မှတ်စုရေးတဲ့ ကောင်းကျိုးများ
+++++++++++++++++
မှတ်စုကို ရေးတတ်တယ်။ မှတ်စုကို အသုံးချတတ်တဲ့သူတော်တော်များများဟာ အောင်မြင်မူနဲ့ ပိုမိုနီးစပ်တယ်လို့ဆို ပါတယ်။ မှတ်စုရေးတဲ့သူများ ဘယ်နေရာမှာ ပိုထူးခြားသလဲ၊ လေ့လာကြည့်ရအောင်..........
၁။ သူတို့ဟာ လေ့လာမှတ်သားတတ်သူများဖြစ်ြ ကတယ်။ မှတ်သားလေ မှတ်သားဖို့ ပိုမိုလိုအပ်လေဖြစ်လာပြီး အဆက်မပျက် လေ့လာသူများဖြစ်သွားတတ်တယ်။
၂။ သူတို့ဟာ သတင်းအချက်အလက်ရဲ့ အရေးပါမူကို နားလည်ကြသလို လိုအပ်ရင်လိုအပ်သလို စွဲထုတ် အသုံးပြုတတ်သူများဖြစ်ကြတယ်။
၃။ မှတ်စုကို စနစ်တကျဖြစ်အောင် ပြန်စီတတ်တယ်။ ကိန်းဂဏန်းနောက်ကွယ်မှာရှိ တဲ့ အကြောင်းအရာတွေကို နားလည်အောင် စူးစမ်းတတ်ကြတယ်။
၎။ သူတို့ဟာ မှတ်စုရေးနည်းကို နားလည်ကြတယ်။ အသုံးများတဲ့ ဝေါဟာရတွေကို ကိုယ်ပိုင်မူနဲ့ လက်ရေးတို သုံးတတ်ကြတယ်။ တခါတလေ မှတ်ထားတဲ့ စကားလုံး သုံးလေးလုံးတွေ့ရုံနဲ့ ၀ါကျရှည်တစ်ကြောင်းပြန်ဖြစ် အောင် စီတတ်သွားတယ်။
၅။ အရေးကြီးတဲ့ အချက်ကို မြင်တတ်သွားတယ်။ စာတစ်ပိုဒ်ကို ဖတ်တာပဲဖြစ်ဖြစ်၊ သူများပြောစကားကို နားထောင်နေတာပဲဖြစ်ဖြစ် ဆိုလိုရင်းကို ဖမ်းတတ်သွားတယ်။
၆။ ကြာကြာအာရုံစူးစိုက်တတ်တယ်။ အထူးသဖြင့် အစည်းအဝေး မှတ်စုရေးတဲ့အခါမျိုးမှာ လူတိုင်းပြောတဲ့စကားကို အသေးစိပ်နားထောင်တတ်တဲ့အပြင် လိုရင်းကိုလည်း ထိထိမိမိ မှတ်တတ်သွားတယ်။
ရ။ သူတို့စာပိုဖတ်တတ်သွားတယ် ။ ဘယ်စာအုပ်ပဲဖတ်ဖတ် စာကြောင်းအရရော၊ စာပိုဒ်အရပါ အရေးကြီးတဲ့ အချက်ကိုမြန်မြန်မြင်လေတော့  သူများထက် စာဖတ်တာ ပိုထိရောက်သွားတယ်။
၈။ အခွင့်အရေးကို ပိုဖမ်းတတ်သွားတယ်။ ကိုယ့်အတွက် အရေးကြီးတဲ့အချက်၊ တစ်ချိန်ချိန်မှာ အသုံးဝင်မဲ့အချက်တွေကို ချက်ချင်းရိပ်မိတတ်ပြီး ချက်ချင်းမှတ်သားလေတော့ အခွင့်အရေးဟာ အချက်အလက်တွေနဲ့ စေ့စပ်နေတာမို့ အခွင့်အရေးကို ပိုဖမ်းတတ်သွားပါတယ်။
အလယ်တန်းကျောင်းသားဘ၀တုန်း က ဦးဖိုးကျားမှတ်စု ဆိုတဲ့ စာအုပ်ငယ်လေးတစ်အုပ်ကို ဖတ်ဖူးပါတယ်။ အဲဒီနောက်မှာ မှတ်စုရေးတတ်သွားပါတယ်။ဒီေ န့တော့ ရေးစရာသိပ်မရှိတာနဲ့ လူငယ်တွေကို မှတ်စုရေးဖို့ တိုက်တွန်းလိုက်ပါတယ်။ အသုံးဝင်နိုင်ကြပါစေ။
Ref: WeChat
+++++++++++++++++
မှတ်စုကို ရေးတတ်တယ်။ မှတ်စုကို အသုံးချတတ်တဲ့သူတော်တော်မျ
၁။ သူတို့ဟာ လေ့လာမှတ်သားတတ်သူများဖြစ်ြ
၂။ သူတို့ဟာ သတင်းအချက်အလက်ရဲ့ အရေးပါမူကို နားလည်ကြသလို လိုအပ်ရင်လိုအပ်သလို စွဲထုတ် အသုံးပြုတတ်သူများဖြစ်ကြတယ
၃။ မှတ်စုကို စနစ်တကျဖြစ်အောင် ပြန်စီတတ်တယ်။ ကိန်းဂဏန်းနောက်ကွယ်မှာရှိ
၎။ သူတို့ဟာ မှတ်စုရေးနည်းကို နားလည်ကြတယ်။ အသုံးများတဲ့ ဝေါဟာရတွေကို ကိုယ်ပိုင်မူနဲ့ လက်ရေးတို သုံးတတ်ကြတယ်။ တခါတလေ မှတ်ထားတဲ့ စကားလုံး သုံးလေးလုံးတွေ့ရုံနဲ့ ၀ါကျရှည်တစ်ကြောင်းပြန်ဖြစ်
၅။ အရေးကြီးတဲ့ အချက်ကို မြင်တတ်သွားတယ်။ စာတစ်ပိုဒ်ကို ဖတ်တာပဲဖြစ်ဖြစ်၊ သူများပြောစကားကို နားထောင်နေတာပဲဖြစ်ဖြစ် ဆိုလိုရင်းကို ဖမ်းတတ်သွားတယ်။
၆။ ကြာကြာအာရုံစူးစိုက်တတ်တယ
ရ။ သူတို့စာပိုဖတ်တတ်သွားတယ်
၈။ အခွင့်အရေးကို ပိုဖမ်းတတ်သွားတယ်။ ကိုယ့်အတွက် အရေးကြီးတဲ့အချက်၊ တစ်ချိန်ချိန်မှာ အသုံးဝင်မဲ့အချက်တွေကို ချက်ချင်းရိပ်မိတတ်ပြီး ချက်ချင်းမှတ်သားလေတော့ အခွင့်အရေးဟာ အချက်အလက်တွေနဲ့ စေ့စပ်နေတာမို့ အခွင့်အရေးကို ပိုဖမ်းတတ်သွားပါတယ်။
အလယ်တန်းကျောင်းသားဘ၀တုန်း
Ref: WeChat
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။