ပျော်ရွှင်မှုဆိုတာ။
အသက် ၉၂ နှစ်အရွယ် အဖိုးကြီး တစ်ယောက် လူအိုရုံကို ရောက်လာတယ်။ အနှစ် ၇၀ ပေါင်းလာခဲ့တဲ့ သူ့ဇနီးသယ်ဟာ မကြာခင်က ကွယ်လွန်သွားခဲ့တယ်။ သားသမီးလဲ မရှိ အိုးပိုင်အိမ်ပိုင်မရှိ စုဆောင်းငွေ နတ္ထိမို့ လူအိုရုံကို ရောက်လာတာပါ။
လူအိုရုံ ဧည့်ခန်းမှာ နာရီ အတော်ကြာကြာ စောင့်နေပြီးမှ ဝန်ထမ်းအမျိုးသားတစ်ယောက်က အခန်း အဆင်သင့် ဖြစ်ပြီလို့ လာပြောပြီး သူ့ကို တွဲခေါ်သွားတယ်။
သူဟာ တုတ်ကောက်ကို အားပြုပြီး ဖြေဖြေးချင်း ဓါတ်လှေခါးဆီကို လမ်းလျှောက်သွားတယ်။ ဝန်ထမ်းက သူ့ကို အခန်းဟာ ကျဉ်းပေမဲ့ နေရောင်ရတယ် အခန်းဆီးကတော့ အစိမ်းနုရောင်လို့ ပြောပြတယ်။
သူက "ငါ အခန်းကို သိတ်ကြိုက်တယ်" လို့ ၈ နှစ်အရွယ် ကလေးတစ်ယောက်ဟာ ပထမဆုံး ပါပီခွေးလေးတစ်ကောင် ရလို့ ပျော်သလို အားရဝမ်းသာ ပြန်ပြောလိုက်တယ်။
ဝန်ထမ်းက "ဦးလေး အခန်းထဲတောင် မဝင်ရသေးပဲ ဘာလို့ ကြိုက်တယ် ပြောရတာလဲ" လို့ တအံ့တသြ မေးလိုက်တယ်။
အဖိုးကြီးက "အခန်း ကြည့်စရာ မလိုပါဘူးကွာ။ ပျော်ရွှင်မှုဆိုတာကို ကြိုတင်ရွေးချယ်လို့ ရပါတယ်။ အခန်းထဲက ပရိဘောဂတွေ အခန်းအရောင်တွေနဲ့ မဆိုင်ပါဘူး။ ငါ ဖြစ်ချင်တဲ့ အခန်းမျိုးကို ငါ့စိတ်ထဲမှာ ဆုံးဖြတ်ထားပြီးပြီ။
ငါ အဲဒီလို ကြိုတင်ဆုံးဖြတ်တဲ့ အကျင့်ကို မနက် အိပ်ယာက နိုးတာနဲ့ လုပ်ခဲ့တာ နှစ်ပေါင်း မနည်းတော့ဘူး။ မနက် အိပ်ယာက နိုးတာနဲ့ ဒီနေ့ဟာ ငါ့အတွက် ပျော်စရာနေ့တနေ့ ဖြစ်ရမယ်လို့ ဆုံးဖြတ်ပြီးပြီ။
အသက်ရှင်နေသရွေ့ နေ့တိုင်းဟာ တန်ဖိုးရှိတယ်။ အဲဒီတန်ဖိုးရှိတဲ့ နေ့တွေကို ဘာလို့ စိတ်ညစ်စရာ စိတ်ဆင်းရဲစရာတွေ သောကတွေနဲ့ ကုန်ဆုံးစေရမှာလဲ။ ရခဲတဲ့ လူ့ဘဝကို အချိန်ပြည့် စိတ်ချမ်းချမ်းသားသာနဲ့ နေနိုင်ဖို့ လိုတယ်" တဲ့။
တန်ဖိုးရှိတဲ့ နေ့စဉ်နေ့တိုင်းကို ပျော်ရွှင်စရာနေ့လေးတွေ ဖြစ်စေဖို့ ဒါလေးတွေ လိုက်နာပါ။
၁။ ရင်ထဲမှာ အမုန်းစိတ်မထားပါနဲ့
၂။ စိုးရိမ်သောကကို ဖျောက်ပါ
၃။ ရိုးရိုးလေးနေပြီး ရှိတာလေးနဲ့ တင်းတိမ်ရောင့်ရဲပါ
၎။ ပေးကမ်းစွန့်ကြဲပါ
၅။ အရမ်းကြီး မျှော်လင့်ချက် မထားပါနဲ့
ဒီပို့စ်က ပေးချင်နဲ့ message က ပျော်ရွှင်မှုဆိုတာ စိတ် အဓိကပါ။ ကြုံတွေ့ရတဲ့ အခြေအနေနဲ့ မဆိုင်ပါဘူးတဲ့။
မှတ်ချက်။ အင်တာနက်မှာ တွေ့တာလေးတစ်ပုဒ်ကို မှီးရေးထားတာပါ။
ဗန်းမော်သိန်းဖေ
၀၇-၀၇-၂၀၁၆

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။