Yangon Express
ကလေးများရဲ့ ဆုတောင်း
%%%%%%%%%%%%
%%%%%%%%%%%%
ဦးဦး ဒေါ်ဒေါ် ကိုကို မမ တို့ရယ် ကျွန်တော့်ကို ဓာတ်ပုံ မရိုက်ပါနဲ့လားဗျာ သားအရွယ်က အဖြူအစိမ်းနဲ့ လွယ်အိတ်လေးလွယ် ကျောင်းခန်းထဲမှာ ရှိနေသင့်တာ ကျွန်တော် သိပါတယ် ဒါဗေမယ့် သားရဲ့ ဘဝကိုက ဆိုးလှပါတယ်။ လူ့လောကထဲ စရောက်တဲ့နေ့ ကတည်းက သူများတကာလို သားဖွားခန်းမှာ ဆရာဝန်တွေ မွေးပေးခဲ့တာ မဟုတ်ပါဘူး။ အရပ်လက်သည်နဲ့ ဖြစ်သလို ရောက်လာခဲ့ရတာပါ။ အနှီးဆိုတာ ကြားဖူးရုံသာ အဖေ့ပုဆိုးပြဲနဲ့ နွေးထွေးခဲ့ရတယ်။ အခုလဲ လမ်းမအပေါ်ကို မရောက်ချင်လဲ ရောက်ခဲ့ရပြန်ပြီ။ ဒီလမ်းကို မလျှောက်ချင်ပဲ လျှောက်ခဲ့ရပါပြီ။ သူခိုးလို့ စွပ်စွဲ အော်ထုတ်တက်တဲ့ လူတွေကို ရှောင်နေရတာပါ။
ဒီ အလုပ်ကို ပျော်လို့ လုပ်နေကြတာ မဟုတ်ကြပါဘူးဗျာ။ ပိုက်ဆံ အများကြီးရရင် ကျောင်းထားပေးမယ် ကတိပေးထားတဲ့ အဖေ့ကို ကူညီချင်လို့ပါ။ သား အဖြစ်ကို လူတွေအများကြီး မသိစေချင်ပါဘူး။ သား ရှက်တက်လို့ ဒီဘဝက အမြန်လွတ်ဖို့ ကြိုးစားနေတာပါ။
သားတို့ကို ဓာတ်ပုံ ရိုက်တဲ့သူတွေက သားတို့ကို ကူညီမဲ့သူတွေလို့ ရိုးသားစွာ ထင်ခဲ့ပေမယ့် ကိုယ့်အကျိုးအတွက် အသုံးပြုတဲ့သူရှိသလို facebook ပေါ်မှာ like comment share တွေ အများကြီး ရချင်လို့ ရိုက်တဲ့သူတွေ ရှိကြတော့ သားတို့ရဲ့ ပုံတွေကြောင့် အားလုံး အဆင်ပြေကြပြီး သားတို့လို ဘဝများ မည်သူ တစ်ဦးတစ်ယောက်ကိုမျှ မခံစားရပါစေနဲ့လို့ သားတို့ စိတ်အရင်းတိုင်း ဆုတောင်းပေးလိုက်ပါတယ်။
သားတို့ နောက်ကွယ်မှာ ကျခဲ့တဲ့ မျက်ရည်တွေကိုလဲ မမြင်ပါစေနဲ့ ဗျာ
အလေ့ကျသစ်ပင်
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။