16 November 2012 |By Venus News Journal
Reader နဲ့ ပွဲဆူခဲ့သူ အင်္ဂလန် ညှို့မင်းသမီး ကိတ်ဝင်းဆလက်ဟာ စရိုက်စုံ သရုပ်ဆောင်နိုင် သူဖြစ်ပြီး အခုနှစ် မှာလည်း Carnage ဇာတ်ကား နဲ့ အောင်မြင်မှုကို ထိန်းထား နိုင်သူပါလို့ ဟယ်လိုက ကောင်းချီး ပေးလာတာ အကြောင်းတော့ ရှိပါတယ်။
အော်စကာ မင်းသမီးချော ကိတ်ဝင်းဆလက်တစ် ယောက် ဥရောပ အကောင်းဆုံး သရုပ်ဆောင်ဆု European Actress of the year ချီးမြှင့် ခံရတာကို တိုင်းတန်းနစ် ပရိသတ်တွေကြား ဖွပေးလိုက်ခြင်းဖြစ် သလိုလာမယ့် ဒီဇင်ဘာ ၁ရက်နေ့မှာ မော်လ်တာ နဲ့ ဆုချီးမြှင့်ပွဲ ကျင်းပမယ် ဆိုတာကိုပါ အသိပေးလာ ခြင်းပဲဖြစ်ပါတယ်။
ဘဝတူ ဒါရိုက်တာ ဆမ်မင်းဒီးစ် နဲ့ လက်တွဲဖြုတ်ခဲ့ပြီးကတည်းက မချောလေးကိတ် ရဲ့နံဘေး ဘယ်သူရောက်လာမလဲ ဆိုတာကို အားလုံးက စိတ်ဝင်စား နေကြ ပါတယ်။ စူပါဒါရိုက်တာ ရိုမင်ပိုလန်စကီး ခံစားတင်ပြ တဲ့ ဒရာမာဇာတ် လမ်းသစ် Carnage မှာကိတ် ဝင်း စလက်ဟာ ထိတ်ထိတ်ကြဲ မင်းသမီးဂျိုဒီ ဖော် စတာ (Silence of the Lambs ) နဲ့ အားပြိုင်ပီပြင်ခဲ့ တာဖြစ်ပါတယ်။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။