Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, July 18, 2016

အမှားပေါ် အမှားဆင့်

အမှားပေါ် အမှားဆင့်
------------------------
ကျွန်တော်ငယ်ရွယ်စဉ်တုန်းက Seattle က လေယာဉ်ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်ခဲ့တယ်။ အဲဒီအလုပ်ကရခဲ့တဲ့ အတွေ့အကြုံတစ်ခုကို ယနေ့ထက်ထိ ကျွန်တော့်မမေ့နိုင်ခဲ့ပါဘူး။
.
အဲဒီနေ့က ကျွန်တော်အလုပ်နောက်ကျပါတယ်။ ကုမ္ပဏီကိုကျွန်တော်ရောက်သွားတဲ့အချိန် ကျွန်တော်တို့ရဲ့မန်နေဂျာက ကုမ္ပဏီတံခါးဝမှာ မျက်နှာထားတည်တည်နဲ့ရပ်နေခဲ့ပါတယ်။
.
မန်နေဂျာကို “ကျွန်တော်တောင်းပန်ပါတယ်… ကျွန်တော်အိပ်ပျော်သွားလို့ပါ” လို့ အမြန်ပြောလိုက်တယ်။ မန်နေဂျာက ဘာမှမပြောဘဲ ခေါင်းညိတ်ပြတယ်။
.
ကျွန်တော်အလုပ်နောက်ကျလို့ သူစိတ်ဆိုးနေပြီလို့ ကျွန်တော်ထင်ပြီး ကျွန်တော်ထပ်တစ်ခေါက်ဖြေရှင်းပြန်တယ်။
.
“မနေ့ညက ကျွန်တော့်အိမ်ကိုဧည့်သည်လာပါတယ်။ သူတို့ကိုဧည့်ခံနေလို့ ကျွန်တော်အိပ်ရာဝင်နောက်ကျသွားပါတယ်”
.
ကျွန်တော့်အပြောကို မန်နေဂျာက ဘာမှမပြောဘဲ ခေါင်းပဲညိတ်ပြပြန်တယ်။
.
သူအရမ်းစိတ်ဆိုးနေပြီဆိုတာ ကြည့်တာနဲ့သိပါတယ်။ ဒါဟာ ကျွန်တော်အစိုးရိမ်ဆုံးအဖြစ်ပေါ့။ ဒီလိုနဲ့ ကျွန်တော်ထပ်တစ်ခေါက်ဖြေရှင်းပြန်တယ်။
.
“တကယ်ဆို ကျွန်တော်နောက်ကျမှာမဟုတ်ပါဘူး။ ဘာဖြစ်လို့လဲမသိဘူး.. ဒီကနေ့မှ ဘူတာမှာလူတွေများလိုက်တာ။ သုံးစီးမြောက်ရထားရောက်မှ ကျွန်တော်ရထားထဲတိုးဝင်လို့ရတော့တယ်…”
.
ကျွန်တော် စကားအဆက်မပြတ်ပြောနေတယ်။ မန်နေဂျာက လက်ထဲကနာရီကိုတစ်ချက်ကြည့်ပြီး ကျွန်တော့်စကားစကို ဖြတ်တယ်။
.
“တကယ်ဆို မင်း ၃မိနစ်ပဲနောက်ကျတာပါ။ ဒါပေမယ့် အခု မင်း ၆မိနစ်နောက်ကျသွားပြီ။ မင်း ၃မိနစ်နောက်ကျတဲ့အချိန်တုန်းက ငါ့စိတ်ထဲမှာ ဒီလောကမှာ ဘယ်သူမဆို မတော်တဆဆိုတာတွေကြုံရတတ်တာပဲလို့ တွေးပြီး မင်းလစာကိုဖြတ်ဖို့ မဆုံးဖြတ်ခဲ့ဘူး။ ဒါပေမယ့် မင်းအခု ၆မိနစ်နောက်ကျသွားပြီ.. မင်းကို ငါ ငါးဒေါ်လာဖြတ်မယ်။ ပြီးတော့ မင်းရဲ့ဖြေရှင်းချက်တွေကြောင့် မင်းဟာ အမှားကိုဝန်ခံတတ်တဲ့စိတ် လုံးဝမရှိတဲ့သူလို့ ငါ့ကိုခံစားစေတယ်။”
.
“မဟုတ်ဘူး.. မန်နေဂျာ.. ကျွန်တော်တမင်နောက်ကျတာမဟုတ်မှန်း မန်နေဂျာကိုသိစေချင်လို့ပါ” ကျွန်တော်ဆက်လက်ဖြေရှင်းနေခဲ့တယ်။
.
“မင်းအလုပ်နောက်ကျတာဟာ တမင်သက်သက်နောက်ကျတာလို့ ငါမပြောခဲ့ဘူး။ ဒီမှာ ကောင်လေး.. အမှားလုပ်မိချိန်မှာ ကိုယ်မှားကြောင်း သင့်တင့်တဲ့ဝန်ခံမှုဆိုတာရှိရတယ်။ မှားကြောင်းဝန်ခံပြီးရင် မင်းလုပ်သင့်တဲ့အလုပ်ကို ချက်ချင်းသွားလုပ်ရတယ်။ ဒါဟာ အမှားကိုအကောင်းဆုံးဝန်ခံခြင်းပဲ။ အကြောင်းအကျိုးဆင်ခြင်မျိုးနဲ့ မင်းလုပ်မိတဲ့အမှားကိုဖြေရှင်းဖို့ ကြိုးစားတာမဟုတ်ဘူး။ အဲဒီအကြောင်းအကျိုးက ယုတ္တိရှိတာပဲဖြစ်ဖြစ်၊ အမှန်ပဲဖြစ်ဖြစ်ပေါ့။ မင်းမြဲမြဲမှတ်ထားရမှာက ဖြေရှင်းချက်များလေ အမှားပေါ်အမှားဆင့်လေပဲ” မန်နေဂျာက လေသံမာမာနဲ့ပြောခဲ့ပါတယ်။
-----------

မူရင်းလင့် -- http://www.85nian.net/rensheng/54798.html

#နိုင်းနိုင်းစနေ

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။