Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, February 24, 2014

ခန္ဓာကိုယ်ရဲ့ အရေးအကြီးဆုံး အစိတ်အပိုင်း ( နေလင်းအောင် )


Fireflies
ခန္ဓာကိုယ်ရဲ့ အရေးအကြီးဆုံး အစိတ်အပိုင်း ( နေလင်းအောင် )
-------------------------------------------
“ခန္ဓာကိုယ်ရဲ့ အရေးအကြီးဆုံး အစိတ်အပိုင်းဆိုတာ ဘာလဲ” လို့ မေမေက ကျွန်တော့်ကို မကြာခဏ မေးလေ့ရှိခဲ့ပါတယ်။ နှစ်ပေါင်းအတော်ကြာပင် အဖြေမှန်ရဖို့ စဉ်းစားမှန်းဆခဲ့ရတယ်။

ကျွန်တော် ကလေးဘဝတုန်းက အသံဟာ ကျွန်တော်တို့လူသားတွေအတွက် အရေးအကြီးဆုံးလို့ တွေးထင်ခဲ့မိတဲ့အတွက် “မေမေ.... ကျွန်တော်တို့နားတွေလေ”လို့ ပြောခဲ့ပါတယ်။
“မဟုတ်သေးဘူး သားရေ.. လူအများစုက နားပင်းနေကြတယ်။ သား အဖြေမှန်ရအောင် ဆက်ပြီးစဉ်းစားထားပါ။ နောင်မကြာမီ သားကို မေးပါအုံးမယ်” လို့မေမေက ပြောတယ်။

မေမေ နောက်တစ်ကြိမ်မမေးမီ နှစ်ပေါင်းအတော်ကြာ ကုန်ဆုံးသွားပြန်တယ်။ ကျွန်တော်ဟာ ပထမဆုံးအကြိမ် မှားပြီးကတည်းက မဖြေမှန်ကို စဉ်းစားလို့ရခဲ့ပါတယ်။
ဒါကြောင့် နောက်တစ်ကြိမ်မှာတော့ “ အမေ.... အမြင်အာရုံက လူသားတိုင်းအတွက် အလွန် အရေးကြီးတယ်။ အရေးကြီးတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းဆိုတာ မျက်လုံးတွေဖြစ်ရမယ်” လို့ပြောပြခဲ့ပါတယ်။

မေမေက ကျွန်တော်ကိုကြည့်ကာ “ သားက အလျင်စလို လေ့လာထားတာပဲ။ အဖြေကတော့ မမှန်သေးဘူး။ (မျက်စိပါပေမဲ့ ) မမြင်တတ်တဲ့သူတွေ အများကြီးရှိနေလို့ပါ” လို့ပြောခဲ့ပါတယ်။

ကျွန်တော်ဟာ နောက်တစ်ကြိမ်မှားလို့ စိတ်ရှုပ်သွားပြီးနောက် အဖြေမှန်ရဖို့ ဆက်လက်စဉ်းစား ရှာဖွေခဲ့ပါတယ်။ နှစ်ပေါင်းအတော်ကြာပင် မေမေက ဒီမေးခွန်းကိုပဲ မကြာခဏမေးခဲ့ပြီး အကြိမ်တိုင်းမှာ မေမေရဲ့အဖြေကတော့ “မမှန်သေးဘူးသားရေ ... ဒါပေမဲ့ သားရဲ့ အဖြေဟာ တစ်နှစ်ထက်တစ်နှစ် ပိုကောင်းလာပါတယ်”တဲ့။

ဒီလိုနဲ့ မနှစ်ကတော့ ကျွန်တော့်အဘိုး သေဆုံးခဲ့တယ်။ လူတိုင်း ဝမ်းနည်းပူဆွေးပြီး ငိုကြွေးကြတယ်။ ကျွန်တော့်ဖေဖေရော ငိုခဲ့ပါတယ်။ ဖေဖေငိုတာ ဒုတိယအကြိမ် ဖြစ်တဲ့အတွက် ဒီ အဖြစ်အပျက်ကို အထူးသတိရနေမိတယ်။ အဘိုးကို နောက်ဆုံးနှုတ်ဆက် စကားဆိုဖို့ ကျွန်တော်တို့ အလှည့် ရောက်တဲ့အခါမှာတော့ မေမေက ကျွန်တော့်ကို လှည့်ကြည့်ရင်း မေးလိုက်ပါတယ်။
"ချစ်တဲ့သားလေး ၊ ခန္ဓာကိုယ် ရဲ့ အရေးအကြီးဆုံးအပိုင်းကို အခုထက်ထိ မသိသေးဘူးလား"

ဒီမေးခွန်းကို ယခုလို အသုဘအခမ်းအနားမျိုးမှာ မေးတဲ့အတွက် တုန်လှုပ်သွားမိပါတယ်။ ဒီမေးခွန်းက ကျွန်တော်နဲ့ မေမေ့အကြား ကစားပွဲတစ်ခုလို့ အမြဲလိုလို တွေးနေခဲ့မိတယ်။
ကျွန်တော့်မျက်နှာမှာ စိတ်ရှုပ်တဲ့အရိပ်အယောင် မေမေတွေ့တဲ့အခါ ကျွန်တော့်ကိုပြောပါတယ်။

" ဒီမေးခွန်းက အလွန်ကိုအရေးကြီးတယ်။ ဒီမေးခွန်းကြောင့် သားဟာ တစ်ကိုယ်ကောင်းဆန်စွာ ဘ၀မှာရှင်သန်နေထိုင်ခဲ့တယ်ဆိုတာ သိရတယ်။ ယခင်အကြိမ် တွေတုန်းက သားပြောခဲ့တဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေ မှားနေကြောင်းနဲ့ ဘာကြောင့်မှားရတယ်ဆိုတာ ဥပမာပေးပြီး မေမေရှင်းပြခဲ့တယ်။ ဒါပေမဲ့ ဒီနေ့တော့ ဒီအရေးကြီးတဲ့သင်ခန်းစာကို သားသိဖို့လိုအပ်တယ်"

မေမေဟာ ကျွန်တော့်ကို အထင်သေးသလို ကြည့်လိုက်ပေမဲ့ မိခင်တစ်ဦးရဲ့ မေတ္တာနဲ့ပါ။မေမေရဲ့ မျက်ဝန်းမှာတော့ မျက်ရည်တွေနဲ့ပေါ့..။
" ချစ်တဲ့သားလေး ခန္ဓာကိုယ်ရဲ့ အရေးအကြီးဆုံး အစိတ်အပိုင်းဆိုတာ သားရဲ့ပခုံးတွေပဲ" လို့မေမေက ပြောတယ်။

" ကျွန်တော့်ခေါင်းကို ထိန်းပေးထားလို့လားမေမေ" လို့ ကျွန်တော်က မေးခဲ့တယ်။
" မဟုတ်ဘူးသားရေ ။ ပုခုံးဆိုတာ သူငယ်ချင်းတစ်ဦး ဒါမှမဟုတ် ချစ်သူတစ်ဦး ၀မ်းနည်းပူဆွေး ငိုကြွေးတဲ့အခါ သူတို့ရဲ့ ခေါင်းတွေမှီခိုအားထားနိုင်တဲ့ အတွက်ကြောင့်ပါ။ ဘ၀တစ်ချိန်ချိန်မှာ လူတိုင်းဟာ မှီခိုငိုကြွေးဖို့ ပုခုံးတွေ လိုအပ်တတ်ပါတယ်။
သားလိုအပ်တဲ့အခါတိုင်း မှီခိုငိုကြွေးဖို့ ပုခုံးတွေကို ခွင့်ပြုပေးခဲ့တဲ့ သူငယ်ချင်းမိတ်ဆွေတွေ၊ ချစ်သူတွေ အလုံအလောက်ရှိ လိမ့်မယ်ထင်ပါတယ်" လို့ မေမေကပြောတယ်။

ဒီနောက်မှသာ ခန္ဓာကိုယ်ရဲ့ အရေးအကြီးဆုံး အစိတ်အပိုင်းဆိုတာ တစ်ကိုယ်ကောင်းမဆန်တဲ့ အပိုင်းလို့ သိလာရပါတော့တယ်။
--------------------------
credit toး နေလင်းအောင်

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။