အာကာသ နှင့် စကြာဝဠာ
>>> ဂျီရိုဒါနို ဘရူနို (Giordano Bruno) <<<
အီတလီလူမျိုး အတွေးအခေါ်ပညာရှင် ဂျီရိုဒါနို ဘရူနို (Giordano Bruno) ကို ၁၅၄၈ ခုနှစ်က မွေးဖွားခဲ့ပါတယ်။ သူဟာ တွေးခေါ်ပညာရှင်အဖြစ်သာမက သင်္ချာပညာရှင်၊ ကဗျာဆရာ၊ အာကာသပညာရှင် တစ်ဦးလည်းဖြစ်ပါတယ်။
သူ့ရဲ့ စကြ၀ဠာနဲ့ပတ်သက်တဲ့ ယူဆချက်၊ သီအိုရီများဟာ ယနေ့ခေတ် အာကာသ ပညာရပ်ရဲ့ အစ လို့ ပြောရမှာပါ။ ဒါပေမယ့် သူဟာ ဒီသီအိုရီများကို အသက်ဝင်ဖို့ သူ့အသက်ကို စတေးခဲ့ရပါတယ်။
သူ့ရဲ့ ယူဆချက်ကတော့ " နေဟာ စကြ၀ဠာအတွင်းမှာရှိတဲ့ ကြယ်များထဲက တစ်ခုဖြစ်တယ်။" " စကြ၀ဠာထဲမှာ ဖုံးကွယ်နေတဲ့ ဂြိုဟ်ကမ္ဘာတွေ အများကြီး (မရေတွက်နိုင်အောင်) ရှိလိမ့်မယ်..." စသည်ဖြင့် ယူဆတွေးခေါ်ခဲ့ပါတယ်။ ဒါပေမယ့် သူရှင်သန်ခဲ့တဲ့ နေရာဟာ သူနဲ့ အမြင်မတူညီတဲ့ ဘာသာရေးအစွန်းရောက်တွေ နေထိုင်နေတဲ့ ရောမ အင်ပါရာပါ။ သူတို့တွေ ယူဆထားတာ နေကသာ ကမ္ဘာကို ပတ်နေတာပါ။ ကမ္ဘာကနေကို ပတ်နေတယ်လို့ ဘရူနိုပြောဆိုလိုက်တာဟာ ရာဇသံ သင့်ပါတယ်။ အပြစ်ရှိပါတယ်။ ထို့ကြောင့် သူ့ကို ကားစင်တင်ပြီး မီးရှို့သတ်ခဲ့ပါတယ်...။ ၁၆၀၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၁၇ ရက်နေ့ကပေါ့...
ဒီကနေ့ဟာ သူကွယ်လွန်ပြီးတာ ၄၁၄ နှစ်ပြည့်တဲ့ နေ့ပါဘဲ..
သူ့ရဲ့ အတွေးအခေါ် ယူဆချက်တွေဟာ ယနေ့ကမ္ဘာမှာ ဆက်လက်ရှင်သန်နေပါတယ်။ သူ့ရဲ့ နာမည်ဟာလည်း ဘယ်တော့မှ သေဆုံးပျောက်ကွယ်သွားမည် မဟုတ်ပါ..။
အာကာသနှင့် စကြ၀ဠာ
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။