Aye Chan Mon
မြန်မာပြည်တွင် ကိုယ်ပိုင်တီတွင်ထားသည့်
စက်တပ်လေထီးဖြင့် ဓာတ်ပုံရိုက်ကူး
===================
စက်တပ်လေထီးဖြင့် ဓာတ်ပုံရိုက်ကူး
===================
ပြင်ဦးလွင် ဖေဖော်ဝါရီ ၁၆
နှစ်စဉ်ထုတ်ဝေနေကျဖြစ်သော ပြင်ဦးလွင် ဂေါက်မဂ္ဂဇင်း (၂ဝ၁၄)ကို ၂ဝ၁၄ ခုနှစ် ဧပြီလတွင် ကျင်းပ မည့် (၅၆)ကြိမ်မြောက် မဟာသင်္ကြန်ရွှေဖလား ဂေါက်သီးရိုက်ပြိုင်ပွဲ အထိမ်းအမှတ်အဖြစ် ၂ဝ၁၄ ခုနှစ် ဧပြီ ၁၁ ရက်တွင် ပုံနှိပ်ထုတ်ဝေမည် ဖြစ်သည်။ ၄င်းမဂ္ဂဇင်းတွင် ပြင်ဦးလွင် ဂေါက်သီးရိုက်အသင်းနှင့် ပတ်သက်သော အကြောင်းအရာများ၊ ပြင်ဦးလွင်ဂေါက်ကွင်းနှင့် ပြင်ဦးလွင်မြို့ ရှုခင်းများအား ရောင်စုံဓာတ်ပုံများဖြင့် အဆင့်အတန်းမြင့်မားစွာ ပုံနှိပ်ဖော်ပြမည်ဖြစ်ရာ လှပသောရှုခင်းဓာတ်ပုံ များရရှိနိုင်ရေးအတွက် ၂ဝ၁၄ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက် ညနေ ၄ နာရီတွင် paramotor (စက်တပ် လေထီး)ဖြင့် ပြင်ဦးလွင် ဂေါက်ကွင်း ပေါ်မှ ရှုခင်းဓာတ်ပုံများ ရိုက်ကူးခဲ့ သည်။
Paramotor (စက်တပ်လေထီး)စီးနင်းကာ ဓာတ်ပုံရိုက်ကူးခဲ့သူမှာ ပြင်ဦးလွင် ဂေါက်သီးရိုက်အသင်းသား ဦးကျော်စိုးအောင်ဖြစ်သည်။ ဦးကျော်စိုးအောင်သည် စက်တပ်လေထီးကို ကိုယ်တိုင်တီထွင်ဖန်တီး၍ အကြိမ်ကြိမ်စမ်းသပ် အောင်မြင်ခဲ့ပြီး ယခုအကြိမ်တွင် ပြင်ဦးလွင် ဂေါက်မဂ္ဂဇင်းအတွက် ထူးခြားလှပသော ရှုခင်းဓာတ်ပုံများ ရရှိစေရေး အထူးဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ ၄င်း၏လေထီးမှာ အရွယ်အစား ၂၅ စတုရန်းမီတာရှိ၍ လေထဲတွင် တစ်နာရီလျှင် အနှေးဆုံး ၃ဝ ကီလိုမီတာမှ အမြန်ဆုံး ၇ဝ ကီလို မီတာမောင်းနှင်နိုင်ပြီး ထိုင်းနိုင်ငံမှ ဝယ်ယူခဲ့သည်။ စက်ပိုင်းဆိုင်ရာအဖြစ် Yamaha Speed ဆိုင်ကယ်မှ 115 CC ရှိ 2 STOVE အင်ဂျင်ကို ဆလင်ဒါဇောက်ထိုးတပ်၍ ပန်ကာလည်နိုင်အောင် တီထွင်ထားခြင်း ဖြစ်သည်။ ၄င်း စက်တပ်လေထီးကို တီထွင်ရာတွင် အင်ဂျင်ပိုင်းဆိုင်ရာကို ပြင်ဦးလွင်မြို့ ဆောက်လုပ်ရေး တိုက်တန်းမှ ဆိုင်ကယ်ဝပ်ရှော့ဆရာ ကိုနေလင်းက လည်းကောင်း၊ မူလီ နှင့် ဆက်စပ်ပစ္စည်းများအား ဘူတာ တိုက်တန်းမှ တွင်ခုံဆရာ ဦးအောင်က လည်းကောင်း ကူညီတီထွင် ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။ ဦးကျော်စိုးအောင်သည် ၄င်း၏ စက်တပ်လေထီးဖြင့် ရန်ကုန်၊ မန္တလေး၊မတ္တရာ၊ ကျောက်မဲ၊ နောင်ချိုနှင့် ပြင်ဦးလွင်မြို့များတွင်
အောင်မြင်စွာပျံသန်းနိုင်ခဲ့ပြီးဖြစ်ရာ ပြင်ဦးလွင် ဂေါက်သီးရိုက် အသင်းသာမက ပြင်ဦးလွင်မြို့သားများအတွက် ဂုဏ်ယူဝမ်းမြောက်ဖွယ် စွန့်စားတီထွင် ဆောင်ရွက်ချက်ပင် ဖြစ်သည်။
အောင်မြင်စွာပျံသန်းနိုင်ခဲ့ပြီးဖြစ်ရာ ပြင်ဦးလွင် ဂေါက်သီးရိုက် အသင်းသာမက ပြင်ဦးလွင်မြို့သားများအတွက် ဂုဏ်ယူဝမ်းမြောက်ဖွယ် စွန့်စားတီထွင် ဆောင်ရွက်ချက်ပင် ဖြစ်သည်။
ပျံသန်းချိန် ၁ နာရီခန့်ကြာမြင့်ပြီး လေကြောင်းအလိုက် မောင်းနှင်ခဲ့ရာ ပင်လယ်ရေမျက်နှာပြင်အထက် ပေ ပေါင်း ၆ဝဝဝ ခန့်၊ ပြင်ဦးလွင်မြို့ အထက် ပေပေါင်း ၂၄ဝဝ သို့ ရောက်ရှိခဲ့ပြီး ဓာတ်ပုံပေါင်းများစွာကို ရိုက်ကူးနိုင်ခဲ့သည်။ ၄င်းပျံသန်းခရီး၏ ဓာတ်ဆီကုန်ကျစရိတ်မှာ ငွေကျပ် ၃ဝဝဝ သာ ကုန်ကျသည်ဟု သိရသည်။ အဆိုပါ စက်တပ်လေထီးကို မိမိနည်းပညာဖြင့် ပုံစံထုတ် တီထွင်ရာတွင် လေထီးစက် အင်ဂျင်အစုံလိုက်ကို တန်ဖိုးငွေကျပ်သိန်း ၂ဝ ခန့်သာ ကုန်ကျသည်ဟု ဆိုသည်။ အနောက်နိုင်ငံများတွင် အသင်းအဖွဲ့များ ကုမ္ပဏီစပွန်ဆာ များနှင့်ရှိကြသော်လည်း မြန်မာပြည် တွင်းထုတ် (ပြင်ဦးလွင်တွင်လုပ်)စက် တပ်လေထီးကို ဦးကျော်စိုးအောင် တစ်ဦးတည်းသာ ပေါ်ပေါက်လျက် ရှိသည်။ ၄င်းလေထီးများကို အသုံးပြုထုတ်လုပ်ခွင့် တွင်ကျယ်လာ ပါက နိုင်ငံတော်တွင် တစ်ထောင့် တစ်နေရာများအတွက် များစွာအထောက်အကူပြုနိုင်မည် ဖြစ်သည်။
(၁၄၇)
Aye Chan Mon# Credit To :The Mirror Daily > ပြန်လည် မျဝေခြင်း ဖြစ်ပါသည်
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။