Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, February 18, 2014

အသဲကြားက မဲတစ်ပြားနှင့် အသိဥာဏ်ပညာရေချိန်


Aye Chan Mon
အသဲကြားက မဲတစ်ပြားနှင့် အသိဥာဏ်ပညာရေချိန်
=============================
၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲရလဒ်ထွက်ပေါ်အပြီး သူတို့ တက်စေချင်သောသူတွေ တက်မလာသောကြောင့် နောက်ကြောင်းပြန်လှည့်လိုသူတွေ မျက်လုံးပြူးပြာယာခတ်ပြီး ၂၀၁၅ ရွေးကောက်ပွဲအတွက် ဗျူဟာခင်းလာလိုက်ကြတာ ဒုတိယအဆင့်ကို ရောက်ရှိလာပါပြီ ....

ပထမအဆင့်ကတော့ သိကြတဲ့အတိုင်းပဲ ကြားဖြတ်ရွေးကောက်ပွဲအပြီး သိပ်မကြာခင်မှာ နောက်ကြောင်းပြန်လှည့်လိုသူတွေ ဖန်တီးလိုက်တဲ့ မုန်းတီးမူအခြေခံတဲ့ ဖြစ်စဉ်တွေပါ ...

ပထမအဆင့်ဗျူဟာရဲ့ ဦးတည်အုပ်စု
=====================
အဲဒီဖြစ်စဉ်တွေမှာ နောက်ကြောင်းပြန်လှည့်လိုသူတွေရဲ့ အသုံးချခြင်းကို ခံလိုက်ရသူတွေကတော့
စားဝတ်နေရေး အခက်အခဲရှိနေတဲ့သူတွေ ၊ အသိဥာဏ်ပညာနည်းသူတွေ ၊ လူမူစီးပွားဘ၀မအဆင်မပြေတဲ့ သူတွေပါ။ သူတို့မှာ တူညီတဲ့ အရာတစ်ခုကတော့ အနာဂတ်မျှော်လင့်ချက် ပျောက်ဆုံးနေတာပါပဲ ။ ဒီအချက်ကို နောက်ကြောင်းပြန်လှည့်ချင်သူတွေက ကောင်းကောင်းအသုံးချသွားပြီး ၀ါဒမှိုင်းတိုက်ကာ
ထွက်ပေါက်လမ်းမှားကို ပို့ ပေးလိုက်တာပါ ...

ဒါပေမယ့် အချိန်ကြာလာသည်နှင့်အမျှ ပြည်တွင်းပြည်ပမှ တဖြည်းဖြည်းရိပ်စားမိလာကြရာ
ဗျူဟာဆရာကြီးများလည်း တစ်ဖြည်းဖြည်း လက်ဆုတ်သွားခဲ့ကြသည် ...

သို့ သော် ဒီဖြစ်စဉ်တွေကြောင့် ဗျူဟာဆရာကြီးတွေဟာ သူတို့ ရဲ့ ရည်ရွယ်ချက် အတိုင်းအတာတစ်ခုထိ အောင်မြင်တယ်လို့ မှတ်ယူခဲ့ကြပါတယ်။ ယခုထိလည်း အဲဒီဖြစ်စဉ်တွေကို ဟိုတစ်ကွက်၊ဒီတစ်ကွက် ဖန်တီးနေတုန်းပါပဲ။ ဒါပေမယ့် ဆေးဆိုတာ ထိုးပါများရင် ယဉ်လာတတ်တဲ့ သဘောရှိသမို့ 

့ဗျူဟာဆရာကြီးတွေလည်း ဒုတိယအဆင့်ကို စတင်အရှိန်မြှင့်လာပါပြီ ...

ဒုတိယအဆင့်ဗျူဟာရဲ့ ဦးတည်အုပ်စု
======================
တစ်ဆင့်တက်ဗျူဟာဖြစ်တာနဲ့ အညီ ပထမအဆင့်ထက် ပိုမိုကျယ်ပြန့် ဖို့ လိုသည်ကို ဗျူဟာဆရာကြီးများ ကောင်းကောင်းသဘောပေါက်ကြသည်။ ထို့ ကြောင့် သူတို့ ရွေးချယ်မည့် ဦးတည်အုပ်စုသည် ပုဂံခေတ် အနော်ရထာမင်း လက်ထက်ကတည်းက ခိုင်ခိုင်မာမာဖွဲ့ စည်း တည်ရှိခဲ့သော အဖွဲ့ အစည်းကြီးဖြစ်မည့် အလားအလာများ တွေ့ မြင်လာရပေပြီ ...

ဗျူဟာဆရာကြီးများရဲ့ ရည်ရွယ်ချက်
=====================
ဗျူဟာဆရာကြီးတွေရဲ့  အဓိကကရည်ရွယ်ချက်ကတော့ ၂၀၁၅မှာ ပြည်သူတွေ၏ အသဲကြားကမဲတစ်ပြားကို လုယူဖို့ဆိုတာ ရှင်းပြနေဖို့ လိုမည်မထင်ပေ။ ၂၀၁၂တုန်းက ဟိုဟာလုပ်ပေး၊ဒီဟာလုပ်ပေးဖြင့် မျက်နှာချိုသွေးကာ မဲတောင်းခံခဲ့သော်လည်း မအောင်မြင်ခဲ့သည့် နောက်ကြောင်းပြန်လည့်လိုသူ ဗျုဟာဆရာကြီးများသည် ဒီတစ်ခါတွင်တော့ နွားကွဲရင် ကျားဆွဲမည်ဆိုသည့် နည်းဗျူဟာသုံးကာ ပြည်သူတို့ ၏ အသဲကြားကမဲတစ်ပြားကို လုယူပေတော့မည် ...

မုန်းတီးမူအခြေခံသည့် ဖြစ်စဉ်တွေ ဆက်လက်ဖန်တီးပေးအုံးမည် .... ထိုဖြစ်စဉ်တွေအပေါ်
မသိနားမလည်သည့်ပြည်သူတစ်ချို့ ၏ စိုးရိမ်ကြောင့်ကြမူကို အသုံးချကာ ဥပဒေလိုလို၊ကြွေးကြော်သံလိုလို အော်ဟစ်လာကြတော့မည် .... ကာလကြာရှည်စွာ တည်ရှိခဲ့သည့် မြင့်မြတ်သည့်အဖွဲ့ အစည်းကြီး၏ ဂိုဏ်းဝင်တစ်ချို့ ကို အသုံးချကာ ဘုရားမကြောက်၊ ငရဲမကြောက်၊ မရှက်မကြောက်ဖြင့် မြင်လို့ မကောင်းသည့် လုပ်ရပ်တွေကို လုပ်လာကြပေတော့မည် ... ထိုလုပ်ရပ်တွေကတစ်ဆင့် ပြည်သူတို့ ၏ ရင်နှင့်သဲချာပါတီကြီးနှင့် ပြည်သူတို့ အကြား သွေးကွဲအောင် ပြုလုပ်ကြပေတော့မည် ... သွေးကွဲအောင်ပြုလုပ်ပြီးနောက် ပေးစရာပါတီ
မရှိတော့သည့် ပြည်သူတို့ ၏ အသဲကြားက မဲတစ်ပြားကို လုယူပေတော့မည် ... မချစ်သော်လည်း အောင့်ကာ နမ်းခိုင်းပေတော့မည် ... သူတို့ ၏ ကိုယ်ကျိုးစီးပွားကို ကာကွယ်ရန်၊ လုပ်ပိုင်ခွင့် သက်ဆိုးရှည်ရန် နောက်ထပ်နည်းအမျိုးမျိုး အသုံးပြုကြပေတော့မည် ... ကြားထဲက အသုံးချခံရသည့် အသုံးချခံတို့ ၏ ဘ၀မှာလည်း မတွေးရဲစရာ ဖြစ်ပေတော့မည် ...

အသဲကြားကမဲတစ်ပြားကို ကာကွယ်ကြမယ်
=========================
ဗျုဟာဆရာကြီးများမှ ဗျုဟာခင်းလာသည်နှင့် တစ်ပြိုင်တည်း ထိုဗျုဟာစက်ကွင်းထဲ ကျရောက်နေသည့် သူများအဖို့ လည်း အသုံးချခံမဖြစ်ရလေအောင် မိမိကိုယ်ကိုယ်မိမိ ကာကွယ်နိုင်ဖို့ အရေးကြီးလာပေပြီ။တစ်နည်းအားဖြင့် ၀ါဒမှိုင်းတိုက်ကာ ယုံကြည်မူယိမ်းယိုင်ခြင်း မခံရလေအောင် ကာကွယ်ရပေတော့မည်။ ယုံကြည်မူခုခံနိုင်မူစွမ်းအားရှိဖို့ လိုပေတော့မည်။ ဗျုဟာဆရာကြီးတို့ ၏ လှည့်ကွက်၊ချောက်ချမူတို့ ကို ကောင်းကောင်းသဘောပေါကပြီ်း မြင်အောင်ကြည့်နိုင်ဖို့ လိုပေတော့မည်။ တွဲလက်တွေ ခိုင်မာနေဖို.လိုအပ်ပေတော့မည်။ မိမိတို .့ ၏အသဲကြားက မဲတစ်ပြားကို အမှန်၊အမှားခွဲခြားနိုင်သည့် အသိဥာဏ်ပညာဖြင့်
ကာကွယ်ဖို့ အချိန်ကျရောက်လာပြီဟု ဆိုလိုက်ချင်ပါသည် ....

ဒေါက်တာရွှေမင်း
၁၉.၁.၂၀၁၄

Aye Chan Mon# Credit To : သုံး ရောင် ခြယ် > ပြန်လည် မျဝေခြင်း ဖြစ်ပါသည်

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။