ဓါတ်ပုံတစ်ပုံရဲ့ အကြောင်းကိစ္စ။
ပုံ ပါအတိုင်း မြေနီကုန်းမီးပွိုင့် အောက်မေ့ဖွယ်အမှတ်တရ ပန်းခွေချနေစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ဝင်ဆွဲပြီးဖမ်းဆီးဖို့ စစ်အရာရှိတစ်ဦးက ကြိုးစားခဲ့ပါတယ်...။
အနီးနားမှာရှိတဲ့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ လုံခြုံရေး တာဝန်ကိုယူနေကြသူ
ကိုထင်ကျော်, ကိုအောင် ခေါ် အောင်ကြီးလွင်တို့ က ပိတ်ပင်တားဆီး ခဲ့တဲ့အတွက် ကိုအောင် ကို ဆွဲခေါ်ဖမ်းဆီးသွားခဲ့ပါတယ်. ..။
ဒေါ်အောင်ဆန်းစုကြည်နဲ့အဖွဲ့ က မီးပွိုင့် အနီးရပ်တန့်ထားခဲ့တဲ့ စီးလာခဲ့တဲ့ ဓ/ ၁၅၁၅ ပေါ်ကို ပြန်ရောက်ပြီး တက္ကသိုလ်ရိပ်သာလမ်းနေအိမ်ကို ပြန်မောင်းလာလို့ မီးပွိုင့်ကျော်စမှပဲ..
ခပ်လှမ်းလှမ်းမှာစုရုံး ရောက်ရှိနေကြတဲ့ လူအုပ်ကို ( သတင်းကြားလို့ ဒီပန်းခွေချအလေးပြုတာလေးကို ပူးပေါင်းပါဝင်ဖို့ စုရုံး ရောက်ရှိလာကြတဲ့လူအုပ်ကို တပ်က မီးပွိုင့်အနီးမလာနိုင်အောင်ပိတ်ဆို့ထားပြီး လူစုခွဲဖို့ သတိပေးနေတဲ့ အချိန်ပါပဲ...) အာဏာပိုင်တွေက စတင်ပစ်ခတ် လူစုခွဲခဲ့ပါတယ်။
သေနတ်သံကြားတဲ့ ဒေါ်အောင်ဆန်းစုကြည်က ကားမောင်းသူ ကိုမျိုးသိန်းကို
နောက်ကနေ ပုခုံးပုတ်ပြီး ချက်ချင်းပြန်မောင်းဝင် ဖို့ ပြောတဲ့အခါ..
[ပြည်သူကိုမပစ်နဲ့..ရှင်တို့ ဒီလောက်တောင်ပစ်ချင်နေရင်. .ကျွန်မနဲ့
ကျွန်မလူတွေကိုသာ ပစ်ကြစမ်း ဆိုပြီး ပစ်သူများနဲ့ လူထုကြားက ပစ်ကွင်းထဲ
မီးပွိုင့်အလယ်တည့်တည်ကို ကား ၂ စီးပြန်ထိုးဝင်ခံလိုက်တာပါ. .။
ကား၂စီးပေါ်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးတာဝန်ယူသူ လူငယ် ၁၅ဦး
(ကျွန်တော်တို့ကိုယ်ကျွန်တော်တို့တော့ 'လူကာလမ်းရှင်း' လို့ကွယ်ရာမှာကိုယ့်ကိုကိုယ်ထောပနာပြုပါတယ်) ကလည်း ဒီနေ့ကတော့ ငါတို့ရဲ့နောက်ဆုံးနေ့ပဲ ဆိုတဲ့ အသိကြောက်ကြောက်နဲ့ပဲ သေနတ်ပြောင်းရှေ့တိုးဝင်ခဲ့ ကြရပါတယ်] တို့ မီးပွိုင့်အလယ်အရောက်မှာ
အပစ်ရပ်ပြီး army ထရပ်ကားများ ရဲကား များ တရကြမ်း မောင်းဝင်ပြီး မီးပွိုင့် အလယ်ခေါင်မှာ ပိတ်ဆို့ထားလိုက်ပါတယ်...။
အဲဒီနောက် ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖွဲ့သားများအားလုံးကို အနီးရှိ မြေနီကုန်း ရဲစခန်းအတွင်း ကို ခေါ်ဆောင်ဖမ်းဆီး ထိန်းသိမ်းခဲ့ပါတယ်..။
"ကျမတို့ကို ဖမ်းမယ်ဆိုလည်း ဖမ်းပါ... မဖမ်းရင်လည်း ပြန်လွှတ်ပါ" လို့ ဒေါ်အောင်ဆန်းစုကြည် က တောင်းဆိုတဲ့အခါမှာ တာဝန်ရှိသူ ဗိုလ်မှူးကြီး အဆင့်ရှိသူက အထက်အမိန့်တောင်းခံနေတယ်လို့  ပြောပြီး ၄ နာရီအကြာထိန်းသိမ်းအပြီးမှာ တော့ အားလုံးကို ပြန်လွှတ်လိုက်ပါတယ်...။
ဒေါ်အောင်ဆန်းစုကြည် ရဲ့ အနှစ်၂၀ နီးပါး ထိန်းသိမ်း အကျဉ်း ချခံရခြင်းရဲ့ ပထမဦးဆုံး ဗွေဆော်ဦး ၄ နာရီ ကြာ ထိန်းသိမ်းခံရခြင်းပါပဲ...။ သမိုင်းဝင်ဓါတ်ပုံ တစ်ပုံ လို့လည်း ဆိုနိုင်ပါတယ်..။
အဲ့ဒီ အချိန်က ဒေါ်အောင်ဆန်းစုကြည် ကို နဝတ အစိုးရ က မထိရဲဘူး..မဖမ်းရဲဘူး.. ဆိုတဲ့
အမြင်တွေဟာ လူထုကြားထဲမှာ ယုံကြည်နေကြတဲ့ အချိန်လည်းဖြစ်ပါတယ်..။ နိုင်ငံတကာ ဖိအားနဲ့ လူထုရဲ့  တုန့် ပြန်မှု ဘယ်လိုရှိမလည်း မှန်းဆရခက်တဲ့ အချိန်ပါ..။
နောင် တစ်လ အကြာမှာ ဒေါ်အောင်ဆန်းစုကြည် နေအိမ်မှာ ၆ နှစ်ကြာဖမ်းဆီးထိမ်းသိမ်း ဖို့အတွက် ရှေ့ပြေး စမ်းသပ်ချက်လည်း ဖြစ်နိုင်ပါတယ်....။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ဒီလုပ်ရပ်ကြောင့်
လူစုလူဝေးထဲက လူဘယ်နှစ်ဦးရဲ့အသက်ကို သက်သာသွားစေသလည်း ဆိုတာလည်း
ပြောဖို့ခက်လှပါတယ်..။ တာဝန်အရှိဆုံး ဗိုလ်ချူပ်ကြီးဟောင်း ဦးခင်ညွှန့် သာ
ဖြေနိုင်မယ့် အကြောင်းတွေပါပဲ...။
အဲ့ဒီ ပစ်ခတ် ခြောက်လှန့် ဖြိုခွဲခဲ့မှုမှာ..ပြည်သူတစ် ဦး သေနတ်မှန် သေဆုံး ခဲ့ပါတယ်...။ သေဆုံးခဲ့သူဟာ အဲဒီတုန်းက လူထု အလွန်မုန်းတီးခဲ့တဲ့... nld နဲ့ လုံးဝ ဆန့်ကျင်ဖက်အင်အားစုကြီးဖြစ်တဲ့ တ.စ.ည ပါတီဝင်တစ်ဦးမှန်းဖြစ်သိခဲ့ ရပြီး..
မရိုးသားတဲ့ ရည်ရွယ်ချက်နဲ့ လူအုပ်ထဲမှာလာရောက် ရောနှောနေတယ်ဆိုတာ
သိကြပေမယ့်လည်း ... (ရိုးရိုးသားသား ထောက်ခံသူဖြစ်နေရင် တ.စ.ည ပါတီဝင်
ကဒ်ပြား အိတ်ကပ်ထဲထည့်လာစရာ အကြောင်းမရှိပါဘူး) လူသားချင်းစာနာစိတ်နဲ့ ကူညီ
ဆေးရုံ ပို့ပေးခဲ့ကြတဲ့ အညတြ ပြည်သူတွေဟလည်း မော်ကွန်းတင်စရာဖြစ်ခဲ့ပါတယ်...။
(မူရင်းရေးသားသူ - တင်မောင်အေး)။
ပုံ ပါအတိုင်း မြေနီကုန်းမီးပွိုင့် အောက်မေ့ဖွယ်အမှတ်တရ ပန်းခွေချနေစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ဝင်ဆွဲပြီးဖမ်းဆီးဖို့ စစ်အရာရှိတစ်ဦးက ကြိုးစားခဲ့ပါတယ်...။
အနီးနားမှာရှိတဲ့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ လုံခြုံရေး တာဝန်ကိုယူနေကြသူ
ကိုထင်ကျော်, ကိုအောင် ခေါ် အောင်ကြီးလွင်တို့ က ပိတ်ပင်တားဆီး ခဲ့တဲ့အတွက် ကိုအောင် ကို ဆွဲခေါ်ဖမ်းဆီးသွားခဲ့ပါတယ်.
ဒေါ်အောင်ဆန်းစုကြည်နဲ့အဖွဲ့
ခပ်လှမ်းလှမ်းမှာစုရုံး ရောက်ရှိနေကြတဲ့ လူအုပ်ကို ( သတင်းကြားလို့ ဒီပန်းခွေချအလေးပြုတာလေးကို ပူးပေါင်းပါဝင်ဖို့ စုရုံး ရောက်ရှိလာကြတဲ့လူအုပ်ကို တပ်က မီးပွိုင့်အနီးမလာနိုင်အောင
သေနတ်သံကြားတဲ့ ဒေါ်အောင်ဆန်းစုကြည်က ကားမောင်းသူ ကိုမျိုးသိန်းကို
နောက်ကနေ ပုခုံးပုတ်ပြီး ချက်ချင်းပြန်မောင်းဝင် ဖို့ ပြောတဲ့အခါ..
[ပြည်သူကိုမပစ်နဲ့..ရှင်တို
ကား၂စီးပေါ်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးတာဝန်ယူသူ လူငယ် ၁၅ဦး
(ကျွန်တော်တို့ကိုယ်ကျွန်တေ
အပစ်ရပ်ပြီး army ထရပ်ကားများ ရဲကား များ တရကြမ်း မောင်းဝင်ပြီး မီးပွိုင့် အလယ်ခေါင်မှာ ပိတ်ဆို့ထားလိုက်ပါတယ်...။
အဲဒီနောက် ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖွဲ့သားများအားလုံးကို အနီးရှိ မြေနီကုန်း ရဲစခန်းအတွင်း ကို ခေါ်ဆောင်ဖမ်းဆီး ထိန်းသိမ်းခဲ့ပါတယ်..။
"ကျမတို့ကို ဖမ်းမယ်ဆိုလည်း ဖမ်းပါ... မဖမ်းရင်လည်း ပြန်လွှတ်ပါ" လို့ ဒေါ်အောင်ဆန်းစုကြည် က တောင်းဆိုတဲ့အခါမှာ တာဝန်ရှိသူ ဗိုလ်မှူးကြီး အဆင့်ရှိသူက အထက်အမိန့်တောင်းခံနေတယ်လို
ဒေါ်အောင်ဆန်းစုကြည် ရဲ့ အနှစ်၂၀ နီးပါး ထိန်းသိမ်း အကျဉ်း ချခံရခြင်းရဲ့ ပထမဦးဆုံး ဗွေဆော်ဦး ၄ နာရီ ကြာ ထိန်းသိမ်းခံရခြင်းပါပဲ...။
အဲ့ဒီ အချိန်က ဒေါ်အောင်ဆန်းစုကြည် ကို နဝတ အစိုးရ က မထိရဲဘူး..မဖမ်းရဲဘူး.. ဆိုတဲ့
အမြင်တွေဟာ လူထုကြားထဲမှာ ယုံကြည်နေကြတဲ့ အချိန်လည်းဖြစ်ပါတယ်..။ နိုင်ငံတကာ ဖိအားနဲ့ လူထုရဲ့  တုန့် ပြန်မှု ဘယ်လိုရှိမလည်း မှန်းဆရခက်တဲ့ အချိန်ပါ..။
နောင် တစ်လ အကြာမှာ ဒေါ်အောင်ဆန်းစုကြည် နေအိမ်မှာ ၆ နှစ်ကြာဖမ်းဆီးထိမ်းသိမ်း ဖို့အတွက် ရှေ့ပြေး စမ်းသပ်ချက်လည်း ဖြစ်နိုင်ပါတယ်....။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ဒီလုပ
အဲ့ဒီ ပစ်ခတ် ခြောက်လှန့် ဖြိုခွဲခဲ့မှုမှာ..ပြည်သူတစ်
(မူရင်းရေးသားသူ - တင်မောင်အေး)။
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။