သမီးတော်တို့အကြောင်း
နိုင်ငံအကြီးအကဲ သမ္မတတွေရဲ့ သားသမီးတွေအကြောင်း ကျွန်တော် စိတ်ဝင်စားပါတယ်။ စာအုပ်တစ်အုပ် လည်းရေးနေတယ်။ သားသမီးတွေအထဲက ကောင်းတဲ့သူတွေ အကြောင်းတော့ မဟုတ်ပါဘူး။ ဆိုးတဲ့သူတွေ အကြောင်းပါ။
နိုင်ငံသမ္မတတွေအထဲမှာ ခုတစ်လော အိုဘားမားရဲ့ သမီးငယ်လေးအကြောင်းကတော့ လူကြိုက်အများဆုံး ခေါင်းစဉ်ဖြစ်နေတယ်။ သမီးငယ်လေးကို သာမန်ဘဝထဲမှာ ကျင်လည်စေချင်လို့ စားပွဲထိုးသွားလုပ်ခိုင်းနေ တာ တွေ ခုတစ်လော ဖတ်နေရတယ်။ နိုင်ငံအကြီးအကဲတစ်ယောက်ရဲ့ သမီးတွေဟာ လုပ်ချင်တိုင်းလုပ်လို့ မရပါဘူးဆိုတာ အိုဘားမားက စံပြဖော်ဆောင်ပေးထားလို့ ကြည်နူးမိပါတယ်။
အိုဘားမားနဲ့ မီရှဲတို့ရဲ့ သမီးလေးနှစ်ယောက်အကြောင်းကလ ည်း
စိတ်ဝင်စားစရာ ကောင်းပါတယ်။ အကြီးမ မာလီယာဟာ ၂၀၁၇ ခုနှစ်မှာ
ဟားဗတ်တက္ကသိုလ်တက်တော့မယ်။ ခုဆိုရင် မာလီယာအသက်က ၁၈ နှစ် ရှိနေပြီ။
အထက်တန်းအောင်ပြီး တက္ကသိုလ်မတက်မီ သူလည်း လူမှုရေးလုပ်ငန်းတွေ
လိုက်လုပ်နေတယ်။ သူ့အဖေနဲ့ အမေနှစ်ယောက်စလုံးကလည်း ဟားဗတ်ကျောင်းဆင်းတွေ။
နှစ်ယောက်စလုံး ဥပဒေဘွဲ့တွေ ယူခဲ့ ကြတာဆိုတော့ မာလီယာတစ်ယောက်လည်း
သူ့အဖေနဲ့ အမေရဲ့ ခြေရာကို နင်းမယ်လို့ ယူဆရတယ်။
မာလီယာက သူစိတ်ဝင်စားတာ ရုပ်ရှင်ပညာပါလို့ ဖွင့်ဟဝန်ခံထားတယ်။ ၂၀၁၄ နဲ့ ၂၀၁၅ ခုနှစ်တွေမှာ CBS ရုပ်သံနဲ့ HBO တွေမှာ အလုပ်သင်အဖြစ် ဝင်လုပ်လိုက်သေးတယ်။
အငယ်မ ဆာရှာကတော့ ခုဆိုရင် ၁၅ နှစ်ရှိပြီ။ သူ့အစ်မ တက်ခဲ့တဲ့ Sidewell Friends ကျောင်းမှာ ကျောင်း တက်နေတုန်းပဲ။ ဆာရှာနဲ့ မာလီယာတို့နှစ်ယောက်ဟာ အိမ်ဖြူတော်ရောက် သမ္မတ သားသမီးတွေထဲမှာ အသက်အငယ်ဆုံးဖြစ်ပါတယ်။
အိုဘားမားမိန်းမ ဖတ်စ်လေဒီကြီးက Lets Girls Learn ဆိုတဲ့ ပရောဂျက်ကြီးကို လုပ်နေတယ်။ နိုင်ငံတကာမှာ အဖိနှိပ်ခံနေရတဲ့ တိုင်းပြည်တွေ၊ ဆင်းရဲတဲ့ တိုင်းပြည်တွေမှာ အမျိုးသမီးတွေ စာတတ်မြောက်ရေး၊ စာသင် ကြားခွင့်ရရေးတွေ လိုက်လုပ်နေတယ်။ သမီးနှစ်ယောက်စလုံးက သူတို့ မိခင်နဲ့ အတူ အဲဒီ ပရောဂျက် အတွက် လိုက်ပြီး လှုပ်ရှားပေးနေတယ်။ အိုဘားမား အနားယူပြီးလည်း အမျိုးသမီးတွေ စာတတ်မြောက်ရေးကို သူတို့ သားအမိသုံးယောက် ဆက်ပြီးတော့ လှုပ်ရှားဦးမယ်လို့ဆိုပါတယ် ။
ကမ္ဘာ့နိုင်ငံတွေကိုကြည့်လို က်ရင်
အထူးသဖြင့်တော့ အာဏာရှင် အုပ်စိုးခဲ့တဲ့ နိုင်ငံတွေဟာ ငါ့သား ငါ့သမီး
ငါ့မယား ငါ့ဆွေ ငါ့အမျိုး ကောင်းစားရေးတွေပဲ လုပ်ကြတာများတယ်။ ဒါကြောင့်
သူတို့မပြုတ်မချင်း ရသလောက် အလုပ်တွေ လက်ဝါးကြီးအုပ်၊ ရသလောက်ခိုးပြီး
ကိုယ်ကျိုးရှာသူတွေ များနေတဲ့ ခေတ်မှာ သမ္မတ အိုဘားမားနဲ့ မိသားစုရဲ့
ရိုးသားတဲ့ ဂုဏ်ပုဒ်တွေဟာ သမိုင်းဝင်လောက်အောင် ဖြစ်ခဲ့မှာပါ။
ကျွန်တော်တို့နိုင်ငံမှာလည်း
အာဏာရှင်အဆက်ဆက် အိုဘားမား သမီးတွေလို ဂုဏ်ဖော်ရလောက်အောင်
တိုင်းပြည်အတွက် လုပ်ပြနိုင်ခဲ့တဲ့ အာဏာရှင်တို့ရဲ့ သမီးတော်များ
ရှိခဲ့ဖူးပါသလား။
၇.၈.၂၀၁၆
နိုင်ငံအကြီးအကဲ သမ္မတတွေရဲ့ သားသမီးတွေအကြောင်း ကျွန်တော် စိတ်ဝင်စားပါတယ်။ စာအုပ်တစ်အုပ် လည်းရေးနေတယ်။ သားသမီးတွေအထဲက ကောင်းတဲ့သူတွေ အကြောင်းတော့ မဟုတ်ပါဘူး။ ဆိုးတဲ့သူတွေ အကြောင်းပါ။
နိုင်ငံသမ္မတတွေအထဲမှာ ခုတစ်လော အိုဘားမားရဲ့ သမီးငယ်လေးအကြောင်းကတော့ လူကြိုက်အများဆုံး ခေါင်းစဉ်ဖြစ်နေတယ်။ သမီးငယ်လေးကို သာမန်ဘဝထဲမှာ ကျင်လည်စေချင်လို့ စားပွဲထိုးသွားလုပ်ခိုင်းနေ
အိုဘားမားနဲ့ မီရှဲတို့ရဲ့ သမီးလေးနှစ်ယောက်အကြောင်းကလ
မာလီယာက သူစိတ်ဝင်စားတာ ရုပ်ရှင်ပညာပါလို့ ဖွင့်ဟဝန်ခံထားတယ်။ ၂၀၁၄ နဲ့ ၂၀၁၅ ခုနှစ်တွေမှာ CBS ရုပ်သံနဲ့ HBO တွေမှာ အလုပ်သင်အဖြစ် ဝင်လုပ်လိုက်သေးတယ်။
အငယ်မ ဆာရှာကတော့ ခုဆိုရင် ၁၅ နှစ်ရှိပြီ။ သူ့အစ်မ တက်ခဲ့တဲ့ Sidewell Friends ကျောင်းမှာ ကျောင်း တက်နေတုန်းပဲ။ ဆာရှာနဲ့ မာလီယာတို့နှစ်ယောက်ဟာ အိမ်ဖြူတော်ရောက် သမ္မတ သားသမီးတွေထဲမှာ အသက်အငယ်ဆုံးဖြစ်ပါတယ်။
အိုဘားမားမိန်းမ ဖတ်စ်လေဒီကြီးက Lets Girls Learn ဆိုတဲ့ ပရောဂျက်ကြီးကို လုပ်နေတယ်။ နိုင်ငံတကာမှာ အဖိနှိပ်ခံနေရတဲ့ တိုင်းပြည်တွေ၊ ဆင်းရဲတဲ့ တိုင်းပြည်တွေမှာ အမျိုးသမီးတွေ စာတတ်မြောက်ရေး၊ စာသင် ကြားခွင့်ရရေးတွေ လိုက်လုပ်နေတယ်။ သမီးနှစ်ယောက်စလုံးက သူတို့ မိခင်နဲ့ အတူ အဲဒီ ပရောဂျက် အတွက် လိုက်ပြီး လှုပ်ရှားပေးနေတယ်။ အိုဘားမား အနားယူပြီးလည်း အမျိုးသမီးတွေ စာတတ်မြောက်ရေးကို သူတို့ သားအမိသုံးယောက် ဆက်ပြီးတော့ လှုပ်ရှားဦးမယ်လို့ဆိုပါတယ်
ကမ္ဘာ့နိုင်ငံတွေကိုကြည့်လို
ကျွန်တော်တို့နိုင်ငံမှာလည်
၇.၈.၂၀၁၆
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။