TechSpace Journal
တစ်ဘီး ဆိုင်ကယ်
==========
==========
မည်သူမဆို ဆိုင်ကယ်ဟု ပြောလိုက်သည်နှင့် ၄င်းတွင် ဘီးနှစ်ဘီးပါဝင်သည်ကို သိရှိပြီး ဖြစ်ပါသည်။ သို့သော်ယခုအခါတွင် ဘီးတစ်ဘီးသာပါသည့် ဆိုင်ကယ်ထွက်ပေါ်လာပြီ ဖြစ်သည်။ ၄င်း၏ ဘီးသည် ၂၅ လက်မအရွယ်ရှိပြီး မောင်းနှင်နိုင်မှုအမြန်နှုန်းမှာ 10 mph ဖြစ်ကာ ဘီးမလဲကျအောင်ထိန်းပေးနိုင်သည့် အာရုံခံစနစ်များ၊ အရှိန်နှုန်းထိန်းကိရိယာများကိုလည်း တပ်ဆင်ထားပါသည်။
ဆိုင်ကယ်အား အစမ်းမောင်းနှင်ပြသသည့်အချိန်တွင် လူအများအနေဖြင့် တစ်ဘီးဆိုင်ကယ်ကို စီးနင်းချင်နေကြပြီး မည်ကဲ့သို့ ခံစားရမည်ကိုလည်း သိချင်နေကြပါသည်ဟု သိရပါသည်။ တစ်ဘီးဆိုင်ကယ်ကို တီထွင်ခဲ့ရသည့် အကြောင်းအရင်းမှာ တစ်ဘီးဆိုင်ကယ်အား ဗီဒီယိုဂိမ်းထဲတွင် မိမိ၏ ၁၃ နှစ်အရွယ် သမီးဖြစ်သူမှ တွေ့ရှိခဲ့ကာ မိမိကို တီထွင်နိုင်မည်လားဟု မေးခဲ့သောကြောင့် ယခုကဲ့သို့ တီထွင်ရခြင်း ဖြစ်ပါသည်ဟု Chris Hoffmann ၏ အမှုဆောင်အရာရှိချုပ် Ryno မှဆိုပါသည်။
ဆိုင်ကယ်ကိုမောင်းနှင်ရန် လက်ကိုင်တန်းအပေါ်သို့ အားသက်ရောက်လိုက်သည်နှင့် ဆိုက်ကယ်တွင် ပါဝင်သော အာရုံခံစနစ်များမှ လဲကျမသွားအောင် ထိန်းကျောင်းပေးမည်ဖြစ်ပါသည်။ ဘရိတ်စနစ်အတွက် လည်း မောင်းနှင်နေရင်း အနောက်ဘက်သို့ အနည်းငယ်မှီလိုက်ရုံဖြင့် အရှိန်လျော့ချပေးမည် ဖြစ်သည်။ ထို့အပြင် လက်ကိုင်ဘရိတ်လည်း တပ်ဆင်ထားပါသည်။
တစ်ဘီးဆိုင်ကယ်ကို အားသွင်းရန်အတွက် အချိန် ၆ နာရီ ကြာမြင့်မည်ဖြစ်ကာ ၄င်းစွမ်းအင်ဖြင့် အကွာအဝေး ၁၀ မိုင်အထိ မောင်းနှင်နိုင်မည်ဖြစ်ပါသည်။ တစ်ဘီးဆိုင်ကယ်ကို စီးနင်းရသည့်ခံစားမှုကို ပြောပြရန်ခက်ခဲသော်လည်း ၄င်းကိုစီးနင်းရန် လွယ်ကူသည့်အပြင် လုံခြုံမှုလည်းရှိသည်ဟု ဆိုကြပါသည်။ တစ်ဘီးဆိုင်ကယ်၏ ထိုင်ခုံနှင့် ကိုယ်ထည်များကို ပေါ့ပါးအောင်ပြုလုပ်ထားကာ တစ်စီးလုံးအလေးချိန်မှာ ၁၆၀ ပေါင်သာရှိသည်ဟု သိရပါသည်။
-----------------------------------------------------------------------------------
ပြန်ဆိုသူ- World Wide
ပြန်ဆိုသူ- World Wide
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။