Bamaw Thein Pe added 2 new photos.
၂၀၁၄ ခုနှစ်မှာ အမေရိကန်သတင်းစာတိုက်တစ်ခုက မန်နေဂျာ အမျိုးသမီး Cynthia Greco က Mark Zuckerberg ကို တလကို အနဲဆုံး စာအုပ်တစ်အုပ်ဖတ်ဖို့ အကြံပေးတယ်။ Mark ဟာ အရင်ကတဲက စာတွေ အရမ်းဖတ်ခဲ့ပေမဲ့ တလကို တစ်အုပ်ပြီးအောင် ဖတ်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်တော့ မထားခဲ့ပါဘူး။ သူက ၂ ပါတ်ကို အနဲဆုံး စာတစ်အုပ်ပြီးအောင် ဖတ်မယ်လို့ ဆုံးဖြတ်လိုက်တယ်။ ဒါတင်မကသေးဘူး။ စာအုပ်ဖတ်ခြင်းရဲ့ အကျိုးကို သူကိုယ်တိုင် သိနေလို့ လူအများကိုလဲ စာအုပ်တွေ ဖတ်စေချင်တယ်။ သူ့ရဲ့ စေတနာပါ။
ဒီတော့ Mark ဘာလုပ်သလဲ။ Mark Zuckerberg book club (A Year of Books) ဆိုတာကို သူ့ရဲ့ facebook အကောင့်မှာ Page တစ်ခုအနေနဲ့ ၂၀၁၅ ခုနှစ် ဇန်နဝါရီလက စပြီး တင်ပေးလိုက်တယ်။ အဲဒီ Pageမှာ သူဟာ ၂ ပါတ်တခါ စာအုပ်တစ်အုပ်ကို ဖတ်ဖို့ အကြံပြုတယ်။ စာအုပ်ကို ဖတ်ပြီးသူတွေဟာ သူနဲ့ စာအုပ်အကြောင်းကိုကွန်မင့်တွေမှာ ဆွေးနွေးလို့ရတယ်။
သူအကြံပြုတဲ့စာအုပ်တွေဟာ နယ်ပယ်စုံဖြစ်တဲ့ ယဉ်ကျေးမှု၊ ယုံကြည်မှုဘာသာရေး၊ ကမ္ဘာ့သမိုင်းစတဲ့ အတွေးအခေါ်စာအုပ်တွေ ဖြစ်ကြပါတယ်။
သူဟာ လူတွေ စာဖတ်ပျင်းကြတယ်ဆိုတာကို သိတယ်။ ဒါပေမဲ့ သူဟာ စာဖတ်ခြင်းရဲ့ အကျိုးကို ကောင်းကောင်း သိနေလို့ လူတွေကို စာဖတ်စေချင်လွန်းတဲ့ စေတနာကြောင့် အခုလို Book club pageကို တင်ပေးပြီး သူကိုယ်တိုင်လဲ မအားလပ်တဲ့ကြားက စာအုပ်အကြောင်း ဝင်ရောက်ဆွေးနွေးခဲ့ပါတယ်။
၂၀၁၅ ခုနှစ်မှာ Mark ဟာ သမီးလေးမွေးဖွားခဲ့လို့ ၂ ပါတ်တိုင်းမှာ စာအုပ်တစ်အုပ်ကို အကြံမပြုနိုင်ခဲ့ပေမဲ့ နှစ်ကုန်မှာ စာအုပ်ပေါင်း ၂၃ အုပ်ကိုတော့ အကြံပြုနိုင်ခဲ့ပြီး ကွန်မင့်တွေမှာ ဝင်ရောက်ဆွေးနွေးနိုင်ခဲ့ပါတယ်။ သူ့ကို ချစ်တဲ့ ကမ္ဘာအရပ်ရပ်က followers တွေလဲ သူအကြံပြုတဲ့ စာအုပ်တွေကို ဝယ်ဖတ်ကြပြီး ဝင်ရောက်ဆွေးနွေးကြလို့ စာဖတ်သူဦးရေဟာ အဲဒီတနှစ်အတွင်းမှာ သန်းပေါင်းများစွာ တိုးပွားလာခဲ့ပါတယ်။
ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာဖြစ်လာသူ Mark Zuckerberg (ပိုင်ဆိုင်မှု ဒေါ်လာ ၅၁ ဘီလီယံ)ဟာ ကမ္ဘာတစ်ခုလုံးက လူတွေ လွယ်လွယ်ကူကူ ဆက်သွယ်နိုင်ဖို့ facebook ဆိုရှယ်မီဒီယာကို တီထွင်နိုင်ခဲ့ရုံမက လူသန်းပေါင်းများစွာကို စာဖတ်ချင်အောင် လုပ်ပေးခဲ့ပါတယ်။ သူ့လို လောကကို အကျိုးပြုသူ ရှားပါးလှပါတယ်။
မိတ်ဆွေ Mark Zuckerberg က စာအုပ်ဖတ်ဖို့ တိုက်တွန်းနေပြီလေ။ သင် သူ့လို အောင်မြင်ကြီးပွားချင်ရင် ယနေ့ကစလို့ စာအုပ်တွေ ဖတ်ပါတော့လို့ တိုက်တွန်းလိုက်ပါတယ်။
ဗန်းမော်သိန်းဖေ
၁၈-၀၇-၂၀၁၆

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။