"ကယ်ဆယ်ခံဘဝ"
************
"အကြိမ်ကြိမ်အခါခါ ကျရှုံးတိုင်း
တပါးသူ ကယ်ဆယ်တာကိုပဲ ခံယူပြီး အမြဲတမ်း ကယ်ဆယ်ရေးကိုပဲ မျှော်နေမယ်ဆိုရင် အဲ့ဒီဘဝဟာ ရှင်သန်လျက်နဲ့ တန်ဖိုးမဲ့ဖြစ်သွားတတ်တယ်
မိမိရဲ့ မွေးရာပါ ပင်ကိုယ်အရည်အသွေးပင် ပျက်သုဉ်းသွားနိုင်ပါတယ်
လဲသွားရင် မတ်မတ်ရပ်နိုင်ဖို့ ပြန်ထပါ
ကျရှုံးရင် သင်ခန်းစာယူပါ
အောင်မြင်မှုရရှိရင် ဆက်လက်ထိန်းထားပါ
#မိမိဘဝကို မိမိသာလျှင် Management စီမံပါ
#မိမိဘဝကို မိမိသာလျှင် Frame ရေးဆွဲချမှတ်ပါ
#မိိမိဘဝကို တခြားသူက စီမံခန့်ခွဲတာ ရေးဆွဲချမှတ်တာတွေ အဖြစ်မခံပါနဲ့
#မိမိဘဝတစ်ခုကိုသာ မိမိကိုယ်တိုင် Management မလုပ်နိုင်ဘူးဆိုလျှင် အခြားသော လူ့အဖွဲ့အစည်း လုပ်ငန်းစုလေးတွေမှာ Good Leadership ခေါင်းဆောင်ကောင်းဖြစ်လာမည် မဟုတ်ချေ
လုပ်ငန်းခွင်အဖွဲ့အစည်းထဲမှာလည်း မိမိသည် ဘယ်တော့မှ လူပိုတစ်ယောက်အဖြစ် လုံးဝလက်မခံပါနဲ့
လူအချို့က လွယ်လွယ်ရ လွယ်လွယ်လိုချင်ကြတယ်
လုပ်ငန်းခွင်မှာဆိုရင်လည်း တချို့ ဝန်ထမ်းလေးတွေ သူတို့လုပ်မြဲ နေရာ ရာထူးမှာပဲ မွေ့လျော်နေတတ်ကြတယ်
အချိန်တန် လစာရမယ် ၊ ပုံမှန်ဝင်ငွေလေးရရင် ကျေနပ်နေမယ်
ဒီလိုနဲ့ပဲ တစ်နေ့ထက်တစ်နေ့ အချိန်တွေကုန်ဆုံးခဲ့ကြတယ်
ငါတို့ ဘာအတွက်လုပ်နေကြရတာလဲ
ဒီအလုပ်ရဲ့ ပန်းတိုင်က ဘာလဲ
ငါရှေ့ဆက်တိုးတက်ဖို့ ဘာတွေလိုအပ်မလဲ
ဒီအလုပ် လုပ်ခဲ့တာ နှစ်တွေသာ ကြာလာတယ် ငါ့အတွက် ဘာတွေပြောင်းလဲလာပြီလဲ
ဘယ်လိုအရည်အချင်းတွေ တိုးတက်လာပြီလဲ
အစရှိတာတွေကို စဉ်းစားလေ့မရှိဘဲ
လက်ရှိအလုပ်မှာပဲ မရှုပ် မလုပ် မပြုတ် ဆိုတဲ့သဘောတရားနဲ့ ရေစုန်မျောသလို နေတတ်ကြတယ်
အနာဂတ်ကို စိန်မခေါ်ရဲကြဘူး
ပြဿ နာတစ်ခုဖြစ်လာရင် စိုးရိမ်စရာ ကြောက်စရာတွေဖြစ်လာပြီ
တကယ်တော့ ပြဿ နာလို့ ယူဆထားတဲ့ အရာတွေက ပြဿ မဟုတ်ပါဘူး
ကိုယ့်အနာဂတ်အတွက် တက်လှမ်းရမယ့် လှေကားထစ်လေးတွေပါ
အမှားဆိုတာက လူတိုင်းနဲ့မကင်းနိုင်ဘူးလေ
ဘယ်သူမှလည်း Perfect မဖြစ်ပါဘူး
ဒါပေမယ့် ရရှိလာတဲ့ အမှားတွေကတဆင့် အမှန်အဖြစ် လမ်းပြပေးလိမ့်မယ်
အမှားမသိဘဲ အမှန်မမြင်နိုင်သလို
ဝေဖန်ခြင်းကို မခံနိုင်ရင်လည်း ပြု ပြင်ရမယ့်နည်းလမ်းတွေ အကျင့်စရိုက်တွေ သိလာမှာမဟုတ်ပါဘူး
အခုဒီစာကို ဖတ်နေသူတို့ရဲ့ အိမ်တိုင်းမှာ ဓါးလေးတစ်ချောင်းတော့ အနည်းဆုံး ရှိကြမယ်လို ယုံကြည်ပါတယ်
အဲ့ဒီဓါးကို ကျွန်တော်တို့ အိမ်တွေမှာ အသားတွေ ငါးတွေ ဟင်းသီးဟင်းရွက်တွေ အစရှိတာတွေ အသုံးပြု လှီးဖြတ်ဖို့ အစကတည်းက အသစ်စက်စက် ဆောင်ထားကြတယ်မဟုတ်လား
ဟုတ်ပြီ… ကျွန်တော်တို့တွေ အဲ့ဒီဓါးကိုသာ အသုံးပြုလာတာ နေ့ရက်များစွာ ကြာခဲ့ပြီ ၊ ဓါးသွားတွေကလည်း အသုံးပြုတာများတော့ အရင်ကထက် မထက်မပြတ်တော့ဘူးလေ
နောက်တော့ ကျွန်တော်တို့တွေ ဓါးသွားလေး ထက်လာအောင် သွေးသွေးပေးရတယ်မဟုတ်လား
အဲ့လိုတာ မသွေးဘူးဆိုရင် အဲ့ဓါးလေးဟာ သံချေးတက်ပြီး အစွန့်ပစ်ခံဘဝရောက်သွားတတ်တ ယ်
ကျွန်တော်တို့ရဲ့ ဦးနှောက်တွေလည်း ဉာဏ်ရည်ထက်လာအောင် စဉ်းစားတွေးခေါ်ပေးဖို့လိုပါ တယ်
စာပေဗဟုသုတတွေ ဖတ်ဖို့လိုပါတယ်
စာအုပ်ကောင်း စာပေကောင်းတစ်အုပ်ဖတ်နေခြင်းဟာ ပညာရှိတစ်ယောက်နှင့်အတူ ဆွေးနွေးနေရသလိုပါပဲ
အတွေးအခေါ်တွေ ရင့်ကျက်လာအောင် ဖန်တီးယူပါ
အစပထမ ဓါးကိုဆောင်ထားစဉ်က အသစ်စက်စက် အသွားကထက်ထက်ပေါ့
မသွေးဘဲ ထားတော့ သံချေးတွေတက်လာပြီလေ
အဲ့လိုပဲ အမေက မွေးပေးလိုက်တာ ဦးနှောက်က ဉာဏ်ရည်ကထက်မြက်နေတာပဲ
ကြီးလာတော့ ဘာမှ မစဉ်းစား တွေးခေါ်မှုတွေမလုပ်တော့ မွေးရာပါဉာဏ်ရည်ဉာဏ်သွေးပင် ပျောက်သွာတတ်တယ်
ဦးနှောက်အနည်းငယ် စဉ်းစားစရာဖြစ်လာရင် လက်လျော့ပြီး အရှုံးပေးတတ်ကြတယ်
#ရဲရဲဝံ့ဝံ့ရင်ဆိုင်ပါ
#အပြုံးလေးနဲ့ ဖြေရှင်းပါ
#အမှန်တကယ် မှားနေတယ်ဆိုရင် တောင်းပန်လိုက်ပါ
ကိုယ်ရောက်တဲ့နေရာမှာ အကောင်းဆုံးဖြစ်အောင် လုပ်ခဲ့ပါ
မိသားစုမှာဆိုရင်
ဖခင်ဖြစ်သူက ဖခင်နေရာက အိမ်ထောင်မှုအတွက် ဘာတွေအကောင်းဆုံးလုပ်နိုင်ေ အာင် ကြိုးစားခဲ့ပြီလဲ
မိခင်ဖြစ်သူက မိခင်နေရာက ဘာတွေအကောင်းဆုံးဖြစ်အောင် ကြိုးစားခဲ့ပြီလဲ
သားသမီးဖြစ်သူက သားသမီးနေရာ
ဘာတွေအကောင်းဆုံးဖြစ်အောင် ကြိုးစားခဲ့ပြီလဲ
ကျောင်းမှာဆိုရင်
ဆရာတွေက ဆရာနေရာက ကျောင်းသားတွေအတွက် ဘာတွေအကောင်းဆုံးဖြစ်အောင် ကြိုးစားခဲ့ပြီလဲ
ကျောင်းသားတွေကလည်း ကျောင်းသားနေရာက ဘာတွေအကေင်းဆုံးဖြစ်အောင် ကြိုးစားနေခဲ့ပြီလဲ
နိုင်ငံတစ်ခုမှာဆိုရင် နိုင်ငံ့အရာရှိဝန်ထမ်းတွေက နိုင်ငံတော်အတွက် ဘာတွေအကောင်းဆုံးဖြစ်အောင် ကြိုးစားလုပ်ခဲ့ပြီလဲ
အားလုံးဟာ သူ့နေရာနဲ့သူ သူ့တန်ဖိုးနဲ့သူရှိကြသလို ကြိုးစားလုပ်ဆောင်ကြဖို့ အရေးကြီးပါတယ်
အကြိမ်ကြိမ်ကယ်ဆယ်ခံယူမှု စိတ်ဓါတ်တွေကင်းဝေးပြီး အနာဂတ်ရဲ့ လေးစားထိုက်သော ခေါင်းဆောင်ကောင်းတွေဖြစ်ကြ ပါစေ...."
ကျေးဇူးတင်စွာဖြင့် -
ရေနံ့သာ ဇော်ဇော်မြင့်
************
"အကြိမ်ကြိမ်အခါခါ ကျရှုံးတိုင်း
တပါးသူ ကယ်ဆယ်တာကိုပဲ ခံယူပြီး အမြဲတမ်း ကယ်ဆယ်ရေးကိုပဲ မျှော်နေမယ်ဆိုရင် အဲ့ဒီဘဝဟာ ရှင်သန်လျက်နဲ့ တန်ဖိုးမဲ့ဖြစ်သွားတတ်တယ်
မိမိရဲ့ မွေးရာပါ ပင်ကိုယ်အရည်အသွေးပင် ပျက်သုဉ်းသွားနိုင်ပါတယ်
လဲသွားရင် မတ်မတ်ရပ်နိုင်ဖို့ ပြန်ထပါ
ကျရှုံးရင် သင်ခန်းစာယူပါ
အောင်မြင်မှုရရှိရင် ဆက်လက်ထိန်းထားပါ
#မိမိဘဝကို မိမိသာလျှင် Management စီမံပါ
#မိမိဘဝကို မိမိသာလျှင် Frame ရေးဆွဲချမှတ်ပါ
#မိိမိဘဝကို တခြားသူက စီမံခန့်ခွဲတာ ရေးဆွဲချမှတ်တာတွေ အဖြစ်မခံပါနဲ့
#မိမိဘဝတစ်ခုကိုသာ မိမိကိုယ်တိုင် Management မလုပ်နိုင်ဘူးဆိုလျှင် အခြားသော လူ့အဖွဲ့အစည်း လုပ်ငန်းစုလေးတွေမှာ Good Leadership ခေါင်းဆောင်ကောင်းဖြစ်လာမည်
လုပ်ငန်းခွင်အဖွဲ့အစည်းထဲမှ
လူအချို့က လွယ်လွယ်ရ လွယ်လွယ်လိုချင်ကြတယ်
လုပ်ငန်းခွင်မှာဆိုရင်လည်း တချို့ ဝန်ထမ်းလေးတွေ သူတို့လုပ်မြဲ နေရာ ရာထူးမှာပဲ မွေ့လျော်နေတတ်ကြတယ်
အချိန်တန် လစာရမယ် ၊ ပုံမှန်ဝင်ငွေလေးရရင် ကျေနပ်နေမယ်
ဒီလိုနဲ့ပဲ တစ်နေ့ထက်တစ်နေ့ အချိန်တွေကုန်ဆုံးခဲ့ကြတယ်
ငါတို့ ဘာအတွက်လုပ်နေကြရတာလဲ
ဒီအလုပ်ရဲ့ ပန်းတိုင်က ဘာလဲ
ငါရှေ့ဆက်တိုးတက်ဖို့ ဘာတွေလိုအပ်မလဲ
ဒီအလုပ် လုပ်ခဲ့တာ နှစ်တွေသာ ကြာလာတယ် ငါ့အတွက် ဘာတွေပြောင်းလဲလာပြီလဲ
ဘယ်လိုအရည်အချင်းတွေ တိုးတက်လာပြီလဲ
အစရှိတာတွေကို စဉ်းစားလေ့မရှိဘဲ
လက်ရှိအလုပ်မှာပဲ မရှုပ် မလုပ် မပြုတ် ဆိုတဲ့သဘောတရားနဲ့ ရေစုန်မျောသလို နေတတ်ကြတယ်
အနာဂတ်ကို စိန်မခေါ်ရဲကြဘူး
ပြဿ နာတစ်ခုဖြစ်လာရင် စိုးရိမ်စရာ ကြောက်စရာတွေဖြစ်လာပြီ
တကယ်တော့ ပြဿ နာလို့ ယူဆထားတဲ့ အရာတွေက ပြဿ မဟုတ်ပါဘူး
ကိုယ့်အနာဂတ်အတွက် တက်လှမ်းရမယ့် လှေကားထစ်လေးတွေပါ
အမှားဆိုတာက လူတိုင်းနဲ့မကင်းနိုင်ဘူးလေ
ဘယ်သူမှလည်း Perfect မဖြစ်ပါဘူး
ဒါပေမယ့် ရရှိလာတဲ့ အမှားတွေကတဆင့် အမှန်အဖြစ် လမ်းပြပေးလိမ့်မယ်
အမှားမသိဘဲ အမှန်မမြင်နိုင်သလို
ဝေဖန်ခြင်းကို မခံနိုင်ရင်လည်း ပြု ပြင်ရမယ့်နည်းလမ်းတွေ အကျင့်စရိုက်တွေ သိလာမှာမဟုတ်ပါဘူး
အခုဒီစာကို ဖတ်နေသူတို့ရဲ့ အိမ်တိုင်းမှာ ဓါးလေးတစ်ချောင်းတော့ အနည်းဆုံး ရှိကြမယ်လို ယုံကြည်ပါတယ်
အဲ့ဒီဓါးကို ကျွန်တော်တို့ အိမ်တွေမှာ အသားတွေ ငါးတွေ ဟင်းသီးဟင်းရွက်တွေ အစရှိတာတွေ အသုံးပြု လှီးဖြတ်ဖို့ အစကတည်းက အသစ်စက်စက် ဆောင်ထားကြတယ်မဟုတ်လား
ဟုတ်ပြီ… ကျွန်တော်တို့တွေ အဲ့ဒီဓါးကိုသာ အသုံးပြုလာတာ နေ့ရက်များစွာ ကြာခဲ့ပြီ ၊ ဓါးသွားတွေကလည်း အသုံးပြုတာများတော့ အရင်ကထက် မထက်မပြတ်တော့ဘူးလေ
နောက်တော့ ကျွန်တော်တို့တွေ ဓါးသွားလေး ထက်လာအောင် သွေးသွေးပေးရတယ်မဟုတ်လား
အဲ့လိုတာ မသွေးဘူးဆိုရင် အဲ့ဓါးလေးဟာ သံချေးတက်ပြီး အစွန့်ပစ်ခံဘဝရောက်သွားတတ်တ
ကျွန်တော်တို့ရဲ့ ဦးနှောက်တွေလည်း ဉာဏ်ရည်ထက်လာအောင် စဉ်းစားတွေးခေါ်ပေးဖို့လိုပါ
စာပေဗဟုသုတတွေ ဖတ်ဖို့လိုပါတယ်
စာအုပ်ကောင်း စာပေကောင်းတစ်အုပ်ဖတ်နေခြင်
အတွေးအခေါ်တွေ ရင့်ကျက်လာအောင် ဖန်တီးယူပါ
အစပထမ ဓါးကိုဆောင်ထားစဉ်က အသစ်စက်စက် အသွားကထက်ထက်ပေါ့
မသွေးဘဲ ထားတော့ သံချေးတွေတက်လာပြီလေ
အဲ့လိုပဲ အမေက မွေးပေးလိုက်တာ ဦးနှောက်က ဉာဏ်ရည်ကထက်မြက်နေတာပဲ
ကြီးလာတော့ ဘာမှ မစဉ်းစား တွေးခေါ်မှုတွေမလုပ်တော့ မွေးရာပါဉာဏ်ရည်ဉာဏ်သွေးပင်
ဦးနှောက်အနည်းငယ် စဉ်းစားစရာဖြစ်လာရင် လက်လျော့ပြီး အရှုံးပေးတတ်ကြတယ်
#ရဲရဲဝံ့ဝံ့ရင်ဆိုင်ပါ
#အပြုံးလေးနဲ့ ဖြေရှင်းပါ
#အမှန်တကယ် မှားနေတယ်ဆိုရင် တောင်းပန်လိုက်ပါ
ကိုယ်ရောက်တဲ့နေရာမှာ အကောင်းဆုံးဖြစ်အောင် လုပ်ခဲ့ပါ
မိသားစုမှာဆိုရင်
ဖခင်ဖြစ်သူက ဖခင်နေရာက အိမ်ထောင်မှုအတွက် ဘာတွေအကောင်းဆုံးလုပ်နိုင်ေ
မိခင်ဖြစ်သူက မိခင်နေရာက ဘာတွေအကောင်းဆုံးဖြစ်အောင် ကြိုးစားခဲ့ပြီလဲ
သားသမီးဖြစ်သူက သားသမီးနေရာ
ဘာတွေအကောင်းဆုံးဖြစ်အောင် ကြိုးစားခဲ့ပြီလဲ
ကျောင်းမှာဆိုရင်
ဆရာတွေက ဆရာနေရာက ကျောင်းသားတွေအတွက် ဘာတွေအကောင်းဆုံးဖြစ်အောင် ကြိုးစားခဲ့ပြီလဲ
ကျောင်းသားတွေကလည်း ကျောင်းသားနေရာက ဘာတွေအကေင်းဆုံးဖြစ်အောင် ကြိုးစားနေခဲ့ပြီလဲ
နိုင်ငံတစ်ခုမှာဆိုရင် နိုင်ငံ့အရာရှိဝန်ထမ်းတွေက နိုင်ငံတော်အတွက် ဘာတွေအကောင်းဆုံးဖြစ်အောင်
အားလုံးဟာ သူ့နေရာနဲ့သူ သူ့တန်ဖိုးနဲ့သူရှိကြသလို ကြိုးစားလုပ်ဆောင်ကြဖို့ အရေးကြီးပါတယ်
အကြိမ်ကြိမ်ကယ်ဆယ်ခံယူမှု စိတ်ဓါတ်တွေကင်းဝေးပြီး အနာဂတ်ရဲ့ လေးစားထိုက်သော ခေါင်းဆောင်ကောင်းတွေဖြစ်ကြ
ကျေးဇူးတင်စွာဖြင့် -
ရေနံ့သာ ဇော်ဇော်မြင့်
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။