Email ဘယ်သူ တီထွင်ခဲ့တာလဲ
----------
E-mail တီထင်ခဲ့တာ ဘယ်သူလဲ သိပါသလား။
တကယ်တော့ အီလက်ထရောနစ် စာပို့စနစ်ကို VA Shiva Ayyadurai အမည်ရ အသက် ၁၄ နှစ်အရွယ် ကောင်လေးတစ်ယောက်ကနေ တီထွင်ခဲ့တာပါ။ သူဟာ ကျွန်ုပ်တို့ကို တစ်ယောက်နဲ့တစ်ယောက် စက္ကန့်ပိုင်းအတွင်း ဆက်သွယ်ခွင့်ရအောင် လုပ်ပေးခဲ့တဲ့ အိန္ဒိယလူမျိုး တစ်ယောက်ဖြစ်ပါတယ်။ သူဟာ Bombay မှာ တာမီလ်မိသားစုတစ်ခုကနေ မွေးဖွားခဲ့ပါတယ်။ အသက် ၇ နှစ်အရွယ် မှာ အမေရိကမှာ နေထိုင်ဖို့ မိသားစုနဲ့အတူ ထွက်ခွာခဲ့ပါတယ်။ သူအသက် ၁၄ အရွယ် ၁၉၇၈ ခုနှစ် မှာ ရုံးအချင်းချင်း စာပို့စနစ် အစီအစဉ်တစ်ခု တီထွင်ခဲ့ပါတယ်။ အဲဒါကို အီးမေးလ် E-mail လို့ အမည်ပေးခဲ့ပါတယ်။ အဲဒါက Inbox၊ Folders၊ Outbox၊ Attachments၊Memo နဲ့ Address Book စတဲ့ (အစိုးရ) ရုံး၊ ဌာန အချင်းချင်း စာပို့စနစ်ဆိုင်ရာ လုပ်ဆောင်ချက်အားလုံးကို တစ်ပုံစံတည်း ဖြစ်အောင် မိတ္တူပွားပေးပါတယ်။
အီလက်ထရောနစ် စာပို့စနစ် ဖန်တီးတဲ့ Livingston ကျောင်းသား
Ayyadurai က သူ နယူးဂျာစီ Livingston အထက်တန်းကျောင်းမှာ တက်နေစဉ် နယူးဂျာစီ ဆေးပညာ နဲ့သွားဘက်ဆိုင်ရာဆေးတက္ကသို လ်အဖို့ စာပို့စနစ်အတွက် သူ့လုပ်ငန်းစတင်ခဲ့ပါတယ်။ သူက စာလက်နှိပ်အပြင် အတွင်းရေးမှူးတစ်ယောက်ချင်း စီရဲ့
စာအဝင်အထွက် စီမံပြုလုပ်ရန် နေ့စဉ်အသုံးပြုတဲ့ desktop မှာ Inbox,
Folders, Outbox, Carbon Copy Paper, Drafts, Address Book, Paper Clips
ရှိခဲ့တာ အနီးကပ် စောင့်ကြည့်လေ့လာခဲ့ပါတယ်။
Ayyadurai ကို E-mail တီထွင်သူအဖြစ် အမေရိကန်အစိုးရ တရားဝင်အသိအမှတ်ပြု
အဲဒီအချိန်မှာ ဒီစနစ်ကို အီလက်ထရောနစ်ဗားရှင်းတစ်ခု တီထွင်ခဲ့ပါတယ်။ ရုံးအချင်းချင်း စာပို့စနစ်အစီအစဉ်အားလုံး အီလက်ထရောနစ်စနစ်ဖြင့် မိတ္တူပွားပေးတဲ့ သင်္ကေတဝှက် အကြောင်း ၅၀,၀၀၀ ကျော်ပါတဲ့ ကွန်ပျူတာပရောဂရမ်တစ်ခု သူ ရေးသားခဲ့ပါတယ်။ ၁၉၈၂ သြဂုတ်လ ၃၀ ရက်နေ့မှာ အမေရိကန်အစိုးရက VA Shiva Ayyadurai ကို သူရဲ့ ၁၉၇၈ တီထွင်ဖန်တီးမှုအတွက် ပထမဦးဆုံး US Copyright for Email ဆု ချီးမြင့်ကာ E-mail တီထွင်သူအဖြစ် တရားဝင်အသိအမှတ်ပြုခဲ့ပါတယ် ။
Ref: alltechbuzz
Victor.PaaTung - Trend Myanmar
----------
E-mail တီထင်ခဲ့တာ ဘယ်သူလဲ သိပါသလား။
တကယ်တော့ အီလက်ထရောနစ် စာပို့စနစ်ကို VA Shiva Ayyadurai အမည်ရ အသက် ၁၄ နှစ်အရွယ် ကောင်လေးတစ်ယောက်ကနေ တီထွင်ခဲ့တာပါ။ သူဟာ ကျွန်ုပ်တို့ကို တစ်ယောက်နဲ့တစ်ယောက် စက္ကန့်ပိုင်းအတွင်း ဆက်သွယ်ခွင့်ရအောင် လုပ်ပေးခဲ့တဲ့ အိန္ဒိယလူမျိုး တစ်ယောက်ဖြစ်ပါတယ်။ သူဟာ Bombay မှာ တာမီလ်မိသားစုတစ်ခုကနေ မွေးဖွားခဲ့ပါတယ်။ အသက် ၇ နှစ်အရွယ် မှာ အမေရိကမှာ နေထိုင်ဖို့ မိသားစုနဲ့အတူ ထွက်ခွာခဲ့ပါတယ်။ သူအသက် ၁၄ အရွယ် ၁၉၇၈ ခုနှစ် မှာ ရုံးအချင်းချင်း စာပို့စနစ် အစီအစဉ်တစ်ခု တီထွင်ခဲ့ပါတယ်။ အဲဒါကို အီးမေးလ် E-mail လို့ အမည်ပေးခဲ့ပါတယ်။ အဲဒါက Inbox၊ Folders၊ Outbox၊ Attachments၊Memo နဲ့ Address Book စတဲ့ (အစိုးရ) ရုံး၊ ဌာန အချင်းချင်း စာပို့စနစ်ဆိုင်ရာ လုပ်ဆောင်ချက်အားလုံးကို တစ်ပုံစံတည်း ဖြစ်အောင် မိတ္တူပွားပေးပါတယ်။
အီလက်ထရောနစ် စာပို့စနစ် ဖန်တီးတဲ့ Livingston ကျောင်းသား
Ayyadurai က သူ နယူးဂျာစီ Livingston အထက်တန်းကျောင်းမှာ တက်နေစဉ် နယူးဂျာစီ ဆေးပညာ နဲ့သွားဘက်ဆိုင်ရာဆေးတက္ကသို
Ayyadurai ကို E-mail တီထွင်သူအဖြစ် အမေရိကန်အစိုးရ တရားဝင်အသိအမှတ်ပြု
အဲဒီအချိန်မှာ ဒီစနစ်ကို အီလက်ထရောနစ်ဗားရှင်းတစ်ခု တီထွင်ခဲ့ပါတယ်။ ရုံးအချင်းချင်း စာပို့စနစ်အစီအစဉ်အားလုံး အီလက်ထရောနစ်စနစ်ဖြင့် မိတ္တူပွားပေးတဲ့ သင်္ကေတဝှက် အကြောင်း ၅၀,၀၀၀ ကျော်ပါတဲ့ ကွန်ပျူတာပရောဂရမ်တစ်ခု သူ ရေးသားခဲ့ပါတယ်။ ၁၉၈၂ သြဂုတ်လ ၃၀ ရက်နေ့မှာ အမေရိကန်အစိုးရက VA Shiva Ayyadurai ကို သူရဲ့ ၁၉၇၈ တီထွင်ဖန်တီးမှုအတွက် ပထမဦးဆုံး US Copyright for Email ဆု ချီးမြင့်ကာ E-mail တီထွင်သူအဖြစ် တရားဝင်အသိအမှတ်ပြုခဲ့ပါတယ်
Ref: alltechbuzz
Victor.PaaTung - Trend Myanmar
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။