သင့်ရဲ့ကမ္ဘာကြီးကို ပြောင်းလဲဖို့ နယ်လ်ဆင် မင်ဒဲလားရဲ့ အခြေခံစည်းမျဉ်း (၉) ခု
========================== ===========
နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် နယ်လ်ဆင်မင်ဒဲလား (Nelson Mandela) ကို အထူးမိတ်ဆက်ပေးဖို့ လိုမယ်မထင်ပါဘူး။ သူဟာ တောင်အာဖရိကမှာ မတရားဖိနှိပ်အုပ်ချုပ်မှုတွေကို
တွန်းလှန်ခဲ့ရာမှာ ထင်ရှားတဲ့ တက်ကြွလှုပ်ရှားသူတစ်ယောက် ဖြစ်ပါတယ်။
အဲဒီအတွက်ကြောင့် သူဟာ ထောင်ထဲမှာ နှစ်ပေါင်း ၂၇ နှစ်ကြာ နေထိုင်ခဲ့ရပါတယ်။
နောက်ဆုံးတော့ .. ၁၉၉၀ ခုနှစ်မှာ သူ ပြန်လည်လွတ်မြောက်လာပြီး
တောင်အာဖရိကကို ပြောင်းလဲဖို့နဲ့ ပြန်လည်စုစည်းဖို့ ကူညီပေးခဲ့တဲ့ သမ္မတ
ဖြစ်လာခဲ့ပါတယ်။
သင်ကိုယ်တိုင်မှာရော၊ သင့်ရဲ့ ကမ္ဘာကြီးကိုပါ အပြောင်းအလဲလုပ်ဖို့ မင်ဒဲလားဆီက ရတဲ့ ကျနော်အကြိုက်ဆုံး အခြေခံစည်းမျဉ်း (၉)ခုကတော့ ဒီမှာပါ။
၁။ သင့်ကိုယ်သင် သို့မဟုတ် သင့်ရဲ့ ရည်မှန်းချက်တွေကို လျှော့မတွက်ပါနဲ့
" ဒါ အကုန်ပဲလား? ငါ ဒီထက်ပိုပြီး လုပ်နိုင်သလား?” ကြမ်းတမ်းတဲ့လမ်းကိုသွားတာက တော့
အမှန်တကယ် ပိုပြီး ခက်ခဲပါတယ်။ ဒါပေမယ့် အဲဒီလမ်းကသာ သင် ဘယ်တုန်းကမှ
မတွေ့ကြုံခဲ့ရဘူးတဲ့ အံ့သြဖွယ် အချိန်ကာလတွေ၊ အမှန်တကယ်
နှစ်လိုဖွယ်ကောင်းတဲ့ အောင်မြင်မှုတွေကို တွေ့ရစေမှာဖြစ်ပါတယ်။
၂။ သင် ကြောက်ရွံ့နေတဲ့အရာကို ရှေ့တိုးလုပ်ပါ
“သတ္တိဆိုတာဟာ အကြောက်တရားမရှိခြင်း မဟုတ်ဘူး။ အကြောက်တရားကို အောင်နိုင်ခြင်းဖြစ်တယ်။ သတ္တိရှိတဲ့သူတစ်ယောက်ဟာ မကြောက်တဲ့သူမဟုတ်ဘူး၊ ဒါပေမယ့် အဲဒီကြောက်စိတ်ကို အောင်နိုင် တဲ့သူဖြစ်တယ်။”
၃။ စိတ်ရှည်ပါ၊ ခံနိုင်ရည်ရှိပါ။
” ကြီးမားတဲ့ တောင်တစ်ခုကို တက်ပြီးတဲ့အခါ၊ နောက်ထပ်တက်စရာ တောင်တွေ အများကြီးရှိနေသေးတယ်ဆိုတာကိုပဲ တွေ့ရလိမ့်မယ်”
၎။ သင့်ကိုယ်သင် အသိပညာပေးပါ
” ပညာရေးဟာ ကမ္ဘာကြီးကိုပြောင်းလဲဖို့ သင်အသုံးပြုနိုင်တဲ့ စွမ်းအားအရှိဆုံး လက်နက်ပါပဲ”
၅။ ရန်သူကို မိတ်ဆွေဖွဲ့ပါ
“သင်ဟာ သင့်ရန်သူနဲ့ ငြိမ်းချမ်းရေး ရယူချင်တယ်ဆိုရင်၊ သူနဲ့ အလုပ်တွဲလုပ်ရပါလိမ့်မယ်။ အဲဒီနောက်မှ သူဟာ သင့်ရဲ့ လုပ်ဖော် ကိုင်ဖက်တစ်ယောက်ဖြစ်လာမှာပါ”
၆။ သင် အရှုံးမပေးသ၍ သင် မရှုံးသေးဘူး
” လွတ်လပ်ခြင်းကိုရောက်ဖို့ အလွယ်လမ်းဆိုတာ မရှိဘူး။ ကျနော်တို့ အလိုရှိရာ တောင်ထိပ်ကိုမရောက်ခင်မှာ သေမင်းအရိပ်တွေ ထင်ဟပ်နေတဲ့ တောင်ကြားတွေကိုလည်း ဖြတ်ကျော်ကြရလိမ့်မယ်”
၇။ အခု လုပ်ပါ
” ကျနော်တို့ဟာ အချိန်ကို ပညာရှိစွာ အသုံးချရမယ်၊ ပြီးတော့ မှန်တဲ့အရာကိုလုပ်ဖို့အတွက် ဆိုရင် အမြဲတမ်း အချိန်ကောင်းပဲဆိုတာကို သဘောပေါက်ကြရမယ်”
၈။ ရွေ့နေတာကို အခု မရပ်လိုက်ပါနဲ့
” ရေ စတင် ဆူပွက်လာချိန်မှာ အပူပေးနေတာကို ရပ်လိုက်ခြင်းဟာ ရူးမိုက်တာပါပဲ”
၉။ လူတိုင်းလူတိုင်းဟာ လူသားတွေပဲဖြစ်တယ်ဆိုတာကို နားလည်ပါ
" သင်ဟာ နတ်ဘုရားတစ်ပိုင်းအဖြစ် အဆင့်တိုးမြင့်သွားပြီဆိုရင်
သင်ဟာ လူသားတစ်ယောက် မဟုတ်တော့ပါဘူး။ ကျနော့်ကို မင်ဒဲ လားအဖြစ်ပဲ သိကြစေချင်ပါတယ်၊ အခြေခံကျတဲ့ အားနည်းချက်တွေနဲ့ လူသားတစ်ယောက်၊ ထောင်သွင်း အကျဉ်းချခံရဖူးတဲ့ လူသားတစ်ယောက်ပဲ ဖြစ်ချင်ပါတယ်”
Your Life Success
#သုတဇုန်
www.thutazone.com
==========================
နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် နယ်လ်ဆင်မင်ဒဲလား (Nelson Mandela) ကို အထူးမိတ်ဆက်ပေးဖို့ လိုမယ်မထင်ပါဘူး။ သူဟာ တောင်အာဖရိကမှာ မတရားဖိနှိပ်အုပ်ချုပ်မှုတေ
သင်ကိုယ်တိုင်မှာရော၊ သင့်ရဲ့ ကမ္ဘာကြီးကိုပါ အပြောင်းအလဲလုပ်ဖို့ မင်ဒဲလားဆီက ရတဲ့ ကျနော်အကြိုက်ဆုံး အခြေခံစည်းမျဉ်း (၉)ခုကတော့ ဒီမှာပါ။
၁။ သင့်ကိုယ်သင် သို့မဟုတ် သင့်ရဲ့ ရည်မှန်းချက်တွေကို လျှော့မတွက်ပါနဲ့
" ဒါ အကုန်ပဲလား? ငါ ဒီထက်ပိုပြီး လုပ်နိုင်သလား?” ကြမ်းတမ်းတဲ့လမ်းကိုသွားတာက
၂။ သင် ကြောက်ရွံ့နေတဲ့အရာကို ရှေ့တိုးလုပ်ပါ
“သတ္တိဆိုတာဟာ အကြောက်တရားမရှိခြင်း မဟုတ်ဘူး။ အကြောက်တရားကို အောင်နိုင်ခြင်းဖြစ်တယ်။ သတ္တိရှိတဲ့သူတစ်ယောက်ဟာ မကြောက်တဲ့သူမဟုတ်ဘူး၊ ဒါပေမယ့် အဲဒီကြောက်စိတ်ကို အောင်နိုင် တဲ့သူဖြစ်တယ်။”
၃။ စိတ်ရှည်ပါ၊ ခံနိုင်ရည်ရှိပါ။
” ကြီးမားတဲ့ တောင်တစ်ခုကို တက်ပြီးတဲ့အခါ၊ နောက်ထပ်တက်စရာ တောင်တွေ အများကြီးရှိနေသေးတယ်ဆိုတာက
၎။ သင့်ကိုယ်သင် အသိပညာပေးပါ
” ပညာရေးဟာ ကမ္ဘာကြီးကိုပြောင်းလဲဖို့ သင်အသုံးပြုနိုင်တဲ့ စွမ်းအားအရှိဆုံး လက်နက်ပါပဲ”
၅။ ရန်သူကို မိတ်ဆွေဖွဲ့ပါ
“သင်ဟာ သင့်ရန်သူနဲ့ ငြိမ်းချမ်းရေး ရယူချင်တယ်ဆိုရင်၊ သူနဲ့ အလုပ်တွဲလုပ်ရပါလိမ့်မယ်။ အဲဒီနောက်မှ သူဟာ သင့်ရဲ့ လုပ်ဖော် ကိုင်ဖက်တစ်ယောက်ဖြစ်လာမှာပ
၆။ သင် အရှုံးမပေးသ၍ သင် မရှုံးသေးဘူး
” လွတ်လပ်ခြင်းကိုရောက်ဖို့ အလွယ်လမ်းဆိုတာ မရှိဘူး။ ကျနော်တို့ အလိုရှိရာ တောင်ထိပ်ကိုမရောက်ခင်မှာ သေမင်းအရိပ်တွေ ထင်ဟပ်နေတဲ့ တောင်ကြားတွေကိုလည်း ဖြတ်ကျော်ကြရလိမ့်မယ်”
၇။ အခု လုပ်ပါ
” ကျနော်တို့ဟာ အချိန်ကို ပညာရှိစွာ အသုံးချရမယ်၊ ပြီးတော့ မှန်တဲ့အရာကိုလုပ်ဖို့အတွက်
၈။ ရွေ့နေတာကို အခု မရပ်လိုက်ပါနဲ့
” ရေ စတင် ဆူပွက်လာချိန်မှာ အပူပေးနေတာကို ရပ်လိုက်ခြင်းဟာ ရူးမိုက်တာပါပဲ”
၉။ လူတိုင်းလူတိုင်းဟာ လူသားတွေပဲဖြစ်တယ်ဆိုတာကို နားလည်ပါ
" သင်ဟာ နတ်ဘုရားတစ်ပိုင်းအဖြစ် အဆင့်တိုးမြင့်သွားပြီဆိုရင
သင်ဟာ လူသားတစ်ယောက် မဟုတ်တော့ပါဘူး။ ကျနော့်ကို မင်ဒဲ လားအဖြစ်ပဲ သိကြစေချင်ပါတယ်၊ အခြေခံကျတဲ့ အားနည်းချက်တွေနဲ့ လူသားတစ်ယောက်၊ ထောင်သွင်း အကျဉ်းချခံရဖူးတဲ့ လူသားတစ်ယောက်ပဲ ဖြစ်ချင်ပါတယ်”
Your Life Success
#သုတဇုန်
www.thutazone.com
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။