Smart Pro Journal
ကမ္ဘာ့အကြမ်းခံဆုံး မတ်ဖုန်း Cat B15Bullitt Mobile မှ အမေရိကန် Caterpillar လိုင်စင်နဲ့ ထုတ်လုပ်လိုက်တဲ့ စမတ်ဖုန်း ဖြစ်ပါတယ်။ တော်တော် အကြမ်းခံမယ့်ဖုန်းပါ။
အမြင့် ၁.၈ မီတာကနေ ကွန်ကရစ်လမ်းပေါ် ကျလည်း မကွဲဘူးလို့ ဆိုပါတယ်။ ရေစိမ်လည်းခံပါတယ်။
၎ လက်မ Gorilla Glass မျက်နှာပြင်
Android 4.1 Jelly Bean OS ကို အသုံးပြုထားပါတယ်။
အလေးချိန် ၁၇၀ ဂရမ် ဆိုတော့ သိပ်မလေးပါဘူး။ အလူမီနီယမ်သားပေါ် ရာဘာ ထပ်အုပ်ထားပေးခြင်း ဖြစ်ပါတယ်။
Processor က 1GHz ရှိပြီး RAM က 512 MB ရှိပါတယ်။
ကင်မရာ 5 megapixel ရှိပါတယ်။ ဗီဒီယို recording လုပ်ဖို့အတွက် 720p resolution ရနိုင်ပါတယ်။
အအေးဒဏ် အနုတ်၂၀ ဒီဂရီစင်တီဂရိတ် အထိ ခံနိုင်ရင် ရှိပြီး ဆိုးရွားတဲ့ ရာသီဥတုဒဏ်ကို ခံနိုင်စွမ်း ရှိပါတယ်။
Cat B15 ဟာ မတ်လကစလို့ ဗြိတိန်ပေါင် ၃၀၀ သတ်မှတ်လို့ စတင်ရောင်းချတော့မယ့် စမတ်ဖုန်း ဖြစ်ကြောင်း သိရပါတယ်။
--
Ref: pocketlint
အောင်ခမ်း (www.smart.com.mm)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။