The Myth တို့ရဲ့ အဆိုတော် Ja Som နဲ့အင်တာဗျူး
-------------------------- -
ပြောရရင် ဇာတ်လမ်းက အတော်ရှည်တာ။ Ja Som ကိုအင်တာဗျူးချင်တာ အတော်ကြာပြီ။ အတိအကျပြောရရင် ၂၀၁၅ တုန်းကတည်းကပဲ။ သူမဟာ အမျိုးသမီးတေးရေးရှားပါးလွန်းတဲ့
မြန်မာပြည်မှာ တေးရေးရုံတင်မကဘူး၊ ဘေ့စ်ဂစ်တာကိုပါတီးသေးတာ။ The Myth
တီးဝိုင်းမှာ အဆိုတာဝန်လဲ ထမ်းဆောင်ရသေးတယ်။ တကယ်တော့ အဲဒီ တာဝန်၃
ခုစလုံးကိုထမ်းဖို့ဆိုတာ တော်ရုံစိတ်နဲ့မဖြစ်ဘူး။ အင်တာဗျူးဖို့စိတ်ဝင်စားတဲ့
နောက်ထပ်အကြောင်းရင်းကတော့ သူမ ယူဆောင်လာတဲ့ ဂီတဟာ မြန်မာပြည်အတွက်
အတော်လေးသစ်ဆန်းတယ်။ အတိအကျပြောရရင် မြန်မာအမျိုးသမီးတွေဆိုလေ့သိပ်မရှိတဲ့ အမျိုးအစားဖြစ်တယ်။ အဲဒီလောက်ရဲရင့်ပြတ်သားပြီး ကြိုးစားတဲ့သူတယောက်ကို အင်တာဗျူးဖို့ဖြစ်လာတယ်။
ခက်တာက သူမကိုယ်တိုင်က အဲဒီတုန်းက အခွေအတွက်လုံးချာလည်နေတာ။ ဒါနဲ့ အင်တာဗျူးက နောက်ကျသွားတယ်။ တနေ့တော့ အင်တာဗျူးလုပ်တော့မလားဆိုတော့ အခွေထွက်ခါနီးမှပဲလုပ်ချင်တ ယ်ဆိုတော့ နားလည်ပေးလိုက်တယ်။ အခုတော့ အလင်းများဆီသို့ အခွေသစ်လဲ ထွက်ပြီးသွားပြီဆိုတော့ အေးအေးလူလူ အင်တာဗျူးဖို့ဖြစ်လာတယ်။
ကဲ...Ja Som နဲ့အင်တာဗျူးလေးကို ခံစားကြည့်ပါဦး။
SSFS - ဘေ့စ်ဂစ်တာတီးဖို့ ရွေးချယ်ဖြစ်ခဲ့တဲ့အကြောင်း လေး ပြောပြပေးပါ။ (ဘေ့စ်ဂစ်တာသမားတွေထဲက ဘယ်သူ့ကို အကြိုက်ဆုံးလဲ)
Ja Som - ငယ်ငယ်ကတည်းကဂစ်တာတီးတာဝါသနာပါတာရယ်၊ ဂစ်တာကိုလည်းတီးတတ်နေတော့ အဲ့တာနဲ့ band ကလူတွေက Bass ဂစ်တာတီးပြီးတော့သီချင်းဆို ပါလားဆိုပြီး(ဟီဟီ ဘေစ့်တီးမည့်သူမရှိတာလဲပါတာပေါ့) အားပေးတာနဲ့ လုပ်ဖြစ်သွားတာပါ။ ဘေစ့်ဂစ်တာသမားတွေထဲမှာ အကြိုက်ဆုံးဆိုတာထက် ကိုယ်အားကျမိတဲ့သူတွေတော့အများကြီးရှိပါတယ်။ အမျိုးသမီးဘေစ့်သမားတွေထဲကဆို Esperanza Spalding နဲ့ Tal Wilkenfeld ကိုအရမ်းခိုက်မိပါတယ်။ အမျိုးသားများထဲကတော့ Flea ကိုခိုက်တယ်။
SSFS - ဘေ့စ်ဂစ်တာကို စပြီးမတီးခင်တုန်းကနဲ့ အခုလို ကိုယ်ပိုင်သီချင်းတွေရေး၊ ဘေ့စ်ဂစ်တာတီးပြီး လူတွေရှေ့မှာဖျော်ဖြေပြီးတဲ့ အချိန်မှာ စိတ်ခံစားချက်က ကွာခြားပါသလား။ (ကွာခြားရင်ရော ဘယ်လိုမျိုးကွာခြားပါသလဲ)
Ja Som - ကိုယ်တိုင်ဘေစ့်တီးကိုယ်တို င်ဆို ဆိုတော့ပိုပြီးအားရတယ်။ အဆိုပိုင်းကိုပဲကိုယ်ကအာရုံ စိုက်နေတာမဟုတ်ပဲ Music arrangement တေးသွားအနိမ့်အမြင့်တွေကိုပါ ကိုယ်တိုင်လိုက်ပြီး တီးခတ်နေတဲ့အတွက် သီချင်းကိုပိုပြီးဈာန်ဝင်စားစွာသီဆိုလို့ ပိုရပါတယ်။
SSFS - ဆိုခဲ့တဲ့ပွဲတွေလဲ အတော်များပြီဆိုတော့ ဘယ်ပွဲကို အားအရဆုံးလဲ။ (ဘာကြောင့်ပါလဲ။ ဘယ်လိုသင်ခန်းစာတွေရခဲ့ဖူးပါသလဲ)
Ja Som - S.I.R ပွဲမှာ ၂ခါဆိုဖြစ်တယ်။ ကျေနပ်အားအရဆုံးကတော့ ဒုတိယအကြိမ်ဆိုတဲ့အခါမှာ ညီမတို့ရဲ့သီဆိုတီးခတ်မှုကို ပရိတ်သတ်အသိအမှတ်ပြုခြင်းကိုခံခဲ့ရတဲ့အတွက်ပါ။
SSFS - Live ဖျော်ဖြေချိန်မှာ အမှတ်အရဆုံးသော ပရိတ်သတ် (ဘယ်လိုကြောင့် အမှတ်တရဖြစ်ပါသလဲ)
Ja Som - အမှတ်အရဆုံးကတော့ အဲ့ဒီညီမပြောခဲ့တဲ့ S.I.R show တုန်းကပရိတ်သတ်ရဲ့ အားပေးမှုပါ။
SSFS - Underground ဂီတလောကလို့ပဲ အလွယ်တကူခေါ်ခါ် ဂီတသစ်လမ်းကြောင်း လျှောက်လမ်းနေကြသူတွေလို့ပဲ ခေါ်ခေါ်ပေါ့လေ။ ဒီအသိုင်းအဝိုင်းလေးကို ပိုမိုတိုးတက်အောင် ဘယ်လိုဟာမျိုးတွေ ပြုပြင်သင့်တယ်လို့ ထင်မြင်ယူဆပါသလဲ။
Ja Som - ပိုပြီးတိုးတက်ဖို့ဆိုရင် အခွင့်အလမ်းကောင်းတွေလိုအပ် ပါတယ်။ ဥပမာ၊ ရှိုးပွဲတွေများများလုပ်ပေးတာတို့ အဲ့ခါလူတွေနဲ့ ပိုထိတွေ့မှုရရှိပြီး အရှေ့ကိုခွန်အားများနဲ့ပြို ပီးဆက်သွားနိုင်မှာပါ။
SSFS - The Myth တီးဝိုင်းရဲ့ ကိုယ်ပိုင်သီချင်းတွေ ဖန်တီးကြပုံကိုလဲ ပြောပြပါဦး။
Ja Som - ညီမကအိမ်မှာ သီချင်းကို ဟော်လို ဂစ်တာလေးနဲ့တီးဆိုအသံဖမ်းပြီး Band ကလူတွေကိုပေးပါတယ်။ သီချင်းတွေကိုတော့ညီမကိုယ်တိုင်ရေးတာပါ။ သီချင်းရဲ့  music arrangement လုပ်တာကိုတော့ ဂစ်တာသမား `ရဲရင့်´ က တာဝန်ယူပြီးလုပ်ပါတယ်။ စတူဒီယိုထဲမှာသီချင်းသွင်းရ င်တော့ အားလုံးတူ Ideas လေးတွေးပေးတာများတယ်။
SSFS - ဂီတကိုချစ်မြတ်နိုးသူတယောက် အနေနဲ့ရော၊ (အခုလို) ဂီတဖန်တီးသူတယောက်အနေနဲ့ရော ပေါ့လေ။ ဘဝမှာ သြဇာအသက်ရောက်ဆုံးသော ဂီတသမား (၃) ယောက်အကြောင်းပြောပြပါ။ (ဘာကြောင့်၊ ဘယ်လို သြဇာသက်ရောက်ပါသလဲ)
Ja Som - Adele ရဲ့ဟိတ်ဟန်မရှိတဲ့ သူမရဲ့စကားအပြောအဆို၊ သီချင်းအရေးအသား၊သီဆိုမှုကော င်းပုံ ၊ ပရိတ်သတ်ကို ဂီတစစ်စစ်ပေးစွမ်းနိုင်တဲ့သူမရဲ့ခံယူချက်တွေပါပဲ။
Hayley Williams (Paramore) ကိုတော့ သူ့ရဲ့အသံ၊ ဂီတနဲ့သူ့ရဲ့ Fashion ပါ။
မြန်မာပြည်ထဲက ဆိုရင် Raymond (IDIOTS).သူ့ရဲ့ဂီတအပေါ်ထားတဲ့ခံယူချက်ရယ် သူ့သီချင်းရေးသားသီဆိုပုံတွေပါပဲ။
SSFS - ဘောလုံးကန်တာကို ဝါသနာပါတယ်လို့လဲသိရပါတယ်။ အခုရော ကန်ဖြစ်ပါသေးသလား။ ဘယ်အသင်းကို အားပေးပါသလဲ။
Ja Som - ဘောလုံးကန်တာက ငယ်ငယ်ကတည်းကဝါသနာပါတာပါ။ အရင်တုန်းကတော့ကန်ဖြစ်ပါသေး တယ်။ ခုတော့မကန်ဖြစ်တော့ဘူး။ ဒါပေမဲ့ဘောလုံးကန်ရမယ်ဆိုရင် ထပ်ကန်ချင်ပါသေးတယ်။ အဲ့လိုအားပေးတဲ့ဘောလုံးအသင်းဆိုပြီးတော့သီးသန့်မရှိပါဘူး။
SSFS - မိန်းကလေးအများစုက လှလှပပပြင်ဆင်ပြီး ပရိတ်သတ်အာရုံကို ဖမ်းစားဖို့ကြိုးစားနေချိန် မှာ လူကောင်သေးသေးလေးနဲ့ ဘေ့စ်ဂစ်တာကြီးလွယ်ပြီး တီးခတ်ပြတာကို လူတွေဘယ်လိုဘယ်ပုံ ဝေဖန်ကြပါသလဲ။
Ja Som - ပရိတ်သတ်က ညီမကို အားပေးပါတယ်။ ညီမပရိတ်သတ်က ဂီတကိုတစ်ကယ် မြတ်နိုးတန်ဖိုးထားပြီး နားထောင်တဲ့သူတွေဖြစ်တဲ့အတွ က် အပေါ်ယံတွေကသိပ်ပြီးအရေးမကြီးဘူးပေါ့။
SSFS - ဂီတနဲ့ပတ်သက်ရင် မြန်မာစာနယ်ဇင်းတွေအပေါ်မှာ ထားရှိတဲ့ သဘောထားလေးပြောပြပါဦး။ (အားနည်းချက်၊ အားသာချက်၊ စိတ်အခန့်မသင့်တာ)
Ja Som - ညီမတော့အတွေ့အကြုံအများကြီး မရှိသေးပေမယ့် စာနယ်ဇင်းဆိုတာအရမ်းရေးကြီး ပါတယ်။ ညီမတို့လို တက်သစ်စ ဂီတသမားတွေဆိုပိုပြီး Medai ရဲ့အားပိုလိုအပ်ပါတယ်။ ဒါကတော့အားသာချက်ပေါ့။ အားနည်းချက်ကတော့ကိုယ်တိုင် မကြုံဖူးသေးပေမယ့် ဖတ်ဖူးတာတွေထဲမှာ နာမည်စာလုံးပေါင်းမှားနေတာက တော့ မဖြစ်သင့်ပါဘူး။ ဒါကတော့အထင်ရှားဆုံးတစ်ခုပေါ့။
SSFS - သြဂတ်စ်လ ၅ ရက်နေ့ကထွက်သွားတဲ့ အလင်းများဆီသို့ အခွေနဲ့ပတ်သက်လို့ ပရိတ်သတ်ကို နည်းနည်းပြောပြပေးပါဦး။
Ja Som - ဒီအခွေလုပ်တာလေးနှစ်လောက်ကြာသွားတယ်။ Album ကို၂၀၁၂ခုနှစ်ကနေစလုပ်တာ၂၀၁ ၆မှအပြီးသတ်နိုင်တာပါ။ အခက်အခဲကတော့ ဒီလိုပဲ အခွေသွင်းဖို့ ငွေရေးကြေးရေးမလုံလောက်တာတို့၊ Players တွေပြောင်းသွားလို့ `ထွက်သွား´ သီချင်းကို Arrangement အသစ်နဲ့အစအဆုံးပြန်တီးတာတို့ ပါပဲ။ ဒီအခွေထဲမှာပါတဲ့သီချင်းပုံ စံတွေက Modern Rock, Pop Rock, Slow rock တွေပါတယ်။ အခွေထဲမှာသီချင်းက ၁၃ပုဒ်ထည့်ထားပါတယ်။သီချင်း တွေအားလုံးကိုညီမကိုယ်တိုင် ရေးထားတာတွေပဲထည့်ထားပါတယ်။
အခွေထဲမှာပါတဲ့သီချင်းအကြော င်းအရာလေးတွေကတော့လူငယ်ပီပီ အချစ်သီချင်းလေးတွေပါမယ်။ ကိုယ်တစ်ကယ်တွေ့ကြုံရတဲ့ဘဝရဲ့အခက်အခဲတွေကို ကိုယ်ဘယ်လိုအကောင်းဆုံးကျော်ဖြတ်မလဲဆိုတဲ့ ဘဝနဲ့တစ်ထပ်တည်းကျတဲ့အကြောင်းအရာလေးတွေပါပါတယ်။ ဒီအခွေထဲမှာပါတဲ့ညီမရဲ့ဂီတပုံစံကခုလက်ရှိအမျိုးသမီးအဆိုရှင်တွေရဲ့ ဂီတပုံစံနဲ့ကွားခြားနေပါလိမ့်မယ် ဒီအခွေလေးကိုနားထောင်ကြည်ပေးပါ။ ဝေဖန်ပေးပါ။ အများကြီးကြိုးစားထားပါတယ်။ ဂီတစစ်စစ်တွေကိုပဲပရိတ်သတ်ကို အမြဲပေးသွားမှာပါ။
Long Live Rock n' Roll,
Ja Som (The Myth) နှင့် ကိုဝီပူးပေါင်းပြုလုပ်သည်။
— with The Myth, Jar San and Ja Som.--------------------------
ပြောရရင် ဇာတ်လမ်းက အတော်ရှည်တာ။ Ja Som ကိုအင်တာဗျူးချင်တာ အတော်ကြာပြီ။ အတိအကျပြောရရင် ၂၀၁၅ တုန်းကတည်းကပဲ။ သူမဟာ အမျိုးသမီးတေးရေးရှားပါးလွန
ခက်တာက သူမကိုယ်တိုင်က အဲဒီတုန်းက အခွေအတွက်လုံးချာလည်နေတာ။ ဒါနဲ့ အင်တာဗျူးက နောက်ကျသွားတယ်။ တနေ့တော့ အင်တာဗျူးလုပ်တော့မလားဆိုတေ
ကဲ...Ja Som နဲ့အင်တာဗျူးလေးကို ခံစားကြည့်ပါဦး။
SSFS - ဘေ့စ်ဂစ်တာတီးဖို့ ရွေးချယ်ဖြစ်ခဲ့တဲ့အကြောင်း
Ja Som - ငယ်ငယ်ကတည်းကဂစ်တာတီးတာဝါသန
SSFS - ဘေ့စ်ဂစ်တာကို စပြီးမတီးခင်တုန်းကနဲ့ အခုလို ကိုယ်ပိုင်သီချင်းတွေရေး၊ ဘေ့စ်ဂစ်တာတီးပြီး လူတွေရှေ့မှာဖျော်ဖြေပြီးတဲ
Ja Som - ကိုယ်တိုင်ဘေစ့်တီးကိုယ်တို
SSFS - ဆိုခဲ့တဲ့ပွဲတွေလဲ အတော်များပြီဆိုတော့ ဘယ်ပွဲကို အားအရဆုံးလဲ။ (ဘာကြောင့်ပါလဲ။ ဘယ်လိုသင်ခန်းစာတွေရခဲ့ဖူးပ
Ja Som - S.I.R ပွဲမှာ ၂ခါဆိုဖြစ်တယ်။ ကျေနပ်အားအရဆုံးကတော့ ဒုတိယအကြိမ်ဆိုတဲ့အခါမှာ ညီမတို့ရဲ့သီဆိုတီးခတ်မှုကို
SSFS - Live ဖျော်ဖြေချိန်မှာ အမှတ်အရဆုံးသော ပရိတ်သတ် (ဘယ်လိုကြောင့် အမှတ်တရဖြစ်ပါသလဲ)
Ja Som - အမှတ်အရဆုံးကတော့ အဲ့ဒီညီမပြောခဲ့တဲ့ S.I.R show တုန်းကပရိတ်သတ်ရဲ့ အားပေးမှုပါ။
SSFS - Underground ဂီတလောကလို့ပဲ အလွယ်တကူခေါ်ခါ် ဂီတသစ်လမ်းကြောင်း လျှောက်လမ်းနေကြသူတွေလို့ပဲ
Ja Som - ပိုပြီးတိုးတက်ဖို့ဆိုရင် အခွင့်အလမ်းကောင်းတွေလိုအပ်
SSFS - The Myth တီးဝိုင်းရဲ့ ကိုယ်ပိုင်သီချင်းတွေ ဖန်တီးကြပုံကိုလဲ ပြောပြပါဦး။
Ja Som - ညီမကအိမ်မှာ သီချင်းကို ဟော်လို ဂစ်တာလေးနဲ့တီးဆိုအသံဖမ်းပြ
SSFS - ဂီတကိုချစ်မြတ်နိုးသူတယောက်
Ja Som - Adele ရဲ့ဟိတ်ဟန်မရှိတဲ့ သူမရဲ့စကားအပြောအဆို၊ သီချင်းအရေးအသား၊သီဆိုမှုကော
SSFS - ဘောလုံးကန်တာကို ဝါသနာပါတယ်လို့လဲသိရပါတယ်။ အခုရော ကန်ဖြစ်ပါသေးသလား။ ဘယ်အသင်းကို အားပေးပါသလဲ။
Ja Som - ဘောလုံးကန်တာက ငယ်ငယ်ကတည်းကဝါသနာပါတာပါ။ အရင်တုန်းကတော့ကန်ဖြစ်ပါသေး
SSFS - မိန်းကလေးအများစုက လှလှပပပြင်ဆင်ပြီး ပရိတ်သတ်အာရုံကို ဖမ်းစားဖို့ကြိုးစားနေချိန်
Ja Som - ပရိတ်သတ်က ညီမကို အားပေးပါတယ်။ ညီမပရိတ်သတ်က ဂီတကိုတစ်ကယ် မြတ်နိုးတန်ဖိုးထားပြီး နားထောင်တဲ့သူတွေဖြစ်တဲ့အတွ
SSFS - ဂီတနဲ့ပတ်သက်ရင် မြန်မာစာနယ်ဇင်းတွေအပေါ်မှာ ထားရှိတဲ့ သဘောထားလေးပြောပြပါဦး။ (အားနည်းချက်၊ အားသာချက်၊ စိတ်အခန့်မသင့်တာ)
Ja Som - ညီမတော့အတွေ့အကြုံအများကြီး
SSFS - သြဂတ်စ်လ ၅ ရက်နေ့ကထွက်သွားတဲ့ အလင်းများဆီသို့ အခွေနဲ့ပတ်သက်လို့ ပရိတ်သတ်ကို နည်းနည်းပြောပြပေးပါဦး။
Ja Som - ဒီအခွေလုပ်တာလေးနှစ်လောက်ကြ
အခွေထဲမှာပါတဲ့သီချင်းအကြော
Long Live Rock n' Roll,
Ja Som (The Myth) နှင့် ကိုဝီပူးပေါင်းပြုလုပ်သည်။
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။