True Man
အဖေ့ရဲ့ စွန့် လွှတ်ခြင်း
________________
________________
ဒီနေ့ က အိမ်ရှေ့ မှာ မိုးတွေ တအားရွာနေတယ်။ အဖေက အရက် ၁ ပုလင်းနဲ့ ပါပဲ။ ဒါကတော့ အဖေ့အတွက် ပုံမှန် အလုပ်တစ်ခုပါ။
ကျွန်တော်လည်း အဖေနားကို ဘာရယ် မဟုတ်သွားကပ်ထိုင်ပြီး အိမ်ရှေ့ ပေါက်ကနေ ရွာသွန်းနေတဲ့ မိုးရေတွေကို ကြည့်နေလိုက်ပါ
တယ်။
ကျွန်တော်လည်း အဖေနားကို ဘာရယ် မဟုတ်သွားကပ်ထိုင်ပြီး အိမ်ရှေ့ ပေါက်ကနေ ရွာသွန်းနေတဲ့ မိုးရေတွေကို ကြည့်နေလိုက်ပါ
တယ်။
အိမ်တံစက်မြိတ်ကနေ မိုးရေတွေက တမန်တလင်းပေါ်ကို အစက်ပေါင်းများစွာ ကျနေပါတယ်။ အဖေ့ကို ကျန်းမာရေးထိခိုက်မယ့်
ဒီအရက်ကို ကျွန်တော် ဘယ်လို ဖြတ်ခိုင်းရင် ကောင်းမလဲဆိုတာလည်း တွေးနေမိပါတယ်။ ဒီချိန်မှာပဲ အတွေးတစ်ခု ကျွန်တော်ရလိုက်
ပါတယ်။
ဒီအရက်ကို ကျွန်တော် ဘယ်လို ဖြတ်ခိုင်းရင် ကောင်းမလဲဆိုတာလည်း တွေးနေမိပါတယ်။ ဒီချိန်မှာပဲ အတွေးတစ်ခု ကျွန်တော်ရလိုက်
ပါတယ်။
ဒါကတော့ တံစက်မြိတ်က ကျတဲ့ မိုးပေါက်တွေရဲ့ဒဏ်ကြောင့် မာကြောတဲ့ တမန်တလင်းဟာ ချိုင့်ခွက်တွေ ဖြစ်ကုန်တာကို သွားတွေ့ 
ရပါတယ်။ နဂိုက အကောင်းပကတိ တမန်တလင်းဟာ မိုးပေါက်တွေ ထိပါများတော့ ချိုင့်ခွက်ဖြစ်ပြီး အပေါက်တွေ ဟောင်းလောင်းနဲ့ 
ပါ။
ရပါတယ်။ နဂိုက အကောင်းပကတိ တမန်တလင်းဟာ မိုးပေါက်တွေ ထိပါများတော့ ချိုင့်ခွက်ဖြစ်ပြီး အပေါက်တွေ ဟောင်းလောင်းနဲ့ 
ပါ။
အဖေ့ကိုကျွန်တော် ပြောချင်တဲ့ စကားတွေ ပြောလိုက်ပါတယ်။
" အဖေ... ဒီအရက်တွေကို သားတို့ ငယ်ငယ်ကတည်း သောက်ခဲ့တာ ခုထိအောင်ပဲ..ဖြတ်ဖို့ များ စိတ်မကူးတော့ဘူးလား.."
" မင်းကလည်း အရက်သောက်တာကိုပဲ အပြစ်ကြီးလုပ်တာ ကျနေတာပဲကွာ....စိတ်ညစ်လို့ သောက်တာပေါ့ကွ... ဒါသောက်
လို့ ဘယ်သူ့ ကို ထိခိုက်လို့ လည်းကွာ.."
လို့ ဘယ်သူ့ ကို ထိခိုက်လို့ လည်းကွာ.."
" ဘယ်သူ့ ကိုမှ မထိခိုက်တယ်ထားဦး..အဖေ့ ကျန်းမာရေး ထိခိုက်တယ်လေ...အဖေ့ ကျန်းမာရေးတော့ ဂရုစိုက်တဲ့ အနေနဲ့  အရက်
တော့ အဖေ ဖြတ်မှ ဖြစ်လိမ့်မယ် အဖေ..."
တော့ အဖေ ဖြတ်မှ ဖြစ်လိမ့်မယ် အဖေ..."
" သူများတွေလည်း သောက်နေတာပဲကွာ..မင်းပြောသလိုဆို သေကုန်ပြီပေါ့..လူဆိုတာ သူ ကံနဲ့ သူပါကွာ..သေနေ့ စေ့ရင် သေကြမှာပါ.."
" ဒါတော့ ဒါပေါ့ အဖေရယ်...သားတို့ ခင်းထားတဲ့ တမန်တလင်းက အရမ်းမာတာ အဖေသိတယ်နော်..ခုဆို မိုးပေါက်တွေ ကျတာများ
တော့ ခုဆို တမန်တလင်း ပျက်စီးကုန်ပြီလေ.. အရက်ကလည်း အဲ့လိုပဲ အဖေ... မိုးပေါက်တွေ ကျသလိုများများ ကျသွားခဲ့ရင် အဖေ့ အ
တွင်းကလီစာတွေ ပျက်စီးကုန်လိမ့်မယ်..."
တော့ ခုဆို တမန်တလင်း ပျက်စီးကုန်ပြီလေ.. အရက်ကလည်း အဲ့လိုပဲ အဖေ... မိုးပေါက်တွေ ကျသလိုများများ ကျသွားခဲ့ရင် အဖေ့ အ
တွင်းကလီစာတွေ ပျက်စီးကုန်လိမ့်မယ်..."
အဖေက ကျွန်တော့်ကို တချက်ကြည့်ပြီး အိမ်ရှေ့ က မိုးပေါက်တွေကိုပဲ အာရုံရောက်သွားပြန်ပါတယ်။ အဲ့ဒီချိန်မှာပဲ အိမ်က အငယ်ဆုံး
ညီမလေးက လူမမယ်ကလေးဆိုတော့ မိုးရွာထဲမှာ ခုံပေါက် ဆော့ရင်း ရေချိုးနေပါတယ်။
ညီမလေးက လူမမယ်ကလေးဆိုတော့ မိုးရွာထဲမှာ ခုံပေါက် ဆော့ရင်း ရေချိုးနေပါတယ်။
" ဖုန်း "
ကလေးတော့ ချော်လဲပါပြီ ။ ကျွန်တော်လည်း ညီမလေးကို စိုက်ကြည့်နေပါတယ်။ အဖေလည်း ထိုမြင်ကွင်းကို မြင်နေရမှာပါ။ ကျွန်
တော် အဖေ့ကို စကားဆက်ပြောဖို့ အားယူလိုက်ပါတယ်။
တော် အဖေ့ကို စကားဆက်ပြောဖို့ အားယူလိုက်ပါတယ်။
" အဖေ.."
" ဟေ.ဘာတုန်းကွာ..မင်းကလည်း.."
" အဖေသာ အရက်သောက်လို့  တစ်ခုခု ဖြစ်သွားခဲ့ရင်..သားတို့ မောင်နှမတွေ ဘ၀နွံ့ ထဲမှာ လဲကျ ကုန်လိမ့်မယ်...ခုလို ညီမလေး လဲရင်
ပြန်ထနိုင်ပေမယ့်..ဘ၀နွံ့ ထဲလဲရင် ဘယ်လို ပြန်ထနိုင်ပါ့မလဲ..အဖေမရှိတော့ သားတို့ ကို ဘယ်သူက လာထူပါ့မလဲဟင် ..အဖေ.. အဖေ
က သားတို့ တွေရဲ့ သူရဲကောင်းကြီးပါ.."
ပြန်ထနိုင်ပေမယ့်..ဘ၀နွံ့ ထဲလဲရင် ဘယ်လို ပြန်ထနိုင်ပါ့မလဲ..အဖေမရှိတော့ သားတို့ ကို ဘယ်သူက လာထူပါ့မလဲဟင် ..အဖေ.. အဖေ
က သားတို့ တွေရဲ့ သူရဲကောင်းကြီးပါ.."
အဖေက ကျွန်တော်ကို စိုက်ကြည့်နေပါတယ်။ ပြီးတော့ မိုးရွာထဲမှာ ရေချိုးနေတဲ့ ညီမငယ်လေးဆီကို။ တဆက်တည်းမှာပဲ အရက်ခွက်ကို ခေါင်း
ငုံပြီးတော့ ကြည့်နေပါတော့တယ်။
ငုံပြီးတော့ ကြည့်နေပါတော့တယ်။
ကျွန်တော် သိလိုက်ပါပြီ။ ဒီစကားဟာ အဖေ့အရှိုက်ကို ထိသွားပြီဆိုတာလေ။ မိဘတွေဟာ ဘယ်လောက် အသဲမာမာ သားသမီးတွေနဲ့ ယှဉ်ရင်
သူတို့ နှလုံးသားဟာ ပန်းဝတ်လွှာလေးတွေလို အင်မတန်နူးညံ့စမြဲပါ။
သူတို့ နှလုံးသားဟာ ပန်းဝတ်လွှာလေးတွေလို အင်မတန်နူးညံ့စမြဲပါ။
အဖေဟာ ကျွန်တော့်ရဲ့ ဒီစကား ကြားပြီးတဲ့ အချိန်နောက်ပိုင်း အရက်ဆိုတာကို စွန့် လွှတ်ခဲ့တာ ယနေ့ ထိအောင်ပါပဲ။ မိဘကို အရက်ဖြတ်နေစေ
ချင်ရင် သားသမီးကိုပြပြီး သင်ခန်းစာ ရစေတာဟာ အကောင်းဆုံး နည်းလမ်းဆိုတာကို အကြံပေးရေးသားလိုက်ပါတယ်။
ချင်ရင် သားသမီးကိုပြပြီး သင်ခန်းစာ ရစေတာဟာ အကောင်းဆုံး နည်းလမ်းဆိုတာကို အကြံပေးရေးသားလိုက်ပါတယ်။
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။