The Union story ဦးနုပြောခဲ့တဲ့ ပြည်ထောင်စုပုံပြင်
၂၁ ရာစု ပင်လုံညီလာခံကြီးကို တီဗွီကနေတိုက်ရိုက်ထုတ်လွှင့် ပေးခဲ့ပါတယ်။ အဲတာက ညီလာခံလိုပဲ သမိုင်းတင်တဲ့ ဖြစ်ထွန်းမှုတရပ်ဖြစ်ပါတယ်။ ဗိုလ်ချုပ်ကြီးနေဝင်းအာဏာမသိမ်းခင်လေးမှာ ၁၉၆၂ ခုဖေဖေါ်ဝါရီလ ၂၄ ရက်နေ့နဲ့ မတ်လ ၁ ရက်နေ့၊ ရန်ကုန်မြို့၊ ပြည်လမ်းအသံလွှင့်ရုံခန်းမဆောင်မှာ ကျင်းပတဲ့ ပြည်ထောင်စုမူနဲ့ပတ်သက်တဲ့ ဆွေးနွေးပွဲကြီး ကျင်းပခဲ့ပါတယ်။ တက်ရောက်တဲ့ခေါင်းဆောင်တွေပြောကြားတဲ့မိန့်ခွန်းမှတ်တမ်းဟာ လျို့ ဝှက်သတ်မှတ်ထားလို့ နောင် နှစ်ပေါင်းများစွာကြာမှသ အများပြည်သူဖတ်ရှုခွင့်ရတာပါ။
ဝန်ကြီးချုပ်ဦးနု၊ ရှမ်းပြည်နယ်ဥက္ကဋ္ဌ၊ ဝန်ကြီး သတိုးမဟာသရေစည်သူ
စောခွန်ချို ၊ ကချင်ပြည်နယ် ကိုယ်စားလှယ် ဒူးဝါးဇော်လွန်း၊
ချင်းအထူးဝိသေသတိုင်း ကိုယ်စားလှယ် မဟာသရေစည်သူ ကပ္ပတိန်မန်းတုံနုန်း၊
ရှမ်းပြည်နယ်ကိုယ်စားလှယ် ဦးထွန်းမြင့်(တောင်ကြီး)၊
ကယားပြည်နယ်ကိုယ်စားလှယ် မဟာသရေစည်သူ ဦးစိန်၊ ပမညတ ကိုယ်စားလှယ်
ဝိဓူရသခင်ချစ်မောင်နဲ့ ဖဆပလ ကိုယ်စားလှယ် ဦးဘဆွေတို့မိန့်ခွန်းပြောခဲ့ကြပါတယ်။
ပြည်ထောင်စုမူနဲ့ပတ်သက်တဲ့ ဆွေးနွေးပွဲမှာဝန်ကြီးချုပ် ဦးနု ပြောခဲ့တဲ့ မိန့်ခွန်းကောက်နုတ်ချက်
လူကြီးမင်းများခင်ဗျာ့း့
ရှေးတုန်းက ဘရုတ်သုက္ခတိုင်းပြည်ဆိုတာရှိပါတယ်။ အဲဒီဘရုတ်သုက္ခတိုင်းပြည်ရဲ့
ငါတကော နယ်က ဒူလာဘို၊ ငါတဗိုလ်နယ်က အိုလေလေ့၊ ငါတလူနယ်က ငတွတ်ကြီး၊
ငါတမင်းနယ်က ဗြောင်နောင့် ဗြောင်နောင်၊ ငါ့မြင်းငါစိုင်း နယ်က၊ ဘုရင်
ဘုနောင်-တတ်ဗိန်ဆိုတဲ့ ပညာသင် ၅ ဦးဟာတက္ကသိုလ် ဆရာကြီး ဦးဂျမ်းထိ ဆီမှာ
ပညာ သွားသင်ကြပါတယ်။
အဲဒီလိုပညာသင်တဲ့အခါ ပညာတော်သင် အိုလေလေ့က ရုပ်လုံးထုပညာမှာတဖက်ကမ်းခတ် တတ်ပါတယ်။ ပညာတော်သင် ငတွတ်ကြီးကပန်းချီပညာမှာတဖက် ကမ်းခတ် တတ်ပါတယ်။ ပညာတော်သင် ဗြောင်နောင့် ဗြောင်နောင်က အရုပ်ကိုအသက်သွင်းတဲ့ပညာမှာ တဖက်ကမ်းခတ်
တတ်ပါတယ်။ ပညာတော်သင် ဘုရင် ဘုနောင်-တတ်ဗိန်က လေးအတတ်မှာတဖက်ကမ်းခတ်
တတ်ပါတယ်။ ပညာတော်သင် ဒူလာဘို ကတော့ ဘာပညာမှ မတတ်ပါဘူး။ အဲဒီတော့
တက္ကသိုလ်ဆရာကြီး ဦးဂျမ်းထိကဘာပညာမှမတတ်တဲ့ ဒူလာဘိုကို ယမနေသား
သစ်တုံးတတုံးကိုပေးပြီး ပညာတော်သင်တွေ အားလုံးကိုအိမ်ပြန်ခွင့်
ပြုလိုက်ပါတယ်။
လမ်းရောက်တဲ့အခါ ယမနေသားကို တက္ကသိုလ်ပြန် အိုလေလေ့က မိန်းမပျိုလေးအရုပ် ထုလိုက်ပါတယ်။ တက္ကသိုလ်ပြန် ငတွတ်ကြီးက အင်မတန်လှတဲ့ မိန်းကလေးတယောက် ဆေးခြယ်လိုက်တယ်။ တက္ကသိုလ်ပြန် ဗြောင်နောင့်-ဗြောင်နောင် က အသက်သွင်းလိုက်တဲ့အတွက် ဒီမိန်းမပျိုရုပ်လေးဟာ အင်မတန်ချောပြီး အသက်ရှိတဲ့ မိန်းမပျိုလေးဖြစ်လာပါတယ်။
အဲဒီအခါမှာကိုယ်ရွှေတက္ကသိုလ် ပြန်တွေဟာဒီမိန်းမပျိုလေးကိုသူပိုင်ထိုက်တယ်၊ ငါပိုင်ထိုက်တယ်နဲ့ ဝိုင်းပြီးလုကြပါတယ်။ အဲဒီလိုသူတို့ လုနေတုန်း ဝဠာယက္ခငှက်ဆင် တကောင်ကအလစ်ဝင်ပြီးအုပ်လိုက်တာ ယမနေမယ်လေးဟာ ငှက်ဆင်နောက် ပါသွားရှာပါတယ်။
အဲဒီအခါမှာကံကောင်းထောက်မပြီးတက္ကသိုလ်ပြန်ဘုနှောင်တတ်ဗိန်က
လေးနဲ့ ပစ်လိုက်တဲ့အတွက် ငှက်ဆင်ကြီးသေပြီး ယမနေမယ်လေးပြန်ကျလာပါတယ်။
ဒါပေမယ့် တက္ကသိုလ်ပြန်တွေ အဝေမတည့်တာနဲ့ အသက်သွင်းပေးတဲ့သူက အသက်ကို
ပြန်ရုပ်သိမ်း၊ ပန်းချီဆေးခြယ်တဲ့သူကဆေးတွေ ကို ပြန်ခြစ်၊ ပန်းပုဆရာကလည်းအရုပ်ကိုဖျက် နဲ့၊ လုပ်လိုက်ကြတာ အင်မတန်လှတဲ့ ယမနေမယ်လေးဟာခုတ်ရာထစ်ရာတွေ ၊ ခြစ်ရာဖဲ့ရာတွေ အပြည့်နေတဲ့ သစ်သားတုံး အပေါစားကြီး ဖြစ်သွားရရှာပါတယ်။
လူကြီးမင်းများခင်ဗျာ့း့
တက္ကသိုလ်ပြန်တွေ မိုက်မဲတာကြောင့်ယမနေမယ် အပျိုချောလေးဟာကုတ်ရာခြစ်ရာ ဖဲ့ရာတွေနဲ့ ဒင်းကြမ်းဖြစ်နေတဲ့ သစ်သားတုံးအပေါစားကြီး ပြန်ဖြစ်သွားရသလိုအချုပ်အချာအာဏာပိုင်နေတဲ့ ကျနော်တို့ ပြည်ထောင်စုကြီးဟာ ကျနော်တို့ အားလုံးရဲ့မိုက်မဲမှုကြောင့်
အင်မတန်အရုပ်ဆိုးလှတဲ့ ကျွန်ဘဝကို ပြန်ရောက်မသွားရလေအောင်
ကျနော်တို့အားလုံး ကိုယ်စွမ်းရှိသရွေ့၊ ဥာဏ်စွမ်းရှိသရွေ့
ကြိုးစားကြပါစို့။ ။
ဒေါက်တာတင့်ဆွေ
၃-၉-၂ဝ၁၆
၂၁ ရာစု ပင်လုံညီလာခံကြီးကို တီဗွီကနေတိုက်ရိုက်ထုတ်လွှင်
ပြည်ထောင်စုမူနဲ့ပတ်သက်တဲ့ ဆွေးနွေးပွဲမှာဝန်ကြီးချုပ်
လူကြီးမင်းများခင်ဗျာ့း့
ရှေးတုန်းက ဘရုတ်သုက္ခတိုင်းပြည်ဆိုတာရှ
အဲဒီလိုပညာသင်တဲ့အခါ ပညာတော်သင် အိုလေလေ့က ရုပ်လုံးထုပညာမှာတဖက်ကမ်းခတ
လမ်းရောက်တဲ့အခါ ယမနေသားကို တက္ကသိုလ်ပြန် အိုလေလေ့က မိန်းမပျိုလေးအရုပ် ထုလိုက်ပါတယ်။ တက္ကသိုလ်ပြန် ငတွတ်ကြီးက အင်မတန်လှတဲ့ မိန်းကလေးတယောက် ဆေးခြယ်လိုက်တယ်။ တက္ကသိုလ်ပြန် ဗြောင်နောင့်-ဗြောင်နောင် က အသက်သွင်းလိုက်တဲ့အတွက် ဒီမိန်းမပျိုရုပ်လေးဟာ အင်မတန်ချောပြီး အသက်ရှိတဲ့ မိန်းမပျိုလေးဖြစ်လာပါတယ်။
အဲဒီအခါမှာကိုယ်ရွှေတက္ကသိုလ်
အဲဒီအခါမှာကံကောင်းထောက်မပြ
လူကြီးမင်းများခင်ဗျာ့း့
တက္ကသိုလ်ပြန်တွေ မိုက်မဲတာကြောင့်ယမနေမယ် အပျိုချောလေးဟာကုတ်ရာခြစ်ရာ
ဒေါက်တာတင့်ဆွေ
၃-၉-၂ဝ၁၆
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။