ဒေါသဖြစ်လျှင် အနံ့ထွက်သည်
လူတစ်ဦး တစ်ယောက် ဒေါသဖြစ်နေပါက ၄င်းလူပုဂ္ဂိုလ်၏ ချွေးမှ ယင်းဒေါသအနံ့ကို ရရှိကြောင်း သုတေသန ပညာရှင်များက လေ့လာ တွေ့ရှိခဲ့ပြီ ဖြစ်သည်။
ဂျာမနီနိုင်ငံ အာချန်း တက္ကသိုလ် ဆေးရုံနှင့် ဆွီဒင်နိုင်ငံ စတော့ဟုမ်းရှိ ကာရိုလင်စကာ တက္ကသိုလ်တို့မှ အာရုံကြော သိပ္ပံပညာရှင် ဒေါက်တာ ဆမီယာနာမူတစ် ဦးဆောင်သော ပညာရှင်အဖွဲ့သည် ချွေးနှင့် ဒေါသဖြစ်မှုတို့ကြား ဆက်စပ်ပုံကို လေ့လာခဲ့ခြင်း ဖြစ်သည်။
သုတေသန ပညာရှင်များသည် အလေ့လာခံ အမျိုးသား(၁၆) ဦးတို့အား လက်ဝှေ့ ထိုးခြင်းနှင့် အခြားလေ့ကျင့်ခန်း ပြုလုပ်သော စက်များဖြင့် လေ့ကျင့်ခြင်း တို့ကို ပြုလုပ်စေကာ ယင်းလေ့ကျင့်ခန်းများ လုပ်နေစဉ်အတွင်း ထွက်ရှိသော ချွေးများ၏ နမူနာများကို စုဆောင်းထားရှိခဲ့သည်။ ထို့ပြင် ဒေါသနှင့် ရန်လိုမှုအဆင့်ကို တိုင်းတာရန် အတွက် မေးခွန်းလွှာများကိုလည် ဖြေဆိုစေခဲ့သည်။
အလေ့လာခံများကိုလည်း ကြက်သွန်ဖြူ ၊ ကော်ဖီကဲ့သို့ အနံပြင်းသော အစားအစာများကို မစားသုံးရန်နှင့် ရေမွှေးမသုံးရန် ညွှန်ကြားခဲ့သည်။
ယင်းနောက်တွင် အခြား အလေ့လာခံ (၂၂) ဦးတို့အား အဆိုပါ လေ့ကျင့်ခန်း ပြုလုပ်ထားသူများ၏ ချွေးများကို ပေးကာ ရူရှိုက်စေခဲ့ သည်။ လက်ဝှေ့ လေ့ကျင့်ထားသူများ ၏ချွေးများကို ရူရှိုက်ရချိန်တွင် အလေ့လာခံများသည် စိတ်လှုပ်ရှားမှုကို ပြသခဲ့ပြီး စက်ဖြင့် လေ့ကျင့်စဉ် ထွက်ရှိသော ချွေးများကို ရူရှိုက်ရချိန်တွင်မူ စိတ်လှုပ်ရှားမှုကို မပြသခဲ့ကြောင်းတွေ့ရှိခဲ့သည်ဟု ဒေါက်တာမူတစ်က ပြောဆိုခဲ့သည်။
ခန္ဓာကိုယ်အနံ့မှ တစ်ဆင့် ရန်လိုမှုကို သိရှိခြင်းသည် တမင်သိရှိအောင် လုပ်ဆောင်မှုကြောင့် သိရှိခြင်း မဟုတ်ဘဲ မသိစိတ်က အလိုလို သိရှိခြင်းဖြစ်သောကြောင့် လူသားများ၏ ဆင့်ကဲ့ပြောင်းလဲမှု ဖြစ်စဉ်နှင့် သက်ဆိုင်နိုင်ခြေ များကြောင်း ဒေါက်တာမူတစ်က ဆိုသည်။ ခန္ဓာကိုယ်မှ အနံ့များကို ဓာတုအချက်ပြမှုများဟု ပညာရှင်များက ခေါ်ဆိုခဲ့သည်။
တိရစ္ဆာန် အတော်များများသည်လည်း အနံ့မှ တစ်ဆင့် စိတ်ခံစားချက်ကို ထုတ်ဖော်နိုင်ကြသည်။ ခွေးများနှင့် ၀က်ဝံများသည် အခြား တိရစ္ဆာန်များရှိ ကြောက်လန့်မှုကို အနံ့ခံနိုင်ကြသည်။ ကြွက်များသည်လည်း ကျူးးကျော် ၀င်ရောက်လာသူ၏ ရန်လိုမှုကို အနံ့ခံနိုင်ကြောင်း ယခင်လေ့လာမှုများအရ သိရှိခဲ့ရပြီး ဖြစ်သည်။
Messenger News
#သုတဇုန်
www.thutazone.com
လူတစ်ဦး တစ်ယောက် ဒေါသဖြစ်နေပါက ၄င်းလူပုဂ္ဂိုလ်၏ ချွေးမှ ယင်းဒေါသအနံ့ကို ရရှိကြောင်း သုတေသန ပညာရှင်များက လေ့လာ တွေ့ရှိခဲ့ပြီ ဖြစ်သည်။
ဂျာမနီနိုင်ငံ အာချန်း တက္ကသိုလ် ဆေးရုံနှင့် ဆွီဒင်နိုင်ငံ စတော့ဟုမ်းရှိ ကာရိုလင်စကာ တက္ကသိုလ်တို့မှ အာရုံကြော သိပ္ပံပညာရှင် ဒေါက်တာ ဆမီယာနာမူတစ် ဦးဆောင်သော ပညာရှင်အဖွဲ့သည် ချွေးနှင့် ဒေါသဖြစ်မှုတို့ကြား ဆက်စပ်ပုံကို လေ့လာခဲ့ခြင်း ဖြစ်သည်။
သုတေသန ပညာရှင်များသည် အလေ့လာခံ အမျိုးသား(၁၆) ဦးတို့အား လက်ဝှေ့ ထိုးခြင်းနှင့် အခြားလေ့ကျင့်ခန်း ပြုလုပ်သော စက်များဖြင့် လေ့ကျင့်ခြင်း တို့ကို ပြုလုပ်စေကာ ယင်းလေ့ကျင့်ခန်းများ လုပ်နေစဉ်အတွင်း ထွက်ရှိသော ချွေးများ၏ နမူနာများကို စုဆောင်းထားရှိခဲ့သည်။ ထို့ပြင် ဒေါသနှင့် ရန်လိုမှုအဆင့်ကို တိုင်းတာရန် အတွက် မေးခွန်းလွှာများကိုလည် ဖြေဆိုစေခဲ့သည်။
အလေ့လာခံများကိုလည်း ကြက်သွန်ဖြူ ၊ ကော်ဖီကဲ့သို့ အနံပြင်းသော အစားအစာများကို မစားသုံးရန်နှင့် ရေမွှေးမသုံးရန် ညွှန်ကြားခဲ့သည်။
ယင်းနောက်တွင် အခြား အလေ့လာခံ (၂၂) ဦးတို့အား အဆိုပါ လေ့ကျင့်ခန်း ပြုလုပ်ထားသူများ၏ ချွေးများကို ပေးကာ ရူရှိုက်စေခဲ့ သည်။ လက်ဝှေ့ လေ့ကျင့်ထားသူများ ၏ချွေးများကို ရူရှိုက်ရချိန်တွင် အလေ့လာခံများသည် စိတ်လှုပ်ရှားမှုကို ပြသခဲ့ပြီး စက်ဖြင့် လေ့ကျင့်စဉ် ထွက်ရှိသော ချွေးများကို ရူရှိုက်ရချိန်တွင်မူ စိတ်လှုပ်ရှားမှုကို မပြသခဲ့ကြောင်းတွေ့ရှိခဲ့သည
ခန္ဓာကိုယ်အနံ့မှ တစ်ဆင့် ရန်လိုမှုကို သိရှိခြင်းသည် တမင်သိရှိအောင် လုပ်ဆောင်မှုကြောင့် သိရှိခြင်း မဟုတ်ဘဲ မသိစိတ်က အလိုလို သိရှိခြင်းဖြစ်သောကြောင့် လူသားများ၏ ဆင့်ကဲ့ပြောင်းလဲမှု ဖြစ်စဉ်နှင့် သက်ဆိုင်နိုင်ခြေ များကြောင်း ဒေါက်တာမူတစ်က ဆိုသည်။ ခန္ဓာကိုယ်မှ အနံ့များကို ဓာတုအချက်ပြမှုများဟု ပညာရှင်များက ခေါ်ဆိုခဲ့သည်။
တိရစ္ဆာန် အတော်များများသည်လည်း အနံ့မှ တစ်ဆင့် စိတ်ခံစားချက်ကို ထုတ်ဖော်နိုင်ကြသည်။ ခွေးများနှင့် ၀က်ဝံများသည် အခြား တိရစ္ဆာန်များရှိ ကြောက်လန့်မှုကို အနံ့ခံနိုင်ကြသည်။ ကြွက်များသည်လည်း ကျူးးကျော် ၀င်ရောက်လာသူ၏ ရန်လိုမှုကို အနံ့ခံနိုင်ကြောင်း ယခင်လေ့လာမှုများအရ သိရှိခဲ့ရပြီး ဖြစ်သည်။
Messenger News
#သုတဇုန်
www.thutazone.com
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။