Ma May Moon added 2 new photos.Follow
#တရုတ်တို့အော်ပြီ။
ရက်ပေါင်း တရာ အတွင်း တရုတ် တရားမ၀င် စီးပွားရေး ကို အလဲ ထိုးနိုင် ခဲ့ပြီ
===================================
ရကိပေါင်း ၁၀၀ သာ ကျော်လာတယ် ဘာတွေ ပြောင်းသလဲ ဆိုသူများ အတွက် တနလာင်္နေ့ က ထုတ်ဝေတဲ့ တရုတ် အစိုးရ ပိုင် Global Times သတင်း ဆောင်းပါး တပုဒ်ကို ပြန်လည် မျဝေ လိုပါတယ်။

ဆောင်းပါးမှာ မြန်မာနိုင်ငံတွင် အစိုးရ သစ်မှ သဘာဝ သယံဇာတ များ ကို
ပိုမို ထိမ်းချူ ပ်လာတဲ့ အတွက် တရုတ်ပြည်တွင်း ရှိ ကျောက်စိမ်း နဲ့ ပရိဘောဂ
လုပ်ငန်းတွေ ထိခိုက်လာနေပြီ ဖြစ်တယ် လို့ ရေးထားပါတယ်။
ယူနန် ရှိ ရူလီ မြို့ မှာ ကျောက်စိမ်း အရောင်းဆိုင်တွေ နဲ့ ပရိဘောဂ စက်ရုံတွေ ပိတ်ပြစ် လာရတဲ့ အထိ ဖြစိလာနေပါတယ်။ အရောင်းအ၀ယ်က ဒေါ်လာ ၁၅၀၀ ဖိုး ပါတ်ဝန်းကျင် ကျောက်စိမ်း အသေးစား လေးတွေကိုသာ ရောင်းနေရတယ်လို့ ဆိုပါတယ်။
ဒီလို ဖြစ်လာရတဲ့ နောက်တချက်က တရုတ်သမ္မတ စီရှင်ပင့် မှ အကျင့်ပျက် ချစားမှုတွေ ပြင်းပြင်းထန်ထန် နှိပ်ကွပ်လာနေတဲ့ အတွက် တရုတ် အရာရှိကြီးတွေ အရင်ကလို တန်ဖိုးကြီးကြီး လက်ဝတ်ရတနာတွေ မ၀ယ်ရယ် တော့တာလည်း ပါနေတယ် လို့ သိရပါတယ်။
တခု အံ့အား သင့်ဘို့ ကောင်းတာက မြန်မာ ပြည်တွင်းရေး မကောင်း သတင်းတွေကို ရေငုံနှုတ်ပိတ် နေလေ့ရျှိတဲ့ တရုတ် သတင်းစာက မနှစ် က ရွေးကောက်ပွဲ မတိုင်မီ ထုတ်ပြန်ခဲ့တဲ့ လန်ဒန် အခြေစိုက် Global Witness က ထုတ်ပြန်တဲ့ မြန်မာ ကျောက်စိမ်း ကို ၂၀၁၄ မှာ ဒေါ်လာသန်း ၃၁ ဘီလီယံ ခန့် ထုတ်လုပ်နိုင်ခဲ့တယ် ဆိုတဲ့ သတင်းကို ကိုးကား ဖေါ်ပြလာတာ ဖြစ်တဲ့ အတွက် မှန်ကန်ကြောင်း ထောက်ခံလိုက်တယ်လို့ ယူဆရပါတယ်။
အရင် အစိုးရ လက်ထက်ကလောက် နယ်စပ် ဖြတ်ကျော်ပြီး ကျောက်စိမ်း နဲ့ သစ်တွေကို အလွယ်တကူ တင်ပို့ လို့ မရတော့ပဲ မြန်မာဖက်မှ အကောက်ခွန် ၀န်ထမ်းတွေက ပိုပြီး တင်းတင်းကျပ်ကျပ် စီစစ် လာတဲ့ အပြင် ခုန ကလို ပြည်တွင်းမှာ သိတ်ပြီး အ၀ယ်မလိုက်တော့တာကြောင့် လည်း ဖြစ်တယ်လို့ မြန်မာ ဘက်က ကုန်သည်တွေက ပြောနေကြပါတယ်။
ဘာပဲဖြစ်ဖြစ် ဒီဆောင်းပါး ကို ဖတ်ရတဲ့ အတွက် မြန်မာ အဖိုးတန် သဘာဝ တွင်းထွက်တွေ အရင်ကလို ဘုန်းဘောလအော ပြည်ပ ကို ရောင်းစား မခံရတော့ဘူး ဆိုတာ သက်သေ ပြနေသလို ခံစားခဲ့ရတဲ့ အပြင် မိမိနိုင်ငံ ရဲ့ သယံဇာတ တွေ တိုင်းတပါးသား လက်ထဲ အလွယ်တကူ မရောက်နိုင်တော့ဖူး ဆိုတာ သိခွင့်ရလို့ ၀မ်းသာ ပီတိ ဖြစ်မိပါတယ်။
(Credit- Hlasoe Wai FB)

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။