မနုဿ ရဲ့ စာမျက်နှာလေးများ
ခုတလော မနုဿ တစ်ယောက် အင်တာနက်လိုင်းမကောင်းတာက တစ်ကြောင်း ၊ အလုပ်တွေရှုပ်နေတာတစ်ကြောင်း စာတွေမရေးဖြစ် မတင်ဖြစ်တာ တောင်းပန်ပါတယ်နော်။ ခုတော့ပင်ပန်းနေပေမဲ့ ပေ့ခ်ျလေးမှာ စာအသစ်လေးတွေ မတင်နိုင်ရင်ကိုပဲ တာဝန်မကျေသလိုခံစားမိလို့ ပင်ပန်းလို့ အိပ်ချင်နေတဲ့ကြားက " မှန်"ဆိုတဲ့ စာမူလေးရေးသားတင်ပြပေးလိုက်ပါတယ်နော်။ အားလုံးနှစ်သက်လိမ့်မယ်လို့ ထင်ပါတယ်။
..........................................................................
..........................................................................
မိမိတို့လူတိုင်းအားလုံးဟာ နေ့စဉ်နေ့တိုင်းလိုလို ယောကျာ်းလေးတွေကလည်း ယောကျာ်းအလျောက် ၊ မိန်းကလေးတွေကလည်း မိန်းကလးတွေ အလျောက်၊ နေ့တိုင်း မှန်ကြည့်ဖြစ်ကြပါတယ်။
အထူးသဖြင့် မိန်းကလေးတွေဆိုရင်း မှန်ကြည့် အလှပြင်ရင်း လိုအပ်နေတဲ့ အလှတရားလေးတွေကို ပြင်ပအထောက်ကူပြု ပစ္စည်းလေးတွေနဲ့ ဖြည့်စွက်ကြပါတယ်။ မျက်လုံးလေးပိုပြီးတောက်ပဖို့အတွက် အရောင်လေးတွေဖြည့်၊ မျက်တောင်လေးတွေ ပိုပြီးကော့ညွတ်ဖို့အတွက် မျက်တောင်ဆိုးဆေးလေးကူ၊ နှုတ်ခမ်းလေး ပန်းရောင်သန်းဖို့တွက် နှုတ်ခမ်းဆိုးဆေးလေးတွေကူကြပါတယ်။ မှန်လေးကြည့်ပြီး လိုအပ်တဲ့ အစိတ်အပိုင်းလေးတွေကို လှပအောင်ခြယ်သကြပါတယ်။
ယောကျာ်းလေးတွေကတော့ မိန်းကလေးတွေလောက်တော့ မှန်မသုံးကြပေမဲ့ သုံးသင့်သလောက်တော့ သုံးကြရပါတယ်။
သူတို့မျက်နှာမှာရှိတဲ့ လိုအပ်ချက်တွေရယ် ၊ ဘယ်လိုအ၀တ်စားလေးဝတ်ပြီး တောက်ပအောင် ဘယ်လိုနေရမလဲဆိုတာတော့ မှန်ထဲမှာကြည့်တတ်ကြပါတယ်။
သူတို့မျက်နှာမှာရှိတဲ့ လိုအပ်ချက်တွေရယ် ၊ ဘယ်လိုအ၀တ်စားလေးဝတ်ပြီး တောက်ပအောင် ဘယ်လိုနေရမလဲဆိုတာတော့ မှန်ထဲမှာကြည့်တတ်ကြပါတယ်။
ဒါပေမဲ့ အဲ့ဒီလူတွေအားလုံးဟာ မှန်ဆိုတဲ့အရာကို နေ့စဉ်နေ့တိုင်းလိုလို ကြည့်ကြအသုံးပြုကြပြီး မိမိတို့ရဲ့ ပြင်ပန်းအလှအပတွေကို ခြယ်သပြင်ဆင် ဖြည့်စွက်နေကြပေမဲ့ အတွင်းမှာရှိတဲ့စိတ်သဘောထားလေးတွေကိုတော့ မှန်ထဲမှာ ပြန်မကြည့်မိကြပါဘူး။ ဒါပေမဲ့ အဲဒီလိုမိမိတို့ရဲ့ အတွင်းစိတ်ကိုကြည့်ဖို့ ကြည့်မှန် တစ်ချပ်နဲ့တော့ မရပါဘူး။
တကယ်တော့ အပြင်ပန်းလည်းလှဖို့လိုအပ်သလို အတွင်းစိတ်လှပဖို့က ပိုပြီးလိုအပ်ပါတယ်။
မျက်နှာလေးလှအောင် အရောင်လေးတွေ ဖြည့်ကြသလို ကိုယ့်ရဲ့စိတ်နေစိတ်ထား အတွင်းသဘောလေးတွေကို ကိုယ့်ရဲ့စိတ်ဆိုတဲ့ မှန်တစ်ချပ်နဲ့ နေ့တိုင်းထောင်ကြည့်ပြီး ... ဒီနေ့တော့ ငါဘာလေးလုပ်မိလိုက်ပြီ၊ အဲလိုလုပ်လိုက်ကတော့ မကောင်းဘူး ၊ အဲလိုပြောလိုက်တာကတော့မကောင်းဘူးဆိုပြီး ဆန်းစစ်ကြည့်မယ်။ ကိုယ့်ရဲ့ အမှားတွေကို မြင်အောင်ကြည့်ပြီး နောက်ကိုဘယ်လိုလေးဖြစ်ရင် ဒီနေ့လို မကောင်းတဲ့ တုန့်ပြန်မှုမျိုးမလုပ်တော့ဘူး၊ ကောင်းတာတွေကို ထပ်ပြီးလုပ်ဖို့မှတ်သားထားရမှာဖြစ်သလို ၊မကောင်းတာတွေကို နောက်နောင်မလုပ်မိအောင်စိတ်ထဲမှာလေးလေးနက်နက်မှတ်သားထားရပါမယ်။ ပြင်ဆင်ရမယ်။

ကဲ... မှန်ထဲမှာ ကိုယ့်စိတ်လေးတွေကို မြင်အောင်ကြည့်နိုင်ပြီ။ အမှားတွေကို အမှန်ဆိုတဲ့ အရောင်လေးတွေနဲ့ ဖြည့်စွက်ပေးမယ်။ နေ့တိုင်း မိမိရဲ့ သွင်ပြင်ကို ရုပ်ဝတ္ထု မှန် ဆိုတဲ့အရာကို ကြည့်သလိုမျိုးပဲ ကိုယ်တွင်းစိတ်နေစိတ်ထားလေးကိုလည်း နေ့တိုင်းပြန်သုံးသပ်တဲ့ မှန်လေးတစ်ချပ်နဲ့ အလှပြင်သလိုမျိုးပဲ လိုအပ်တဲ့နေရာလေးတွေကို ခြယ်သကြမယ်။ လှပနေတဲ့ အစိတ်အပိုင်းတွေကို ပိုမိုတောက်ပအောင် ပြုလုပ်မယ်။ မှေးမှိန်ပြီး မတောက်ပတော့တဲ့ နေရာလေးတွေကို အရောင်ထွက်အောင် ပြင်ဆင်မှုဆိုတဲ့ အရောင်လေးတွေနဲ့ ကုသပေးကြမယ်ဆိုရင် သင်ဟာ စိတ်ရော လူရော လှပပြီး လှပမှုတွေကြားမှာ ပြီးပြည့်စုံမဲ့ လူတစ်ယောက်ဖြစ်ပါရောလား ။
ချစ်တဲ့ ... မနုဿ
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။