Bamaw Thein Pe added 2 new photos.
ဖန်ပုလင်းထဲက နှံကောင်ငယ်။
ဖန်ပုလင်းတစ်ခုထဲမှာ နှံကောင်တစ်ကောင်ကို ထည့်လိုက်ပြီး ပုလင်းအဖုံးကို ပြန်ပိတ်ထားလိုက်ပါ ။ နှံကောင်ဟာ ပုလင်းထဲကနေ အပြင်ထွက်ဖို့ ခုန်လိုက်တယ်။ အပေါ်က ပုလင်းဖုံးနဲ့ တိုက်မိပြီး အောက်ကို ပြန်ပြုတ်ကျတယ်။ နှံကောင်ဟာ ဆက်ကြိုးစားပြီး ခုန်ထွက်ဖို့ ကြိုးစားနေတယ်။ နောက်တော့ ခုန်တော့ ဆက်ခုန်နေတယ်။ ဒါပေမဲ့ အပေါ်ထိရောက်အောင် မခုန်တော့ဘူး။
အပေါ်အထိ ရောက်အောင် ခုန်ရင် ပုလင်းအဖုံးနဲ့ ဆောင့်မိမှာ သိနေလို့ပါ။
နောက်ဆုံးမှာ ပုလင်းအဖုံးကို ဖွင့်ပေးလိုက်ရင်လည်း နှံကောင်ဟာ ဘယ်တော့မှ
အပေါ်ထိ မခုန်တော့ဘဲ နိမ့်နိမ့်မှာဘဲ ခုန်နေပါတော့တယ်။
ဒါမျိုး ကျနော်တို့ ဘဝမှာ ဖြစ်ပျက်ဖူးတယ်ဆိုတာ သတိထားမိကြပါရဲ့လား။
လူတွေဟာ ရည်မှန်းချက်ကြီးကြီးမား ထားကြတယ်။ အိပ်မက်ကြီးကြီး မက်ကြတယ်။ တနေ့မှာ သန်းကြွယ်သူဋ္ဌေးကြီး ဖြစ်ချင်တယ်။ နာမည်ကြီး အဆိုတော်၊ ရုပ်ရှင်မင်းသား မင်းသမီး ဖြစ်ချင်တယ် စသဖြင့်ပေါ့။ ကြိုးစားတယ်။ အစွမ်းကုန် ကြိုးစားပါတယ် ကြိုးစားရင်းနဲ့ အရှုံးနဲ့ ရင်ဆိုင်ရတယ်။ နောက်ထပ် ဆက်ကြိုးစားတယ်။ အရှုံးနဲ့ ရင်ဆိုင်ရပြန်တယ်။ ကြာတော့ ဆက်ကြိုးစားရင်လည်း ရှုံးနိမ့်အုံးမှာဘဲဆိုတဲ့ မသိစိတ်က ခေါင်းထဲမှာ စွဲသွားတယ်။ ကြိုးစားတာကို ရပ်ပစ်လိုက်တယ်။
ပုလင်းအဖုံး ဖွင့်လိုက်လို့ နှံကောင်ဟာ နောက်တစ်ခါ ထပ်ခုန်လိုက်ရင် ပုလင်းအပြင်ကို ရောက်သွားနိုင်သလို လူတွေလည်း အခွင့်အလမ်းပေါ်လာပြီမို့ နောက်ထပ်တစ်ခါ ကြိုးစားရင် အောင်မြင်မယ်ဆိုတာကို မသိလို့ ဆက်မကြိုးစားဘဲ ရပ်လိုက်ကြတာကတော့ ဝမ်းနည်းစရာပါဘဲ။
ဗန်းမော်သိန်းဖေ
၁၉-၀၉-၂၀၁၆

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။