သားသမီးတို့ အတွက် အကျိုးဖြစ်ထွန်းစေမည့် စကားလုံးများ
xxxxxxxxxxxxxxxxxxxxxxxxxx xxxxxxxxxxxxxxxxxx
သားနဲ့သမီးတို့ရေ ......................
ဖေဖေမေမေတို့ ပြောပြောနေတဲ့ စကားတော်တော်များများဟာ ပြောဖန်များလွန်းတော့ မင်းတို့ အနေနဲ့ နားခါးရင်နားခါးနေမှာပါ။ ဒါပေမဲ့ အသုံးဝင်မယ်ထင်လို့ မင်းတို့ အသဲထဲအထိ စွဲငြိသွားအောင် ပြောထားချင်လို့ပါ။ အချို့စကားတွေဟာ အတွေအကြုံကို အခြေခံလေတော့ မင်းတို့ အပြည့်အ၀ နားလည်ချင်မှ နားလည်ပါလိမ့်မယ်။ ဒါပေမဲ့ တစ်ရက်ရက် တစ်ချိန်ချိန်ကျရင် အရမ်းအသုံးဝင်တာကို မင်းတို့ တွေ့လာပါလိမ့်မယ်။
၁။ လူဆိုတာ စိတ်ထားကောင်းမွေမြူရပါမယ်။
မင်းတို့ကို ကူညီဖူးသူများကို ဘယ်တော့အခါမှ မမေ့လိုက်ပါနဲ့။
ကျေးဇူးမသိတတ်တဲ့ လူများရဲ့ ဘ၀လမ်းကြောင်းဟာ သွားလေ ကျဉ်းမြောင်းလေ
ဖြစ်တတ်တယ်။
၂။ မင်းတို့ကို ဝေဖန်တဲ့လူ၊ ဆဲဆိုတဲ့လူတွေကို ဘယ်တော့မှ မမူန်းတီးလိုက်ပါနဲ့။ အဲဒီဆဲဆိုတဲ့ စကားလုံးတွေဟာ မင်းတို့ဘ၀အတွက် တွန်းအားသာ ဖြစ်ပေါ်စေသင့်ပါတယ်။ အဲ..အကောင်းချည်းကို အမြဲရွေးပြောတဲ့လူတွေကို လည်း ဘယ်တော့မှ မယုံလွယ်လိုက်ပါနဲ့။ ကိုယ့်ကိုကို အဟုတ်ထင်ပြီး ကျိုးစားမူတွေ ယုတ်လျှော့သွားနိုင်လို့ ပါ။
၃။ တစ်ရက်ရက်တစ်ချိန်ချိန်မှာ သားတို့သမီးတို့ နားလည်လာပါလိမ့်မယ်။ စိတ်ရင်းခံကောင်းမွန်ခြင်းဟာ ဥာဏ်ပညာထက်မြက်ခြင်းထက် ပိုမိုခက်ခဲတတ်တယ်။ ဥာဏ်ကောင်းခြင်းဟာ မွေးရာပါ ပါရမီသာတစ်ခုသာဖြစ်ပြီး စိတ်နှလုံးကောင်းမွန်ခြင်း ဟာ ရွေးချယ်မူဖြစ်နေတတ်ပါတယ်။ ရေတိုအနေနဲ့ ကြည့်မယ်ဆိုရင် ဥာဏ်ကောင်းခြင်းဟာ အားသာချက်တော်တော်များများရှိပေမဲ့ စိတ်ရင်းကောင်းခြင်းကျတော့ တစ်သက်လုံးအတွက် သက်လုံ ဖြစ်နေတတ်ပါတယ်။
၎။ လူလူချင်းဆိုတာ မခေါ်မပြောတာ ကြာသွားရင် မေ့သွားတာတော့ ဟုတ်ချင်မှ ဟုတ်ပေမဲ့ စိမ်းသွားတာတော့ အမှန်ပါ။ အချင်းချင်း စိမ်းသွားတာ ကြာသွားရင် ပြန်ခေါ်ဖို့ တောင်မှ သတ္တိလိုနေတတ်တယ်။ ဒါကြောင့်မို့လို့ သားနဲ့သမီးတို့ရဲ့ ဘ၀မှာ ဘယ်သူနဲ့ပဲ စိမ်းသွားစိမ်းသွား အရင်ပြန်ခေါ်တဲ့လူ ဖြစ်စေချင်တယ်။
၅။ စိတ်ညစ်စိတ်ရူပ်နေတဲ့ အချိန်မျိုးမှာ ကိုယ့်ကို တကယ်ချစ်တဲ့လူတွေကို ရင်နာစေတဲ့ စကားလုံးများ မပြောမဆိုမိပါစေနဲ့။ ဘယ်သူပဲ ဖြစ်ဖြစ် စိတ်ဆိုးရင် ပြေအောင်လုပ်ဖို့လွယ်ကူပေ မဲ့ စိတ်နာသွားရင် တစ်သက်လုံး ပါသွားတတ်တယ်။ သားနဲ့ သမီးတို့ ဆင်ခြင်နိုင်အောင်ပါ။
၆။ ဘ၀မှာ တစ်ခါတစ်လေ နောင်တစ်ချိန် နောင်တစ်ခါ ဆိုတာမပြန်လာတော့ပါဘူး။ အခုတစ်ကြိမ်လွှဲသွားရင် နောင်တစ်ကြိမ်ဆိုတာ မရှိတတ်တော့ဘူး။ အခွင့်အရေး နှစ်ခါပြန်မလာတတ်ပါဘူး။ ဒါကြောင့်မို့လို့ ကလေးတို့ရေ မင်းတို့ရဲ့ မိသားစုဝင်တွေ၊ ဆွေမျိုးအသိုင်းအ၀ိုင်းတွေ၊ အတန်းဖေါ်အတန်းဘက်တွေ၊ ကျောင်းနေဘက်သူငယ်ချင်းတွေ၊
လုပ်ဖေါ်ကိုင်ဘက်တွေ အားလုံးအားလုံး တန်ဖိုးထားနိုင်သမျှ
ထားသင့်ပါတယ်။ တစ်ခါတစ်လေ ယာယီခွဲခွါတယ်လို့ ထင်ရပေမဲ့
တစ်သက်လုံးဖြစ်ဖြစ်သွားလို့ပါ။
ရ။ အကောင်းဆုံး ဖြစ်အောင်ကျိုးစားပြီး ဖြစ်လာသမျှ အကောင်းချည်းပဲ လို့ယူဆနိုင်တဲ့ စိတ်ထားမျိုးမွေးမြူတတ်မယ်။ ဒေါင်ကျကျ ပျားကျကျ အပြုံးမပျက် အောင်နေထိုင်တတ်မယ်။ ဒါဟာ ဘ၀နိယာမပါပဲ။
၈။ မျက်နာလို မျက်နာရ အလုပ်မျိုးကို ဘယ်တော့မှ မလုပ်ပါနှဲ့၊ သူများရဲ့ အမြင်ကိုလည်း သိပ်ပြီး ဂရုမစိုက်ပါနဲ့။ လူဆိုတာ ကိုယ့်ကိုကို စိတ်အ၀င်စားဆုံးသတ္တ၀ါမျိုး ပဲ။
ဘယ်သူ့မှ ကိုယ်ထင်သလောက် ကိုယ့်ကို ဂရုပြုတာ မဟုတ်ဘူး။ ဒါကြောင့်
အတတ်နိုင်ဆုံး ပင်ကိုယ်သဘော နဲ့ နေထိုင်ပြောဆိုပါ။ အထင်ကြီးအောင်
နည်းနည်း ပိုပြောပိုလုပ်မိတာမျိုး မပြုမိပါစေနဲ့။
၉ ။ လူဆိုတာ တစ်ခါတစ်လေ အချိန်အများကြီးရှိသေးတယ်လို့
ယူဆတတ်ပါတယ်။ ဘာမဆို နောင်မှ နောင်မှ ဆိုပြီး အချိန်ဆွဲနေတတ်ပါတယ်။
ဒါပေမဲ့ လူ့ဘ၀ဆိုတာ အနူတ်လက္ခဏာပါ။ ဘယ်သူ့ကိုပဲဖြစ်ဖြစ် တစ်ခါတွေ့ရင်
တစ်ခါ လျှော့သွားတာပါ။ နောင်ဘ၀ဆိုတာ ရှိတယ်ဆိုပါအုန်းတော့
ပြန်ဆုံတယ်ထားပါအုန်းတော့ မမှတ်မိကျတော့ဘူးလေ။ ဒါကြောင့်မို့လို့ တန်ဖိုးထားသင့်တဲ့ အရာအားလုံးကို တန်ဖိုးထားတတ်ဖို့ လိုပါတယ်။
Ref: Wichita
xxxxxxxxxxxxxxxxxxxxxxxxxx
သားနဲ့သမီးတို့ရေ ......................
ဖေဖေမေမေတို့ ပြောပြောနေတဲ့ စကားတော်တော်များများဟာ ပြောဖန်များလွန်းတော့ မင်းတို့ အနေနဲ့ နားခါးရင်နားခါးနေမှာပါ။ ဒါပေမဲ့ အသုံးဝင်မယ်ထင်လို့ မင်းတို့ အသဲထဲအထိ စွဲငြိသွားအောင် ပြောထားချင်လို့ပါ။ အချို့စကားတွေဟာ အတွေအကြုံကို အခြေခံလေတော့ မင်းတို့ အပြည့်အ၀ နားလည်ချင်မှ နားလည်ပါလိမ့်မယ်။ ဒါပေမဲ့ တစ်ရက်ရက် တစ်ချိန်ချိန်ကျရင် အရမ်းအသုံးဝင်တာကို မင်းတို့ တွေ့လာပါလိမ့်မယ်။
၁။ လူဆိုတာ စိတ်ထားကောင်းမွေမြူရပါမယ်။
၂။ မင်းတို့ကို ဝေဖန်တဲ့လူ၊ ဆဲဆိုတဲ့လူတွေကို ဘယ်တော့မှ မမူန်းတီးလိုက်ပါနဲ့။ အဲဒီဆဲဆိုတဲ့ စကားလုံးတွေဟာ မင်းတို့ဘ၀အတွက် တွန်းအားသာ ဖြစ်ပေါ်စေသင့်ပါတယ်။ အဲ..အကောင်းချည်းကို အမြဲရွေးပြောတဲ့လူတွေကို လည်း ဘယ်တော့မှ မယုံလွယ်လိုက်ပါနဲ့။ ကိုယ့်ကိုကို အဟုတ်ထင်ပြီး ကျိုးစားမူတွေ ယုတ်လျှော့သွားနိုင်လို
၃။ တစ်ရက်ရက်တစ်ချိန်ချိန်မှာ
၎။ လူလူချင်းဆိုတာ မခေါ်မပြောတာ ကြာသွားရင် မေ့သွားတာတော့ ဟုတ်ချင်မှ ဟုတ်ပေမဲ့ စိမ်းသွားတာတော့ အမှန်ပါ။ အချင်းချင်း စိမ်းသွားတာ ကြာသွားရင် ပြန်ခေါ်ဖို့ တောင်မှ သတ္တိလိုနေတတ်တယ်။ ဒါကြောင့်မို့လို့ သားနဲ့သမီးတို့ရဲ့ ဘ၀မှာ ဘယ်သူနဲ့ပဲ စိမ်းသွားစိမ်းသွား အရင်ပြန်ခေါ်တဲ့လူ ဖြစ်စေချင်တယ်။
၅။ စိတ်ညစ်စိတ်ရူပ်နေတဲ့ အချိန်မျိုးမှာ ကိုယ့်ကို တကယ်ချစ်တဲ့လူတွေကို ရင်နာစေတဲ့ စကားလုံးများ မပြောမဆိုမိပါစေနဲ့။ ဘယ်သူပဲ ဖြစ်ဖြစ် စိတ်ဆိုးရင် ပြေအောင်လုပ်ဖို့လွယ်ကူပေ
၆။ ဘ၀မှာ တစ်ခါတစ်လေ နောင်တစ်ချိန် နောင်တစ်ခါ ဆိုတာမပြန်လာတော့ပါဘူး။ အခုတစ်ကြိမ်လွှဲသွားရင် နောင်တစ်ကြိမ်ဆိုတာ မရှိတတ်တော့ဘူး။ အခွင့်အရေး နှစ်ခါပြန်မလာတတ်ပါဘူး။ ဒါကြောင့်မို့လို့ ကလေးတို့ရေ မင်းတို့ရဲ့ မိသားစုဝင်တွေ၊ ဆွေမျိုးအသိုင်းအ၀ိုင်းတေ
ရ။ အကောင်းဆုံး ဖြစ်အောင်ကျိုးစားပြီး ဖြစ်လာသမျှ အကောင်းချည်းပဲ လို့ယူဆနိုင်တဲ့ စိတ်ထားမျိုးမွေးမြူတတ်မယ
၈။ မျက်နာလို မျက်နာရ အလုပ်မျိုးကို ဘယ်တော့မှ မလုပ်ပါနှဲ့၊ သူများရဲ့ အမြင်ကိုလည်း သိပ်ပြီး ဂရုမစိုက်ပါနဲ့။ လူဆိုတာ ကိုယ့်ကိုကို စိတ်အ၀င်စားဆုံးသတ္တ၀ါမျိုး
၉ ။ လူဆိုတာ တစ်ခါတစ်လေ အချိန်အများကြီးရှိသေးတယ်လိ
Ref: Wichita
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။