အာကာသ နှင့် စကြာဝဠာ
>>> ယနေ့ညအတွက် ပုံပြင်လက်ဆောင် <<<
တစ်ခါကရှင်ဘုရင်တစ်ပါးနှင့်သူ၏မိဖုရားကြီးတို့ အတူစံမြန်းနေကြစဉ်..လမ်းပေါ်တွင်ပင်ပန်းကြီးစွာ ထင်းထမ်းပြီးလှည့်လည်ရောင်းချနေသောအဖိုးကြီးတစ်ယောက်ကိုမြင်သည်။ ရှင်ဘုရင်ကကရုဏာသက် လှသည့်အပြင်စိတ်ဝင်စားသောကြောင့်ခေါ်ငင်မေးမြန်းသည်။ ပင်ပန်းလွန်းသောကြောင့်အိုဇာလှသည် မှန်သော်လည်းအသက်မှာရှင်ဘုရင်နှင့်အသက်တူဖြစ်ကြောင်းသိလိုက်ရသည်။ဆက်လက်ပြီးမေးမြန်း လိုက်သောအခါအသက်တူရုံမျှသာမကမွေးနေ့မွေးရက်မှစ၍အားလုံးတူနေကြောင်းသိလိုက်ရသဖြင့်အံ့အားသင့်မိသည်။
ဤသို့မွေးနေ့၊ခုနှစ်၊သက္ကရာဇ်ပါတူနေပါလျက်တစ်ဦးကရှင်ဘုရင်၊တစ်ဦးမှာဘာကြောင့်ဤမျှဆင်းရဲပင်ပန်းနေရသည်ကိုအံ့သြမိကြောင်းရှင်ဘုရင်ကပြောလိုက်သောအခါ မိဖုရားကြီးကအသက်အရွယ်ငယ်သေးသည့်အားလျှော်စွာဇနီးဖြစ်သူလိမ်လိမ်မာမာမရှိသောကြောင့်လည်းဤမျှဆင်းရဲဟန်ရှိကြောင်းမှတ်ချက်ချလိုက်မိသည်။
ဤသည်တွင်ရှင်ဘုရင်ကပြင်းစွာအမျက်ထွက်သွားသည်။ဤကဲ့သို့မင်းစည်းစိမ်ခံစားနေနိုင်ခြင်းသည်ပင်လျှင်မိဘုရား လိမ္မာသောကြောင့်ဟုယူလိုကယူနိုင်သည့်စကားဖြစ်နေသည်ကိုး။ ထို့ကြောင့်မယားကောင်းကြောင့်လင်ဖြစ်သူကြီးပွားနိုင်ပါသည်ဆိုလျှင်သင်မိဖုရားအားယခုပင်ထင်းထမ်းအဖိုးအိုနှင့်ပေးစားလိုက်ပြီ။ အဖိုးအိုနှင့်လိုက်သွားပေရော့ဟုနန်းတော်မှနှင်ထုတ်လိုက်သည်…။
မိဖုရားလဲမနေသာတော့ပြီ။ ထင်းထမ်းအဖိုးအိုနောက်ကလိုက်သွားရသည်။ ထင်းထမ်းအဖိုးအိုအိမ်သို့ရောက်သောအခါဇနီးသည်အဖွားအိုကပါမိဖုရားကြီးအားသနားလှသဖြင့် (သူတို့မှာလဲသားသမီးမရှိသောကြောင့်)သမီးအဖြစ်သဘောထားကြောင်းစိတ်ချမ်းသာစွာနေဖို့အကြောင်း အားပေးစကားပြောကြသည်။မိဖုရားကလဲအဖိုးအိုနဲ့အဖွားအိုအားမိအို၊ဖအိုသဖွယ်သဘောထားလိုက်လေသည်။သူတို့ဇနီးမောင်နှံနေထိုင်စားသောက်ပုံကိုသေချာလေ့လာကြည့်သောအခါဟင်းသီး၊ဟင်းရွက်ကအစ၀ယ်ယူစားသောက်နေရကြောင်းတွေ့ရသည်။
ထို့ကြောင့်မိဖုရားလဲအိမ်နောက်ဖေးဈေးဆိုင်တည်ဆိုသည့် အတိုင်းခြံထဲတွင်အဖိုးအိုအကူအညီနဲ့ဟင်းသီးဟင်းရွက်များ စိုက်ပျိုးသည်။ ထို့အပြင်အနီးအနားမှကလေးများကိုစာသင်ပေးရင်းခြံထဲတွင်ရေလောင်းပေါင်းသင်အကူအညီရလေသည်။
အိမ်တွင်လုံလောက်သည့်အပြင်ပိုလျှံသောဟင်းသီးဟင်းရွက်များကိုသေချာပြင်ဆင်ပြီးအဖွားအိုအားရောင်းစေသည်။ ရရှိလာသောငွေကြေးများကိုသေချာစုဆောင်းပြီးအစစအရာရာစနစ်တကျစီမံခန့်ခွဲမှု့ကြောင့် အတန်ကြာသော်နွားလှည်းတစ်စီးဝယ်ယူနိုင်လေသည်။ ထင်းကိုရောင်းခြင်းထက်မီးသွေးဖုတ်ရောင်းခြင်းကပိုမိုအကျိုးဖြစ်ထွန်းနိုင်ကြောင်းတွေးမိသောအခါအဖိုးအိုအားမီးသွေးဖုတ်ရောင်းစေသည်။
တစ်နေ့သော်မီးသွေးဖုတ်ပြီးမီးသွေးကောက်သောအခါပြောင်လက်လက်အတုံးလေးများတွေ့၍ယူလာပြီးမိဖုရားအားပြလေသည်။မိဖုရားကရွှေဖြစ်ကြောင်းသိသည်နှင့်တောင်စောင်းကိုမီးနှင့်တိုက်စေပြီးရွှေကိုရယူသည်။ထိုနောက်လှည်းနဲ့တိုက်ပြီးဘုရင်အားဆက်သစေသည်။ အဖိုးအို၏လျှောက်ထားချက်အရအကြောင်းစုံသိရသောအခါဘုရင်မင်းမြတ်လည်းမိဖုရား၏အလိမ္မာတရားကိုနှစ်သက်မြတ်နိုးမိပြီးရှေးကအတိုင်းမြှောက်စားတော်မှုသည်။။။။။
ဆရာအောင်သင်း၏“အနာဂတ်ကိုမကြောက်နဲ့”စာအုပ်လေးမှ...
ဤပုံပြင်တွင်သတိထားမိစရာလေးတွေကိုမြင်နိုင်သည်။
Source: ခရေရိပ် http://khayaeyeik.blogspot.com
အာကာသနှင့် စကြ၀ဠာ
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။