Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, February 17, 2014

ဘုရင်ကြီးနှင့် အိပ်မက် (၃) ခု.. (ရုရှားပုံပြင်)


အာကာသ နှင့် စကြာဝဠာ
>>> ယနေ့ညအတွက် ပုံပြင်လက်ဆောင် <<<

ဘုရင်ကြီးနှင့် အိပ်မက် (၃) ခု.. (ရုရှားပုံပြင်)

ရှေးတုန်းက ရုရှပြည်ကြီးမှာ ဘုရင်တပါးအုပ်စိုးနေပါတယ်။ အဲဒီဘုရင်ကြီးဟာ တခါတော့ အိပ်မက်တယ်တဲ့။ အိပ်မက်ကလည်း သိပ်ဆန်းကြယ်တာပဲတဲ့။ ဘယ်လိုလဲဆိုတော့ မြေခွေးတစ်ကောင်ဟာ နန်းတော်အမိုးကနေ တွဲလောင်းကျသတဲ့။ ဘုရင်ကြီးလည်း မနက်မိုးလင်းတော့ သူ့မှူးမတ်၊ ၀န်ကြီး၊ ပညာရှိတွေကို ခေါ်ပြီး အိပ်မက်ရဲ့ အဓိပ္ပါယ်ကိုမေးသတဲ့။ ဖြေသမျှ အဖြေတွေကိုလည်း ဘုရင်ကြီးဟာ လုံးဝ မကျေနပ်ဘူးတဲ့။ ဒါနဲ့ပဲ သူကျေနပ်အောင် အဖြေထုတ်ပေးနိုင်သူကို တိုင်းပြည်ထဲမှာ ရှာပါလေရောလား…။

အိပ်မက် အဓိပ္ပါယ်ကို မှန်ကန်ကျေနပ်အောင် ဖြေဆိုနိုင်ရင် ဆုတော်၊ လာဘ်တော်ချီးမြှင့်မယ်။ နန်းတော်ကို လူတိုင်းလာပြီးတော့ အိပ်မက်အဓိပ္ပါယ်ကို ပြောစေသတဲ့။ အဲ… မကြာပါဘူး၊ လယ်သမားအဖိုးကြီး အိုင်ဗင်ဟာလည်း အိပ်မက်အဓိပ္ပါယ်ကိုပြောဖို့အတွက် နန်းတော်ဆီကို ချီတက်လာခဲ့တာပေါ့လေ။

လမ်းတနေရာမှာ မြွေတစ်ကောင်နဲ့ တွေ့တော့ မြွေက မေးတယ်လေ။
`အဖိုးကြီး၊ အသင်ဘယ်သွားမလို့လဲ´
`အေးကွ၊ ဘုရင့်နန်းတော်ကိုသွားမလို့ဟ။ ဘုရင့်အိပ်မက်ကို အဖြေပေးရမယ်တဲ့။ ငါလည်း ဘာသိမှာလဲကွာ…´
အဖိုးကြီးက ညည်းညည်းညူညူ ပြောလိုက်တယ်တဲ့။ ဒီအခါမှာ မြွေက စဉ်းစားတယ်။ `အဖိုးကြီးဟာ အသက်လည်းကြီးပြီ။ ဆင်းရဲတာလည်း အရမ်းပဲ၊ ဘုရင်ကြီးဆီက ဆုတော်လာလ်တော်တွေ ရရင်ချမ်းသာသွားမှာပဲ´ လို့ပေါ့ကွာ။ `ဒါဆို ကျုပ်ကို ဒီဆုတွေထဲက တစ်ဝက်ပေးမလား။ အဖြေကိုပြောပြမယ်လေ´

အဖိုးကြီးဟာ မြွေရဲ့စကားကို မယုံပေမယ့် သူလည်းအဖြေရမှန်းမသိတာမို့ မြွေပြောတာကို လက်ခံလိုက်သတဲ့။ မြွေက အဖြေကို ဒီလိုပြောပြသတဲ့။ `မြေခွေးဟာ နန်းတော်အမိုးကနေ အမြီးတန်းလန်းနဲ့ စောက်ထိုးကျနေတာက..တစ်နိုင်ငံလုံးမှာ မြေခွေးလို ကောက်ကျစ်မှုတွေ၊ ယုတ်မာမှုတွေ၊ သစ္စဲာ့နဲ့- ကတိမတည်မှုတွေပေါများနေတဲ့ အဓိပ္ပါယ်ပဲဗျ´ လို့ ပြောပြသတဲ့…။

အဖိုးကြီးလည်း နန်းတော်ကိုရောက်တော့ မြွေပြောပြလိုက်တဲ့အတိုင်း ဘုရင်ကြီးကို ဖြေဆိုပြသတဲ့။ ဘုရင်ကြီးရော၊ ပညာရှိတွေကပါ သိပ်ကို သဘောကျနှစ်ခြိုက်ကျပြီး အဖိုးကြီးကို ဆုလာဘ်ငွေကို အများကြီးပေးလိုက်ကြသတဲ့။ ဒီအခါမှာ အဖိုးကြီးဟာ ဆုငွေတွေရလာတာနဲ့အမျှ မြွေကို ကတိအတိုင်းခွဲမပေးချင်တော့ဘူးလေ။ ဒါနဲ့ပဲ တခြားလမ်းကနေ သူ့အိမ်ကိုပြန်သွားသတဲ့။ မြွေကတော့ အဖိုးကြီးများလာလေမလားလို့ စောင့်မျှော်ရင်း ပေါ်မလာနိုင်တော့မှ သူ့မြွေတွင်းထဲကို ပြန်ဝင်သွားသတဲ့။

ဒီလိုနဲ့ နောက်ရက်အတန်ငယ်ကြာလာတဲ့အခါ ဘုရင်ကြီးဟာ အိပ်မက်တစ်ခုကို မက်ပြန်ပါရော။ (အိပ်မက်ကတော့ နန်းတော်အမိုးကနေ ဓားတစ်စင်းတဲ့လောင်းကျနေသတဲ့။) ဒီအခါမှာ ဘုရင်လည်း သူ့ပညာရှိနဲ့ အမတ်တွေကို ဖြေခိုင်းပြန်တယ်တဲ့။ ဘယ်သူမှ ကျေနပ်အောင် မဖြေနိုင်တာမို့ အရင်အဖြေမှန်ဘူးတဲ့ အဖိုးကြီး အိုင်ဗင်ကို အခေါ်လွှတ်ခိုင်းသတဲ့။ အဖိုးကြီးလည်း ဟိုတစ်ခါက မြွေပြောပြလို့သာ ဖြေနိုင်တာမဟုတ်လား။ ဒီတစ်ခါလည်းမြွေဆီက အဖြေတောင်းမှ ဖြစ်မယ်ဆိုတော့ တွေးမီတာပေါ့။ ဒါနဲ့ပဲ မြေနွဲ့အရင်တွေ့ခဲ့တဲ့ နေရာဆီအရောက်သွားပြီး တွေ့တာပေါ့လေ။ မြွေလည်း အဖိုးကြီးကိုထွက်ပြီးတွေ့သတဲ့။

`ဘာကိစ္စရှိလို့လဲ အဖိုးကြီး´
`ဘုရင်ကြီးရဲ့ အိပ်မက်ကို သင်ဖြေပေးပါအုံး။ ဟိုတခါက ကျုပ်မှာ ကြွေးဆပ်စရာရှိနေလို့ သင့်ကို တစ်ဝက်ခွဲမပေးတာပါ။ ဒီတစ်ခါတော့ တကယ်ပေးပါ့မယ်၊ စိတ်ချ´
အဖိုးကြီးဟာ မြွေကို လီဆယ်ပြီး တောင်းပန်ပြောတော့တာပေါ့။ မြွေကတော့ ဒါကိုဘာမှမပြောပါဘူး။ ဘုရင်ကြီးမက်တဲ့ အိပ်မက်က ဘယ်လိုအိပ်မက်လည်းလို့သာ အဓိကထားမေးသတဲ့…။ အဖိုးကြီးက ပြောပြတော့…

မြွေက…`ဒါက ဘာမှမဟုတ်ပါဘူး။ ရန်သူတွေပေါများတဲ့ အဓိပ္ပါယ်ပါပဲ။ မကြာခင်မှာ သွေးချောင်းစီးမယ့် သဘောပါပဲ။ ဒါကြောင့် ဘုရင်ကြီးအနေနဲ့ တိုင်းပြည်အတွင်းက ရန်သူတွေကိုရော၊ ပြည်ပကရန်သူတွေကိုရော ကြိုတင်ပြင်ဆင်နှိမ်နှင်းနိုင်မှ ဖြစ်မယ်လို့ ဆိုလိုတာပါ။´ အဖိုးကြီးလည်း နန်းတော်ဆီမှာ အဖြေသွားပေး၊ ဆုငွေရယူပြီး ပြန်လာတာပေါ့။ ဒီတစ်ခါတော့ မြွေရှိတဲ့ လမ်းကပဲပြန်လာခဲ့သတဲ့။ ဒါပေမယ့် ဆုငွေတစ်ဝက်ကို ခွဲဝေပေးဖို့တော့ စိတ်ကူးမိလို့မဟုတ်ပဲ မြွေကိုတွေ့ရင် အသင့်ပါလာတဲ့ ဓါးနဲ့ခုတ်သတ်ဖို့ကို ကြိုတင်ကြံစည်လာသတဲ့။ ဒီလိုနဲ့ အဖိုးကြီးနဲ့မြွေ တွေ့ကြရော။ မြွေကအဖိုးကြီးဆီက ကတိအတိုင်း ဆုငွေတစ်ဝက်တောင်းတာပေါ့။

`ဟေ့၊ ဘာလို့ပေးရမှာတုံးကွ၊ မပေးဘူးကွ၊ မင်းကငါ့ကို ဘာလုပ်နိုင်မှာ မို့လို့လဲ၊ ဒီမယ် ဓါးကြည့်ထား´
အဖိုးကြီးလည်း ဓါးကို ဒေါသတကြီးဆွဲထုတ်လိုက်တာနဲ့ မြွေဟာ အလျင်အမြန်ပဲ သူ့တွင်းထဲပြေးဝင်သွားတော့တာပေါ့ကွယ်။ မကြာပါဘူး။ ဘုရင်ကြီးက ပြည်တွင်းရန်၊ ပြည်ပရန်တွေအားလုံးကို နှိမ်နင်းအောင်မြင်ပြီး တိုင်းပြည်ဟာ ပြန်လည်တည်ငြိမ်အေးချမ်းလာတော့တာပေါ့။

အဲဒီလို အေးချမ်းပြီးကာစအချိန်မှာပဲ အိပ်မက်တစ်ခု ထပ်မက်ပြန်တယ်။ (နန်းတော်အမိုးပေါ်မှာ သိုးကလေးတစ်ကောင် တွဲလောင်းကျနေသတဲ့။)
`အဖိုးကြီး အိုင်ဗင်ကို ဒီအိပ်မက်အဓိပ္ပါယ်ဖော်ဖို့ သွားခေါ်ကြစမ်း…´ ဘုရင်ဟာ အဖိုးကြီး အိုင်ဗင်ကိုပဲ ခေါ်စေသတဲ့…။ ဒီတစ်ခါတော့ အဖိုးကြီး ဒုက္ခရောက်ပြီပေါ့။ အိုင်ဗင်ဟာ မြွေကို ငါကြည့်ပြီးတောင်းပန်ရမှာပဲ ဆိုပြီး မြွေရှိရာဆီထွက်လာခဲ့သတဲ့။ အကျိုးအကြောင်းပြောပြတာပေါ့။ သူမိုက်မှားမိခဲ့သမျှကိုလည်း နောင်တရတဲ့အကြောင်း မြွေကို ၀န်ချတောင်းပန်သတဲ့။ မြွေက အဖိုးကြီးကို ဘာမှအပြစ်မတင်ပဲ…
`ဒီအိပ်မက်ရဲ့ အဓိပ္ပါယ်က တစ်နိုင်ငံလုံးဟာ သိုးကလေးလို ရိုးသားအေးချမ်းပြီး သာယာဝပြောတဲ့အဓိပ္ပါယ်ပဲ´ ဒါနဲ့ပဲ အဖိုးကြီးလည်း နန်းတော်ဆီပြေးပြီး ဘုရင်ကြီးဆီကို သံတော်ဦးတင်တော့တာပေါ့။ ဘုရင်ကြီးလည်း အလွန်အားရကျေနပ်ပြီး ဆုငွေတွေကို အရင်ကထက် ပိုမိုပြီး ချီးမြှင့်လိုက်သတဲ့။ ဒီတစ်ခါတော့ အဖိုးကြီး အိုင်ဗင်ဟာ ဆုငွေတွေကို မြွေဆီကိုတန်းတန်းမတ်မတ်ယူသွားပြီး အားလုံးကို ပုံပေးလိုက်သတဲ့။

ဒါပေမယ့် မြွေက မယူဘူးတဲ့။ `ဒီဟာတွေဟာ ကျုပ်အတွက် ဘာမှအသုံးမ၀င်ပါဘူး၊ သင်ပဲ အားလုံးကို ပြန်ယူသွားပါ´ ဒီလိုမြွေက ပြောတော့ အဖိုးကြီးလည်း သူအပြစ်တွေကို ခွင့်လွှတ်ဖို့ အကြိမ်ကြိမ်ပြောတာပေါ့။ မြွေကလည်း...`တစ်နိုင်ငံလုံးဟာ မြေခွေးလို ကောက်ကျစ်သစ္စာမဲ့ချိန်မှာ သင်ဟာလည်း သစ္စာမဲ့ခြင်းသာ ဖြစ်တယ်။ တစ်နိုင်ငံလုံး ရန်စွယ်ငေါငေါနဲ့ လက်နက်ကိုင်နေကြချိန်မှာ သင်ဟာ ကျုပ်ကို ဓါးနဲ့ချိန်ရွယ်ပြီးခြိမ်းခြောက်ခြင်းသာ ဖြစ်တယ်။ အခုအခါမှာတော့ တစ်နိုင်ငံလုံးဟာ သိုးကလေးလို ရိုးသားအေးငြိမ်းချိန်မှာ သင့်စိတ်နှလုံးဟာလည်း ရိုးသားအေးချမ်းခြင်းပါပဲ။ ဒါကြောင့် ကျုပ်ဟာအသင့်ကို အပြစ်မယူပါဘူး။ ခွင့်လွှတ်ပါတယ်။´ လို့ပြောပြီး မြွေဟာ သူ့တွင်းထဲကို ပြန်ဝင်သွားပါသတဲ့….။

ပုံပြောသူ- ကိုရွှေသိမ်းမင်း

Source: မြန်မာပြည်သား (JACBA)

အာကာသနှင့် စကြ၀ဠာ

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။