#Facebook သုံးမည်ဆိုလျှင်#
-------------------------- ----------
Facebook ဆိုတာ တင်ချင်တာကို တင်ခွင့်ရှိတယ် :)
ဒါပေမဲ့ ကိုယ်တင်လိုက်တဲ့ပိုစ့်တစ်ခုဟာ
အခန့်မသင့်ရင် ကိုယ့်ရဲ့လူမှုစီးပွားဘဝတွေမှာ
လာပြီး ရိုက်ခတ်နိုင်တယ်ဆိုတာကို သိထားဖို့လိုတယ်။
ဘာလို့လဲဆိုတော့ ကိုယ်တင်တာက ဘယ်လောက်ပဲ
Privacy setting တွေ ရှိပါတယ်ပြောပြော
ကိုယ့် friend တွေရဲ့အကြောင်းကို သေချာမသိနိုင်ဘူး။
ကိုယ့်ဆီက အချက်အလက်တွေနဲ့ သူတို့ ဘာလုပ်မယ်
ဘယ်လိုကြံစည်မယ်ဆိုတာ မသိနိုင်ဘူး။
ဒီတော့ ကိုယ်က အစကတည်းက မတင်သင့်တာကို
မတင်ဘဲ ဆင်ခြင်နေတာ အကောင်းဆုံးပဲ။
Facebook ကြောင့် ကောင်းကျိုးတွေလည်း ရှိပေမယ့်
ဆိုးကျိုးတွေလည်း ရှိနေတာမို့ ကိုယ်က ဒါကို
ကာကွယ်ထားနိုင်ဖို့ အရေးကြီးတယ်။
ဒါဆို မေးစရာရှိတယ်။ Facebook ပေါ်မှာ
မတင်သင့်ဘူးဆိုတာ ဘာတွေလဲပေါ့။
မတင်သင့်တာတွေကတော့ အများကြီးပဲ။ ဒါပေမဲ့
verizon website ကတော့ အချက် ၁ဝ ချက်ကို
အဓိက ထောက်ပြထားတယ်။ ဘာတွေလဲဆိုတော့။
၁။ ကိုယ့်အလုပ်ကို မုန်းတဲ့အကြောင်း မတင်သင့်ဘူး
အခုနောက်ပိုင်း ကုမ္ပဏီတွေက ကိုယ့်ဝန်ထမ်းတွေရဲ့
လူမှုကွန်ရက်တွေကို စိတ်ဝင်စားတယ်။ ဒီလိုအချိန်မှာ
ကိုယ်က အလုပ်ကို မုန်းတဲ့အကြောင်းတွေရေးမယ်။
သူတို့မြင်ခဲ့မယ်ဆိုရင် ဘာဆက်ဖြစ်မလဲ။ တွေးကြည့်ပါ။
ကိုယ့် friend list ထဲမှာ အလုပ်ရှင်၊ လုပ်ဖော်ကိုင်ဖက်၊
မိတ်ဆွေ၊ ပြိုင်ဘက်ကုမ္ပဏီ စသဖြင့်ရှိနေနိုင်တယ်။
နောက်ပြီး ဒီလိုရေးခြင်းဟာ သစ္စာမဲ့ရာ ရောက်တယ်။
ကိုယ့်ရဲ့အတွင်း၊ အပြင်က မိတ်ဆွေတွေဟာလည်း
ကိုယ့်ကိုလေးစားတော့မှာ မဟုတ်ဘူး။
၂။ လူတွေကို သိက္ခာကျစေတဲ့ပိုစ့်တွေ မတင်သင့်ဘူး
တချို့ကပြောပါတယ် ဒါဆေးထိုးတာ၊ ခင်လို့စတာ။
စဉ်းစားပါ၊ ဒီလို Facebook ပေါ် တက်ပြီး စတာဟာ
သူနဲ့ကိုယ့်ကြားမှာပဲ စတာမဟုတ်ဘူး။
လူတွေအများကြီးမြင်ပါတယ်။ တစ်ကမ္ဘာလုံးတောင်
မြင်ရင်မြင်နိုင်ပါတယ်။ ကိုယ်က ခင်လို့ စလိုက်ပေမယ့်
သူ့သိက္ခာ၊ သူ့မာန၊ သူ့ပတ်ဝန်းကျင်ဆိုတာရှိလို့
Facebook ပေါ်မှာ ဆေးထိုးမယ်ဆို ဆင်ခြင်သင့်ပါတယ်။
၃။ ကိုယ်ရေးအချက်အလက် အပြည့်အစုံ မတင်သင့်ဘူး
မွေးနေ့တင်မယ်ဆိုရင် ရက်နဲ့ လပဲ တင်ပါ။
ခုနှစ်တွေအထိ မတင်ပါနဲ့။ ကိုယ့်နေရပ်လိပ်စာ
အပြည့်အစုံ မတင်ပါနဲ့၊ ဖုန်းနံပါတ် မတင်ပါနဲ့။
မှတ်ပုံတင်နံပါတ်၊ passport နံပါတ် ပိုဆိုးပါတယ်။
စီးပွားရေးလုပ်ငန်းလုပ်လို့ လိပ်စာ၊ ဖုန်းနံပါတ်
တင်ရတာကို မဆိုလိုပါ။ ဘာလို့လဲဆိုတော့
ဝါရင့်နေတဲ့ မသမာသူတွေအတွက် အလွန်သေးငယ်တဲ့
အချက်အလက်လေးတွေ ရသွားရုံနဲ့တင် ဒုစရိုက်မှု
ကျူးလွန်ဖို့ လုံလောက်တတ်လို့ပါ။
၎။ ကိုယ့်ပိုင်ဆိုင်မှု အတိအကျကို မတင်သင့်ဘူး
ကိုယ်လစာဘယ်လောက်ရတယ်၊ ကိုယ်ပိုက်ဆံ
ဘယ်လောက်ချမ်းသာတယ်၊ ဘာတွေပိုင်တယ်၊
ဘဏ်ထဲမှာ ဘယ်လောက်ရှိတယ်၊ ဘယ်လိုသုံးတယ်
ဆိုတာတွေက အန္တရာယ်ကို ဖိတ်ခေါ်နေသလိုပဲ။
ဒီနေရာမှာ transparency နဲ့ privacy ကို
ခွဲခြားမြင်တတ်ဖို့လိုတယ်။ ပွင့်လင်းမြင်သာမှုဆိုတာက
နေရာတိုင်းမှာ မသင့်တော်ပါဘူး။ ကိုယ့်အတွက်
လျှို့ဝှက်ထားသင့်တာကို ထားနိုင်ရပါမယ်။
၅။ နိုင်ငံရေးနဲ့ ဘာသာရေး အယူသီးမှုတွေ မတင်သင့်ဘူး
ဘာသာရေးနဲ့ နိုင်ငံရေး အစွဲအလမ်းဆိုတာက လူတွေရဲ့
ရင်ထဲမှာ အမြစ်လိုတွယ်နေတဲ့အရာတွေပါ။ ဒါတွေကို
တင်ရင် အရမ်းသတိထားဖို့လိုပါတယ်။ အန္တရာယ်လည်း
များပါတယ်။ ပတ်ဝန်းကျင်ကို ရိုက်ခတ်မှု၊ ပျံ့နှံ့မှုလည်း
အလွန်မြန်ပါတယ်။ လူမုန်းလည်း များပါတယ်။
ကိုယ်တင်တဲ့ပိုစ့်တစ်ခုဟာ အခန့်မသင့်ရင်
မိနစ်ပိုင်းအတွင်း ကိုယ့်နိုင်ငံ၊ ကိုယ့်ဘာသာအပေါ်
အထင်လွဲမှုတွေ၊ အထင်သေးမှုတွေ၊ ပဋိပက္ခတွေ
ကြုံတွေ့ရနိုင်လို့ ဆင်ခြင်သင့်ပါတယ်။
၆။ ဖရုသဝါစာတွေ မတင်သင့်ဘူး
ဒါကတော့ ရှင်းရှင်းလေးပါ။ တင်သင့်လား၊
မတင်သင့်လားဆိုတာ ရေးပြဖို့တောင် မလိုပါဘူး။
အကောင့်အတုနဲ့ပဲ တင်တင် အစစ်နဲ့ပဲ တင်တင်
ကိုယ်တင်တာတော့ ကိုယ်သိပါတယ်။ တချို့ပြောပါတယ်
သူများရိုင်းလို့ ကိုယ်ပြန်ရိုင်းတာဆိုပြီးတော့။ တကယ်က
မဆိုင်ပါဘူး။ ကိုယ့်သမိုင်း ကိုယ်ရေးရတာပါ။
ကိုယ်ကဆဲဆိုရိုင်းစိုင်းနေရ င် ကိုယ့်အကောင့်ထဲမှာ
ရှိတဲ့ အမျိုးမျိုးသော friend တွေက ကိုယ့်အပေါ်
ဘယ်လိုသဘောထားကြမလဲ စဉ်းစားကြည့်ပါ။
၇။ တခြားသူတွေရဲ့ကိစ္စတွေကို မတင်သင့်ဘူး
ဥပမာ ကိုယ့်သူငယ်ချင်း ဗိုက်ကြီးတဲ့ကိစ္စ၊
ရာထူးတိုးတဲ့ကိစ္စ၊ ထီပေါက်တဲ့ကိစ္စ၊
မင်္ဂလာဆောင်တဲ့ကိစ္စ၊ ဒီလိုကိစ္စမျိုးတွေကို
ကိုယ်ကသိနေတယ်ဆိုရင် Facebook ပေါ်အထိတက်ပြီး မဖွသင့်ဘူး။ ဘာလို့ဆို သူက ဒီကိစ္စတွေကို
လျှို့ဝှက်ထားချင် ထားမှာပေါ့။
ကြေငြာချင်ရင်တောင် သူ့ဘာသာသူ ကြေငြာပါစေ။
ကိုယ့်ကြောင့် သူတစ်ပါးရဲ့လျှို့ဝှက်ချက်ေ တွ
ပေါက်ကြားတာမျိုး မဖြစ်သင့်ပါဘူး။
၈။ ကိုယ့်ရဲ့ခရီးစဉ် အသေးစိတ်ကို မတင်သင့်ဘူး
ကိုယ်ဘယ်နေ့သွားမယ်၊ ဘယ်ကိုသွားမယ်၊
ဘာသွားလုပ်မယ်၊ ဘယ်နှရက်ကြာမယ်၊
ဘယ်မှာတည်းမယ်၊ ဘယ်နေ့ပြန်ရောက်မယ် စသဖြင့်။
ဒါဟာ မကောင်းမှုလုပ်မယ့်သူတွေကို
သတိပေးရာရောက်နေပါတယ်။ ကိုယ့်အိမ်ကို
ဖောက်ထွင်းဖို့ ကြံနေသူများရှိနေရင် အဲ့ဒီလိုသတင်းက
သူတို့အကြိုက်ပါပဲ။ ဆိုကြပါစို့ ကိုယ့်မှာ friend 500+
ရှိတယ်ဆိုရင် အဲ့ဒီထဲမှာ အကုန်လူကောင်းချည်းပဲလို့
အတပ်ပြောလို့ မရပါဘူး။ ဆင်ခြင်သင့်ပါတယ်။
၉။ ကြွားဝါဖို့ ရည်ရွယ်တာတွေကို မတင်သင့်ဘူး
ကားအသစ်တစ်စီး ဝယ်စီးတာ၊ စိန်ဆွဲကြိုးတစ်ကုံး
လက်ဆောင်ရတာ လူတိုင်းအတွက် ဂုဏ်ယူစရာပါ။
ဒါပေမဲ့ ဒီအရာတွေကို ကိုယ့်ပတ်ဝန်းကျင်မှာတင်
ထုတ်ဖော်ကြွားဝါတာ ကိစ္စမရှိပေမယ့် Facebook ပေါ်မှာ
တင်ရင်တော့ ကိုယ့်ကိုအားကျမယ့်သူ၊
မုဒိတာပွားမယ့်သူထက် မနာလိုဖြစ်မယ့်သူ၊
ကြည့်မရမယ့်သူက ပိုများပါတယ်။ ဒါဟာ ကိုယ့်အတွက်
အနုတ်လက္ခဏာဆောင်တဲ့ ကိစ္စဖြစ်လို့
ဆင်ခြင်သင့်ပါတယ်။
၁ဝ။ မူးယစ်သောက်စားတာတွေ မတင်သင့်ဘူး
အခမ်းအနားတစ်ခု အောင်ပွဲအတွက် ဝိုင်ခွက်ချင်း
တိုက်တာလောက်က ပြဿနာမရှိပါဘူး။ သို့သော်
အရက်သောက်နေတာ၊ မူးနေတာ စတဲ့အရာတွေဟာ
သိုသိုသိပ်သိပ်လုပ်တာပဲ သင့်တော်ပါတယ်။
ဒီလိုအရာတွေကို public ထဲကို ချပြတာဟာ
အများအမြင်မှာ ကိုယ့်ရဲ့ image ကို ထိခိုက်စေသလို၊
အရိုအသေလည်းတန်ပါတယ်။ ကိုယ့် friend list
ထဲမှာ ကိုယ့်မိဘဆရာတွေ၊ ကိုယ့်ကို လေးစားသူတွေ၊
ကိုယ့်တပည့်တွေ စသဖြင့် ရှိနေနိုင်တာမို့
ဆင်ခြင်သင့်ပါတယ်။
သို့သော်ဒီအချက်တွေကို အတိအကျလိုက်နာဖို့
မဆိုလိုပါ၊ ဒီလိုပိုစ့်တွေတင်မိတဲ့အတွက်ကြောင့်
ဒီလိုဆိုးကျိုးတချို့ ရှိနေနိုင်တယ်ဆိုတာကိုသာ
ခြုံငုံသုံးသပ်ပြခြင်းဖြစ်ပါတယ်။ တကယ်တမ်း
တင်သင့်သလား၊ မတင်သင့်သလားကို ဆုံးဖြတ်ရမှာက
Facebook သုံးစွဲသူတွေ ကိုယ်တိုင်ပါပဲ :) :)
Verizon ၏ 10 things you should never post on
Facebook ဆောင်းပါးကို ကိုးကားရေးသားထားတာ
ဖြစ်ပါတယ်။
Writer-Wai Phyo Maung
--------------------------
Facebook ဆိုတာ တင်ချင်တာကို တင်ခွင့်ရှိတယ် :)
ဒါပေမဲ့ ကိုယ်တင်လိုက်တဲ့ပိုစ့်တစ်ခ
အခန့်မသင့်ရင် ကိုယ့်ရဲ့လူမှုစီးပွားဘဝတွေမ
လာပြီး ရိုက်ခတ်နိုင်တယ်ဆိုတာကို သိထားဖို့လိုတယ်။
ဘာလို့လဲဆိုတော့ ကိုယ်တင်တာက ဘယ်လောက်ပဲ
Privacy setting တွေ ရှိပါတယ်ပြောပြော
ကိုယ့် friend တွေရဲ့အကြောင်းကို သေချာမသိနိုင်ဘူး။
ကိုယ့်ဆီက အချက်အလက်တွေနဲ့ သူတို့ ဘာလုပ်မယ်
ဘယ်လိုကြံစည်မယ်ဆိုတာ မသိနိုင်ဘူး။
ဒီတော့ ကိုယ်က အစကတည်းက မတင်သင့်တာကို
မတင်ဘဲ ဆင်ခြင်နေတာ အကောင်းဆုံးပဲ။
Facebook ကြောင့် ကောင်းကျိုးတွေလည်း ရှိပေမယ့်
ဆိုးကျိုးတွေလည်း ရှိနေတာမို့ ကိုယ်က ဒါကို
ကာကွယ်ထားနိုင်ဖို့ အရေးကြီးတယ်။
ဒါဆို မေးစရာရှိတယ်။ Facebook ပေါ်မှာ
မတင်သင့်ဘူးဆိုတာ ဘာတွေလဲပေါ့။
မတင်သင့်တာတွေကတော့ အများကြီးပဲ။ ဒါပေမဲ့
verizon website ကတော့ အချက် ၁ဝ ချက်ကို
အဓိက ထောက်ပြထားတယ်။ ဘာတွေလဲဆိုတော့။
၁။ ကိုယ့်အလုပ်ကို မုန်းတဲ့အကြောင်း မတင်သင့်ဘူး
အခုနောက်ပိုင်း ကုမ္ပဏီတွေက ကိုယ့်ဝန်ထမ်းတွေရဲ့
လူမှုကွန်ရက်တွေကို စိတ်ဝင်စားတယ်။ ဒီလိုအချိန်မှာ
ကိုယ်က အလုပ်ကို မုန်းတဲ့အကြောင်းတွေရေးမယ်။
သူတို့မြင်ခဲ့မယ်ဆိုရင် ဘာဆက်ဖြစ်မလဲ။ တွေးကြည့်ပါ။
ကိုယ့် friend list ထဲမှာ အလုပ်ရှင်၊ လုပ်ဖော်ကိုင်ဖက်၊
မိတ်ဆွေ၊ ပြိုင်ဘက်ကုမ္ပဏီ စသဖြင့်ရှိနေနိုင်တယ်။
နောက်ပြီး ဒီလိုရေးခြင်းဟာ သစ္စာမဲ့ရာ ရောက်တယ်။
ကိုယ့်ရဲ့အတွင်း၊ အပြင်က မိတ်ဆွေတွေဟာလည်း
ကိုယ့်ကိုလေးစားတော့မှာ မဟုတ်ဘူး။
၂။ လူတွေကို သိက္ခာကျစေတဲ့ပိုစ့်တွေ မတင်သင့်ဘူး
တချို့ကပြောပါတယ် ဒါဆေးထိုးတာ၊ ခင်လို့စတာ။
စဉ်းစားပါ၊ ဒီလို Facebook ပေါ် တက်ပြီး စတာဟာ
သူနဲ့ကိုယ့်ကြားမှာပဲ စတာမဟုတ်ဘူး။
လူတွေအများကြီးမြင်ပါတယ်။ တစ်ကမ္ဘာလုံးတောင်
မြင်ရင်မြင်နိုင်ပါတယ်။ ကိုယ်က ခင်လို့ စလိုက်ပေမယ့်
သူ့သိက္ခာ၊ သူ့မာန၊ သူ့ပတ်ဝန်းကျင်ဆိုတာရှိလို့
Facebook ပေါ်မှာ ဆေးထိုးမယ်ဆို ဆင်ခြင်သင့်ပါတယ်။
၃။ ကိုယ်ရေးအချက်အလက် အပြည့်အစုံ မတင်သင့်ဘူး
မွေးနေ့တင်မယ်ဆိုရင် ရက်နဲ့ လပဲ တင်ပါ။
ခုနှစ်တွေအထိ မတင်ပါနဲ့။ ကိုယ့်နေရပ်လိပ်စာ
အပြည့်အစုံ မတင်ပါနဲ့၊ ဖုန်းနံပါတ် မတင်ပါနဲ့။
မှတ်ပုံတင်နံပါတ်၊ passport နံပါတ် ပိုဆိုးပါတယ်။
စီးပွားရေးလုပ်ငန်းလုပ်လို့
တင်ရတာကို မဆိုလိုပါ။ ဘာလို့လဲဆိုတော့
ဝါရင့်နေတဲ့ မသမာသူတွေအတွက် အလွန်သေးငယ်တဲ့
အချက်အလက်လေးတွေ ရသွားရုံနဲ့တင် ဒုစရိုက်မှု
ကျူးလွန်ဖို့ လုံလောက်တတ်လို့ပါ။
၎။ ကိုယ့်ပိုင်ဆိုင်မှု အတိအကျကို မတင်သင့်ဘူး
ကိုယ်လစာဘယ်လောက်ရတယ်၊ ကိုယ်ပိုက်ဆံ
ဘယ်လောက်ချမ်းသာတယ်၊ ဘာတွေပိုင်တယ်၊
ဘဏ်ထဲမှာ ဘယ်လောက်ရှိတယ်၊ ဘယ်လိုသုံးတယ်
ဆိုတာတွေက အန္တရာယ်ကို ဖိတ်ခေါ်နေသလိုပဲ။
ဒီနေရာမှာ transparency နဲ့ privacy ကို
ခွဲခြားမြင်တတ်ဖို့လိုတယ်။ ပွင့်လင်းမြင်သာမှုဆိုတာက
နေရာတိုင်းမှာ မသင့်တော်ပါဘူး။ ကိုယ့်အတွက်
လျှို့ဝှက်ထားသင့်တာကို ထားနိုင်ရပါမယ်။
၅။ နိုင်ငံရေးနဲ့ ဘာသာရေး အယူသီးမှုတွေ မတင်သင့်ဘူး
ဘာသာရေးနဲ့ နိုင်ငံရေး အစွဲအလမ်းဆိုတာက လူတွေရဲ့
ရင်ထဲမှာ အမြစ်လိုတွယ်နေတဲ့အရာတွေပါ။
တင်ရင် အရမ်းသတိထားဖို့လိုပါတယ်။ အန္တရာယ်လည်း
များပါတယ်။ ပတ်ဝန်းကျင်ကို ရိုက်ခတ်မှု၊ ပျံ့နှံ့မှုလည်း
အလွန်မြန်ပါတယ်။ လူမုန်းလည်း များပါတယ်။
ကိုယ်တင်တဲ့ပိုစ့်တစ်ခုဟာ အခန့်မသင့်ရင်
မိနစ်ပိုင်းအတွင်း ကိုယ့်နိုင်ငံ၊ ကိုယ့်ဘာသာအပေါ်
အထင်လွဲမှုတွေ၊ အထင်သေးမှုတွေ၊ ပဋိပက္ခတွေ
ကြုံတွေ့ရနိုင်လို့ ဆင်ခြင်သင့်ပါတယ်။
၆။ ဖရုသဝါစာတွေ မတင်သင့်ဘူး
ဒါကတော့ ရှင်းရှင်းလေးပါ။ တင်သင့်လား၊
မတင်သင့်လားဆိုတာ ရေးပြဖို့တောင် မလိုပါဘူး။
အကောင့်အတုနဲ့ပဲ တင်တင် အစစ်နဲ့ပဲ တင်တင်
ကိုယ်တင်တာတော့ ကိုယ်သိပါတယ်။ တချို့ပြောပါတယ်
သူများရိုင်းလို့ ကိုယ်ပြန်ရိုင်းတာဆိုပြီးတေ
မဆိုင်ပါဘူး။ ကိုယ့်သမိုင်း ကိုယ်ရေးရတာပါ။
ကိုယ်ကဆဲဆိုရိုင်းစိုင်းနေရ
ရှိတဲ့ အမျိုးမျိုးသော friend တွေက ကိုယ့်အပေါ်
ဘယ်လိုသဘောထားကြမလဲ စဉ်းစားကြည့်ပါ။
၇။ တခြားသူတွေရဲ့ကိစ္စတွေကို မတင်သင့်ဘူး
ဥပမာ ကိုယ့်သူငယ်ချင်း ဗိုက်ကြီးတဲ့ကိစ္စ၊
ရာထူးတိုးတဲ့ကိစ္စ၊ ထီပေါက်တဲ့ကိစ္စ၊
မင်္ဂလာဆောင်တဲ့ကိစ္စ၊ ဒီလိုကိစ္စမျိုးတွေကို
ကိုယ်ကသိနေတယ်ဆိုရင် Facebook ပေါ်အထိတက်ပြီး မဖွသင့်ဘူး။ ဘာလို့ဆို သူက ဒီကိစ္စတွေကို
လျှို့ဝှက်ထားချင် ထားမှာပေါ့။
ကြေငြာချင်ရင်တောင် သူ့ဘာသာသူ ကြေငြာပါစေ။
ကိုယ့်ကြောင့် သူတစ်ပါးရဲ့လျှို့ဝှက်ချက်ေ
ပေါက်ကြားတာမျိုး မဖြစ်သင့်ပါဘူး။
၈။ ကိုယ့်ရဲ့ခရီးစဉ် အသေးစိတ်ကို မတင်သင့်ဘူး
ကိုယ်ဘယ်နေ့သွားမယ်၊ ဘယ်ကိုသွားမယ်၊
ဘာသွားလုပ်မယ်၊ ဘယ်နှရက်ကြာမယ်၊
ဘယ်မှာတည်းမယ်၊ ဘယ်နေ့ပြန်ရောက်မယ် စသဖြင့်။
ဒါဟာ မကောင်းမှုလုပ်မယ့်သူတွေကို
သတိပေးရာရောက်နေပါတယ်။ ကိုယ့်အိမ်ကို
ဖောက်ထွင်းဖို့ ကြံနေသူများရှိနေရင် အဲ့ဒီလိုသတင်းက
သူတို့အကြိုက်ပါပဲ။ ဆိုကြပါစို့ ကိုယ့်မှာ friend 500+
ရှိတယ်ဆိုရင် အဲ့ဒီထဲမှာ အကုန်လူကောင်းချည်းပဲလို့
အတပ်ပြောလို့ မရပါဘူး။ ဆင်ခြင်သင့်ပါတယ်။
၉။ ကြွားဝါဖို့ ရည်ရွယ်တာတွေကို မတင်သင့်ဘူး
ကားအသစ်တစ်စီး ဝယ်စီးတာ၊ စိန်ဆွဲကြိုးတစ်ကုံး
လက်ဆောင်ရတာ လူတိုင်းအတွက် ဂုဏ်ယူစရာပါ။
ဒါပေမဲ့ ဒီအရာတွေကို ကိုယ့်ပတ်ဝန်းကျင်မှာတင်
ထုတ်ဖော်ကြွားဝါတာ ကိစ္စမရှိပေမယ့် Facebook ပေါ်မှာ
တင်ရင်တော့ ကိုယ့်ကိုအားကျမယ့်သူ၊
မုဒိတာပွားမယ့်သူထက် မနာလိုဖြစ်မယ့်သူ၊
ကြည့်မရမယ့်သူက ပိုများပါတယ်။ ဒါဟာ ကိုယ့်အတွက်
အနုတ်လက္ခဏာဆောင်တဲ့ ကိစ္စဖြစ်လို့
ဆင်ခြင်သင့်ပါတယ်။
၁ဝ။ မူးယစ်သောက်စားတာတွေ မတင်သင့်ဘူး
အခမ်းအနားတစ်ခု အောင်ပွဲအတွက် ဝိုင်ခွက်ချင်း
တိုက်တာလောက်က ပြဿနာမရှိပါဘူး။ သို့သော်
အရက်သောက်နေတာ၊ မူးနေတာ စတဲ့အရာတွေဟာ
သိုသိုသိပ်သိပ်လုပ်တာပဲ သင့်တော်ပါတယ်။
ဒီလိုအရာတွေကို public ထဲကို ချပြတာဟာ
အများအမြင်မှာ ကိုယ့်ရဲ့ image ကို ထိခိုက်စေသလို၊
အရိုအသေလည်းတန်ပါတယ်။ ကိုယ့် friend list
ထဲမှာ ကိုယ့်မိဘဆရာတွေ၊ ကိုယ့်ကို လေးစားသူတွေ၊
ကိုယ့်တပည့်တွေ စသဖြင့် ရှိနေနိုင်တာမို့
ဆင်ခြင်သင့်ပါတယ်။
သို့သော်ဒီအချက်တွေကို အတိအကျလိုက်နာဖို့
မဆိုလိုပါ၊ ဒီလိုပိုစ့်တွေတင်မိတဲ့အတွက
ဒီလိုဆိုးကျိုးတချို့ ရှိနေနိုင်တယ်ဆိုတာကိုသာ
ခြုံငုံသုံးသပ်ပြခြင်းဖြစ်ပ
တင်သင့်သလား၊ မတင်သင့်သလားကို ဆုံးဖြတ်ရမှာက
Facebook သုံးစွဲသူတွေ ကိုယ်တိုင်ပါပဲ :) :)
Verizon ၏ 10 things you should never post on
Facebook ဆောင်းပါးကို ကိုးကားရေးသားထားတာ
ဖြစ်ပါတယ်။
Writer-Wai Phyo Maung
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။