FOOD Magazine
......................................................................................
Pumpkin With Salted Eggs (ရွှေဖရုံသီးနှင့် ဆားဘဲဥ)
......................................................................................
ရွှေဖရုံသီးက ကျွန်တော့်ရဲ့ အကြိုက်ဆုံးဟင်းသီးဟင်းရွက်များထဲမှာ တစ်မျိုးပဲဖြစ်ပါတယ်။
ဘယ်လိုချက်ချက် ချိုနေတဲ့အတွက် အလွန်ပဲထမင်းမြိန်လှပါတယ်။
ရွှေဖရုံသီးကို အချိုချက်မလား ဒါမှမဟုတ် ချဉ်ရည်ချက်မလား ချက်စားနိုင်သလို
ဖရုံပွင့်နှင့် ဖရုံရွက်တွေကလည်း ချက်စားရင် အရသာရှိလှပါတယ်။
ဖရုံပွင့်ကို Tempura လို ကြော်စားနိုင်ပါ သေးတယ်။ ဖရုံသီးနှင့် ဆားဘဲဥဟင်းကတော့
မြန်မာလူမျိုးတွေနဲ့ နည်းနည်းစိမ်းမယ်ထင်ပါတယ်။
ဒါပေမဲ့ ပျဉ်းတော်သိမ်အနံ့မွှေးမွှေး၊Pumpkin With Salted Eggs (ရွှေဖရုံသီးနှင့် ဆားဘဲဥ)
......................................................................................
ရွှေဖရုံသီးက ကျွန်တော့်ရဲ့ အကြိုက်ဆုံးဟင်းသီးဟင်းရွက်များထဲမှာ တစ်မျိုးပဲဖြစ်ပါတယ်။
ဘယ်လိုချက်ချက် ချိုနေတဲ့အတွက် အလွန်ပဲထမင်းမြိန်လှပါတယ်။
ရွှေဖရုံသီးကို အချိုချက်မလား ဒါမှမဟုတ် ချဉ်ရည်ချက်မလား ချက်စားနိုင်သလို
ဖရုံပွင့်နှင့် ဖရုံရွက်တွေကလည်း ချက်စားရင် အရသာရှိလှပါတယ်။
ဖရုံပွင့်ကို Tempura လို ကြော်စားနိုင်ပါ သေးတယ်။ ဖရုံသီးနှင့် ဆားဘဲဥဟင်းကတော့
မြန်မာလူမျိုးတွေနဲ့ နည်းနည်းစိမ်းမယ်ထင်ပါတယ်။
ငရုတ်သီးစိမ်း စပ်စပ်လေးနဲ့ အလွန်ချိုတဲ့ ရွှေဖရုံသီးဟင်းလေးကို ကြိုက်နှစ်သက်မယ်လို့
မျှော်လင့်ပါတယ်။ ခြံထဲမှာ ရွှေဖရုံသီးပင်ရှိတယ်ဆိုရင် အဆင်သင့်ခူးထားပါ။
ကျန်လိုအပ်တဲ့ ပစ္စည်းတွေက မီးဖိုချောင်မှာ အဆင်သင့် အမြဲရှိနေတဲ့
ပစ္စည်းတွေမို့ ထွေထွေထူးထူး ၀ယ်စရာမလိုတော့ဘူးပေါ့။
ပါဝင်ပစ္စည်းများ
......................
• ရွှေဖရုံသီး - ကီလိုဝက် (အခွံခွာပြီး အတုံးကြီးကြီးတုံးထားပါ)
• ကြက်သွန်ဖြူ - ၅ မြွှာ (နုပ်နုပ်စဉ်းထားပါ)
• ဆားဘဲဥ - ၄ လုံး (ဘဲဥအနှစ်နှင့် အကာခွဲပြီးသီးသန့်စီထည့်ထားပါ)
• ပျဉ်းတော်သိမ်ရွက် - ၃ ခတ်
• ငရုတ်သီးအစိမ်း - ၁၀ တောင့် (နုပ်နုပ်စဉ်းထားပါ)
• ဆား - အနည်းငယ်
• ဆီ - စားပွဲဇွန်း ၂ ဇွန်း

ရွှေဖရုံသီးကြော်ရန် မုန့်နှစ်အတွက် လိုအပ်သောပါဝင်ပစ္စည်းများ
..................................................................................
• ဂျုံမှုန့် - ၁ ခွက်
• ဆန်မှုန့် - ခွက်တစ်ဝက်
• ကြက်ဥ - ၁ လုံး
• Baking Powder - လက်ဖက်ရည်ဇွန်း တစ်ဇွန်းနဲ့ တစ်ဝက်
• ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
• ရေ - နှစ်ခွက်ခွဲ

ပြုလုပ်နည်း
...................
ပထမဦးဆုံး ဖရုံသီးကြော်ရန် မုန့်နှစ်ဖျော်ရမှာဖြစ်ပါတယ်။
ဇလုံကြီးတစ်လုံးတွင် ဂျုံမှုန့်၊ ဆန်မှုန့်၊ ဆား၊ Baking Powder တို့ကိုထည့် ပြီးလျှင်
ကြက်ဥပေါက်ပြီးထည့်ပါ။ ပြီးလျှင် ရေထည့်ပြီးမွှေပါ။ ပြီးလျှင် အဆင့်သင့်လှီးထားသော
ဖရုံသီးကို မုန့်နှစ်တွင် လူးပြီး ဆီပူပူတွင်ကြော်ပါ။ ရွှေရောင်သမ်းလာလျှင် ဆယ်ယူပြီးဆီစစ်ပါ။
ပြီးလျှင် ဒယ်အိုးတစ်လုံးတွင် ဆီထည့်ပြီး ကြက်သွန်ဖြူဆီသတ်ပါ။
ပြီးလျှင် ပျဉ်းတော်သိမ်ရွက်နှင့် ငရုတ်သီးစိမ်းကို ထည့်ပြီးမွှေပါ။
ပြီးလျှင် ဆားဘဲဥအနှစ်ကို လက်ဖြင့်ချေပြီး ထည့်မွှေပါ။ ထို့နောက် ကျန်ရှိသော
ဆားဘဲဥအကာကို ထည့်ပြီးမွှေပါ။ပြီးလျှင် အဆင်သင့်ကြော်ထားသော
ဖရုံသီးကြော်ကိုထည့်မွှေပြီး ဆား အပေါ့အငန်မြည်းပြီးလျှင် စားသုံးနိုင်ပါပြီ။

..........................................................................................
Delicious Food From All Over The World By Myint Oo Tha

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။