"ရင်နာလိုက်တာ"
--------------------
အိုမင်းမစွမ်းတော့လို့ သားသမီးကိုမှီခိုရတဲ့အချိန် ကျမှ ငါတို့ကို ငြိုငြင်နေကြပြီပေါ့
မိဘတိုင်း သားသမီးကို မကောင်းဘူးတဲ့လား။
ကိုးလလွယ် ဆယ်လဖွား စောင့်ရှောက်ခဲ့ရတဲ့ ဒုက္ခတွေကို ဘယ်လိုပင်ပန်းစွာ ဖြတ်သန်းခဲ့ရတယ်ဆိုတာ မင်းတို့လေးတွေ နားမလည်နိုင်ပါဘူးလေ။
မင်းတို့ ပညာတတ်ကြီးတွေဖြစ်အောင် သင်ပေးခဲ့ရတဲ့ ပညာတွေ ငယ်ငယ်ကအမှားပေါင်းများစွာကျူးလွန်ခဲ့လို့ အမှန်ကိုပြင်ပေး သင်ပေးခဲ့ရတာတွေ အများကြီးပါ
ငါတို့ အသက်ကြီးလို့ မှားယွင်းခဲ့တဲ့အခါကျတော့မှ ငါတို့ကို ပြင်ပေးဖို့ မစဉ်းစားပဲ အပြစ်ပြောကြပြီပေါ့။
-နို့ချိုတိုက်ကျွေး ထမင်းဝါးကျွေး မစင်သုတ်ပေးခဲ့ရတာတွေဟာ မရေမတွက်နိုင်လောက်အောင်ပါပဲ
ငါတို့ကို တစ်ကြိမ်တစ်ခါတောင်ပြန်ပြီး ပြုစုခဲ့ပေးဘူးလား။
ငါတို့ မိဘတွေဆိုတာကလည်း ပုထုစဉ်တွေပါ အမှားမကင်းနိုင်ကြပါဘူး မင်းတို့ကိုသင်ပေးခဲ့တဲ့ ပညာတွေနဲ့ ငါတို့ရဲ့အမှားတွေကို ပြင်မပေးနိုင်ဘူးလား။
မင်းတို့စားနေတဲ့ ထမင်းတလုတ် မင်းတို့ရှူနေတဲ့ အသက်တရှူဟာ ငါတို့ကျေးဇူးနဲ့ ကင်းတယ်လို့ မင်းတို့တွေထင်နေလား
မင်းတို့တွေကောင်းမှုကုသိုလ် ပြုလုပ်နိုင်ကြတာဟာ ဘယ်သူ့ကြောင့်လဲလို့ တစ်ခါလောက်များ စဉ်းစားမိကြရဲ့လား။
သားသမီးတွေကို သတ်တဲ့မိဘတွေတောင် ရှိကောင်းရှိကြပါလိမ့်မယ် အဲဒါတွေဟာ မောဟနဲ့ ဒေါသပေါင်းစပ်ပြီးဖြစ်သွားတဲ့အကြောင်းတရားတွေပါ မင်းတို့ကိုမုန်းတီးလို့ ရည်ရွယ်ပြီးသတ်တာမဟုတ်ဘူးဆိုတာ ယုံကြည်လိုက်ပါ။
မင်းတို့လောက်အမြင်မကျယ်ခဲ့ တာ
မင်းတို့လောက်ပညာမတတ်ခဲ့တာဟာ
မင်းတို့ကို အမြင်ကျယ်အောင် ပညာတတ်အောင် ပြုစုပျိုးထောင်နေရလို့ ငါတို့အတွက် အချိန်ပိုမရှိလို့ပါ။
မင်းတို့ကိုပြုစုလုပ်ကျွေးခဲ့တဲ့အချိန်တွေတုန်းက မင်းတို့ကိုလုပ်ကျွေးရလို့ မင်းတို့အတွက်ပေးဆပ်ရလို့ ငါတို့ရဲ့ညည်းသံတွေကို ဘယ်နှစ်ခါများ ကြားဖူးကြလည်း။
မင်းတို့အလှည့်ကျမှ
အမေတို့ အဖေတို့ကလည်း တဲ့လားး
'အေးအေးဆေးဆေးမနေနိုင်ဘူးတဲ့လားး'
မှားရင်တော့ ပြောရမှာပဲတဲ့လားး။
နေရာတကာပါတယ်
ပစိပစပ်နိုင်တယ် တဲ့လား
ရှိပါစေတော့လေ- - - - -
ငါတို့က မင်းတို့ကို မှီခိုနေရမှတော့
မင်းတို့လက်ခုပ်ထဲက ရေပဲပေါ့။
မင်းတို့ ငယ်ငယ်က ငါတို့မိဘအိမ်ပဲ နေချင်သလိုနေမယ် စားချင်သလိုစားမယ်ဆိုပြီး အားမနာတမ်းစားခဲ့ပေမယ့် အားမနာတမ်းနေခဲ့ပေမယ့်
အခုအချိန်မှာ မင်းတို့က ငြိုငြင်နေပြီလေ။
ငါတို့က
ငါတို့သားသမီးပဲဆိုပြီး
ဘယ်လိုများ စားရဲဦးမှာလည်း
ငါတို့မှာ မင်းတို့မှ မကျွေးရင် ကျွေးမယ့်သူမရှိပါဘူး။
ဒီတော့လည်း မင်းတို့မကြားနိုင်တဲ့
ရှိုက်သံလေးတွေနဲ့
စား နေ ရ ဦး မှာ ပဲ ပေါ့
ဦးမြင့်ခိုင်
--------------------
အိုမင်းမစွမ်းတော့လို့ သားသမီးကိုမှီခိုရတဲ့အချိန်
မိဘတိုင်း သားသမီးကို မကောင်းဘူးတဲ့လား။
ကိုးလလွယ် ဆယ်လဖွား စောင့်ရှောက်ခဲ့ရတဲ့ ဒုက္ခတွေကို ဘယ်လိုပင်ပန်းစွာ ဖြတ်သန်းခဲ့ရတယ်ဆိုတာ မင်းတို့လေးတွေ နားမလည်နိုင်ပါဘူးလေ။
မင်းတို့ ပညာတတ်ကြီးတွေဖြစ်အောင် သင်ပေးခဲ့ရတဲ့ ပညာတွေ ငယ်ငယ်ကအမှားပေါင်းများစွာက
ငါတို့ အသက်ကြီးလို့ မှားယွင်းခဲ့တဲ့အခါကျတော့မှ
-နို့ချိုတိုက်ကျွေး ထမင်းဝါးကျွေး မစင်သုတ်ပေးခဲ့ရတာတွေဟာ မရေမတွက်နိုင်လောက်အောင်ပါပ
ငါတို့ကို တစ်ကြိမ်တစ်ခါတောင်ပြန်ပြီး
ငါတို့ မိဘတွေဆိုတာကလည်း ပုထုစဉ်တွေပါ အမှားမကင်းနိုင်ကြပါဘူး မင်းတို့ကိုသင်ပေးခဲ့တဲ့ ပညာတွေနဲ့ ငါတို့ရဲ့အမှားတွေကို ပြင်မပေးနိုင်ဘူးလား။
မင်းတို့စားနေတဲ့ ထမင်းတလုတ် မင်းတို့ရှူနေတဲ့ အသက်တရှူဟာ ငါတို့ကျေးဇူးနဲ့ ကင်းတယ်လို့ မင်းတို့တွေထင်နေလား
မင်းတို့တွေကောင်းမှုကုသိုလ်
သားသမီးတွေကို သတ်တဲ့မိဘတွေတောင် ရှိကောင်းရှိကြပါလိမ့်မယ် အဲဒါတွေဟာ မောဟနဲ့ ဒေါသပေါင်းစပ်ပြီးဖြစ်သွားတ
မင်းတို့လောက်အမြင်မကျယ်ခဲ့
မင်းတို့လောက်ပညာမတတ်ခဲ့တာဟ
မင်းတို့ကို အမြင်ကျယ်အောင် ပညာတတ်အောင် ပြုစုပျိုးထောင်နေရလို့ ငါတို့အတွက် အချိန်ပိုမရှိလို့ပါ။
မင်းတို့ကိုပြုစုလုပ်ကျွေးခ
မင်းတို့အလှည့်ကျမှ
အမေတို့ အဖေတို့ကလည်း တဲ့လားး
'အေးအေးဆေးဆေးမနေနိုင်ဘူးတ
မှားရင်တော့ ပြောရမှာပဲတဲ့လားး။
နေရာတကာပါတယ်
ပစိပစပ်နိုင်တယ် တဲ့လား
ရှိပါစေတော့လေ- - - - -
ငါတို့က မင်းတို့ကို မှီခိုနေရမှတော့
မင်းတို့လက်ခုပ်ထဲက ရေပဲပေါ့။
မင်းတို့ ငယ်ငယ်က ငါတို့မိဘအိမ်ပဲ နေချင်သလိုနေမယ် စားချင်သလိုစားမယ်ဆိုပြီး အားမနာတမ်းစားခဲ့ပေမယ့် အားမနာတမ်းနေခဲ့ပေမယ့်
အခုအချိန်မှာ မင်းတို့က ငြိုငြင်နေပြီလေ။
ငါတို့က
ငါတို့သားသမီးပဲဆိုပြီး
ဘယ်လိုများ စားရဲဦးမှာလည်း
ငါတို့မှာ မင်းတို့မှ မကျွေးရင် ကျွေးမယ့်သူမရှိပါဘူး။
ဒီတော့လည်း မင်းတို့မကြားနိုင်တဲ့
ရှိုက်သံလေးတွေနဲ့
စား နေ ရ ဦး မှာ ပဲ ပေါ့
ဦးမြင့်ခိုင်
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။