“ဖေ့စဘုတ်ပြန်ပေးဆွဲသမား”
ကျွန်မမှာ သူငယ်ချင်းတစ်ယောက်ရှိတယ်။ သူက ဖော်ရွေပြီး ခင်မင်ရင်းနှီးစရာကောင်းတဲ့ လူပါ။ စကားပြောရာမှာလည်း နူးညံ့သိမ်မွေ့တယ်။ ဒါပေမယ့် တစ်နှစ်ကျော်အကြာမှာ သူ့ပုံစံလုံးဝပြောင်းသွားပါ တယ်။ သူဟာ သည်းခံစိတ်နည်းလာတယ်၊ စကားပြောရာမှာလည်း အလောတကြီးဖြစ်လာတယ်၊ စိုးရိမ်ကြောင့်ကြလာပါတယ်။ ဘာတွေနဲ့ တွေ့ကြုံခဲ့ရလို့ ဒီလိုဖြစ်သွားတာလဲလို့ သူ့ကို ကျွန်မမေးတော့ သူက သက်ပြင်းရှည်ကြီးတစ်ချက်ချြ ပီး လက်ထဲကဖုန်းကိုကိုင်လှုပ်ပြရ င်း “သူ့ကြောင့်ပေါ့”လို့ ဆိုပါတယ်။
“Steven Jobs ကြောင့်လား”
“မဟုတ်ပါဘူးကွာ… facebookကြောင့်ပါ”
လွန်ခဲ့တဲ့တစ်နှစ်ခွဲခန့်အချိန်က ခေတ်ရေစီးနဲ့အညီ ဖေ့စဘုတ်အကောင့်တစ်ခုကို သူဖွင့်ခဲ့ပါတယ်။ သူဟာ ရေထဲလွှတ်လိုက်တဲ့ငါးလိုပဲ ဖေ့စဘုတ်ပေါ်မှာ ပျော်ပျော်ကြီးကျက်စားခဲ့တော့တယ်။ အထူးသဖြင့် ဖုန်းကို အင်တာနက်ချိတ်လိုက်ပြီးတဲ့ေ နာက်မှာ မငြီးမငွေ့ ဖေ့စဘုတ်ပေါ်မှာ ပိုပြီးပျော်နေခဲ့ပါတော့တယ် ။ အဲဒီအချိန်ကစ တည်ငြိမ်အေးချမ်းတဲ့ဘဝကို သူစွန့်ပစ်လိုက်တော့တယ်။
အရင်တုန်းကဆိုရင် ကားစောင့်နေရင်း ဖြတ်သွားတဲ့မိန်းမလှတွေရဲ့ ဝတ်စားဆင်ယင်မှုကို သူခံစားကြည့်ရှုတတ်ခဲ့တယ်။ အခုဆိုရင် လက်ထဲကဖုန်းနဲ့ ဖေ့စဘုတ်ကို မပြတ်ပွတ်နေခဲ့ပါပြီ။
အရင်တုန်းကဆိုရင် ဟင်းတစ်ပွဲရဲ့အရောင် အနံ့ အရသာကို သူအရသာခံတတ်ခဲ့တယ်။ အခုဆိုရင် ဖုန်းနဲ့ ဟင်းကိုတဖျပ်ဖျပ်ရိုက်ပြီး ဖေ့စဘုတ်ပေါ်တင်ဖို့ပဲ အလျင်လိုနေခဲ့ပါပြီ။
အရင်တုန်းကဆိုရင် သူငယ်ချင်းတွေနဲ့ ဖတ်ထားတဲ့စာအုပ်အကြောင်း ဆွေးနွေးပြောဆိုတတ်ခဲ့တယ်။ အခုဆိုရင် ဖေ့စဘုတ်ပေါ်က statusတွေကို တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်ကြည့်ပြီး တဝါးဝါးပွဲကျနေခဲ့ပါပြီ…..
ဒီလို ပုံသဏ္ဍာန်တူတဲ့ ရောဂါလက္ခဏာတွေ ချရေးရရင် ပြီးနိုင်တော့မှာ မဟုတ်ပါဘူး။ သူ့ဘဝကို ဖေ့စဘုတ်က ချုပ်နှောင်ပြန်ပေးဆွဲထားတာ က သူ့ကိုအနှောင့်အယှက်အဖြစ်စေ ဆုံးလို့ သူကပြောပါတယ်။
ဒီဘက်မှာ ကလေးလေးတစ်ယောက်ပျောက်သွာြး ပီလို့ဆိုရင် ဝမ်းနည်းပက်လက်နဲ့ အမြန်share လုပ်တယ်၊ ဟိုဘက်မှာ တစ်ယောက်ယောက်က ရန်စလာပြီဆိုရင် မခံမရပ်နိုင်နဲ့ ဒေါသတကြီးshare လုပ်လိုက်ပြန်တယ်၊ ချစ်စရာ ကြောင်ကလေးရဲ့ဗွီဒီယိုလေးတွေ့ရင် ကြည့်ရင်းတဟားဟားနဲ့ အော်ရယ်Likeပြန်တယ်၊ ချက်ချင်းပဲ တစ်ယောက်ယောက်က မတရားမှုတစ်ခုခုဆိုပြီး စာနဲ့ပုံတွဲရက်တင်လိုက်ရင် အမြန်ဖွင့်ကြည့်လိုက်တယ်၊ တစ်ယောက်ယောက် သေဆုံးသွားပြီဆိုတဲ့ stautusကိုတွေ့ရင် စိတ်မကောင်းကြောင်းဆုတွေတော င်းမယ်၊ ဟော အဲဒီအချိန်မှာပဲ သူငယ်ချင်းတစ်ယောက်ရဲ့ ကိုယ်ရေးကိုယ်တာ status တစ်ကြောင်းတက်လာတယ်၊ သူတို့ကလေး တစ်လပြည့်မွေးနေ့ပွဲကို share လုပ်ပေးကြပါဆိုလို့ share လိုက်ပြန်တယ်။ ကီးဘုတ်တဖျောက်ဖျောက်နဲ့ မော့စ်ရဲ့မီးက မီးပွိုင့်ထက်တောင် အလုပ်များနေသေးတယ်။ share လိုက်၊ ငိုကြွေးလိုက်၊ ဒေါသဖြစ်လိုက်၊ ရယ်မောလိုက်နဲ့ နားမယ်ကြံတုန်းမှာ ဟော News Feedမှာ စာတွေပလူးပျံပြီးတက်လာပြန်ြ ပီ။ အဲဒီထဲမှာ အရေးကြီးတဲ့နိုင်ငံအရေးတွေပါတယ်။ “….လူမျိုးမှန်ရင် like”၊ “လူ့စိတ်ရှိသေးတယ်ဆိုရင် share”ဆိုတဲ့ကြွေးကြော်သံကလ ည်း ပါသေးတယ်။ ဖေ့စဘုတ်ကပေးတဲ့ စိတ်ခံစားချက်အပြောင်းအလဲက screenရဲ့ refresh rate ထက်တောင် မြန်နေခဲ့ပါတယ်။
“နင့်ကိုနင် ထိန်းလို့ရတယ်လေ”လို့ ကျွန်မကပြောတော့ သူ မချိတင်ကဲပြုံးပါတယ်။ ကိုယ့်ကိုယ်ကိုထိန်းချုပ်ချ င်ပေမယ့် တစ်ခါတလေကျတော့ မတတ်နိုင်ဘူး။ ဖေ့စဘုတ်ပေါ်က “ပြန်ပေးဆွဲသမား”တွေက “ဟိုကောင်မလေး သွေးကင်ဆာဖြစ်နေတာ နင်share ပြီးပြီလား၊ ဟိုကောင်လေး အကြိတ်ပေါက်တာ နင်share ပြီးပြီလား၊ တိုင်းရေးပြည်ရေးအကြောင်း နင်ဝင်ဆွေးနွေးပြီးပြီလား၊ ဘာဖြစ်လို့ ဒီလိုခွဲခြားဆက်ဆံတာလဲ၊ စိတ်ကောင်း လူကောင်းဖြစ်ဖို့ကိုတောင် နင်ရွေးချယ်နေရသလား၊ နင်က ဘာအဆင့်အတန်းခွဲတာလဲ၊ ကိုယ်ချင်းစာစိတ်ရောရှိရဲ့လား”…. စတဲ့ အမေးတွေက သူ့ကိုဆွံ့အစေတယ်လို့ ဆိုပါတယ်။ ဖေ့စဘုတ်ဖွင့်လိုက်တာနဲ့ သူဟာ မောက်စ်ရဲ့အုပ်ချုပ်ရေးဌာန၊ ကီးဘုတ်ရဲ့နိုင်ငံရေးရုံး၊ တလောကလုံးကို ကြည့်ရှုသူ၊ ပြည်သူတွေနဲ့ နှလုံးသားချိတ်ဆက်သူ၊ ကျားလိုရဲရင့်ပြီး ပန်းလိုနူးညံ့ဖြူစင်သူလည်ြး ဖစ်သွားခဲ့ရပါတယ်။
တက္ကသိုလ်က ပါမောက္ခတစ်ဦးပြောခဲ့သလိုပဲ “မနက်ထလာတာနဲ့ ဖေ့စဘုတ်သုံးတာဟာ ကိုယ်ဟာရှင်ဘုရင်တစ်ပါးလို ရှေ့တော်သွင်းလာတဲ့ အဆိုအမိန့်တွေကို ဖတ်ရှုစစ်ဆေးနေတာနဲ့တူတယ်လို့  လူကိုခံစားစေတယ်။ တလောကလုံးကို စိုးမိုးခြယ်လှယ်နေတယ်လို့ စိတ်ကူးယှဉ်စေတယ်၊ နိုင်ငံတဝှမ်းလုံးက အရေးကြီးအရာကြီးတွေ ကိုယ့်ရှေ့မှောက်ရောက်လာပြီ … ဒါကို ကိုယ်က ဝေဖန်သုံးသပ်မှုတွေ အမြန်ဆုံးထုတ်ပြန်ရတယ်၊ အကြံဉာဏ်အမျိုးမျိုး ထုတ်ရတယ်၊ share ရ Like ရတယ်၊ နိုင်ငံတော်အတွက် တွေးပူရ၊ ပြည်သူအတွက် တွေးပူရတယ်၊ စာပေလောကအတွက် တွေးပူရ၊ အမျိုးမျိုး ကျေနပ်ရောင့်ရဲမှုတွေ ရယူရတယ်၊ အရာအားလုံး ငါ့ကီးဘုတ်ရဲ့ စီမံခန့်ခွဲမှုအောက်မှာပဲ။ လူတိုင်းရဲ့ရင်ထဲမှာ ကိုယ့်ကိုယ်ကို ညီလာခံနေဝင်တဲ့ရှင်ဘုရင်တစ် ပါးလို့ ခံစားစေပါတယ်။ ဖေ့စဘုတ်က လူတွေရဲ့ဒီလိုခံစားချက်ကို ပိုနှိုးကြွရှင်သန်စေပါတယ်”။
ဖေ့စဘုတ်သုံးစွဲတဲ့ old userတစ်ယောက်အနေနဲ့ သူ့ကို ကျွန်မက ဒီလိုပြောပြပါတယ်။
“ဖေ့စဘုတ်သုံးတာဟာ တရားအားထုတ်သလိုပဲ အပိုင်းသုံးပိုင်းခွဲလို့ရတ ယ်၊ ပထမအပိုင်းက တောင်ကိုကြည့်ရင် ဒါဟာတောင်၊ ရေကိုကြည့်ရင် ဒါဟာရေ၊ ဖေ့စဘုတ်ကိုကြည့်ရင် ဒါဟာ ဖေ့စဘုတ်။ ဒီအပိုင်းမှာ ဖေ့စဘုတ်ကို တခြားဝက်ဆိုက်တွေနဲ့ နင်မခွဲထားသေးဘူး၊ သူ့ကို ကစားစရာနည်းသစ်တစ်ခုလို့ပဲ နင်ထင်မှတ်ထားသေးတယ်။
ဒုတိယအပိုင်းက တောင်ကိုကြည့်ရင် ဒါဟာတောင်မဟုတ်ဘူး၊ ရေကိုကြည့်ရင် ဒါဟာရေမဟုတ်ဘူး၊ ဖေ့စဘုတ်ကိုကြည့်ရင်လည်း ဒါဟာဖေ့စဘုတ်မဟုတ်တော့ဘူး။ ဖေ့စဘုတ်ကို တလောကလုံးလို့ နင်ထင်လိုက်တယ်။ ဖေ့စဘုတ်က ပြန်ပေးဆွဲသမားတစ်ယောက်လို နင့်ကို ပွတ်စမ်း၊ share စမ်း၊ like စမ်း၊ ထင်မြင်သုံးသပ်ချက်တွေ များများရေးစမ်း”လို့ ရက်ရက်စက်စက်ပြောတော့ နင်ကလည်း စိတ်ကယောင်ခြောက်ခြားနဲ့ အိပ်နေ၊ ထိုင်နေ၊ လဲနေ၊ ဝမ်းလျားမှောက်နေတာတောင် ပွတ်ဟဲ့၊ share ဟဲ့၊ like ဟဲ့၊ ဝေဖန်ဟဲ့လုပ်နေပြီး ဖေ့စဘုတ်နဲ့တစ်ရက်ကင်းကွာရင် လောကကြီး၊ ခေတ်ကြီးနဲ့ အဆက်ပြတ်သွားမှာကို ကြောက်နေခဲ့တော့တယ်။
တကယ်တမ်းမှာ ငါတို့က တတိယအပိုင်းထိ ကျင့်ကြံရမှာ။ တောင်ကိုကြည့်ရင် ဒါဟာ တောင်ပဲ၊ ရေကိုကြည့်ရင် ဒါဟာရေပဲ၊ ဖေ့စဘုတ်ကိုကြည့်ရင် ဒါဟာ ဖေ့စဘုတ်ပါပဲ.. သူဟာ ထင်မြင်ချက်အားလုံးကို ကိုယ်စားမပြုနိုင်ဘူး၊ လူ့အဖွဲ့အစည်းတစ်ရပ်လုံးကို မထင်ဟပ်စေနိုင်ဘူး။ တကယ်လို့ ဖေ့စဘုတ်ပြန်ပေးဆွဲသမားက နင့်ကို ထပ်ခြိမ်းခြောက်လာခဲ့ရင် အရာအားလုံးကို ရှုမှတ်မြင်တတ်သွားတဲ့နင်က “ဘာများ အရေးတကြီးလဲလို့…”ဆိုပြီး မထီမဲ့မြင်ရယ်တတ်သွားလိမ့်မ ယ်”။
ကျွန်မပြောတာကို သူနားထောင်အပြီးမှာ “နင်ပြောတာ ပညာသားပါပြီး သိပ်ကောင်းတာပဲ။ ဖေ့စဘုတ်သုံးတာကို တရားကျင့်ကြံတာနဲ့တွဲပြီး တွေးတတ်တယ်” လို့ ပြောပါတယ်။
ကျွန်မ တစ်ချက်ပြုံးလိုက်ပါတယ်။ ပြီးတော့ Like ပုံစံ လက်မထောင်ပြပြီး အိတ်ထဲကဖုန်းကို ထုတ်လိုက်ပါတယ်။
“ငါလည်း ငါပြောတာ သိပ်ကောင်းတယ်လို့ ထင်မိတယ်။ မမေ့အောင် ဖေ့စဘုတ်ပေါ်တင်လိုက်ဦးမယ်ေ နာ်…... ”
မူရင်း -- Ma Bo Yong (2012ခုနှစ် အမှတ်စဉ်11 , Readers မဂ္ဂဇင်းမှစာတစ်ပုဒ်ကို ဆီလျှော်အောင်ဘာသာပြန်ပါတယ် )
နိုင်းနိုင်းစနေ
ကျွန်မမှာ သူငယ်ချင်းတစ်ယောက်ရှိတယ်။ သူက ဖော်ရွေပြီး ခင်မင်ရင်းနှီးစရာကောင်းတဲ့
“Steven Jobs ကြောင့်လား”
“မဟုတ်ပါဘူးကွာ… facebookကြောင့်ပါ”
လွန်ခဲ့တဲ့တစ်နှစ်ခွဲခန့်အခ
အရင်တုန်းကဆိုရင် ကားစောင့်နေရင်း ဖြတ်သွားတဲ့မိန်းမလှတွေရဲ့ ဝတ်စားဆင်ယင်မှုကို သူခံစားကြည့်ရှုတတ်ခဲ့တယ်။ အခုဆိုရင် လက်ထဲကဖုန်းနဲ့ ဖေ့စဘုတ်ကို မပြတ်ပွတ်နေခဲ့ပါပြီ။
အရင်တုန်းကဆိုရင် ဟင်းတစ်ပွဲရဲ့အရောင် အနံ့ အရသာကို သူအရသာခံတတ်ခဲ့တယ်။ အခုဆိုရင် ဖုန်းနဲ့ ဟင်းကိုတဖျပ်ဖျပ်ရိုက်ပြီး ဖေ့စဘုတ်ပေါ်တင်ဖို့ပဲ အလျင်လိုနေခဲ့ပါပြီ။
အရင်တုန်းကဆိုရင် သူငယ်ချင်းတွေနဲ့ ဖတ်ထားတဲ့စာအုပ်အကြောင်း ဆွေးနွေးပြောဆိုတတ်ခဲ့တယ်။ အခုဆိုရင် ဖေ့စဘုတ်ပေါ်က statusတွေကို တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်ကြည့်ပြီး တဝါးဝါးပွဲကျနေခဲ့ပါပြီ…..
ဒီလို ပုံသဏ္ဍာန်တူတဲ့ ရောဂါလက္ခဏာတွေ ချရေးရရင် ပြီးနိုင်တော့မှာ မဟုတ်ပါဘူး။ သူ့ဘဝကို ဖေ့စဘုတ်က ချုပ်နှောင်ပြန်ပေးဆွဲထားတာ
ဒီဘက်မှာ ကလေးလေးတစ်ယောက်ပျောက်သွာြး
“နင့်ကိုနင် ထိန်းလို့ရတယ်လေ”လို့ ကျွန်မကပြောတော့ သူ မချိတင်ကဲပြုံးပါတယ်။ ကိုယ့်ကိုယ်ကိုထိန်းချုပ်ချ
တက္ကသိုလ်က ပါမောက္ခတစ်ဦးပြောခဲ့သလိုပဲ
ဖေ့စဘုတ်သုံးစွဲတဲ့ old userတစ်ယောက်အနေနဲ့ သူ့ကို ကျွန်မက ဒီလိုပြောပြပါတယ်။
“ဖေ့စဘုတ်သုံးတာဟာ တရားအားထုတ်သလိုပဲ အပိုင်းသုံးပိုင်းခွဲလို့ရတ
ဒုတိယအပိုင်းက တောင်ကိုကြည့်ရင် ဒါဟာတောင်မဟုတ်ဘူး၊ ရေကိုကြည့်ရင် ဒါဟာရေမဟုတ်ဘူး၊ ဖေ့စဘုတ်ကိုကြည့်ရင်လည်း ဒါဟာဖေ့စဘုတ်မဟုတ်တော့ဘူး။ ဖေ့စဘုတ်ကို တလောကလုံးလို့ နင်ထင်လိုက်တယ်။ ဖေ့စဘုတ်က ပြန်ပေးဆွဲသမားတစ်ယောက်လို နင့်ကို ပွတ်စမ်း၊ share စမ်း၊ like စမ်း၊ ထင်မြင်သုံးသပ်ချက်တွေ များများရေးစမ်း”လို့ ရက်ရက်စက်စက်ပြောတော့ နင်ကလည်း စိတ်ကယောင်ခြောက်ခြားနဲ့ အိပ်နေ၊ ထိုင်နေ၊ လဲနေ၊ ဝမ်းလျားမှောက်နေတာတောင် ပွတ်ဟဲ့၊ share ဟဲ့၊ like ဟဲ့၊ ဝေဖန်ဟဲ့လုပ်နေပြီး ဖေ့စဘုတ်နဲ့တစ်ရက်ကင်းကွာရင
တကယ်တမ်းမှာ ငါတို့က တတိယအပိုင်းထိ ကျင့်ကြံရမှာ။ တောင်ကိုကြည့်ရင် ဒါဟာ တောင်ပဲ၊ ရေကိုကြည့်ရင် ဒါဟာရေပဲ၊ ဖေ့စဘုတ်ကိုကြည့်ရင် ဒါဟာ ဖေ့စဘုတ်ပါပဲ.. သူဟာ ထင်မြင်ချက်အားလုံးကို ကိုယ်စားမပြုနိုင်ဘူး၊ လူ့အဖွဲ့အစည်းတစ်ရပ်လုံးကို
ကျွန်မပြောတာကို သူနားထောင်အပြီးမှာ “နင်ပြောတာ ပညာသားပါပြီး သိပ်ကောင်းတာပဲ။ ဖေ့စဘုတ်သုံးတာကို တရားကျင့်ကြံတာနဲ့တွဲပြီး တွေးတတ်တယ်” လို့ ပြောပါတယ်။
ကျွန်မ တစ်ချက်ပြုံးလိုက်ပါတယ်။ ပြီးတော့ Like ပုံစံ လက်မထောင်ပြပြီး အိတ်ထဲကဖုန်းကို ထုတ်လိုက်ပါတယ်။
“ငါလည်း ငါပြောတာ သိပ်ကောင်းတယ်လို့ ထင်မိတယ်။ မမေ့အောင် ဖေ့စဘုတ်ပေါ်တင်လိုက်ဦးမယ်ေ
မူရင်း -- Ma Bo Yong (2012ခုနှစ် အမှတ်စဉ်11 , Readers မဂ္ဂဇင်းမှစာတစ်ပုဒ်ကို ဆီလျှော်အောင်ဘာသာပြန်ပါတယ်
နိုင်းနိုင်းစနေ
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။