ဒေးဗစ်ဘွန်းကို ကြိုက်မိရင်
3-9-2016
အမေရိကန် နိုင်ငံ ကယ်လီဖိုးနီးယား ပြည်နယ်သား ဒေးဗစ်ဘွန်း David Bond ဆိုသူကို မိန်းကလေးတွေ သတိထားကြပါလို့  အာရှနိုင်ငံ ဆိုရှယ် မီဒီယာတွေနဲ့ 
အွန်လိုင်းသတင်းတွေကနေ သတိပေးဖေါ်ပြထားတာတွေ့ ရပါတယ်။

David Bond အင်တာနက် အပြာ အွန်လိုင်းမှာ အာရှတိုက်သူ မိန်းခလေးတွေနဲ့  လိင်ဆက်ဆံ
နေတာတွေကို တင်ထားပြီး ၀င်ကြည့်တဲ့သူတွေက အခကြေးငွေ ပေးရပါတယ်။
မိန်ခလေးတွေဟာ ပြည့်တန်ဆာတွေ မဟုတ်ဘဲ ကျောင်းသူတွေနဲ့  သာမန်အမျိုးသမီးငယ်လေးတွေပါ။
ဓါတ်ပုံဆရာလို၊သတင်းထောက်လိုလို ဟန်ဆောင်ပြီး အာရှနိုင်ငံတွေက
လမ်းမပေါ်မှာ ကင်မရာတစ်လုံးနဲ့ ဓါတ်ပုံတွေရိုက်ရင်း သူ့ကိုစိတ်ဝင်စားတဲ့ အမျိုးသမီးလေးကို ရင်းနှီးလာအောင်အရင် လိုင်းဝင်ပါတယ်။
နောက်ရီးစားတွေဖြစ်သွားတယ်ဆိုရင်တော့
သူ့ အခန်းမှာ လျှို့ဝှက်ကင်မရာတွေတတ်ထားပြီး
သူနဲ့ အိပ်တဲ့ မှတ်တမ်းကို
ရိုက်ထားလိုက်ပါတယ်၊ ခုလိုကာကံရှင် မိန်းခလေး မသိဘဲ ခိုးရိုက်ထားတဲ့ရုပ်သံဟာ အပြာဝက်ဆိုက်တွေကိုရောင်းစားနေတဲ့ ၀င်ငွေအကောင်းဆုံး
စီးပွားရေး လုပ်ငန်းတစ်ခုပါ။
တရုတ်-ဂျပန်-တောင်ကိုရီးယား-စတဲ့ အာရှနိုင်ငံပေါင်းစုံက မိန်းလေးတွေနဲ့  လှည့်ပတ်ပြီး အပြာဇတ်လမ်းတွေရိုက်နေရင်းနဲ့  ယခု ဒေးဗစ် ဘွန်းတယောက်
ထိုင်းနိုင်ငံကို ရောက်နေပြီ။
ရုပ်သန့် သန့် နဲ့ နိုင်ငံခြားသား ဆို အထင်ကြီးပြီး သူချဉ်းကပ်တာ ခံလိုက်ရတဲ့ အမျိုးသမီးတွေက ကာရကံရှင်မသိဘဲ မှတ်တမ်းခိုးရိုက်ပြီး အင်တာနက် မှာ စီးပွားဖြစ် ဖြန့်နေတဲ့ ဒေးဗစ်ဘွန်းကို လိင်မှုဆိုင်ရာစော်ကားမှု၊ အွန်လိုင်း စည်းကမ်းဥပဒေတွေချိုးဖေါက်မှုနဲ့ တရားစွဲဖို့ အာ၇ှသတင်းဌာနတွေမှာ ဖေါ်ပြနေတာတာတွေ့ ရပါတယ်။
(SAW)
ရုပ်သံ
https://www.youtube.com/watch?v=s6rvQx-yw-Q
https://www.youtube.com/watch?v=pcPpPZdJhwI

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။