Melvin Moe with Melvin Moe.
၂၀၀၄ အောက်တိုဘာလ မှာတော့ Al-Qaeda ခေါင်းဆောင် Osama bin Laden နဲ့ ပူးပေါင်းပြီး Tanzim Qaidat al-Jihad for Bilad al-Rafidayn လို့ အမည်ပြောင်းတယ်။
အမေရိကန် နဲ့ မဟာမိတ်တွေရဲ့ အီရတ် စစ်ပွဲတွေမှာ ပါဝင်တိုက်ခိုက်ခဲ့သလို ၊ ဆီရီးယားပြည်တွင်းစစ်မှာလဲ တိုက်တာဘဲ။
အချိန်ကာလ (၁၅) နှစ်လောက်အကြာ ISIS အဖြစ် ထင်ပေါ်ကျော်ကြားလာတဲ့
အချိန်မှာတော့ အစ္စလာမ် ဘာသာအတွက် မွတ်ဆလင်နိုင်ငံအတွက် စစ်ပွဲတွေ တိုက်တယ်
ဆိုတဲ့ ISIS တွေဟာ အစ္စလာမ်ဘာသာဝင် တွေကိုပါ ရက်ရက်စက်စက်
သတ်ဖြတ်တာတွေကျူးလွန်လာပါတော့တယ်တယ်။ အစွန်းရောက်လူသတ်သမား
စောက်ရူးတွေမှန်း ပေါ်ပေါက်လာပါတော့တယ်။
မဘသ အဖြစ်ပေါ်ထွက်လာတဲ့ မြန်မာပြည်က ဘာသာရေးအစွန်းရောက် အဖွဲ့က တော့ မွတ်ဆလင် မုန်းတီးရေး ကြွေးကြော်ပြီး (၁) နှစ်မပြည့်ခင် ဗုဒ္ဓဘာသာဝင် ကိုထင်လင်းဦး ကို ပွဲဦးထွက် အနေနဲ့ ထောင်ချခဲ့ကြတယ်။
ဗုဒ္ဓဘာသာဝင်တွေကို လိမ်ညာမှိုင်းတိုက်ပြီး စစ်ဖိနပ်အောက် တွန်းပို့ကြတယ်။
ခင်ပွန်းကြီးဆယ်ပါးမပြစ်မှားနဲ့ ငရဲကျမယ်ဆိုတဲ့ လက်သုံးစကားနဲ့ ရိုးသားတဲ့ ဗုဒ္ဓဘာသာဝင်တွေကို ခြိမ်းခြောက်ခဲ့ကြတယ်။
သင်္ကန်းကိုရိုသေ ၊ ပြန်မပြောနဲ့ ငရဲ က မနေဘူးဆိုပြီး ဗုဒ္ဓဘာသာဝင်တွေရဲ့တွေးခေါ်ပိုင်ခွင့်ကို ပိတ်ပင်ခဲ့ကြတယ်။
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကို ဒုက္ခပေးဖို့ အမြဲကြံစီ အားထုတ်ကြတယ်။
ဗုဒ္ဓမြတ်စွာဘုရား နဲ့ မဘသ တဂိုဏ်းထဲ သွတ်သွင်းပြီး မြတ်ဗုဒ္ဓ ရဲ့ သာသနာကို ဖျက်ဆီးကြတယ်။
မဘသ တွေ အနေနဲ့ ၂၀၁၆ နှစ်သစ်ကစပြီး ငြိမ်ငြိမ်နေပါလို့ သတိပေးချင်ပါတယ်။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။