုပွဲမျိုး မှာကျတော့ သိသာသွားတာပေါ့။ ကမ္ဘာမှာလည်း ဒီလိုအဆိုမပါ အတီးသက်သက်ပွဲတွေကတော့ အမြဲလိုလိုရှိနေတာ ပေါ့။

ဒီမှာကျွန်တော်တို့ အတီးသမားတွေ အရင်ထက်စာရင်တော့ ပိုပြီးတော့ နေရာရလာပါပြီ။ ဒါကလည်း ကြိုးစားမှုကြောင့်ပေါ့။ သာမန်ဝတ္တရားကျေမလုပ်ဘဲ တကယ်ကြိုးစားလာခဲ့ကြလို့ ဒီက အတီးသမားတွေ လူပိုသိလာပါတယ်။ လတ်တလော အတီးလောကရဲ့ အနေအထားကတော့ထူးထူးခြားခြား ပြောင်းလဲမှု
တော့မရှိပါဘူး။ကျွန်တော်တို့အစည်းအရုံးမှာ ရာခိုင်နှုန်းကိစ္စတွေ ပြောနေတယ်ဆိုတာလည်း နောက်မျိုးဆက်တွေအတွက်လည်းပါပါတယ်။ အတီးကဏ္ဍရဲ့ အနေအထားကသိပ်တော့ အပြောင်းအလဲမရှိပေမယ့် အရင်ထက်တော့ပိုပြီး လူစိတ်ဝင်စားလာပြီး လူပိုသိလာပါပြီ"

နိုင်ဇော် (Lazy Club)

" ဂီတသက်တမ်းကတော့နှစ်၂ဝလောက်ရှိပြီ။ အစ်ကို တို့လူငယ်ဘဝတုန်းက ခေတ်ကကျတော့ ဂစ်တာသမားတွေက တအားလက်စွမ်း ပြရတဲ့ခေတ်ပေါ့။ ဒီဘက်ခေတ်က Pop တွေက ငြိမ်ငြိမ်လေး တီးကြတာလေ။ အဲ့ဒီခေတ်မှာကျတော့ Rock ခေတ်လေ။ လက်စွမ်းပြနိုင်မှစင်ပေါ်မှာ လက်ခံတဲ့သဘောပေါ့။ သီချင်းတွေကလည်း Rock
တွေတီးနိုင်မှ ဂစ်တာသမားဆိုတဲ့ ပုံစံမျိုးဖြတ်သန်းရတာပေါ့။ ဒါပေမဲ့လည်း အဲ့ဒီအချိန်မှာအစ်ကိုတို့ Lazy Club ရဲ့အောင်မြင်တဲ့သီချင်းတွေက Pop သီချင်းတွေလေ။ "

Pop သီချင်းတွေကို Rock အယူအဆတွေနဲ့ တီးကြည့်တဲ့အခါကျတော့ တချို့ကလည်းကြိုက်ကြတယ်။ တချို့ ကလည်းမကြိုက်ကြဘူး။ သဘော ထားတွေကတော့ ကွဲနေတယ်။ အစ်ကိုကလည်း Rockr ဖြစ်ချင်နေတာလေ။ နောက်ပိုင်းကျတော့လည်း အဲလက်စ်နဲ့ ထွန်းအိန္ဒြာဗိုရဲ့ "ဆုံနိုင်ခွင့်" တို့၊ ခရီးသွား ငါးယောက်အခွေတို့ကို ကိုယ့်ပုံစံလေးနဲ့ ကိုယ်တီးနိုင်လာတယ်။ အဓိကကတော့ ကိုယ်က Rockr ဖြစ်ချင်တာပါ။ ခေတ်အခြေအနေအရ ရော့ခ်ခေတ်က ကုန်သွားပြီ ပြောနေကြတာကိုအစ်ကိုက
လက်မခံချင်ဘူးလေ။ နောက်ထပ်ပုံစံတစ်ခုချိန်းတဲ့အချိန်မှာ ကိုယ်က လိုက်လျောညီထွေမှုရှိတဲ့ စတိုင်တစ်ခုနဲ့ ဆက်သွားတဲ့အတွက် ဒီနေ့အထိပါလာတာ လို့ထင်တယ်။

ပရိသတ်ကတော့ အမျိုးမျိုးရှိပါတယ်။ Player ကိုအာရုံစိုက်တဲ့သူကလည်း အများကြီးရှိပါတယ်။ ပြည်ပမှာဆိုရင် အဆိုတော်တွေ တောင် မဖိတ်ဘဲနဲ့တီးဝိုင်းကိုပဲဖိတ်ပြီး အားပေးတဲ့ပရိသတ်တွေကိုလည်း ကြုံဖူးပါတယ်။ သာမန်ထဲမှာတော့ အဆိုတော်လောက် အစ်ကိုတို့က မထင်ပေါ်ပေမယ့် တကယ့်ဂီတကိုချစ်တဲ့သူတွေကျတော့လည်း
Player တွေကိုပိုကြိုက်တဲ့ သူတွေ အများကြီးရှိပါတယ်။ Instrumental Show ကလည်း မျိုးဆက်သစ်လူငယ်တွေအတွက် လုပ်တဲ့ပွဲပါ။ အစ်ကိုလည်း အဲဒီ ရည်ရွယ်ချက်တစ်ခုတည်းနဲ့ဝင်တီးဖြစ်တာပါ။ နောက်နှစ်တွေမှာ အဲဒီလိုမျိုးပွဲတွေလုပ်မယ်ဆိုရင် Music Arrangement အပိုင်းနဲ့ပတ်သက်ပြီး
အစ်ကိုကူညီပေးဖြစ်မှာပါတယ်"

ဂီတမှူး ဦးဝင်းမော်
(ရွှေသံစဉ် တေးဂီတ)

" ဦးမင်းမင်းလတ်၊ ဦးသန်းနိုင်၊ ဦးဂျင်မီဂျက်တို့က ဒီလိုင်းကြီးကို စဖောက်ခဲ့ကြတာလေ။ လမ်းခရီးက ကြမ်းတယ်လို့ ပြောရမှာပေါ့။ ဂစ်တာတီးရင် လမ်းသရဲလို့ ယူဆကြတယ်။ ရှုံ့ချကြတယ်။ လူငယ်တွေ စိတ်ဝင်စားပေမယ့် မိဘတွေက အားမပေးတာရယ်၊ အစိုးရက ခွင့်မပြုတာရယ်ကြောင့် ဂီတက အခုလို ပွင့်လင်းတဲ့ခေတ်မှာ
အားပေးလက်ခံတဲ့သူ နည်းနည်းတော့ ရာခိုင်နှုန်းနည်းတာ ပေါ့။

လက်ခံလာကြတယ်ဆိုတာမျိုးမဟုတ်ဘူး။ ပိုပွင့်လင်းလာတဲ့အတွက် ဂီတက ပိုပြီးတော့ သူတို့ဆီကို သက်ရောက်သွားတယ်။ ပွင့်လင်းလာတဲ့အတွက် အခုလိုပွဲမျိုး တက်ရောက်လာ နိုင်ကြတယ်။ ဖေဖော်ဝါရီ ၂၆ ရက်က လုပ်တဲ့ပွဲဆိုရင် မြန်မာ နိုင်ငံမှာက တစ်ခါမှမလုပ်ဖူး
သေးဘူးလေ။ မြူးဇစ်ကို တန်ဖိုးထားတဲ့သူတွေ တော်တော်များများ အားပေးကြည့်ရှုကြတယ်။ အများကြီးမမျှော်လင့်ထားပေမယ့် ပွဲကြည့်တဲ့သူတွေ က နှစ်နာရီခွဲ၊ သုံးနာရီအထိ ပွဲပြီးအောင်စောင့်ကြည့်ကြတယ်။ ပရိသတ်တွေ အပြည့်ရှိနေကြတယ်။ အဆိုတော်တွေပါမှ မဟုတ်ဘူး။ ပြီးတော့ ပရိသတ်တွေက နယ်ကနေ
တက်လာကြတယ်။ ဂီတသမားတွေ အားတက်တာပေါ့။

ဖန်တီးမှုတွေအားကောင်းလာတာပေါ့။ နောက်မျိုးဆက် ဂီတသမားတွေ၊ အမျိုးသမီးဂစ် တာသမားတွေလည်း တီးသွားတယ်။ အခွင့်အလမ်းတွေ ပိုရသွားစေနိုင်တာပေါ့။ အဲဒီအတွက် ဂီတာသမားတွေအပေါ် အများကြီးသက်ရောက်ပါတယ်။ တိုး တက်လာတဲ့ခေတ်မှာ လွန်ခဲ့တဲ့
နှစ်ပေါင်း ၂၅၊ ၃ဝ ထက်စာရင် အများကြီးတိုးတက်လာတယ်။ ပွင့်လင်းလာတဲ့အတွက် လူငယ်တွေမှာ အခွင့်အလမ်း ပိုများလာတာပေါ့။ နည်းပညာပိုင်းလည်း လွယ်လွယ်ကူကူနဲ့ ဖြစ်လာပြီ။အင်တာနက် ခေတ်ဖြစ်လာတော့ လူငယ်တွေ၊ ဂီတသမားတွေ အများကြီးခေတ်မီလာတာပေါ့"

ပေါ်ပြူလာအဖွဲ့

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။