Beautiful time Beautiful life added 10 new photos to the album: #Bulbophyllum_auricolum သဇင်စိုက်ပျိုးနည်း — with เอก มาชัย and 3 others.
သဇင်စိုက်ပျိုးနည်း
----------------------------
အုန်းဆံတိုင်..အုန်းဆံခြေသုတ်ခုံ နှင့်လဲရ
ဇန်န၀ါရီ ... အပွင့်စပွင့်ချိန်
ဖေဖော်ဝါရီ... ပထမနှစ်ပတ်အတွင်းပန်းပွင့်
ဒုတိယပတ်မှစ၍ ပြန်စိုက်ရန် မျိုးဥရှာဖွေစုဆောင်း
မတ်...ဥအသစ်ကိုပြန်စိုက်ရန်
၁. အမြစ်ရှည်တွေညှပ်
၂. Atonic B + Lithosin အားဖြည့်အဟာရကိုဖျော်ပြီး (ဆေးအညွှန်း..ဆေးထုပ်တွင်ပါ) ၂နာရီခန့်စိမ်
၃.သတင်းစာစက္ကူပေါ်ပြန်လှမ်း
၎.မစိုက်ခင်အုန်းဆံတိုင်ကိုရေ၀အောင်လောင်း မှိုသတ်ဆေးပါလောင်းပါ
၅. သွားကြားထိုးတံ နှင့် သဇင်ဥ တစ်ဝက်မရှိတရှိမှ တစ်စောင်းထိုး
၆.အမြစ်သည်အုန်းဆံနှင့်ကပ်နေအောင်ထိုး
၇. လက်တစ်လုံးခြားစီထိုး
၈. တစ်ပတ်ခန့်ရေမလောင်းရ
ရေကိုမွမွလေးဖြန်း ရေများ၍မရ အပင်ကိုမထိစေရ မှိုသတ်ဆေးဖြန်း လေ၀င်လေထွက်ကောင်းသည့်နေရာတွင်ထား
ဧပရယ်... အမြစ်ဆေးဖြန်း အပင်အားဆေးဖြန်း
မေ...အရွက်ထွက် ၃၀ ၂၀ ၁၀ အပင်ဆေးကျွေး တစ်ပတ်တစ်ခါ
အ၀ါလုံးလေးတွေကြိုကြားတွင်ထည့်
မှိုသတ်ဆေးဖြန်း ပိုးသတ်ဆေး ၁၅ရက်တစ်ခါ
ဇွန်....၃၀ ၂၀ ၁၀ အပင်ဆေးကျွေး တစ်ပတ်တစ်ခါ
အ၀ါလုံးလေးတွေကြိုကြားတွင်ထည့်
မှိုသတ်ဆေးဖြန်း ပိုးသတ်ဆေး ၁၅ရက်တစ်ခါ
ဇူလိုင်... ၃၀ ၂၀ ၁၀ အပင်ဆေးကျွေး တစ်ပတ်တစ်ခါ
အ၀ါလုံးလေးတွေကြိုကြားတွင်ထည့်
မှိုသတ်ဆေးဖြန်း ပိုးသတ်ဆေး ၁၅ရက်တစ်ခါ
သြဂုတ် ... မှိုသတ်ဆေးနိုင်အောင်ဖြန်း
မိုးများ ခေါင်ပုတ်ဖြစ်တတ်သည်။
စက်တင်ဘာ...နောက်ဆုံးအပတ်မှာရေဖြတ် ပိုက်အုပ် မြေသြဇာကျွေး ဟော်မုန်းဆေးကျွေး မီးခိုင်းမှိုင်းတိုက်
အောက်တိုဘာ...အရွက်ကြွေ ရေဖြန်းပြီး အပွင့်ဆေးကျွေး
နိုဝင်ဘာ... အပွင့်ဆေးကျွေး ရေခဲရေကို မနက်အစောကြီးအမှုန်လေးကျွေး အ၀ါစေ့ထည့် အဖူးလိုက်ပြီဆို ရေပြန်လောင်း အမိုးဖွင့်
ဒီဇင်ဘာ ပန်းပွင့်ရင် ပိုက်စိမ်းပြန်အုပ်
၁၂လ ဇယားပါ။
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။