Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, July 18, 2016

မြန်မာနိုင်ငံထဲက သမိုင်းတွင်တဲ့ နာမည်

မြန်မာနိုင်ငံထဲက သမိုင်းတွင်တဲ့ နာမည်

==========================

လူ တစ်ယောက်မှာ မိဘဆွေမျိုးအသိုင်းအ၀ိုင်းက ပေးတဲ့နာမည်ရယ်၊ သူ့ရဲ့ ထင်ရှားတဲ့အချက် အလက်တစ်ခုခု (ဥပမာ။ အရပ်အမောင်းကိုယ်လုံးကိုယ်ထည်၊ လုပ်ရပ်၊ ဖြစ်ရပ်) တို့ကိုထင်ဟပ်တဲ့ နာမည်ပြောင် စသဖြင့် နာမည်များရှိနိုင်ကြပါတယ်။ ကိုယ့်ဟာကိုယ်မှည့်ခေါ်တဲ့ နာမည်၊ သူတပါးက ကိုယ်ကို ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ မှည့်ခေါ်တဲ့နာမည်များလည်းရှိပါတယ်...
. . .

လူမျိုးတိုင်းလူတစ်ယောက်မွေးလာတာနဲ့ အဲဒီလူကိုနာမည်ပေးကင်ပွန်းတပ်လေ့ရှိကြပါတယ်။ လူ တစ်ယောက်မှာ သည်လို မိဘဆွေမျိုးအသိုင်းအ၀ိုင်းက ပေးတဲ့နာမည်ရယ်၊ သူ့ရဲ့ ထင်ရှားတဲ့အချက် အလက်တစ်ခု (ဥပမာ။ အရပ်အမောင်းကိုယ်လုံးကိုယ်ထည်၊ လုပ်ရပ်၊ ဖြစ်ရပ်) တို့ကိုထင်ဟပ်တဲ့ နာမည်ပြောင် စသဖြင့် နာမည်များရှိနိုင်ကြပါတယ်။ ကိုယ့်ဟာကိုယ်မှည့်ခေါ်တဲ့ နာမည်၊ သူတပါးက ကိုယ်ကို ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ မှည့်ခေါ်တဲ့နာမည်များလည်းရှိပါတယ်။

မြန်မာ့သမိုင်းမှာ နရသီဟပတေ့မင်းဟာ ကိုယ့်ကိုယ်ကိုနာမည်ပေးဘွဲ့ပေးတဲ့နေရာမှာ လက်ဖျားခါရ လောက်တယ်လို့ သမိုင်းသုတေသီတို့က စာရင်းပြုစုချက်အရ သိရပါတယ်။ ဒါပေမယ့် သူ့ရဲ့ ဘွဲ့ နာမည်အရှည်ကြီးကိုအလွတ်ရတဲ့သူ ဘယ်နှစ်ဦးရှိပါသလဲ။ ယနေ့ခေတ်လူများကတော့သူ့ရုပ်ရည်ကို အစွဲပြုပြီးခေါ်တဲ့ မင်းခွေးချေးရယ်၊ တရုတ်ပြေးမင်းရယ်လို့သာ မှတ်မိကြပါတယ်။ ရုပ်ရည်နဲ့ လုပ်ရည် ကိုင်ရည်ကြောင့်ဖြစ်တဲ့ ဖြစ်ရပ်ကို အစွဲပြုပြီး သမိုင်းတွင်တဲ့နာမည်ပါ။ ပထမမြန်မာနိုင်ငံတော်ရဲ့ ကြီးကျယ်မြင့်မားမှုကိုအဆုံးသတ်ပေးလိုက်တဲ့ ဘုရင်တစ်ပါးလဲဖြစ် တယ်လို့ သမိုင်းတင်ခဲ့ပါ တယ်။

အင်းဝခေတ်ရဲ့နောက်ဆုံးမင်းဖြစ်တဲ့ ---(ဘွဲ့ရှေ့ပိုင်းကိုမမှတ်မိ)မဟာဓမရာဇာဓိပတိဟာ အင်းဝခေတ် ပျက်ပြီး ဟံသာဝတီကိုဖမ်းဆီးခေါ်ဆောင်ခံရတဲ့အတွက် ပြည်သူများက ဟံသာဝတီပါမင်း လို့သာခေါ်ကြလို့ အဲဒီနာမည်သာ သမိုင်းတွင်ခဲ့ပါတယ်။

ဒုတိယမြန်မာနိုင်ငံတော်ကြီးကိုတည်ထောင်ခဲ့တဲ့ ဘုရင့်နောင်မင်းတရားကြီးရဲ့ ငယ်နာမည်ရှင်ရဲထွတ် နဲ့ သူ့ရဲ့ ဘုရင်ဘွဲ့တော်ရှည်ကြီးကို ခုခေတ်လူတွေအလွတ်မရ၊ မသိ၊ မမှတ်မိကြပါဘူး။ ဒါပေမယ့် တပင်ရွှေထီးဘုရင်ရဲ့ နောင်တော်ဖြစ်လို့ ဘုရင့်နောင် ဆိုတဲ့နာမည်ရယ်၊ လိုလိုချင်ချင်ခေါ်ကြရတဲ့ မင်းတရားကြီးရယ် (မတရားမင်းကြီးမဟုတ်ပါ)၊ သည်လို တရားမျှတတဲ့သူ့လုပ်ရပ်တွေကြောင့် ဖြစ်တဲ့ နာမည်က ဘုန်းတော်ဘွဲ့တွေ၊ ငယ်နာမည်တွေကိုကျော်လွှားပြီး သတင်းကြီး သမိုင်းဝင်ခဲ့ပါတယ်။

တတိယမြန်မာနိုင်ငံတော်ကြီးကိုတည်ထောင်ခဲ့တဲ့ အလောင်းမင်းတရားကြီးဦးအောင်ဇေယျမှာလည်း သည်အတိုင်းဖြစ်ပါတယ်။ နန်းတက်ဘိသိက်ပွဲမှာရတဲ့ သူ့နာမည်ကို ဘယ်သူမှမခေါ်ကြဘဲ မုဆိုးဖိုရွာ သူကြီးဘ၀က နာမည်ကိုပဲ လူတွေကခေါ်ကြတာပါ။ ဘုရားဆုကိုပန်ဆင်ခဲ့လို့ ဘုရားအလောင်းတော် ဘုရင်မင်းကြီးအဖြစ် အလောင်းမင်းတရားကြီးရယ်လို့ နာမည်တွင်ပါတယ်။ သူ့ရဲ့ဘုရင်နာမည်ကို မှတ်မိသူရှိပါသလား။ သူ့သားတော် မောင်ဝိုင်း ဗဒုံမြို့စားဘ၀မှမင်းဖြစ်လာသူမှာ ကုန်းဘောင်ခေတ် သမိုင်းတွင် အကျယ်ဆုံး နိုင်ငံတော်ကိုပိုင်ဆိုင်သူ ဖြစ်ပါလျက်သူ့ခမျာ မြစ်တော်စကြာကိုယ်တော် လေးကိုမှီပြီး ဘိုးတော်ဘုရား၊ ဘိုးတော်ဦးဝိုင်းဟုသာ ထင်ရှားရရှာပါသည်။ သူဧ။် ကုန်းဘောင်ခေတ် တွင်အရှည်လျားဆုံးဘွဲ့နာမည်ကို မည်သူမှတ်မိပါ သနည်း။ ပြည်သူပေးသောနာမည်သာ ပိုင်ဆိုင်ရ ချေသည်။ သို့သော်သူ့ခေတ်တွင် မြန်မာပြည်သည် အာရှတွင် ဘုန်းအကြီးဆုံး၊ အင်အားအတောင့် တင်းဆုံးဆိုသည်ကိုတော့ လူတိုင်းသိကြပါချေသည်။

အနောက်ဖက်လွန်မင်း၊ သာလွန်မင်းတို့မှာလည်း ထို့အတူ။ နန်းတော်အနောက်ဖက်တွင် လုပ်ကြံခံရ သောကြောင့် နတ်ရွာစံလွန်ရလို့ အနောက်ဖက်လွန်မင်း၊ တိုင်းကားပြည်ရွာ လွန်စွာသာလွန်အေးချမ်း အောင် အုပ်ချုပ်သောမင်းဖြစ်လို့ သာလွန်မင်း စသည်ဖြင့် ပြည်သူကပေးသော နာမည်သာသမိုင်းတွင် ကျန်ရစ်ခဲ့သည်။ သူတို့ဘာသာပေးသောနာမည်များကားသာမန်ပြည်သူများ ကြားပင်မကြားဖူးကြချေ။

ထိုထိုသောနာမည်ကြီးသော ထင်ရှားသောမင်းတို့တွင် မင်းကောင်းမင်းမြတ်များဖြစ်ပါလျက် ပဒေသရာဇ် ခေတ်တွင်ပင် သူတို့ကိုယ် သူတို့ပေးသောနာမည်ဖြင့် သူတို့သမိုင်းကို မဖုံးလွှမ်းနိုင်။ သူတို့ဧ။်လုပ်ရပ်၊ ဖြစ်ရပ်တို့နှင့် သက်ဆိုင် သော ပြည်သူပေးသောနာမည်သာ သမိုင်းတွင်ကျန်ရစ်သည်ကို သံဝေဂယူ ဖွယ်တွေ့ရပါသည်။

ထို့အတူယနေ့ခေတ်တွင်လည်းလူတော်တော်များများသည် ပတ်ဝန်းကျင်ကပေးသောနာမည်ဖြင့်သာ လူသိများထင်ရှားနေကြလေသည်။ လောရှည်၊ လန်ဘား၊ ပုတို၊ ခွေးငို၊ ခါချဉ် စသဖြင့်ခေတ်အလိုက် စုံလင်စွာခေါ်ဝေါ်သမုတ်ကြဧ။်။ ပတ်ဝန်းကျင်က ကိုယ်နှင့် လိုက်ဖက်ရာကို ကင်ပွန်းတပ်သမျှ ခံကြရဧ။်။ သူများကိုနာမည်ပြောင်လိုက်ပေးနေသူကိုယ်တိုင် သူ့ကိုပတ်ဝန်းကျင်က နာမည်ပြန်ပေးလိုက်သည်ကို မသိလိုက်ဘဲ နာမည်အတော်ကြီးကို ကြီးနေပြန့်နေပြီးခါမှ သိလိုက်ရသူလည်းရှိလေသည်။

ထို့ကြောင့် မိမိဧ။် မိဘဆွေမျိုး၊ ဘုန်းကြီးများကပေးပြီး မိမိကိုယ်မိမိမှည့်ခေါ်သော နာမည်သည်အရေး မကြီး၊ မိမိဧ။်ပြောဆိုလုပ်ကိုင်ပုံ၊ ပုံပန်းသဏ္ဍာန်နဲ့ ဖြစ်ရပ်များက ပတ်ဝန်းကျင်ကိုထင်ဟပ်ပြီး မိမိကိုယ် ကိုသာ ပတ်ဝန်းကျင်က သမိုင်းဝင်နာမည်ပေး ကင်ပွန်းတပ်သွားမည်ဖြစ်သောကြောင့် ကိုယ့်လုပ်ရပ် ကိုသာ သတိထားလျှင်ဖြင့် သမိုင်းဝင်သွားနိုင်သည့်ကိုယ့်နာမည်ကို ပတ်ဝန်းကျင်မှာ ပြန်မေးစရာမလို၊ အသာနားထောင်ရုံနှင့် သိနိုင်ကြောင်း ၊ သမိုင်းကောင်းနဲ့ သမိုင်းဆိုးကိုလည်း ပတ်ဝန်းကျင်မှ ပြည်သူလူထုသာ ဆုံးဖြတ်မှာဖြစ်ကြောင်း တင်ပြလိုက်ရပါသည်ခင်ဗျား။

ရှိန်းတေဇာကျော်(မြန်မာမိသားစု)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။