Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, February 20, 2014

စစ်ပွဲများနှင့်ငြိမ်းချမ်းရေး၏ ကုန်ကျစရိတ်များ



The Cost of War, the Cost of Peace
---------------------------------------------
စစ်ပွဲများနှင့်ငြိမ်းချမ်းရေး၏ ကုန်ကျစရိတ်များ
==========================

အောင်နိုင်ဦး (Aung Naing Oo)

UMFCCI တွင် သြဂုတ် ၁၃ ရက်၊ ၂၀၁၃ တွင် ဟောပြောချက်
---------------------------------------------------------------

စစ်ပွဲများသည် ကုန်ကျစရိတ်အလွန်များသည်။ အသက်၊ ပိုင်ဆိုင်မှု၊ လမ်းတံတား အဆောက်အဦး ပျက်စီးဆုံးရှုံးမှုများကို ဖြစ်စေသည်။ သဘာဝပတ်ဝန်းကျင်၊ အသက်မွေးဝမ်းကြောင်း၊ လူသားတို့၏ ဆက်ဆံရေး၊ လူမှုရေးသဟဇာတဖြစ်မှုများကို ထိခိုက်စေသည်။

ဒုက္ခသည်များ၊ ရွာပုန်း ရွာရှောင်များကို ဖြစ်စေသည်။ စီးပွားရေးကို ပျက်စေပြီး စစ်တွင်းစီးပွားရေး (War Economy) ကို ဖြစ်စေသည်။ ယဉ်ကျေးမှုအမွေအနှစ်များ ပျက်စီးစေသည်။ အခွင့်အရေးများကို ဆုံးရှုံးစေသည်။ စိတ်ဒဏ်ရာဒဏ်ချက်၊ လူမှုရေးပြဿနာများ၊ မူးယစ်ဆေးဝါး သုံးစွဲမှုများ၊ ရောဂါဘယပေါများမှုများကို ဖြစ်စေသည်။ စစ်ဖြစ်ပြီးသောအခါ ပြန်လည်တည်ထောင်မှု၊ နေရာချထားမှုများ အထူးပင်ကြာတတ်သည်။ သွေးထွက်သံယိုဖြစ်ပြီးလျှင် ရင်ကြားစေ့ရေးသည် ပို၍ကြာတတ်သည်။

စီးပွားရေးတိုးတတ်မှုသည် ငြိမ်းချမ်းရေးထက်စာလျှင် ၂.၂ % နောက်ကျသည်။ စစ်ဖြစ်နေသောနိုင်ငံ ၁၄ နိုင်ငံနှင့် စစ်မဖြစ်သော အလားတူနိုင်ငံများကို လေ့လာသောအခါ စစ်ဖြစ်နေသောနိုင်ငံများတွင် တိုးတတ်ဖွံ့ဖြိုးမှု ၃.၄% နောက်ကျနေကြောင်းတွေ့ရသည်။

ကမ္ဘောဒီးယားပြည်တွင်းစစ် ပထမနှစ်အတွင်း လူ ၁.၇ သန်းသေဆုံး၍ နှစ်နှစ်အတွင်း ၂သန်းကျော် သေခဲ့သည်။ စစ်ပြီးသောအခါ ကမ္ဘောဒီးယား၏ နိုင်ငံခြားကြွေးမြီမှာ GDP ထက် အဆပေါင်း ၁၀၀% ကျော်နေသည်ကိုတွေ့ရသည်။ ခမာနီများကို တရားစွဲနိုင်ရန်ပင် ဒေါ်လာသန်း ၁၇၀ သုံးခဲ့ရသည်။

သီရိလင်္ကာပြည်တွင်းစစ်အတွက် အစိုးရ၏ ဘဏ္ဍာငွေ ၃၀%ကို သုံးခဲ့ရပြီး ဒေါ်လာသန်း ထောင်ပေါင်း ၂၀၀ ကျော်ကုန်ခဲ့ကာ လူတစ်သိန်းကျော် သေဆုံးခဲ့သည်။

တောင်ဆူဒန်နှင့် မြောက်ဆူဒန်စစ်ပြန်ဖြစ်လျှင် ဒေါ်လာသန်းထောင်ပေါင်း ၁၀၀ ကျော်ကုန်ကျမည်ဟု တွက်ပြထားတာရှိပါသည်။ ဆူဒန်တစ်နိုင်ငံထဲပင်လျှင် ဒေါ်လာသန်း ထောင်ပေါင်း ၅၀ ဆုံးရှုံးမည်ဖြစ်ပြီး အကယ်၍ စစ်ဖြစ်လာလျှင် နိုင်ငံပေါင်းစုံငြိမ်းချမ်းရေး ထိန်းသိမ်းမှု တပ်များ (UN Peacekeeping) နှင့် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီအတွက် UN မှ ဒေါ်လာ သန်းထောင်ပေါင်း ၃၀ (၃၀,၀၀၀,၀၀၀,၀၀၀) ကုန်ကျမည်ဟု ခန့်မှန်းခဲ့သည်။ ထိုလုပ်ငန်းများအတွက် ၂၀၁၀ ခုနှစ်တွင် ဒေါ်လာသန်း ၃.၇ (သုံးထောင့်ခုနှစ်ရာ) သုံးစွဲခဲ့ရသည်။

အနောက်အာဖရိကနိုင်ငံတစ်ခုဖြစ်သော လိုက်ကေးရီးယားတွင် လူဦးရေ ၃.၂ သန်းရှိခဲ့ပြီး ၁၄ နှစ်အတွင်း စစ်နှစ်ကြိမ်ဖြစ်ခဲ့သည်။ စစ်ပြီးသောအခါ လူဦးရေ၏ ၉၀% ကျော်မှာ အလုပ်လက်မဲ့များ ဖြစ်နေခဲ့သည်။ “မနက်မိုးလင်းကနေ မိုးချုပ်တဲ့အထိ စုတ်ပြတ်သတ်နေတဲ့ ပြည်သူတွေဟာ လမ်းမပေါ်မှာ ရည်ရွယ်ချက်မဲ့ လမ်းလျှောက်နေသလိုပဲ၊ စားစရာရဖို့ရတဲ့အလုပ်ကို ရှာနေကြရတယ်” လို့ သုတေသနတစ်ခုမှာ ရေးထားသည်။

ရဝမ်ဒါပြဿနာအတွက် ၁၉၉၄ နှင့် ၁၉၉၅ နှစ်နှစ်အတွင်း စုစုပေါင်း ဒေါ်လာသန်း သုံးထောင်၊ ကောင်ဆိုဗို ၇၈ ရက်စစ်ပွဲအတွက် ဒေါ်လာသန်းထောင်ပေါင်း ၂.၆၃ ကုန်ခဲ့သည်။ ကော်ဆိုဗို နိုင်ငံတကာငြိမ်းချမ်းရေး ထိန်းသိမ်းမှုအတွက် ဒေါ်လာသန်း ထောင်ပေါင်း ၉.၉၄ သန်း၊ ပြန်လည်ထူထောင်ရေးအတွက် သန်းထောင်ပေါင်း ၃၃.၉၇ သန်း၊ ထို့ကြောင့် စုစုပေါင်း သန်းထောင်ပေါင်း ၅၂.၄၈ သန်းကုန်ကျခဲ့ယုံမက ကော်ဆိုဗို ပဋိပက္ခကြောင့် ယူရိုဆလားဗီးနား အိမ်နီးချင်းနိုင်ငံ ၇ခု၏ GDP ဆုံးရှုံးမှုမှာ စတာလင်ပေါင်သန်းထောင်ပေါင်း ၇.၈ သန်း ဖြစ်ခဲ့သည်။

အာဖရိကတွင် ၁၉၉၅ မှ ၂၀၀၅ ခုနှစ်အထိ အာဖရိကတွင် နိုင်ငံပေါင်း ၅၃ နိုင်ငံရှိရာ ၂၃ နိုင်ငံမှာ စစ်ပွဲများဖြစ်ပွားခဲ့သည်။ ယင်း ၁၅ နှစ်အတွင်း လူပေါင်း၎သန်းခန့်သေဆုံးပြီး ဆုံးရှုံးမှုမှာ ဒေါ်လာသန်းထောင်ပေါင်း ၂၈၄ သန်း (၂၈၄,၀၀၀,၀၀၀,၀၀၀) သန်းဖြစ်ခဲ့သည်။ ထို့အပြင် တိုက်ပွဲများကြောင့် အာဖရိက၏ စီးပွားရေးမှာ ၁၅% မျှကျုံ့သွားခဲ့သည်။

အင်ဒိုနီးရှားတွင် ၂၀၀၃ ခုနှစ်က အာချေဒေသတွင် လူဦးရေ ၂,၆၆၅ ဦးသာရှိသော GAM သူပုန်များကို ၆ လ စစ်ဆင်နွှဲခဲ့ရာ ဒေါ်လာ ၁၄၁.၂ သန်း သုံးစွဲခဲ့ရသည်။ ထိုင်းနိုင်ငံတောင်ပိုင်းတွင် ၂၀၀၄ မှ ၂၀၀၉ အထိ ဒေါ်လာသန်း ၃ ထောင် ကုန်ခဲ့ရသည်။ ဆီးရီးယားဆိုလျှင် အသက်ဆုံးရှုံးမှုများ နေ့စဉ်နှင့် အမျှရှိနေပြီး ဆုံးရှုံးမှုများမှာလည်း တစ်ခါတည်းနှင့်တွက်၍ မရအောင်ပင်ရှိနေခဲ့ပါသည်။

စစ်ပွဲကုန်ကျစရိတ်များတွင် အမေရိကန်နိုင်ငံသည် ကမ္ဘာပေါ်တွင် အများဆုံးဖြစ်သည်။ ကုန်ကျစရိတ်နှင့် စစ်ကြောင့် အမေရိကန်နိုင်ငံ၏ စီးပွားရေးထိခိုက်မှုကို တွက်ပြထားသော သုတေသန အမြောက်အမြားရှိပါသည်။

အီရတ်နှင့် အာဖဂန် စစ်ပွဲများကြောင့် ကုန်ကျစရိတ်များတွင် တစ်စက္ကန့်အတွက် ၃,၈၁၆ ဒေါ်လာကုန်ကျသည်။ တစ်မိနစ်အတွက် ဒေါ်လာ ၂ သိန်း ၃ သောင်းခန့်နှင့် တစ်ရက်အတွက် ဒေါ်လာ ၃၂၉ သန်း ကုန်ကျသည်ဟု Non-Partisan CRS အစီရင်ခံစာတစ်ခုတွင် ဖော်ပြထားပါသည်။

စုစုပေါင်းကုန်ကျစရိတ်များကို စစ်အတွက်မသုံးဘဲ ကျန်းမာရေးအတွက်သုံးလျှင် နောင်အနှစ် ၂၀ အတွင်း အမေရိကန်တို့အတွက် ကျန်းမာရေးစောင့်ရှောက်မှု အပြည့်ရနိုင်သည်၊ ဝက်ပေါင်ခြောက် ဝယ်စားလျှင် အမေရိကန်တို့အတွက် နောင်အနှစ် ၁,၀၀၀ အထိ ဝက်ပေါင်ခြောက်များရနေမည်၊ ဖွံ့ဖြိုးမှုနည်းသောနိုင်ငံများအတွက် ယင်းငွေများကို အသုံးပြုလျှင် ဥပမာ HIV/AIDS ရောဂါအတွက် နောင်နှစ်ပေါင်း ၁၃၃ နှစ်အထိ အကူအညီပေးနိုင်မည် စသည်ဖြင့် တွက်ပြထားသော သုတေသနများ လည်း အမြောက်အမြားရှိနေသည်။

စစ်ပွဲများကြောင့် ကုန်ကျစရိတ်များသည်၊ ဆုံးရှုံးမှုများသည်၊ ပြန်အစားထိုး၍မရ (သို့) ခက်ခဲသည်ဆိုသောအချက်များကို သုတေသနစာတမ်းအများအပြားက ထောက်ပြခဲ့သည်။

သို့ဆိုလျှင် ငြိမ်းချမ်းရေးတည်ဆောက်မှုကရော ဈေးချိုရဲ့လား။ စစ်ပွဲများလောက် ဈေးမကြီးသော်လည်း ဈေးမချိုပါ။ တစ်ချို့နိုင်ငံများတွင် ပြန်လည်ထူထောင်ရေးအတွက် ငွေကြေးလိုအပ်မှုသာမက နိုင်ငံတကာငြိမ်းချမ်းရေး ထိန်းသိမ်းရေးတပ်များချထားရမှုကြောင့် ပို၍ ငွေကုန်ကြေးကျဖြစ်ရသည်များရှိပါသည်။ ဥပမာ-ကော်ဆိုဗိုနိုင်ငံ။

ပြန်လည်ထူထောင်ရေး၊ ငြိမ်းချမ်းရေးအတွက် လိုက်ဘေးရီးယားတွင် ဒေါ်လာသန်း ထောင်ပေါင်း ၈ ထောင်၊ သီရိလင်္ကာအတွက် သန်းထောင်ပေါင်း ၂.၆၊ ကမ္ဘောဒီးယားအတွက် သန်းနှစ်ထောင်၊ နီပေါအတွက် ၂၀၀၆ တွင် သန်း၂ ထောင်နှင့် အာချေသူပုန်သုံးထောင်ခန့်ကို ပြန်လည်နေရာချထားရန် ဒေါ်လာသန်း ၁၅၀ ကုန်ကျခဲ့သည်။

မြန်မာနိုင်ငံတွင် တိုင်းရင်းသားလက်နက်ကိုင်အင်အား တစ်သိန်းကျော်ရှိသည်ဟု ဆိုပါသည်။ ၎င်းတို့နှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများပြုလုပ်ခြင်း၊ ငြိမ်းချမ်းရေးတည်ထောင်ခြင်း၊ ပြန်လည် နေရာချထားခြင်းနှင့် ပြန်လည်တည်ဆောက်ရေးတို့အတွက် မည်မျှကုန်မည်နည်း။

အာဖရိကလောက်တော့ဈေးကြီးမည်မထင်ပါ။ အင်ဒိုနီးရှားတွက် လူ ၃,၀၀၀ ခန့်ကို ပြန်လည်နေရာချထားရေးအတွက် ဒေါ်လာသန်း ၁၅၀ ခန့်ကုန်လျှင် မြန်မာနိုင်ငံတွင် မည်မျှကုန် မည်နည်း။ ကြိုစဉ်းစားထားကြရန်လိုပါသည်။

သို့သော် သေချာသောအချက်တစ်ခုမှာ ငြိမ်းချမ်းရေးအတွက် သုံးခဲ့သောငွေသည် အချည်းနှီး မဖြစ်၊ ပြန်လည်တည်ဆောက်ရေးအတွက် ကုန်ကျမှုသည် စစ်ပွဲကုန်ကျစရိတ်များကဲ့သို့ ပျောက်ပျက်သွားမည်မဟုတ်ဘဲ လူမှုရေး၊ စီးပွားရေး၊ ပြန်လည်ထူထောင်ရေး၊ ရင်ကြားစေ့ရေး အစရှိသော စစ်ပြီးကာလလိုအပ်ချက်များကို အထူးအားပေးမည်ဟု ဆိုနိုင်ပါသည်။

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။