eBay နဲ့ Yahoo တရုတ်နိုင်ငံမှာ ကျရှုံးသွားခြင်း။
တရုတ်နိုင်ငံမှာ ၁၉၉၈ ခုနှစ်စပြီး ကွန်မြူနစ်အစိုးရက အင်တာနက်ထိန်းချုပ်မှုကို ဖြေလျော့ပေးလိုက်တဲ့အတွက် အက်တာနက်ကို အသုံးပြုသူတွေ သန်းပေါင်းများစွာ တိုးလာခဲ့တယ်။ အဲဒါကြောင့် ကမ္ဘာမှာ အကြီးဆုံး အင်တာနက်လုပ်ငန်းလုပ်နေကြတဲ့ 
အမေရိကန်ကုမ္ပဏီကြီး ၂ ခု ဖြစ်ကြတဲ့ eBay နဲ့ Yahoo တို့ဟာ တရုတ်နိုင်ငံရဲ့
အင်တာနက်ဈေးကွက်ကို ပိုင်စိုးဖို့ ရှေ့ဆင့်နောက်ဆင့် တရုတ်နိုင်ငံမှာ ရုံးခွဲတွေ ဖွင့်လှစ်လုပ်ကိုင်လာခဲ့ကြတ ယ်။
ဒါပေမဲ့ အဲဒီကုမ္ပဏီကြီး ၂ ခုဟာ ၃ နှစ်လောက် အကြာမှာ တရုတ်နိုင်ငံက ရှေ့ဆင့်နောက်ဆင့်ပဲ ပြန်လည်ဆုတ်ခွာ ထွက်သွားခဲ့ကြရတယ်။ ဘာဖြစ်လို့လဲ။ ဂျက်မားရဲ့ အလီဘာဘာကုမ္ပဏီကို မယှဉ်ပြိုင်နိုင်လို့ပါ။
အံ့သြစရာကောင်းတာက ဒေါ်လာဘီလီယံပေါင်းများစွာ ပိုင်ဆိုင်ထားကြတဲ့ အဲဒီကုမ္ပဏီကြီးတွေဟာ ဒေါ်လာ သန်းရာဂဏန်းလောက်ပဲ ပိုင်ဆိုင်တဲ့ အလီဘာဘာကို မယှဉ်ပြိုင်နိုင်ဘူး။ နောက်ပြီး ကမ္ဘာ့အကောင်းဆုံး တက္ကသိုလ်တွေကနေ ဘွဲ့ရထားတဲ့ အင်တာနက်ကျွမ်းကျင်သူတွေ လုပ်နေတဲ့ အဲဒီကုမ္ပဏီကြီးတွေဟာ တရုတ်နိုင်ငံတက္ကသိုလ်တွေက အောင်မြင်ထားသူတွေပဲ လုပ်နေပြတဲ့ အလီဘာဘာကို မယှဉ်နိုင်ဘူး။
eBay နဲ့ Yahoo ဘာကြောင့် တရုတ်နိုင်ငံမှာ ကျရှုံးသွားရသလဲဆိုတာကို ဂျက်မားက အခုလို ရှင်းပြခဲ့ပါတယ်။
"တရုတ်နိုင်ငံမှာရှိကြတဲ့ eBay နဲ့ Yahoo တို့ဟာ အမေရိကန်နိုင်ငံက သူတို့အထက်အရာရှိကြီးတွေနဲ့
အစုရှယ်ယာဝင်တွေ သဘောကျအောင် အစွမ်းကုန်ကြိုးပမ်းကြတယ်။ ကျနော်တို့
အလီဘာဘာကတော့ ဝယ်ယူသုံးစွဲသူ တရုတ်လူမျိုးတွေ ကျေနပ်သဘောကျအောင်
အစွမ်းကုန်ကြိုးစားကြတယ်။ သူတိုက သုံးစွဲသူတွေကို ဂရုမစိုက်ကြဘူး။ ဒီတော့
သုံးစွဲသူတွေကလဲ သူတို့ကို မကျေနပ်ကြလို့ သူတို့ ပစ္စည်းကို မသုံးကြတော့ဘူး။
မဝယ်ကြတော့ဘူး။ ဝယ်သူမရှိတော့ရင် အဲဒီကုမ္ပဏီမှာ ဝင်ငွေ မရှိတော့ဘူး။
ဝင်ငွေ မရှိတဲ့ ကုမ္ပဏီဟာ ဘယ်လောက်ကြာကြာ အရှုံးခံရပ်တည်နေနိုင်ပါ့မလဲ။ ဒီတော့ ကုမ္ပဏီ ပိတ်သိမ်းပြေးရပြီပေါ့"တဲ့။
ကိုယ်ပိုင်စီးပွားရေးလုပ်နေ သူတွေ
သတိထားကြဖို့ပါ။ ကိုယ့်အစုရှယ်ယာရှင်တွေ ပျော်ဖို့ပဲ အာရုံစိုက်ပြီး
စားသုံးသူဖေါက်သယ်ကို ပစ်မထားပါနဲ့။ ပစ်ထားပြီး ဂရုမစိုက်ရင် စားသုံးသူက
ခင်ဗျားတို့ကို သင်ခန်းစာ ပေးပါလိမ့်မယ်။ ဘာသင်ခန်းစာလဲ ။ ခင်ဗျားတို့
ပစ္စည်းကို မဝယ်တော့ဘူး။ မသုံးတော့ဘူး။ အဲဒါဆိုရင် ကုမ္ပဏီ ပိတ်ဖို့
ပြင်ထားပါတော့။
ဗန်းမော်သိန်းဖေ
၁၅-၀၇-၂၀၁၆
တရုတ်နိုင်ငံမှာ ၁၉၉၈ ခုနှစ်စပြီး ကွန်မြူနစ်အစိုးရက အင်တာနက်ထိန်းချုပ်မှုကို ဖြေလျော့ပေးလိုက်တဲ့အတွက် အက်တာနက်ကို အသုံးပြုသူတွေ သန်းပေါင်းများစွာ တိုးလာခဲ့တယ်။ အဲဒါကြောင့် ကမ္ဘာမှာ အကြီးဆုံး အင်တာနက်လုပ်ငန်းလုပ်နေကြတဲ
ဒါပေမဲ့ အဲဒီကုမ္ပဏီကြီး ၂ ခုဟာ ၃ နှစ်လောက် အကြာမှာ တရုတ်နိုင်ငံက ရှေ့ဆင့်နောက်ဆင့်ပဲ ပြန်လည်ဆုတ်ခွာ ထွက်သွားခဲ့ကြရတယ်။ ဘာဖြစ်လို့လဲ။ ဂျက်မားရဲ့ အလီဘာဘာကုမ္ပဏီကို မယှဉ်ပြိုင်နိုင်လို့ပါ။
အံ့သြစရာကောင်းတာက ဒေါ်လာဘီလီယံပေါင်းများစွာ ပိုင်ဆိုင်ထားကြတဲ့ အဲဒီကုမ္ပဏီကြီးတွေဟာ ဒေါ်လာ သန်းရာဂဏန်းလောက်ပဲ ပိုင်ဆိုင်တဲ့ အလီဘာဘာကို မယှဉ်ပြိုင်နိုင်ဘူး။ နောက်ပြီး ကမ္ဘာ့အကောင်းဆုံး တက္ကသိုလ်တွေကနေ ဘွဲ့ရထားတဲ့ အင်တာနက်ကျွမ်းကျင်သူတွေ လုပ်နေတဲ့ အဲဒီကုမ္ပဏီကြီးတွေဟာ တရုတ်နိုင်ငံတက္ကသိုလ်တွေက အောင်မြင်ထားသူတွေပဲ လုပ်နေပြတဲ့ အလီဘာဘာကို မယှဉ်နိုင်ဘူး။
eBay နဲ့ Yahoo ဘာကြောင့် တရုတ်နိုင်ငံမှာ ကျရှုံးသွားရသလဲဆိုတာကို ဂျက်မားက အခုလို ရှင်းပြခဲ့ပါတယ်။
"တရုတ်နိုင်ငံမှာရှိကြတဲ့ eBay နဲ့ Yahoo တို့ဟာ အမေရိကန်နိုင်ငံက သူတို့အထက်အရာရှိကြီးတွေနဲ့
ကိုယ်ပိုင်စီးပွားရေးလုပ်နေ
ဗန်းမော်သိန်းဖေ
၁၅-၀၇-၂၀၁၆

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။