16 November 2012 |By Venus News Journal
Speak Now စတား မလေး တေလာဆွစ်ဖ် တစ်ယောက် အသဲကွဲ နေပြန်ပြီလို့ Radar က လက်တို့လာ တော့ ဂီတရပ်ဝန်းမှာ စိတ်ဝင်စားစရာ သတင်း တစ်ပုဒ် ဖြစ်ရ ပြန်တာ ပဲပေါ့။ ကနေဒီ မျိုးဆက်သစ် ချာတိတ် ငယ်လေး ကော်နာနဲ့ မခွဲအတူ တွေ့နေရသူ အလန်းစတား မလေး တစ်ယောက် အခု အထီးကျန် ဖြစ်နေတာ ဘယ်လို အကြောင်းကြောင့် ဆိုတာ ကိုတော့ Radar က ဇာတ်စုံ ခင်းမထားပါဘူး။
စူပါမင်းသား ဂျိတ်ဂဲလင်ကော (Brokeback Mauntain) တေလာလော့နာ (Twilight) တို့နဲ့ ငြိခဲ့ဖူးသူ အလန်းဇယားတေလာ ဆွစ်ဖ် ၂၂ နှစ်နဲ့ ကော်နာ ၁၈ နှစ်တို့ကို မီဒီယာတွေ သဘောကျနေ တုန်း ကာလမှာပဲ လက်ပြနှုတ် ဆက်ကြတာကိုတော့ ဇာတ် ဆရာအလိုကျပဲလို့ နားလည်ပေးရဦးမှာပဲပေါ့။
“အချစ်ရေးကိုတော့ စိတ်ကုန်ချင် နေပါပြီ။ ဘယ်သူ့ ကိုမှလဲ အပြစ်မပြောချင်တော့ပါဘူး။ ဘဝဆိုတာ ဒီလိုပါပဲလို့ ခံယူထားပါတယ်”လို့မချောလေး ဆွစ်ဖ်က ဝမ်းနည်းစကား ဆိုခဲ့ပါတယ်။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။