Mr. Magazine
ဓား
****
(၃)
နောက်ဆုံးအနေနှင့် မှန်ထဲသို့ စူးစူးစိုက်စိုက် ကြည့်ကာ သူပြုံးလိုက်သည်။
လက်ခနဲဖြစ်သွားသော အပြုံးကိုမြင်တော့ သူ ကျေနပ်သွားသည်။
သူဖြစ်စေလိုသည့်အတိုင်း ချွန်မြစွာ ပြုံးတတ်ခဲ့ပြီမဟုတ်လား။
ခြောက်ကပ်ကပ်ဖြစ်နေသော နှုတ်ခမ်းကို လျှာ ဖြင့် တစ်ချက်သပ်လိုက်ပြီး လည်သာအင်္ကျီကို နှစ် ဘက်စုံကိုင်၍ ဆွဲစေ့လိုက်သည်။
သူ့လက်က ဘယ်ဘက်အတွင်း အိတ်ထဲမှ စတီးဓားကို ထိမိသွားချိန် တွင် အေးစက်သော အငွေ့အသက်တစ်ခုက အင်္ကျီကို ဖောက်၍ သွေးကြော ထဲသို့ စိမ့်ဝင်သွားသလို ခံစားလိုက်ရ သည်။
ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်ဖြင့် အ ရာရာပြင်ဆင်ထားသော်လည်း တကယ်တမ်း ရင် ဆိုင်ရတော့မည့်အတွေးက သူ့ကို စိတ်လှုပ်ရှားစေ သည်ကတော့အမှန်။
ဒါပေမဲ့ သူ အရှုံးမပေးနိုင်။
သူ့အတွက် ဒုတိယအကြိမ်ဆိုတာ မရှိစေရ။
သူအထပ်ထပ် လေ့ကျင့်ထားခဲ့သည်ပဲ။
သူ့နားထဲတွင် လှောင်ရယ်သံသဲ့သဲ့ကြား ယောင်လာသည်။ သွေးကြောထဲ ဖျင်းခနဲတိုးသွား သော ခံစားမှုတစ်ခုနှင့်အတူ နှလုံးသားက သိသိ သာသာ တုန်ခါသွားသည်။
နှုတ်ခမ်းကို ကိုက်၍ အသက်ပြင်းပြင်းရှိုက် လိုက်သည်။
ဟား…….
ငါအသင့်ဖြစ်နေပြီ။ ဟုတ်သည်။
သူ အထပ်ထပ်မနားမနေလေ့ကျင့်ထားခဲ့ သည်။ အခု သူ့ဘယ်ဘက်အိတ် ကပ်ထဲမှ နှလုံးသား နှင့်အတူကပ်၍ လိုက်ခုန်နေသော ဓားတစ်လက် ဖြင့် သူနေ့ညများစွာ ပြင်းပြင်းထန်ထန်လေ့ကျင့်ခဲ့ ရသည်။
လှောင်ရယ်သံသဲ့သဲ့ကို နောက်ထပ်ပြန်ကြား ယောင်လိုက်ချိန်မှာတော့ သူ့ဆုံးဖြတ်ချက်က ဓား တစ်လက်လို ထက်ရှခိုင်မာသွားခဲ့ပြီဖြစ်သည်။
(၂)
ကဖေးဆိုင်မှန်တံခါးပေါ်မှ သူ့အရိပ်ကို သူ ပြန်ငေးနေမိသည်။
စိုနက်နေသော လည်သာအင်္ကျီ၊ ဂျင်းဘောင်းဘီအနက်။ ပြီးတော့ သူ့မျက်လုံးအစုံ ကို ကွယ်ထားပေးသော နေကာမျက်မှန်အနက်။
အနက်ရောင်များချည်းမို့ သူ့ပုံစံက နင်ဂျာ တစ်ယောက်နှင့်ပင် တူနေသေး သည်ဟု တွေးမိ တော့ မခိုးမခန့်ပြုံးမိသည်။
ရုတ်တရက်တော့ အထဲဝင်ဖို့ သူအနည်းငယ် တွေဝေနေမိသည်။ အိတ်ထဲမှ ဓားကိုယောင်ယမ်း စမ်းမိတော့ သူလက်တွေ တုန်ယင်နေသည်ကိုလည်း သူသေသေချာချာသိလိုက်သည်။
ထိန်းချုပ်ထား သော သက်ပြင်းမောတစ်ခုကို အခုမှပင် သူချလိုက်မိ သည်။
မည်မျှကြာနေပြီမသိ။ တံခါးရှေ့ပိတ်ရပ်နေမိ သော သူ့ကို တိုးတိုက်၍ လူတွေဆိုင်ထဲဝင်သွားကြ သည်။ အများစုက ချစ်သူစုံတွဲများမို့ အချို့လူငယ် များက သူ့ကို ဘုကြည့်ကြည့်သွားကြသည်။ သူ့စိတ် ကို ထိန်းချုပ်ထား ရသည်။ အခုအချိန်မှာ ရန်ဖြစ် ဖို့ထက် ပို၍အရေးကြီးသော အမှားမခံသော စိန် ခေါ်မှုတစ်ခုကို သူလုပ်ရတော့မည်မဟုတ်လား။
မှန်တံခါးကို အသာတွန်းဖွင့်ဝင်လိုက်သည်။
စိမ့်ခနဲ အေးသွားသော အရသာနှင့်အတူ ငြိမ့် ညောင်းသော အနောက် တိုင်းသီချင်းသံက ကဖေး ဆိုင်လေးထဲ စီးမျောနေသည်။
စားပွဲဝိုင်းအားလုံးနီးပါး လူအပြည့်။
အားလုံးက ချစ်သူစုံတွဲတွေမှန်း သိသာပါ သည်။
ဟုတ်သည်။
ဒီလိုနေ့ကို သူစောင့်နေခြင်းဖြစ်သည်။
အထူးသဖြင့် ဒီနေ့။ ဖေဖေါ်ဝါရီ ၁၄ ရက်။
ဓားတစ်လက်နှင့်အတူ လက်ချိုးရေတွက်၍ စောင့်ဆိုင်းခဲ့ရသော ဒီနေ့။
သူ့ ပြတ်သားမှုနှင့်မာနကို ပြရမယ့်နေ့။
သူ့စိတ်ထဲ အနီရောင်ကို ပြင်းပြစွာ ဆာလောင် လာမိလေသည်။
ဆိုင်ထဲကို ဝေ့ကြည့်လိုက်သည်။
တွေ့ပြီ။ ထိုင်နေကျ အစဉ်အလာမပျက် အခန်းထောင့်ဆုံး။ တစ်ဆိုင်လုံးကို အတိုင်းသား မြင်နိုင်သော နေရာ။ သူတို့ကလည်း သူဝင်လာစက ပင် တွေ့မြင်ပြီးဟန်ဖြင့် ကြည့်နေကြသည်။
သို့သော် မျက်နှာထားများကတော့မတူ။
သူက ဓားတစ်လက်လို အေးစက်ထက်ရှနေ သလောက် သူတို့ကတော့ ပြုံးဟဟ။ အထူးသဖြင့် သရော်ရိပ်နှင့် ကျီစယ်မှုစွန်းနေသော မျက်ဝန်း တစ်စုံနှင့်ထူအမ်းအမ်းအောက်နှုတ်ခမ်း ကို ယောင်ယောင်ခဲထားသော သွားစွယ်လေးကို မြင် လိုက်ချိန်တွင်တော့ သူ့စိတ်ထိန်းမရတော့ပါ။
ကျင့်သားဝနေသော လက်က စတီးဓားကို လှစ်ခနဲ ဆွဲထုတ်၍ ခလုတ် ကို နှိပ်လိုက်သည်။
”ဖျောင်း”
မာကျောသော အသံနှင့် လက်သွားသော ဓားသွား။
အသံအားလုံးတိတ်ဆိတ်သွားသလို ထင်ရ သည်။
သူ့မျက်လုံးထဲ အနီရောင်ကိုသာ မြင်တော့ သည်။
အာရုံက သူနှင့်ဓားသာ။
ဓားသွားက မရပ်မနား။ တစ်ချက်ပြီးတစ် ချက်။ ရိပ်ခနဲ၊ ရိပ်ခနဲ။
စားပွဲပေါ်နှင့် နံဘေးတစ်ဝိုက် အနီရောင် တွေ ပရမ်းပတာ လွင့်စင်သွား ကြသည်။
အံ့သြသည်လား။ ထိတ်လန့်သွားသည်လား မသိနိုင်သော မျက်လုံး ဝိုင်းများနှင့် ကြောင်အအ မျက်နှာများကို သူ သတိပြန်ထားလိုက် မိချိန်မှာ တော့ သူ့ညာဘက်လက်တွင် အဖျားခတ်တုန် ယင် နေသော ဓား။
ဘယ်ဘက်လက်ဖဝါးပေါ်တွင်တော့ ဖြူဖွေး သော အသည်းတစ်ခု။
တုန်ယင်နေသည်။ အား လုံးက တုန်ယင်နေသည်။
အနီရောင်များက ဓားသွားပေါ်နှင့် ဘေးပတ် ပတ်လည်တွင် လွင့်စင် ကပ်ငြိနေသည်။
မာနနှင့် အားတင်းမှုတို့က သူ့ဆီမှ ထွက်ပြေး သွားပြီဖြစ်သည်။ ဓားသွားမှ တုန်ယင်မှုကလက်ဖျံ ပေါ်မှတစ်ဆင့် နှလုံးသားကို ဆောင့်ထိုးလိုက်သည်။ သူ ဝမ်းနည်းသွားသည်။
လွတ်ကျသွားသော (သို့မဟုတ်) လွှတ်ချလိုက် မိသော ဓားနှင့်အတူ သူ ‘အိ’ ခနဲ ငိုချလိုက်မိသည်။
အရာအားလုံး ပြန်လည်အသက်ဝင်လာချိန် မှာတော့ နွေးထွေးသော ရင်ခွင် တစ်ခုအတွင်း သူ ရောက်နေပြီး သူ့နားနားကပ်၍ တိုးတိတ်စွာ ပြော လိုက်သော အောရှရှ စကားသံတစ်ခုကိုလည်း ကြား လိုက်ရသည်။
”ငါမင်းကို သိပ်ချစ်တာပဲ နဒီချို” တဲ့။
(၁)
တစ်ခါတုန်းက…
”ဓား” များကို နှစ်သက်စွာ စုဆောင်းတတ် ပြီး ဓားကိုင်ကျွမ်း ကျင်သောကောင်လေးက ပန်းသီး အလွန်ကြိုက်သော ချစ်သူကောင် မလေးအား
”ဒီဒီ ..မင်းပန်းသီးကြိုက်တာ အပြစ်မဟုတ် ပါဘူး။ ဒါပေမဲ့ အမြဲအခွံ ခွာပေးနေရတဲ့ ငါ့ဓားလေး သနားဖို့ကောင်းနေပြီ။ တစ်ခါလောက်များ ငါ့ကို လည်း ဒီလိုလှလှပပလေး အခွံခွာကျွေးဖူးတယ် ရှိ အောင် ကျွေးပါလား” ဟု အမှတ်မထင် ကျီစယ်ခဲ့ဖူးသည်……..။ ထိုသို့ဖြင့်။
တစ်ခုသော ဖေဖော်ဝါရီ ၁၄ ရက်။ ချစ်သူ များနေ့၏ ရနံ့များ စိုအိနေသော ကဖေးဆိုင် တစ်ခုရှိ စားပွဲပေါ်တွင် ဓားတစ်လက်ဖြင့် အသည်းပုံ ပေါ်အောင် ကျွမ်းကျင်စွာ အခွံနွှာလှီးသင်ထား သည့် ပန်းသီးတစ်လုံးနှင့် အသွားပွင့် လျက်ရှိသောဓားတစ်လက်ရှိလေသည်။
(ဝ)
သွယ်ပြောင်းဖြူနုသော ဖယောင်းလက် ဖဝါး လေးက အခုတော့ ခွန်အား မဲ့စွာဖြင့် ချစ်သူ၏ အင်္ကျီစလေးကို မချင့်မရဲဆုပ်ကိုင်ချေမွနေလေသည်။
နက္ခတ်နီ

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။