သမိုင်းထဲက တပည့်အတွက် ဆရာ.တမ်းချင်းကဗျာတစ်ပုဒ်
========================== ============
အောင်ဆန်း မသာအတွက်....
ငါတော့..ငွေတမတ် မတတ်နိုင်ဘူး...
ဒီကဗျာတပုဒ်သာယူသွားပါကွာ.. ..သခင်နုကိုပြောနေသောဆရာကြီး၏
မျက်ဝန်းမှာ မျက်ရည်စတွေနဲ့။
့
သြော်..အဆောင်ဆောင်နန်းတွေ
ကြဌာန်းတွေနဲ့နှော..
အခေါင်မမြန်းခင်က
အောင်စာတမ်း ချို့စေဖို့
အောင်ပန်းညှိုး ရရှာတဲ့..
တောင်တမန်း တို့ဗမာမှာ
အဟောင်းသံသရာ အငုတ်တွေနှင့်
အောင်ဆန်းတို့ မသာမယာဟာ
၎င်းကံကြမ္မာ အလုပ်ပေထင့်..
သောင်းမြန် မရဏာစမုတ်မှာတော့
့ချုပ်သနှင့် ယင်းအလိုတွင် ဒေါင်းအလံ
ံပဝါအုပ်ပါလို့...ကျုပ်ဖြင့်..သင်္ဂြိုဟ်ချင်။
( ဆရာကြီးသခင်ကိုယ်တော်မှိုင်း )
တနေ့ကတင်မှ ပြောသွားတဲ့တပည့်ဖြစ်သူရဲ့ ပုံရိပ်လွှာ..ဆရာကြီးမျှော်မှန်းထားတဲ့
လွတ်လပ်ရေးကို တစ်နှစ်အတွင်းရအောင်ကျွန်တော်ကြိုးစားနေပါတယ်။
ဒီအတောတွင်းဆရာကြီးဘာမှမလုပ်ပါနဲ့ဦးခင်မျာ။
ဗိုလ်ချုပ်ကထိုသို့ပြောလေသော်- ဆရာကြီးက....
ဟေ့..အောင်ဆန်း.!
မင်းကဆရာလား..ငါကဆရာလား.?
ဆရာကြီး၏ခက်ထန်ထန်စကားကိုကြားလေသော်..
ဗိုလ်ချုပ်သည်စိတ်မကောင်းစွာဖြင့်..
ဆရာကြီး တခြားလူ ဘယ်သူပြောပြောကျွန်တော်စိတ် မထိခိုက်ဘူး။
ဆရာကြီးတစ်ခွန်းပြောရင် ပြောသလို ကျွန်တော်စိတ်ထိခိုက်ပါတယ်။
ကျွန်တော်ကတိပေးတဲ့အတိုင်ြး ဖစ်မလာရင် ဆရာကြီးလုပ်ချင်တာလုပ်ပါ။
ဗိုလ်ချုပ်က တောင်းပန်လေသောအခါဆရာကြီးလဲ စိတ်ဆိုးပြေသွားပြီး..
အေးပါကွာ..မင်းပြောသလို ငါစောင့်ကြည့်ပါ့မယ်..။
အခုတော့..
သြော်..တပည့်အရင်းတွေမို့
ကဝိ မတင်းနိုင်ဘူးကွဲ့
သတိကင်းကာ မျက်ရည်ကျ....ကျပြီး
ခက်ကပြီ လက်ဆည်လို့ မရနိုင်ဘု
သောက ဘလောင်ဆူတော့..။
့
ပြည်ထဲရေးဝန်ကြီး စီစဉ်သလိုလက်ခံခဲ့မည်ဆိုပါလျှင်....
ဒီလိုအဖြစ်ဆိုးကြုံလိမ့်မည် မဟုတ်။ကျုပ်အတွက်ဘာမှမလိုဘူး..
ကျုပ်ကိုပြည်သူက ချစ်ပါတယ်ဗျာ လို.ပြောခဲ့တဲ့ အောင်ဆန်း။
သူချစ်တဲ့တိုင်းပြည်..သူချစ်တဲ့ပြည်သူ
သူချစ်တဲ့မိသားစု..သူချစ်တဲ့ ရဲဘော်တွေ
၁၉၄၇ ခုနှစ်-ဇူလိုင်လ-၁၉ရက်-စနေေ န့နံနက် ၁၀ နာရီ ၃၇မိနစ် အချိန်တွင်
အားလုံးကို အပြီးတိုင်နှုတ်ဆက်လို့..။
သုဿ န်တံခွန် စောင်းရရှားတဲ့
ရုပ်အကျန် ခုနှစ်လောင်းရယ်နှင့်
အလွန်ကောင်းစွာ ကမ္ဘာတည်မည့်
အာဇာနည် ဗိမာန်ပုထိုးကိုဖြင့်
ပါရမီ အဓိဋ္ဌာန်တမျိုးရယ်နှင့်
ရှိခိုးကာ ဆရာကန်တော့ချင်ရဲ့။
့
မြန်မာမတော့ ပူစရာဖို့
လူမသမာ အမှောင်သန်းချိန်မို့
သောင်ကမ်းမို့မို့ဆီက ဖောင်နန်းကတို့နှင့်
အကြေဒဂုန်တည်းဟူသော ရေစုန်မျှောလေရဲ့
သြော်..တောင်နန်းမြောက်နန်း
အဆောင်ဆောင်ကြဋ္ဌာန်းနဲ့
အခေါင်မမြန်းရခင်က
အောင်ပန်းညှိုး ရရှာတဲ့
အောင်ဆန်းတို့ သေပုံနှမြှော..။ ။
(ဆရာကြီးသခင်ကိုယ်တော်မှိုင်း)
Credit ဧရာဝတီ ငဘ
==========================
အောင်ဆန်း မသာအတွက်....
ငါတော့..ငွေတမတ် မတတ်နိုင်ဘူး...
ဒီကဗျာတပုဒ်သာယူသွားပါကွာ..
မျက်ဝန်းမှာ မျက်ရည်စတွေနဲ့။
့
သြော်..အဆောင်ဆောင်နန်းတွေ
ကြဌာန်းတွေနဲ့နှော..
အခေါင်မမြန်းခင်က
အောင်စာတမ်း ချို့စေဖို့
အောင်ပန်းညှိုး ရရှာတဲ့..
တောင်တမန်း တို့ဗမာမှာ
အဟောင်းသံသရာ အငုတ်တွေနှင့်
အောင်ဆန်းတို့ မသာမယာဟာ
၎င်းကံကြမ္မာ အလုပ်ပေထင့်..
သောင်းမြန် မရဏာစမုတ်မှာတော့
့ချုပ်သနှင့် ယင်းအလိုတွင် ဒေါင်းအလံ
ံပဝါအုပ်ပါလို့...ကျုပ်ဖြင့
( ဆရာကြီးသခင်ကိုယ်တော်မှိုင်း
တနေ့ကတင်မှ ပြောသွားတဲ့တပည့်ဖြစ်သူရဲ့ ပုံရိပ်လွှာ..ဆရာကြီးမျှော်မ
လွတ်လပ်ရေးကို တစ်နှစ်အတွင်းရအောင်ကျွန်တေ
ဒီအတောတွင်းဆရာကြီးဘာမှမလုပ
ဗိုလ်ချုပ်ကထိုသို့ပြောလေသေ
ဟေ့..အောင်ဆန်း.!
မင်းကဆရာလား..ငါကဆရာလား.?
ဆရာကြီး၏ခက်ထန်ထန်စကားကိုကြ
ဗိုလ်ချုပ်သည်စိတ်မကောင်းစွ
ဆရာကြီး တခြားလူ ဘယ်သူပြောပြောကျွန်တော်စိတ်
ဆရာကြီးတစ်ခွန်းပြောရင် ပြောသလို ကျွန်တော်စိတ်ထိခိုက်ပါတယ်။
ကျွန်တော်ကတိပေးတဲ့အတိုင်ြး
ဗိုလ်ချုပ်က တောင်းပန်လေသောအခါဆရာကြီးလဲ
အေးပါကွာ..မင်းပြောသလို ငါစောင့်ကြည့်ပါ့မယ်..။
အခုတော့..
သြော်..တပည့်အရင်းတွေမို့
ကဝိ မတင်းနိုင်ဘူးကွဲ့
သတိကင်းကာ မျက်ရည်ကျ....ကျပြီး
ခက်ကပြီ လက်ဆည်လို့ မရနိုင်ဘု
သောက ဘလောင်ဆူတော့..။
့
ပြည်ထဲရေးဝန်ကြီး စီစဉ်သလိုလက်ခံခဲ့မည်ဆိုပါလ
ဒီလိုအဖြစ်ဆိုးကြုံလိမ့်မည်
ကျုပ်ကိုပြည်သူက ချစ်ပါတယ်ဗျာ လို.ပြောခဲ့တဲ့ အောင်ဆန်း။
သူချစ်တဲ့တိုင်းပြည်..သူချစ
သူချစ်တဲ့မိသားစု..သူချစ်တဲ
၁၉၄၇ ခုနှစ်-ဇူလိုင်လ-၁၉ရက်-စနေေ
အားလုံးကို အပြီးတိုင်နှုတ်ဆက်လို့..။
သုဿ န်တံခွန် စောင်းရရှားတဲ့
ရုပ်အကျန် ခုနှစ်လောင်းရယ်နှင့်
အလွန်ကောင်းစွာ ကမ္ဘာတည်မည့်
အာဇာနည် ဗိမာန်ပုထိုးကိုဖြင့်
ပါရမီ အဓိဋ္ဌာန်တမျိုးရယ်နှင့်
ရှိခိုးကာ ဆရာကန်တော့ချင်ရဲ့။
့
မြန်မာမတော့ ပူစရာဖို့
လူမသမာ အမှောင်သန်းချိန်မို့
သောင်ကမ်းမို့မို့ဆီက ဖောင်နန်းကတို့နှင့်
အကြေဒဂုန်တည်းဟူသော ရေစုန်မျှောလေရဲ့
သြော်..တောင်နန်းမြောက်နန်း
အဆောင်ဆောင်ကြဋ္ဌာန်းနဲ့
အခေါင်မမြန်းရခင်က
အောင်ပန်းညှိုး ရရှာတဲ့
အောင်ဆန်းတို့ သေပုံနှမြှော..။ ။
(ဆရာကြီးသခင်ကိုယ်တော်မှိုင်
Credit ဧရာဝတီ ငဘ
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။