Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, July 18, 2016

ဂဠာန်ဦးစော ကိုယ်တိုင် ဖွင့်ဟခဲ့သော အကြောင်းများ

ဂဠာန်ဦးစော ကိုယ်တိုင် ဖွင့်ဟခဲ့သော အကြောင်းများ
===========================
ဂဠာန်ဦးစော ဟု ဆိုလိုက်လျှင် ကလေးလူကြီး မရွေး အားလုံးသိပြီးလိမ့်မည်ဟု ထင်ပါသည်။ ဂဠာန်ဦးစောသည် အာဇာနည် ခေါင်းဆာင်ကြီးများအား လုပ်ကြံမှုဖြင့် ၁၉၄၈ ခုနှစ် မေလ ၈ ရက်နေ့ နံနက်ပိုင်းတွင် ကြိုးပေးခံရတော့မည်ဖြစ်သည်။
ဦးစောသည် သူ၏ လွတ်မြောက်ရေးကို နည်းလမ်းမျိုးစုံဖြင့် ကြိုးစားခဲ့သေးသည်။ အသနားခံစာများ ၊ အယူခံစာများဆင့်ဆင့် တစ်မျိုး ၊ နိုင်ငံခြားသံရုံးတစ်ရုံးသို့ လျို့ဝှက် အကူအညီတောင်းခံသည့် စာက တစ်ဖုံ ၊ နောက်ဆုံး သူ့ကိုယ်သူ လုပ်ကြံရန်ပင် တစ်နည်း ကြိုးစား ကြံစည်ခဲ့သေးသည်။

သူ၏ အကြံအစည်အားလုံး မအောင်မြင်ခဲ့သည့် အတွက် ဦးစောသည် အချက်တချို့ကို တောင်းဆိုခဲ့သေးသည်။ လက်ထိပ် မခတ်ပဲ ကြိုးစင်သို့ခေါ်ရန် ၊ သူ့ကို ပထမဆုံးကြိုးပေးရန် နှင့် ဘ၀ကူးကောင်းရန် စိတ်ငြိမ်စွာနေခွင့်ပြုရန် ၊လယ်တီဆရာတော် ဘုရားကြီး၏ တရားစာအုပ်များ ၀ယ်ပေးရန် တောင်းဆိုခဲ့သည်။
နောက်ဆုံးအချိန်များတွင် ဦးစောသည် သူ့အကြောင်းကို ဖွင့်ဟ ၀န်ခံခဲ့သည်။
" ကျုပ် တစ်သက်လုံး ဗုဒ္ဓဘာသာလို့ ပြောခဲ့တာပဲ ၊ တကယ်တော့ ကျုပ်ဟာ မိရိုးဖလာ သာမန်ဗုဒ္ဓဘာသာမျှသာဖြစ်ခဲ့တာကို တရားစာပေတွေလေ့လာပြီးမှ ပိုပြီးသိရတယ် ၊ မကောင်းမှုမှန်သမျှ ကျုပ်မလုပ်ဖူးတာမရှိဘူး ၊ အကောင်းဆုံးတွေကိုလည်း ကျုပ်မတွေ့ခဲ့ဖူးတာ မရှိဘူး။ ဒါပေမယ့် ခုတွေ့ရတဲ့ တရားတော်ရဲ့ အဆီအနှစ်တွေကိုတော့ ကျုပ်တစ်ခါမှ မတွေ့ခဲ့ဖူးဘူး"
"ကျုပ် အာဏာရှိတုန်းကလည်း ဘာသာရေးကို အလေးအနက် မရှိခဲ့ဘူး။ ဘာသာရေးဆိုတာ ကျုပ်အတွက် ဟန်ပြအဆောင်ယောင် တစ်ခုပဲ ၊ ကျုပ်ဆန္ဒမှာ ရှိတာက ကျုပ်အာဏာတည်မြဲရေး နဲ့ တိုင်းပြည်ကို ကျုပ်ကြိုက်တဲ့ပုံစံ သွင်းချင်တာ အဓိကပဲ ။ အဲဒီအချိန်တုန်းကသာ ခုတွေ့ရတဲ့ တရားတော်တွေကို တွေ့ရရင် ခုလိုဖြစ်မယ် မထင်ဘူး"
"အဲဒီတုန်းက ကျုပ်ဟာ နန်းရင်းဝန်ကြီးဘ၀နဲ့ ရွှေဘိုနယ်ကို ရောက်ခဲ့တယ် ။ အဲဒီမှာ အလောင်းမင်းတရား ကိုးကွယ်ခဲ့တဲ့ မတ်ရပ်ဆင်းတုတော်ဟာ ဆုတောင်းပြည့်တယ်လို့ သတင်းကြီးတာကြောင့် မရ ရတဲ့နည်းနဲ့ ကျုပ်ယူခဲ့မိတယ်၊တကယ် ကြည်ညိုလို့ပင်ခဲ့တာတော့ မဟုတ်ဘူး ၊ ကျုပ်အကျိုးအတွက် ကြည့်ပြီး ယူခဲ့တာပဲ ၊ အဲဒါကျုပ်ရဲ့ မဟာအမှားကြီးပါပဲ ၊ နောက်မှ သိရတာ ဒီဆင်းတုတော်ဟာ အလွန်တန်ခိုးကြီးတယ် ၊ မဟုတ်မမှန်လူလက်ထဲရောက်ရင် ခိုက်တတ်တယ် ဆိုတာပဲ ၊ သိရတော့ နောက်ကျသွားပြိ ၊ ကျုပ် အင်္ဂလိပ်အကျဉ်းသားဖြစ်လိုက် ၊ သေနတ်နဲ့ချောင်းပစ်ခံရလိုက် နဲ့ နောက်ဆုံး ခုအခြေအနေထိပဲ ၊ နောက် ကျုပ် ဒီအထဲရောက်မှ အဲဒီဆင်းတုတော်ကို ရွှေတိဂုံ စနေထောင့်မှာ လှူဒါန်းလိုက်ရတယ် "
ဆိုရလျှင် ဂဠာန်ဦးစောသည် နောက်ဆုံးနေ့များတွင် အမှားအတွက် နောင်တကြီးစွာ ရသွားခဲ့ဟန် တူသည်။ မိမိ အမှားကြီးမှားခဲ့ကြောင်း ၊ ခုမှ သတိသံဝေဂတရား ဖြစ်ပေါ်ခဲ့ကြောင်း မိသားစုထံသို့ ရေးပို့ခဲ့သည့် စာလေးနှစ်စောင်က သက်သေခံလျှက်ရှိသည်။
ပထမစာမှာ ကြိုးမိန့်မချမီ တစ်ပတ်အလိုက ဇနီးဖြစ်သူ ဒေါ်သန်းခင်ထံသို့ ပေးခဲ့သောစာဖြစ်သည်။ ဦးစောသည်ဇနီးဖြစ်သူကို မာမီခင် ဟုသာခေါ်သည် ။ စာမှာ-
မာမီခင်...
ကျွန်တော့်အလောင်းကို အိမ်သို့ မယူပါနှင့်။ ဘယ်ကိုမှလဲ မယူပါနှင့် ၊ သေပြီးသော အပုပ်ကောင်ကြီးဟု တရားနှင့်ဖြေပါ၊ သတိသံဝေဂ ဖြစ်ပါ ၊ အနိစ္စတရား နှင့် အနတ္တတရားများကို ပွားပါ ၊ သေပြီးဖြစ်၍ မထူးပါ ၊
ထို့ကြောင့် မာမီတို့ ဒုက္ခမရှာပါနှင့် သေသူကိုသာ ရည်ရွယ်၍ ပဉ္စင်းခံရှင်ပြုခြင်း ၊ ဆွမ်းလောင်းခြင်း စသော ကုသိုလ်ကောင်းမှုများကို သာပြုပေးပါ ၊ အမျှအတန်းပေးဝေပါ ၊ ဤသို့သော ကုသိုလ်ရေးများကိုသာ ဂရုစိုက်ပါ.... ဟု
ဇနီးဖြစ်သူအား မှာကြားသွားသည်။
နောက်တစ်စောင်မှာ သမီးဖြစ်သူထံကို ပေးပို့ခဲ့ခြင်းဖြစ်သည်။ ထိုစာတွင် မိမိ အဃာတ တရားကြီးမားခဲ့သည့်အတွက် ဘ၀ကို တိုတိုနှင့် ဇာတ်သိမ်းခဲ့ကြောင့် ၀န်ခံသွားခဲ့သည်။ ထိုစာမှာ-
ဒေါသ နှင့် အာဃာတ တရားသည် ကောင်းကျိုးကို မပေးပဲ ဆိုးကျိုးကိုသာပေးသည်။ မိမိဒေါသမီးကို ရင်ဝယ်ပိုက်ပြီး အာဃာတ တရားကြီးမားလွန်းခဲ့သဖြင့် မိမိ၏ဘ၀ကို တိုတိုနှင့် ပိုင်းဖြတ်ကာ ဇာတ်သိမ်းခဲ့ရသည်။
အကယ်၍ ဒေါသမီးကို ရင်ဝယ်မပိုက်ပဲ ငြိမ်းသက်နိုင်ခဲ့ပြီး အာဃာတ တရားကိုလည်း ဖျောက်ဖျက်ပစ်နိုင်မည် ဆိုလျှင် ယခုလို အသက်ငယ်ငယ်နှင့် ဘ၀ကို တိုတိုပိုင်းရမည် မဟုတ်ချေ။
မိမိမြတ်နိုးသော ဇနီး ၊ မိမိချစ်သောသမီးတို့နှင့် အိုအောင်မင်းအောင်နေထိုင်ရပြီး တိုင်းပြည်အကျိုးကိုသယ်ပိုးထမ်းဆောင်နိုင်မည် ဖြစ်သည်။
ယခုကား လွန်ခဲ့ပြီ ၊ ပြီးခဲ့လေပြီ ၊ သို့တစေလည်း ဖခင်ဖြစ်သူ၏ အမှားမျိုးကို သမီးဖြစ်သူ မကြုံတွေ့ရလေအောင် ဖခင်၏ ဘ၀သင်ခန်းစာကို ယူ၍ ဒေါသမီး ရင်ဝယ်မပိုက်ထွေးပဲ ငြိမ်းသတ်လိုက်ပါ။
မည်သူ့အပေါ်မျှ ရန်ငြိုးမဖွဲ့ ရန်ငြိုးမထားဘဲ အာဃာတ တရားကို ဖျောက်ဖျက်ပစ်ပါလေ ချစ်သမီး..
ဟူ၍ ဖြစ်လေတော့သည်။
Ref;
သိသင့်သိစရာ သမိုင်းဝင်ဖြစ်ရပ်များစွာ - နန္ဒာမိုးကြယ်
အမှတ်မှားဆဲ လူသိနည်း မြန်မာ့ဖြစ်ရပ် ၁၀၀ - မောင်ကြည်သန့်
‪#‎AyeSay‬
www.ayesay.com.mm

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။